-ယခုလအတွင်း နိုင်ငံတကာထူးခြားသတင်းများ-
** ကျားလှောင်အိမ်အတွင်းခုန်ဆင်းသူကံကောင်း၍ ကျားခံတွင်းမှလွတ်**
(နယူးယောက် စက်တင်ဘာ ၂၂)
အမေရိကန်နိုင်ငံ နယူးယောက်မြို့ ဘရွန့်ဇ်တိရစ္ဆာန်ရုံ၌ စက်တင်ဘာ
၂၁ ရက်က အသက် ၂၅ နှစ်ရှိ အမေရိကန်နိုင်ငံသားတစ်ဦးသည် အပျော်စီးရိုလာ
ကိုစတာရထားပေါ်မှ ကျားလှောင်အိမ်အတွင်း ခုန်ချခဲ့သဖြင့် ကျားဆွဲခံရပြီး ကံကောင်း
၍ ကျားခံတွင်းမှ ပြန်လည်လွတ်မြောက်ခဲ့ကြောင်း စက်တင်ဘာ ၂၂ ရက်တွင် သတင်း၌
ဖော်ပြသည်။ အဆိုပါ အမျိုးသားအား စိုးရိမ်ရသောအခြေအနေကြောင့် ဆေးရုံသို့
ပို့ထားရသည်ဟုဆို၏။ သို့သော်လည်း ၄င်း၏ခြေထောက်ပြတ်ပါမသွားခဲ့ဟု စောစော
ပိုင်းသတင်းများတွင် ဖော်ပြသည်။ တိရစ္ဆာန်ရုံ ဝန်ထမ်းတစ်ဦးက မီးသတ်ဆေးဘူးဖြင့်
၎င်းကျား ကို လိုက်လံခြောက်လှန့်ခဲ့သဖြင့် ယင်းအမျိုးသားမှာ အသက်
ချမ်းသာရာရခဲ့သည်ဟု ဆို၏။
မိမိတို့တိရစ္ဆာန်ရုံ
ဝန်ထမ်းများ
အနေဖြင့် နိုးကြားဖျတ်လတ်စွာလုပ်ကိုင်နိုင် စွမ်းမရှိလျှင် ထိုသူသည် အသက်ပျောက်နိုင်ကြောင်း၊ တိရစ္ဆာန်ရုံဝန်ထမ်းများ၏ ဝိုင်းဝန်းကြိုးစားအားထုတ်မှုကြောင့်သာ ထိုသူသည် ကျားခံတွင်းမှ ပြန်လည်လွတ် မြောက်လာခဲ့ခြင်းဖြစ်ကြောင်း ၄င်းတိရစ္ဆာန်ရုံ ညွှန်ကြားရေးမှူး ဂျင်ဘရီဟေရီက ပြောကြားသည်။ (အင်တာနက်)
** တူရကီအရှေ့မြောက်ပိုင်းရှိ အကျဉ်းထောင်မီးလောင်**
(အင်ကာရာ စက်တင်ဘာ ၂၂)
တူရကီနိုင်ငံ အရှေ့မြောက်ပိုင်းတွင် အကျဉ်းထောင်တစ်ခုမီးလောင်ပေါက်
ကွဲမှုဖြစ်ပြီး အကျဉ်းသား ၁၄ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသတွင်းထုတ် တူဒေး
ဇမ်မန်သတင်းစာက စက်တင်ဘာ ၂၁ ရက်တွင် ဖော်ပြသည်။
အဆိုပါ မီးလောင်မှုသည် တူရကီနိုင်ငံအရှေ့မြောက်ပိုင်း အာဒါဟန်
ပြည်နယ် အာဒါဟန်ဘီပုံစုံ အကျဉ်းထောင်တွင် စက်တင်ဘာ ၂ဝ ရက် ညနေက
ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အကျဉ်းသားတစ်ဦးက ၄င်းပိုင်ပစ္စည်းများကို မီးရှို့ရာမှ
မီးလောင်မှုစတင်ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ယင်းသတင်းစာတွင် ဖော်ပြပါရှိသည်။
အာဒါဟန်အတွင်းရှိ ယင်းအကျဉ်းထောင်မီးလောင်မှုဖြစ်ပွားပြီးနောက်
မီးသတ်တပ်ဖွဲ့က မီးကိုဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရကြောင်း၊ မီးလောင်ခံရသည့် အကျဉ်း
သား ၁၃ ဦးနှင့် ထောင်ကြပ်တစ်ဦးအား အရေးပေါ်ဆေးဝါးကုသရန်အတွက်
ဒေသတွင်း ဆေးရုံတစ်ရုံသို့ ပို့ဆောင်ပေးခဲ့သည်ဟု ဆိုသည်။ (ဆင်ဟွာ)
**ထူးခြားသည့် ဘူမိရပ်ဝန်းလေးခုယူနက်စကို စာရင်းထုတ်ပြန်**
(ပါရီ စက်တင်ဘာ ၂၂)
ကုလသမဂ္ဂ ယူနက်စကိုအဖွဲ့မှနေ၍ တရုတ်၊ အင်ဒို
နီးရှား၊ ဟန်ဂေရီနှင့် စပိန်နိုင်ငံတို့တွင်တည်ရှိသော ထူးခြားသည့်
သဘာဝဘူမိရပ်ဝန်းလေးခုကို ကမ္ဘာလုံးဆိုင်ရာ ဘူမိရပ်ဝန်း
စာရင်းတွင် ထည့်သွင်းလိုက်ကြောင်း ယူနက်စကိုက စက်တင်
ဘာ ၂၂ ရက်တွင် သတင်းထုတ်ပြန်သည်။
ယင်းတို့မှာ တရုတ်နိုင်ငံအရှေ့တောင်ပိုင်း ကျန်စီ
ပြည်နယ်တွင်ရှိသော ကြီးမားထူးခြားသည့် တောင်ထုကြီးဖြစ်
သည့် ဆန်ကျန်ရှန်၊ အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းအရှေ့
မြောက်ပိုင်းတွင် မီးတောင်ပေါက်ကွဲမှုကြောင့် ဖြစ်ပေါ်နေသော
ဘာတာသဘာဝရေအိုင်၊ ဟန်ဂေရီနိုင်ငံ၌တည်ရှိသော ဥရောပ
အလယ်ပိုင်း အကြီးမားဆုံး ဘာကိုနေဘာလာတန်ရေအိုင်နှင့်
စပိန်နိုင်ငံ ကာတာလိုနီးရားအလယ်ပိုင်းရှိ ဘူမိဗေဒဆိုင်ရာ
ဥယျာဉ်ကြီးတို့ဖြစ်သည်။
အဆိုပါ သဘာဝဘူမိရပ်ဝန်းလေးခုအပါအဝင် ယခုအခါ
ကမ္ဘာ့နိုင်ငံပေါင်း ၂၇ နိုင်ငံတွင် သဘာဝဘူမိရပ်ဝန်း ၉၁ ခုရှိ
လာခဲ့ပြီဖြစ်သည်။ ယင်းဘူမိရပ်ဝန်းများသည် လှပမှုနှင့် ရှားပါးမှု
အပြင် နိုင်ငံတကာတွင် အရေးပါသော ကမ္ဘာ့အမွေအနှစ်နေရာ
များနှင့်ချိတ်ဆက်ကာ ပူးပေါင်းဆောင်ရွက်မှုများပြုလုပ်ပေးသွား
မည်ဖြစ်သည်။ ၄င်းဒေသများ၌ ဆက်သွယ်ရေးဖွံ့ဖြိုးတိုးတက်စေ
ရန်လည်း ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်သည်။ (ရိုက်တာ) **တူရကီ၌ နျူကလီးယားဓာတ်အားပေးစက်ရုံသုံးရုံ တည်ဆောက်မည်**
(အစ္စတန်ဘူလ် စက်တင်ဘာ ၂၂) တူရကီနိုင်ငံက နျူကလီးယားဓာတ်အားပေးစက်ရုံသုံးရုံကို လာမည့် ၂ဝ၂၃ ခုနှစ်၌ တည်ဆောက်ရန် စီစဉ်ထားကြောင်း အစ္စတန်ဘူလ်မြို့၌ နိုင်ငံတကာနျူကလီးယားနည်းပညာဖလှယ်ရေးဆိုင်ရာကွန်ဂရက်၌ တူရကီနိုင်ငံမှ နျူကလီးယားပညာရှင်တစ်ဦးက ထုတ်ဖော်ပြောကြားသည်။ တူရကီနှင့်နိုင်ငံတကာမှ ကျွမ်းကျင်သူပညာရှင်များ ၁ဝဝ ခန့် တက်ရောက်သည့် အဆိုပါကွန်ဂရက်၌ တူရကီနိုင်ငံဖွံ့ဖြိုးတိုးတက်မှုအတွက် နျူကလီးယားဓာတ်အားပေးစက်ရုံသုံးရုံ တည်ဆောက်မှုအစီအစဉ်ကို ၄င်းက ပြောကြားလိုက်ခြင်းဖြစ်သည်။လာမည့် ၂ဝ၂၃ ခုနှစ်တွင် တူရကီနိုင်ငံသည် ကမ္ဘာ့စီးပွားရေးတိုးတက်သည့် ထိပ်တန်း ၁ဝ နိုင်ငံတွင် တစ်နိုင်ငံအဖြစ်ရောက်ရှိလာရန် ရည်မှန်းထားရာ ယင်းအစီအစဉ်ကို ချမှတ်အကောင် အထည်ဖော်ဆောင်ရွက်ခြင်းဖြစ်သည်။ တူရကီနိုင်ငံ၏ စွမ်းအင်လိုအပ်ချက် ၈ဝ ရာခိုင်နှုန်းသည် ပြည်ပနိုင်ငံများအပေါ် မှီခိုနေရသည်။ ယင်းမှာ တူရကီနိုင်ငံ၏ လွတ်လပ်စွာ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအပေါ် ထိခိုက်စေလျက်ရှိသည်။ စီစဉ်ထားတူရကီနိုင်ငံ ကိုယ်ပိုင်နျူကလီးယားစက်ရုံများ ဖွံ့ဖြိုးတိုးတက်ရန် အခြားနိုင်ငံများနှင့် နည်းပညာများပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်သည်။ တူရကီနိုင်ငံတွင် လာမည့် ၂ဝ၂၃ ခုနှစ်၌ စွမ်းအင်လိုအပ်ချက်၏၁ဝ ရာခိုင်နှုန်းကို နျူကလီးယားစွမ်းအင်ဖြင့် ဖြေရှင်းပေးနိုင် ရန် စီစဉ်ထားသည်။ တူရကီနိုင်ငံတွင်လောလောဆယ်၌ နျူကလီးယားဓာတ်အားပေးစက်ရုံ တစ်ခုမျှမရှိချေ။ တူရကီအစိုးရသည် ၂ဝဝ၆ ခုနှစ်သြဂုတ် လက နျူကလီးယားဓာတ်အားပေးစက်ရုံ သုံးရုံတည်ဆောက်ပြီး ၂ဝ၁၂-၂ဝ၁၅ ခုနှစ်တွင် စတင်လည်ပတ်မည်ဟု ကြေညာခဲ့သော်လည်း နှောင့်နှေးကြန့်ကြာခဲ့ရာမှ ယခုအခါ နျူကလီးယားဓာတ်အားပေးစက်ရုံတည်ဆောက်မည့် စီမံကိန်းကို ကြေညာခြင်းဖြစ်သည်။ (ဆင်ဟွာ)
** Agni-III ဒုံးကျည်အိန္ဒိယ စမ်းသပ်ပစ်လွှတ်**
(နယူးဒေလီ စက်တင်ဘာ ၂၂
)အိန္ဒိယနိုင်ငံအရှေ့ပိုင်း အိုဒီးရှားပြည်နယ်ရှိ
အခြေ စိုက်စခန်းတစ်ခုမှ Agni-III အမည်ရှိ နျူကလီးယား
ထိပ်ဖူးတပ် ဒုံးကျည်တစ်စင်းကို စက်တင်ဘာ ၂၁ ရက်က
အောင်မြင်စွာ စမ်းသပ်ပစ်လွှတ်ခဲ့ကြောင်း အင်ဒို-အာရှ
သတင်းဌာနက ထုတ်ပြန်ခဲ့သည်။ ကီလိုမီတာ ၃ဝဝဝ အကွာ
အဝေးအထိ ပစ်ခတ်နိုင်သော ဝေဟင်မှဝေဟင်ပစ် အဆိုပါ
နျူထိပ်ဖူးတပ်ဒုံးကျည်ကို အိုဒီရှားပြည်နယ် ဘာဒတ်ခရိုင်
ဒါမာရာဒေသအနီး ဝီလားကျွန်း ဒုံးကျည်စမ်းသပ်ရေး အခြေ
စိုက်စခန်းမှ ပစ်လွှတ်ခဲ့ခြင်းဖြစ်သည်။ အဆိုပါ စမ်းသပ်
ပစ်လွှတ်မှုသည် အိန္ဒိယစစ်တပ်မဟာဗျူဟာမြောက် စွမ်းရည်
ပြသမှုအနေဖြင့် လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ယင်းဒုံးကျည်
စမ်းသပ်ပစ်လွှတ်ရေးလုပ်ငန်းမှ တာဝန်ရှိသူများက ထုတ်ပြန်
ချက်တစ်ရပ်တွင် ပြောကြားခဲ့သည်။ အိန္ဒိယနိုင်ငံက ယခု
ဒုံးကျည်ပစ်လွှတ်မှုသည် ကီလိုမီတာ ၄ဝဝဝ အကွာအဝေးကို
ပစ်ခတ်နိုင်သော Agni-IV အမည်ရှိ ဒုံးကျည်ကို စမ်းသပ်
ပစ်လွှတ်ပြီး နှစ်ရက်အကြာတွင် စမ်းသပ်ပစ်လွှတ်ခဲ့ခြင်း
ဖြစ်သည်။ (ဆင်ဟွာ)
** နောက်သုံးရက်အတွင်း တရုတ်နို င်ငံတစ်ဝန်း မိုးပိုမိုရွာသွန်းနိုင်ဟု ခန့်မှန်း**
(ပေကျင်း စက်တင်ဘာ ၂၂)
တရုတ်နိုင်ငံတောင်ပိုင်း ဒေသအများအပြားတွင် နောက်သုံးရက်အတွင်း မိုးပိုမိုရွာသွန်းနိုင်ပြီး
အချို့ဒေသများတွင် မိုးသက်မုန်တိုင်းများကျရောက်နိုင်သည်ဟု ခန့်မှန်းထားကြောင်း
အမျိုးသားမိုးလေဝသဌာနမှ စက်တင်ဘာ ၂၂ ရက်တွင် ဟြေကြားသည်။ တရုတ်နိုင်ငံ
တိဗက်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ကွမ်စီကျောင်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနှင့်
ဂန်ကျို့၊ ဟူနန်၊ကျန်စီနှင့် ဖူကျန်ပြည်နယ်တို့ရှိ နေရာဒေသအချို့တို့တွင် စက်တင်ဘာ
၂၂ ရက် နှောင်းပိုင်းမှ ၂၄ ရက်အထိ မိုးများသည်းထန်စွာရွာသွန်းနိုင်ကြောင်း မိုးလေဝသ
ဌာနမှ ကြိုတင်ခန့်မှန်းထားသည်။ထို့အပြင် အတွင်းမွန်ဂိုလီးယားနှင့် စင်ကျန်း
ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတို့တွင်လည်း အလားတူ နောက်သုံးရက်အတွင်း
မိုးအနည်းငယ်မှ အများအပြားရွာသွန်းနိုင်သည်ဟုဆိုသည်။ ထိုအတော
အတွင်း ဂန်စုပြည်နယ်၊ အတွင်းမွန်ဂိုလီးယားနှင့် စင်ကျန်းကိုယ်ပိုင်အုပ်
ချုပ်ခွင့်ရဒေသတို့အပါအဝင် အနောက်မြောက်ပိုင်းနှင့် မြောက်ပိုင်းဒေသ
များတွင် အအေးပိုလာနိုင်ပြီး အပူချိန် ၈ ဒီဂရီ
ဆဲလ်စီးယပ်အထိ ကျဆင်းနိုင်သည်ဟု အဆိုပါမိုးလေဝသဌာနက
ခန့်မှန်းထားသည်။ (ဆင်ဟွာ) စုစည်းဘာသာပြန် - တင်မောင်လွင်

No comments:
Post a Comment