-ငါ့ရဲ့ အဘိဓာန် -
ဆန်းပြားလွန်းတဲ့ လူ့ဘ၀ရဲ့
ပဟေဠိတွေကို အဖြေညှိဖို့
အရောင်စုံတဲ့ မုသားမျိုးလည်း ငါမသုံးခဲ့ဘူး....
ပျားသကာလို အများနာဝင်ချိုစေဖို့
စကားလုံးလှလှ ပရိယာယ်သုံးပြီး
လုံးဝမပြောတက်ခဲ့ဘူး....
ရိုးသားမှုကို မြတ်နိုးသူမို့
သဘာဝအတိုင်း သုံးသပ်မိလို့
အများမုန်းလည်း အပြုံးမပျက်ခဲ့ဘူး....
ငါဆိုတဲ့ အတ္တစွဲနဲ့
သူတစ်ပါး မျက်ခုံးမွှေးထက်
ဘယ်တော့မှ လမ်းတက်မလျှောက်ခဲ့ဘူး....
ဘ၀ကိုရိုးသားစွာ
ပုံဖေါ်တက်သူမို့
ဖြူစင်တဲ့ မာယာတွေကိုလည်း
အလွှာခြုံမထားခဲ့ဘူး....
ဘယ်သူ့ကိုမှ မထိခိုက်တဲ့
ကိုယ်ပိုင်လွတ်လပ်မှုကို မြတ်နိုးသူမို့
အပြုံးတုတွေကိုလည်း ရင်မခုန်တက်ခဲ့ဘူး...
. မဖြစ်နိုင်ဘူးဆိုတာ ငါ့ရဲ့အဘိဓာန်မှာ လုံးဝ မရှိစေရဘူး...(ဒီစာပိုဒ်လေးတော့ သိကြမှာပါ) ရင်ကွဲခြင်းတွေနဲ့ပဲ ဂန္ဒ၀င်မြောက်နေပါစေ..
ငါ့ဘ၀ကို အပြစ်ကင်းစွာနဲ့ပဲ နိဂုံးချုပ်သွားမယ့်သူပါ....
မှတ်ချက်။ ။:) ရင်ထဲက ခံစားချက်လေးအတိုင်း ကိုယ်ကိုယ်တိုင် ပုံဖေါ်ထုဆစ်ထားတဲ့ ကဗျာလေးပါ။
Posted by လေပြေချို

No comments:
Post a Comment