ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Monday, September 24, 2012

>
-ယခုလအတွင်း ဟိုအကြောင်း၊ ဒီအကြောင်း၊ သူတို့အကြောင်း-

**အဲဗာတန်တို့အဝေးကွင်း၌ နိုင်ပွဲရ ရှိ၊ ချယ်လ်ဆီးတို့လည်း အိမ်ကွင်း၌အောင်ပွဲခံ**

 (လန်ဒန် စက်တင်ဘာ ၂၂) ပရီမီယာလိဂ်ပွဲစဉ်များကို စက်တင်ဘာ ၂၂ ရက်က ဆက်လက်ယှဉ်ပြိုင်ကစားရာ ဆွမ်ဆီးနှင့်အဲဗာတန်အသင်းတို့ ပွဲတွင် အဲဗာတန်က သုံးဂိုးပြတ်အနိုင်ရရှိပြီး ချယ်လ်ဆီးနှင့် စတုတ်တို့ပွဲတွင် ချယ်လ်ဆီးက တစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့ သည်။ အိမ်ကွင်း၌ ကစားရသောဆွမ်ဆီးတို့  ဧည့်သည်အဲဗာတန် တို့ ၏ ဖိအားပေးကစားမှုကို ကြိုးစားဟန့်တားခဲ့သော်လည်း ပွဲချိန် ၂၁ မိနစ်၌ အနီချီဘီက အဲဗာတန်အတွက် ဦးဆောင် ဂိုးသွင်းယူပေးနိုင်ခဲ့သည်။ အဲဗာတန်တို့ ဆက်လက်တိုက်စစ်ဆင် ကစားခဲ့ရာ ပွဲချိန် ၄၃ မိနစ်၌ မီရာလက်စ်က တစ်ဂိုးသွင်းယူခဲ့ သဖြင့် ပထမပိုင်းပွဲအပြီး အဲဗာတန်တို့နှစ်ဂိုးအသာဖြင့်ဦးဆောင် နိုင်ခဲ့သည်။ ဒုတိယပိုင်းပွဲချိန် ၅၈ မိနစ်တွင် ဆွမ်ဆီးမှ ဒိုင်ရာနှစ်ဝါ တစ်နီဖြင့် အထုတ်ခံခဲ့ရသည်။ ၁ဝ ဦးတည်းဖြင့် ကစားရသဖြင့် ဆွမ်ဆီးတို့ကစားအားကျသွားခဲ့ရာ အဲဗာတန်တို့ ဆက်လက် တိုက်စစ်ဆင်ကစားခဲ့ရာမှ ပွဲချိန် ၈၂ မိနစ်၌ ဖယ်လိုင်နီက ခေါင်းတိုက်သွင်းယူခဲ့သဖြင့် တတိယဂိုးရရှိခဲ့သည်။ ပွဲပြီးသည်အထိ ဆွမ်ဆီးတို့ ချေပဂိုးမ သွင်းနိုင်သဖြင့် အဲဗာတန်က သုံးဂိုးပြတ်ဖြင့် နိုင်ပွဲရရှိခဲ့ခြင်းဖြစ်သည်။ တစ်ဖန် ချယ်လ်ဆီးနှင့်စတုတ်တို့ပွဲတွင် ချယ်လ်ဆီးတို့ ထိုးဖောက်တိုက်စစ် ဆင်မှုကို စတုတ်တို့ ကြိုးကြိုးစားစားဟန့်တားပြီး တန်ပြန်တိုက်စစ်မှတစ်ဆင့် ဂိုးရရှိရေးစွမ်းဆောင်ခဲ့သော်လည်း ဂိုးမသွင်းနိုင်ခဲ့ချေ။ ချယ်လ်ဆီး တိုက်စစ်မှူးများ၏ ကန်သွင်းချက်များကိုလည်း စတုတ်နောက်တန်းနှင့်ဂိုးသမား တို့ကာကွယ်နိုင်ခဲ့သည်။ ချယ်လ်ဆီးတို့  ဂိုးသွင်းယူနိုင်ရေးကြိုးစားခဲ့ရာ ပွဲချိန် ၈၃ မိနစ်၌ အက်ရှ်လေကိုးက (အပေါ်ပုံ) အနီးကပ်ကန်သွင်းယူခဲ့သဖြင့် ချယ်လ်ဆီးတို့ ဂိုးရရှိသွားခဲ့သည်။ ပွဲချိန်ပြည့်သည်အထိ ချယ်လ်ဆီးတို့ ဂိုးထပ်မံမသွင်းနိုင်ခဲ့သဖြင့် ချယ်လ်ဆီးတို့ တစ်ဂိုး-ဂိုးမရှိဖြင့် နိုင်ပွဲရရှိခဲ့သည်။ (အင်တာနက်)

**အခြားပွဲရလဒ်**
ဝက်စ်ဟမ်း ၁-၁ ဆန်းဒါးလန်း
 ဆောက်သမ်ပတန် ၄ -၁ ဗီလာ
 ဝီဂန် ၁ -၂ ဖူလ်ဟမ်
ဝက်စ်ဘရွန်း ၁-ဝ ရီဒင်း (အင်တာနက်)

 **ပီဂျီအေတိုးဂေါက်သီးရိုက်ပြိုင်ပွဲဂေါက်သီကစားသမား ဂျင်ဖူရစ်ခုနစ်ချက်လျှော့ရိုက်**
(အတ္တလန္တာ စက်တင်ဘာ ၂၂) အမေရိကန်နိုင်ငံ အတ္တလန္တာမြို့၌ ပီဂျီအေတိုး ဂေါက်သီးအားကစားပြိုင်ပွဲကို စက်တင်ဘာ ၂၂ရက်က ဒုတိယ နေ့အဖြစ် ယှဉ်ပြိုင်ကစားခဲ့ပြီးနောက် အမေရိကန်ဂေါက်သီး ကစားသမား ဂျင်ဖူရစ်က အင်္ဂလန်မှ ဂျပ်စတင်း ရို့စ်ထက် တစ်ချက်အသာရပြီး ဦးဆောင်လျက်ရှိသည်။ ဂျင်ဖူရစ်သည် ဒုတိယနေ့တွင် ခြောက်ချက်လျှော့ရိုက် နိုင်ခဲ့သည်။ ၄င်းသည် ဒုတိယနေ့တွင် ၆၄ ချက်သာရိုက်ခဲ့ သည်။ အမေရိကန်ဂေါက်သီးကစားသမား ဂျင်ဖူရစ်သည် ပထမကျင်း ၁ဝ ကျင်း ကစားစဉ် ခုနစ်ကြိမ် ဘာဒီရခဲ့သဖြင့် ယမန်နေ့က ဦးဆောင်နေသော ဂျပ်စတင်းရို့စ်ကို ကျော် ဖြတ်ပြီး တစ်ချက်အသာဖြင့် ဦးဆောင်နိုင်ခဲ့ခြင်းဖြစ်သည်။
ဂျင်ဖူရစ်သည် ဒုတိယနေ့အဖြစ် ခုနစ်ချက်လျှော့ရိုက်ပြီး ဦးဆောင်နေခြင်းဖြစ်သည်။ အသက် ၄၂ နှစ်အရွယ်ရှိ ဂျင်ဖူရစ်သည် ၂ဝ၁ဝ ခုနှစ်က ဖက်ဒရေးရှင်းဖလား ဆွတ် ခူးနိုင်ခဲ့ပြီး ဆုကြေးငွေ အမေရိ ကန်ဒေါ်လာ ၁ဝ သန်း ရရှိခဲ့သည်။ (အင်တာနက်)  

**အဝေးကွင်း၌ မစ်ဒယ်ဘရော့တို့ အောင်ပွဲရခဲ့သည့် အင်္ဂလိပ်လိဂ်ချန်ပီယံရှစ်ပွဲစဉ်** 

(လန်ဒန် စက်တင်ဘာ ၂၂) အင်္ဂလိပ်လိဂ်ချန်ပီယံရှစ်ဘောလုံးပြိုင်ပွဲကို စက်တင်ဘာ ၂၂ ရက်က ဆက်လက်ယှဉ်ပြိုင် ကစားရာ ဘလက်ဘန်းနှင့် မစ်ဒယ်ဘရော့အသင်းတို့ပွဲတွင် မစ်ဒယ်ဘရော့က နှစ်ဂိုး-တစ်ဂိုးဖြင့် အနိုင်ရရှိကာ အောင်ပွဲခံနိုင်ခဲ့သည်။ အဝေးကွင်း၌ ကစားရသော်လည်း ပွဲအစကတည်းက တိုက်စစ်ဖွင့်ကစားခဲ့သည့် မစ်ဒယ် ဘရော့တို့ ပွဲစချိန် ၇ မိနစ်မှာပင် ဂျက်ကီဝစ်က ခေါင်းတိုက်သွင်းယူခဲ့သဖြင့် မစ်ဒယ်ဘရော့ တို့ ဦးဆောင်ဂိုးစောစီးစွာရရှိခဲ့သည်။ အိမ်ရှင် ဘလက်ဘန်းတို့ ချေပဂိုးရရှိရေး အပြင်းအထန် ကြိုးစားခဲ့ရာ ပထမပိုင်းပွဲချိန်ပြီးသည်အထိ မစ်ဒယ်ဘရော့တို့ ဂိုးထပ်မံ မသွင်းနိုင်ခဲ့ချေ။ ဒုတိယပိုင်းပွဲချိန်တွင် နှစ်သင်းစလုံး ဂိုးသွင်းယူနိုင်ရေး ကြိုးစားခဲ့သော်လည်း ဒူးဒဏ်ရာ ခွဲစိတ်ကုသမှုမှ ပြန်လည်ကောင်းမွန်လာသည့် ဂျက်ကီဝစ်ကပင် ပွဲချိန်မိနစ် ၆ဝ ၌ တစ်ဂိုး ထပ်မံသွင်းယူခဲ့သဖြင့် မစ်ဒယ်ဘရော့တို့ နှစ်ဂိုးအသာဖြင့် ဦးဆောင်နိုင်ခဲ့သည်။ အိမ်ရှင်ဘလက်ဘန်းတို့ ချေပဂိုးများသွင်းယူနိုင်ရေး ထိုးဖောက်ကစားခဲ့ရာ ပွဲချိန်၈၉ မိနစ်၌ ဘန်လေက ဂိုးသွင်းယူခဲ့သဖြင့် ချေပဂိုးတစ်ဂိုးရရှိခဲ့သည်။ ချေပဂိုးထပ်မံသွင်း ယူနိုင်ရေးကြိုးစားခဲ့သော်လည်း ဘလက်ဘန်းမှ ဂီဗက်နှင့်အိုလ်ဆင်တို့ အဝါကတ်များထိခဲ့ ပြီး ပွဲချိန်ပြည့်သည်အထိ ဂိုးမသွင်းနိုင်ခဲ့သဖြင့် အိမ်ကွင်း၌ ဘလက်ဘန်းတို့ နှစ်ဂိုး-တစ်ဂိုးဖြင့် ရှုံးနိမ့်ခဲ့ခြင်းဖြစ်သည်။ (အင်တာနက်)

 စုစည်းဘာသာပြန် - မောင်မောင်မြင့်ဆွေ

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)