-လူထုကျန်းမာရေး (အသက်အရွယ်ရလာပြီး ဆီးချိုရှိသူအမျိုးသမီးများ
ရင်သားကင်ဆာဖြစ်ပွားနိုင်မှု ရာခိုင်နှုန်းများပြား)-
**Public Health**
အသက်အရွယ်ရလာပြီး ဆီးချိုရောဂါဖြစ်ပွားနေသူအမျိုးသမီးများသည် ရင်သားကင်ဆာဖြစ်ပွားနိုင်မှုမှာ သာမန်အမျိုးသမီးများထက် ၂၇ ရာခိုင်နှုန်း ပိုမို များပြားနိုင်ကြောင်း ဗြိတိန်နိုင်ငံမှ ဆေးဘက်ဆိုင်ရာ သုတေသနပညာရှင်များက ပြောကြားသည်။အထူးသဖြင့် သွေးဆုံးပြီးသော အမျိုးသမီးများတွင် ဆီးချိုရောဂါရှိပါက ရင်သားကင်ဆာဖြစ်ပွားနိုင်သည့် ရာခိုင်နှုန်းပိုမိုများပြားကြောင်း တွေ့ရှိရသည်ဟု ၄င်းတို့၏သုတေသနပြုချက်၌ ဖော်ပြထားသည်။ သွေးဆုံးပြီးအမျိုးသမီး ၅၆ဝဝဝ ကျော်တို့အား သုတေသနပြုခဲ့ရာ ဆီးချို ရောဂါရှိသူ သွေးဆုံးပြီးအမျိုးသမီးများသည် ရင်သားကင်ဆာဖြစ်ပွားမှု ၂၇ ရာခိုင် နှုန်း ပိုမိုများပြားသည်ကို တွေ့ရှိခဲ့သည်။သို့သော် သွေးမဆုံးမီ အမျိုးသမီးများတွင်မူ ဆီးချိုရောဂါရှိသော်လည်းရင်သားကင်ဆာဖြစ်ပွားနိုင်မှုမှာ ရာခိုင်နှုန်းနည်းပါးကြောင်း ၄င်းတို့၏သုတေသနပြုချက်၌ ဖော်ပြထားသည်။ထို့အတူ သွေးဆုံးပြီး ကိုယ်အလေးချိန်များပြားကာ ဆီးချိုရောဂါရှိသူ အမျိုးသမီးများအနေဖြင့် ရင်သားကင်ဆာဖြစ်ပွားနိုင်မှု ရာခိုင်နှုန်းများပြားသည်ဟုလည်း ဖော်ပြထားသည်။ (အင်တာနက်)
စုစည်းဘာသာပြန် - မောင်ချစ်ကြည်

No comments:
Post a Comment