ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Tuesday, September 4, 2012

>
-ယခုလအတွင်း နိုင်ငံတကာထူးခြားသတင်းများ-
** တရုတ်ကာကွယ်ရေးဝန်ကြီး၏ အိန္ဒိယခရီးစဉ် စတင်**
 (ဒေလီ၊ စက်တင်ဘာ ၂) တရုတ်ကာကွယ်ရေးဝန်ကြီး လိန်ကွမ်လီသည် ၄င်း၏ လေးရက်ကြာ အိန္ဒိယနိုင်ငံခရီးစဉ်ကို စက်တင်ဘာ ၂ ရက်တွင် စတင်ခဲ့ကြောင်း သတင်းများ ဖော်ပြထားသည်။ တရုတ်ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး လိန်ကွမ်လီသည် သီရိလင်္ကာနိုင်ငံမှတစ်ဆင့် အိန္ဒိယနိုင်ငံ မွမ်ဘိုင်းမြို့သို့တနင်္ဂနွေနေ့တွင် ရောက်ရှိခဲ့ပြီး စက်တင်ဘာ ၅ ရက်တွင် နယူး ဒေလီမြို့၌ အိန္ဒိယ ကာကွယ်ရေးဝန်ကြီး အေကေအန်တိုနီနှင့်တွေ့ဆုံဆွေးနွေးမည်ဟု မျှော်လင့်ရကြောင်း တိုင်းမ်အော့ အင်ဒီးယားသတင်းစာက ဖော်ပြထားသည်။ဗိုလ်ချုပ်ကြီး လိန်ကွမ်လီ၏ ယခုခရီးစဉ်သည် ရှစ်နှစ်တာကာလအတွင်း တရုတ်ကာကွယ်ရေးဝန်ကြီးတစ်ဦး၏ ပထမဆုံးအိန္ဒိယခရီးစဉ်ဖြစ်သည်။သီရိလင်္ကာနှင့်ဘင်္ဂလားဒေ့ရှ်ကဲ့သို့သော တောင်အာရှနိုင်ငံများနှင့် တရုတ်နိုင်ငံက ပိုမိုထိတွေ့ဆက်ဆံလာသည့် အရေးကို အိန္ဒိယအစိုးရက စိုးရိမ်တကြီးစောင့်ကြည့်နေစဉ် တရုတ်ကာကွယ်ရေးဝန်ကြီး၏ အိန္ဒိယခရီးစဉ်စတင်ခဲ့ခြင်းဖြစ်သည်။သီရိလင်္ကာနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံများကို ၄င်း၏သြဇာရိပ်အတွင်း ရှိနေသည့်နိုင်ငံများအဖြစ် အိန္ဒိယနိုင်ငံက သတ်မှတ် ထားသည်။ တရုတ်ကာကွယ်ရေးဝန်ကြီး၏ခရီးစဉ်အတွင်းကိုယ်စားလှယ် ၂၃ ဦးလိုက်ပါလာမည်ဖြစ်ပြီး နှစ်နိုင်ငံအကြား ပူးတွဲစစ်ရေးလေ့ကျင့်မှုများ ပြန်လည်စတင်နိုင်ရေးအတွက်ဆွေးနွေးညှိနှိုင်းမည်ဖြစ်ကြောင်း တိုင်းမ်အော့အင်ဒီးယား သတင်းစာက ဖော်ပြသည်။အိန္ဒိယနှင့် တရုတ်နိုင်ငံတို့အကြား နယ်စပ်အငြင်းပွားမှုပြဿနာများပေါ် ပေါက်ခဲ့ဖူးပြီး ၁၉၆၂ ခုနှစ်တွင် စစ်ပွဲတစ်ရပ်ဆင်နွှဲခဲ့ကြသည်။နှစ်နိုင်ငံနယ်စပ်ဒေသ၌ တရုတ်နိုင်ငံက စစ်ရေးတည်ဆောက်မှု များ မြှင့်တင်လုပ်ဆောင်လာခြင်းနှင့် စပ်လျဉ်း၍ အိန္ဒိယနိုင်ငံကစိုးရိမ်မကင်းဖြစ်လျက်ရှိသည်။ (အေအက်ဖ်ပီ)

** အာကာသအခြေစိုက် သုတေသနစခန်းများရုရှားနိုင်ငံ ဖွင့်လှစ်ရန် စီစဉ်နေ**
 (မော်စကို၊ စက်တင်ဘာ ၂) ရုရှားနိုင်ငံသည် လာမည့် လေးနှစ်တာကာလအတွင်း အာကာသအခြေစိုက် သုတေသနစခန်းနှစ်ခုကို ဖွင့်လှစ်နိုင်ရန် စီစဉ်လျက်ရှိကြောင်း အာကာသနည်းပညာအဖွဲ့အစည်းတစ်ရပ်က စက်တင်ဘာ၁ ရက်တွင် ပြောကြားသည်။ ရုရှားနိုင်ငံ၌ Spektr-RG ဟု အမည်ပေးထားသော နက္ခတ်တာရာ လေ့လာရေးစခန်းကို ၂ဝ၁၃ ခုနှစ်တွင် ဖွင့်လှစ်မည်ဖြစ်ကြောင်း သိပ္ပံသုတေသန စက်ကိရိယာများထုတ်လုပ်ရေးဌာနက ပြောကြားသည်။ခရမ်းလွန်ရောင်ခြည်နှင့် အိတ်(စ်)ရေးရောင်ခြည်များကို အသုံးပြုကာ စကြဝဠာအတွင်းရှိ ဂြိုဟ်ဆိုင်ရာ သံလိုက်စက်ကွင်းများ၊ နဂါးငွေ့တန်းများနှင့် အာကာသတွင်းနက်ကြီးများကိုလေ့လာနိုင်ရန် နက္ခတ္တ-ရူပဗေဒလေ့လာရေးစခန်းကို ဖွင့်လှစ် မည်ဖြစ်သည်။အာကာသအတွင်းသို့ ဂြိုဟ်တုများလွှတ်တင်ကာ စကြဝဠာတည်ရှိမှုကို လေ့လာနိုင်ရန် Spektr-RG ဂြိုဟ်တုများ အသုံးပြုမည်ဖြစ်သည်။ ရုရှားအာကာသအေဂျင်စီကဦးဆောင်လျက် ယင်းဂြိုဟ်တုအမျိုးအစား ထုတ်လုပ်ရေး နိုင်ငံတကာစီမံကိန်းတစ်ရပ်ကို အကောင်အထည်ဖော်ခဲ့သည်။ရုရှားနိုင်ငံ၌ ၂ဝ၁၆ ခုနှစ်တွင် Spektr-UF ဟု အမည်ပေးထားသော နက္ခတ္တ-ရူပဗေဒလေ့လာရေးဌာနကို ထူထောင်ဖွင့်လှစ်ရန်လည်း စီစဉ်ဆောင်ရွက်လျက်ရှိသည်။ Spektr-UF သည် အာကာသအခြေစိုက် နက္ခတ်တာရာ လေ့လာရေးစခန်းဖြစ်ပြီး ခရမ်းလွန်ရောင်ခြည်သုံး အဝေးကြည့်မှန်ပြောင်းတပ်ဆင်ထားသော ဂြိုဟ်တုနည်းပညာဖြင့် စကြဝဠာကို အနီးကပ်လေ့လာမည်ဖြစ်သည်။ (အင်တာနက်)

  ** အီရန်-မြောက်ကိုရီးယား သိပ္ပံနှင့် နည်းပညာ ပူးပေါင်းဆောင်ရွက်မည်** 
(တီဟီရန်၊ စက်တင်ဘာ ၂) အီရန်နှင့် မြောက်ကိုရီးယားနိုင်ငံတို့သည် သိပ္ပံနှင့် နည်းပညာကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်ရန် သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးခဲ့ကြောင်း အီရန်မီဒီယာများက စနေနေ့တွင်ဖော်ပြသည်။ ¤င်းနှစ်နိုင်ငံသည် သုတေသန၊ ကျောင်းသားများ လဲလှယ်ရေး၊ ပူးတွဲဓာတ်ခွဲစမ်းသပ်ခန်းများထူထောင်ရေး၊ ပြန်ကြားရေးနည်းပညာ၊ အင်ဂျင်နီယာ၊ ဇီဝနည်းပညာ၊ စွမ်းအင်ပြန်လည်အသုံးချရေး၊ သဘာဝပတ်ဝန်းကျင်၊ စိုက်ပျိုးရေးနည်းပညာဖွံ့ဖြိုးရေးနှင့် စားသောက်ကုန်နည်းပညာတို့ ပါဝင်ပူးပေါင်းဆောင်ရွက်ကြမည်ဟု အီရန် အလုပ်သမားသတင်းဌာန (အိုင်အဲလ်အန်အေ)က ဖော်ပြသည်။ အီရန်သိပ္ပံ၊ သုတေသနနှင့် နည်းပညာဝန်ကြီး ဖာဟက်ဒါနက်စ်ဂျိုနှင့် မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီး ပက်အီချွန် တို့က သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးခဲ့ကြသည်။ မြောက်ကိုရီးယားသည် အီရန်နိုင်ငံနှင့် ရင်းနှီးစွာဆက်ဆံ လျက်ရှိပြီး ၂ဝ၁ဝ ခုနှစ် အမေရိကန်သံတမန် ကြေးနန်း သတင်းပေါက်ကြားမှုအရ အီရန်နိုင်ငံသည် မြောက်ကိုရီးယားထံမှ ပဲ့ထိန်းဒုံးကျည်အစိတ်အပိုင်းများကို လိုအပ်နေသည်ဟု အမေရိကန်တာဝန်ရှိသူများက ယုံကြည်ကြသည်။ အီရန်နိုင်ငံ၏ခေါင်းဆောင်ကြီး အယာတိုလာ အလီခါမေနီက ယခုသီတင်းပတ်အတွင်း တီဟီရန်၌ကျင်းပသော ဘက်မလိုက်လှုပ်ရှားမှု ထိပ်သီးအစည်းအဝေးသို့တက်ရန်ရောက်ရှိလာသော မြောက်ကိုရီးယားခေါင်းဆောင် တစ်ဦးဖြစ်သူ ကင်ယုံနန်နှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။နိုင်ထက်စီးနင်းပြုသော အင်အားကြီးနိုင်ငံများကလွတ်လပ်သောနိုင်ငံများကို လက်မခံသည့်အတွက် အီရန်နှင့်မြောက်ကိုရီးယားတွင် ဘုံရန်သူများရှိကြောင်း ခါမေနီကပြောကြားသည်ဟု အိုင်အဲလ်အန်အေက စနေနေ့တွင် ဖော်ပြသည်။ (အင်တာနက်) 

** အီရတ်၏ သြဂုတ်လ ရေနံတင်ပို့မှုနှစ် ၃ဝ အတွင်း အမြင့်ဆုံးဖြစ်** 
(ဘဂ္ဂဒက်၊ စက်တင်ဘာ ၂) အီရတ်နိုင်ငံသည် သြဂုတ်လအတွင်း၌ ရေနံစည်ပေါင်း၇၉ဒသမ ၅၁၅သန်းကို ပြည်ပသို့တင်ပို့ခဲ့ရာ ဝင်ငွေ ၈ ဒသမ ၄၄၂ သန်းရရှိသဖြင့် နှစ်ပေါင်း ၃ဝ အတွင်း ရေနံစိမ်းတင်ပို့မှုအမြင့်ဆုံးအဆင့်သို့ ရောက်ရှိကြောင်း ရေနံဝန်ကြီးဌာနက တနင်္ဂနွေနေ့တွင် ပြောကြားသည်။သြဂုတ်လအတွင်း၌ တစ်ရက်လျှင် ပျမ်းမျှရေနံစည်ပေါင်း၂ ဒသမ ၅၆၅ သန်း တင်ပို့နိုင်ခဲ့ပြီး ပျမ်းမျှဈေးနှုန်းသည်တစ်စည်လျှင် ၁ဝ၆ဒေါ်လာဖြစ်ကြောင်း ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ အာစင်းဂျီဟက်က သတင်းထောက်များကို ပြောသည်။သြဂုတ်လအတွင်းက နိုင်ငံတောင်ပိုင်း ဘာဆရာဆိပ်ကမ်း မြို့မှ ရေနံစည် ၆၉ ဒသမ ၈၁၂ သန်းကိုလည်းကောင်း၊ မြေထဲပင်လယ်အတွင်း တူရကီဆိပ်ကမ်း ကေဟန်မှတစ်ဆင့် စည်ပေါင်း ၉ ဒသမ ၇ဝ၃ သန်းကိုလည်းကောင်း နိုင်ငံရပ်ခြားသို့တင်ပို့ခဲ့သည်ဟု ဂျီဟက်က ထပ်မံပြောကြားသည်။ ဇူလိုင်လအတွင်းက ရေနံစိမ်း စည်ပေါင်း ၇၇ ဒသမ၉၆၅သန်း ပြည်ပသို့တင်ပို့ခဲ့ပြီး အခွန်ငွေ ၇ဒသမ ၅၃၅ဘီလီယံ ဒေါ်လာ ရရှိခဲ့သည်။အီရတ်နိုင်ငံသည် ၄င်း၏ အသုံးစရိတ် ၉၅ ရာခိုင်နှုန်းနီးပါးကို ရေနံမှရရှိသော အခွန်ငွေပေါ်တွင် အမှီပြုသည်။ (အင်တာနက်)

 ** ဒမတ်စကတ်တွင် ကားဗုံးပေါက်ကွဲ၊ ၁၅ ဦးသေဆုံး** 
( ဒမတ်စကတ်၊ စက်တင်ဘာ ၂) ဆီးရီးယားနိုင်ငံမြို့တော် ဒမတ်စကတ်၏ ဆင်ခြေဖုံးတွင်ထောင်ချောက်ဗုံး တပ်ဆင်ထားသော ကားတစ်စီးအား စက်တင်ဘာ ၁ ရက်ညနေပိုင်းက ဖောက်ခွဲလိုက်ရာ ၁၅ ဦးသေဆုံးသွားကြောင်း၊ တည်ငြိမ်မှုကင်းမဲ့နေသော ယင်းဒေသတွင်ယခုပေါက်ကွဲသောဗုံးသည် တတိယအကြိမ်မြောက်ဖြစ်ပြီးတစ်ရက်တည်းတွင် သွေးထွက်သံယိုမှု အများဆုံးဖြစ်ကြောင်းစက်တင်ဘာ ၂ရက်သတင်းတွင် ဖော်ပြသည်။အဆိုပါကားဗုံးပေါက်ကွဲရာနေရာသည် ပါလက်စတိုင်း လူမျိုး ဒုက္ခသည်များနေထိုင်ရာ ဘိန်းနက်ဆင်ခြေဖုံးရှိဘာသာရေးဆိုင်ရာအဆောက်အအုံဖြစ်သော မူရက်ဇ်ဘင်း ဂျာဘယ်အနီးတွင်ဖြစ်ကြောင်း၊ ဖြစ်စဉ်ကြောင့် အရပ်သား၁၅ဦးသေဆုံးကြောင်း နိုင်ငံပိုင်သတင်းဌာန ဆာနားတွင် ဖော်ပြသည်။ယင်းနေ့နံနက်ပိုင်းက ဂုဇ်အက်ဒိန်းခရိုင်တွင် စစ်ဘက်အရာရှိတစ်ဦး၏ကားကို ဗုံးဖြင့်တိုက်ခိုက်ရာ အဆိုပါ အရာရှိနှင့်ကားပေါ်ပါ အခြားလူများ ဒဏ်ရာရရှိကြောင်း နိုင်ငံပိုင်သတင်းဌာနက ဖော်ပြသည်။စက်တင်ဘာ ၁ ရက်တွင် ဆီးရီးယားနိုင်ငံအရှေ့ပိုင်းရှိဒီယာအယ်လ်ဇိုအာပြည်နယ်၌ အသေခံကားဗုံးခွဲတိုက်ခိုက်မှုတစ်ရပ်ဖြစ်ပွားခဲ့ရာ လူတစ်ဦးသေဆုံးပြီး ကလေးငယ်နှစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း၊ ဆီးရီးယားအစိုးရလိုလားသည့် အယ်လ် အက်စ်ဘာရီးယားရုပ်သံလွှင့်ဌာက သတင်းဖော်ပြခဲ့သည်။ယင်းဖြစ်စဉ်များ ဖြစ်ပွားခဲ့စဉ်အတွင်းမှာပင် ဆီးရီးယား အစိုးရသတင်းဌာနက ဆူပူဆန္ဒပြခဲ့မှုဖြင့် ဖမ်းဆီးထိန်းသိမ်းထားသူ အကျဉ်းသားစုစုပေါင်း ၃၄၁ ဦးကို စေလွှတ်ခဲ့ပြီးဖြစ် ကြောင်း စက်တင်ဘာ ၁ရက်တွင် သတင်းထုတ်ပြန်သည်။ (ဆင်ဟွာ)

 ** ဒေါ်လာ ၄ ဒသမ ၅ ဘီလီယံတန်ကျောက်မီးသွေးဓာတ်အားပေးစက်ရုံတည်ဆောက်ရေး ချီလီတရားရုံးချုပ်ပယ်ချ** (စန်တီယေဂို (ချီလီ)၊ စက်တင်ဘာ ၂) ချီလီနိုင်ငံ၏ တရားရုံးချုပ်က အမေရိကန်ဒေါ်လာ၎ ဒသမ ၅ ဘီလီယံကုန်ကျမည့် ကျောက်မီးသွေးလျှပ်စစ် ဓာတ်အားပေးစက်ရုံနှင့် နိုင်ငံမြောက်ပိုင်းမှ ကြေးနီသတ္တုတွင်းများအတွက် ဆိပ်ကမ်းတည်ဆောက်မည့် စီမံကိန်းကို ပယ်ဖျက်လိုက်ကြောင်း အေပီသတင်းဌာနကဖော်ပြသည်။ဘရာဇီးနှင့် ဂျာမနီ ရင်းနှီးမြှုပ်နှံသူများသည် ယင်းစီမံကိန်း၌ သဘာဝပတ်ဝန်းကျင်ကို ကာကွယ်ထိန်းသိမ်းစောင့်ရှောက်နိုင်ကြောင်း သက်သေအထောက် အထား ပြသနိုင်ခြင်းမရှိဟု တရားရုံးက ပြောကြားသည်။ဘရာဇီးနိုင်ငံ ဆော်ပေါ်လိုမြို့၌ အခြေစိုက်သည့် အမ်ပီ အိတ်စ်အင်နာဂျီယာအက်စ်အေက တာဝန်ယူတည်ဆောက်မည့် ကေ့စ် တီလာစီမံကိန်းသည် လက်တင်အမေရိကတွင် သဘာဝပတ်ဝန်းကျင်ညစ်ညမ်းမှုအရှိဆုံး စီမံကိန်းများအနက်မှ တစ်ခုဖြစ်မည်ဟု ပညာရှင်များက ပြောကြားသည်။ သမ္မတဟောင်း မစ်ချဲလ်လီဘာချီလက် အစိုးရလက်ထက်က ဤစီမံကိန်းကို ပယ်ချခဲ့ဖူးသည်။ သို့သော် ဘရာဇီးသန်ွးကွယ်သူဌေး အီကီဆာတစ္စတာက ကြားဝင်စည်းရုံးပေးသဖြင့် သူမကို ဆက်ခံသူ ဆီဘက်တီယံပီနီ ရာက ဆက်လက်ဆောင်ရွက်ရန် ခွင့်ပြုခဲ့သည်။၂ဝ၂ဝ ခုနှစ်တွင် မဂ္ဂါဝပ် ၂၁ဝဝ ထုတ်လုပ်မည့် ယင်း စက်ရုံမှ သဘာဝပတ်ဝန်းကျင်ညစ်ညမ်းမှု လျော့ပါးစေရေးအတွက် ဒေါ်လာ ၅၇၅ သန်း သုံးစွဲမည်ဟု အမ်ပီအိတ်စ် က ကတိပြုသည်။သို့သော် ညစ်ညမ်းသော သဘာဝပတ်ဝန်းကျင်တွင်နေထိုင်ကြရန် ချီလီနိုင်ငံသားများအား အမ်ပီအိတ်စ်ကစည်းရုံးနိုင်ခြင်းမရှိ သည့်နောက် တရားရုံးချုပ်က ငြင်းပယ်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။ (အင်တာနက်)

 စုစည်းဘာသာပြန် - တင်မောင်လွင် - တက်လူ

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)