► ဝါဆိုဝါခေါင်၊ ရေဖောင်ဖောင်
လှိုင်းဘောင်ဘင်ခတ်၊
တဖျပ်ဖျပ် ကမ်းစပ်ရေလွှာ၊
ဂယက်ဖြာ ရေမြွှာဖွေးဖွေး၊ လက်လက်ပြေး ပြေးတယ်လေလေ့ ပြေးတယ်လေ့။
► နေကပူလိုက်၊ မပူလိုက်
တိမ်တိုက်ကြားတွင်၊ ပြေးခိုဝင်
အုံအင်သံချို၊ ဖားများဆို လေချိုသွေးသွေး၊ ပန်းနံ့မွှေး မွှေးတယ်လေလေ့ မွှေးတယ်လေ့။
► သန်မာခံ့ညား၊ ညီကိုများ
ချွေးများထွက်နေ၊ မမှုချေ
ပျိုးရေ ပါးပါး၊ ပျိုးခင်းကြား
ပျိုးများနုတ်ကာ၊ ပျိုးသယ်ရာ
ညီညာတက်ကြွ၊ လုပ်အားပြ ပြတယ်လေလေ့၊ ပြတယ်လေ့။
► ချွေးများကထွက်၊ လုပ်အားဆက်
ပါးကွက်ကြားတင်၊ ရိုးရိုးယဉ်
ပျိုခင်တစ်သိုက်၊ ကောက်ပင်စိုက်
ကောက်စိုက်ချိန်ခါ၊ တေးသံသာ
ဝန်တာပြီးမြောက်၊ ဝိုင်းကူထောက်
နောက်ပြောင်ကျီစယ်၊ ပြုံးဖလှယ်
ချစ်ဖွယ်ရာနှုန်း၊ ဓလေ့ထုံး ထုံးတယ်လေလေ့ ထုံးတယ်လေ့။
► ဤမြေဒေသ၊ သဘာဝ
မိုးလရာသီ၊ ညီမှညီ
ဝေစည်ဖွံ့ဖြိုး၊ တိုးမှတိုး
ကြိုးစားဂုဏ်သိန်၊ ရှိန်မှရှိန်
အချိန်ရှိခိုက်၊ လုံ့လစိုက်
ထိုက်ထိုက်တန်တန်၊ ကောင်းမွေခံ
သယံဇာတ၊ ပေါပြည့်ဝ
အားကျဖွယ်ထုံ၊ အေးရိပ်မြုံ
ခိုလှုံကြရေး၊ စိတ်ဓာတ်မွှေး
လှသွေးယှက်နွှယ်၊ လှရေးကြွယ်
ကြွယ်တယ်လေလေ့ ကြွယ်တယ်လေ့။ ။
**ဖိုလေးလုံးသောင်းကိုကို**
-လှသွေးယှက်နွှယ်-
လှိုင်းဘောင်ဘင်ခတ်၊
တဖျပ်ဖျပ် ကမ်းစပ်ရေလွှာ၊
ဂယက်ဖြာ ရေမြွှာဖွေးဖွေး၊ လက်လက်ပြေး ပြေးတယ်လေလေ့ ပြေးတယ်လေ့။
► နေကပူလိုက်၊ မပူလိုက်
တိမ်တိုက်ကြားတွင်၊ ပြေးခိုဝင်
အုံအင်သံချို၊ ဖားများဆို လေချိုသွေးသွေး၊ ပန်းနံ့မွှေး မွှေးတယ်လေလေ့ မွှေးတယ်လေ့။
► သန်မာခံ့ညား၊ ညီကိုများ
ချွေးများထွက်နေ၊ မမှုချေ
ပျိုးရေ ပါးပါး၊ ပျိုးခင်းကြား
ပျိုးများနုတ်ကာ၊ ပျိုးသယ်ရာ
ညီညာတက်ကြွ၊ လုပ်အားပြ ပြတယ်လေလေ့၊ ပြတယ်လေ့။
► ချွေးများကထွက်၊ လုပ်အားဆက်
ပါးကွက်ကြားတင်၊ ရိုးရိုးယဉ်
ပျိုခင်တစ်သိုက်၊ ကောက်ပင်စိုက်
ကောက်စိုက်ချိန်ခါ၊ တေးသံသာ
ဝန်တာပြီးမြောက်၊ ဝိုင်းကူထောက်
နောက်ပြောင်ကျီစယ်၊ ပြုံးဖလှယ်
ချစ်ဖွယ်ရာနှုန်း၊ ဓလေ့ထုံး ထုံးတယ်လေလေ့ ထုံးတယ်လေ့။
► ဤမြေဒေသ၊ သဘာဝ
မိုးလရာသီ၊ ညီမှညီ
ဝေစည်ဖွံ့ဖြိုး၊ တိုးမှတိုး
ကြိုးစားဂုဏ်သိန်၊ ရှိန်မှရှိန်
အချိန်ရှိခိုက်၊ လုံ့လစိုက်
ထိုက်ထိုက်တန်တန်၊ ကောင်းမွေခံ
သယံဇာတ၊ ပေါပြည့်ဝ
အားကျဖွယ်ထုံ၊ အေးရိပ်မြုံ
ခိုလှုံကြရေး၊ စိတ်ဓာတ်မွှေး
လှသွေးယှက်နွှယ်၊ လှရေးကြွယ်
ကြွယ်တယ်လေလေ့ ကြွယ်တယ်လေ့။ ။
**ဖိုလေးလုံးသောင်းကိုကို**
No comments:
Post a Comment