ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Thursday, September 27, 2012

>
-ယခုလအတွင်း နိုင်ငံတကာထူးခြားသတင်းများ-
**ဗြိတိန်မှပါကစ္စတန်အထိ ကားများတိုက်ရိုက်မောင်းနှင်နိုင်တော့မည်** 
 (လန်ဒန် စက်တင်ဘာ ၂၅) ဗြိတိန်နိုင်ငံ ဘာမင်ဂမ်မြို့မှ ပါကစ္စတန်နိုင်ငံ မီရာပူရာခရိုင်အထိ ဖြတ်သန်းကာ မိုင် ၄ဝဝဝ ခန့်ရှည်သော မော်တော်ကားလမ်းဖောက်လုပ်မှုကြောင့်  ဘတ်စ်ကားများ တိုက်ရိုက်မောင်းနှင်သွားလာနိုင်တော့မည်ဖြစ်ကြောင်း ဗြိတိန်မီဒီယာများက စက်တင်ဘာ ၂၅ ရက်တွင် ဖော်ပြသည်။အဆိုပါမော်တော်ကားလမ်းသည် ဗြိတိန်၊ တူရကီ၊ အီရန်နှင့် ပါကစ္စတန်နိုင်ငံများအပါအဝင် ကမ္ဘာ့နိုင်ငံပေါင်း ခုနစ်နိုင်ငံကို ဖြတ်သန်းဖောက်လုပ် ခြင်းဖြစ်သည်။ ၄င်းကားလမ်းသည် ကမ္ဘာပေါ်တွင်အရှည်ဆုံးကားလမ်းတစ် လမ်းဖြစ်လာမည်ဖြစ်သည်။ ယင်းကားလမ်းကြောင့် ဗြိတိန်နိုင်ငံ ဘာမင်ဂမ်မြို့မှ ပြည်သူများသည် ကတ်ရှ်မီးယားဒေသအထိ မော်တော်ကားဖြင့် တိုက်ရိုက်ခရီးသွားလာနိုင်ကြ မည်ဖြစ်သည်။ တစ်ဖန် ၄င်းကားလမ်းဖြတ်သန်းရာ နိုင်ငံများရှိ ခရီးသွားပြည်သူများလည်း ကားဖြင့်ခရီးသွားရာတွင် အဆင်ပြေစေမည်ဖြစ်သည်။ ထို့အပြင် ယင်းကားလမ်းတွင် ဗြိတိန်မှ ပါကစ္စတန်အထိ တိုက်ရိုက်ဘတ်စ်ကား ခရီးစဉ်များလည်း ရှိလာမည်ဖြစ်ရာ ပြည်သူများအတွက် ခရီးသွား လာရေးများစွာ အဆင်ပြေချောမွေ့စေမည်ဖြစ်သည်။ ၄င်းကားလမ်းသည် အာဖဂန်နစ္စတန်နိုင်ငံ နယ်စပ်အနီး မြို့တစ်မြို့ကိုလည်း ဖြတ်သန်းမည် ဖြစ်သည်။ (ဆင်ဟွာ)

**မိုဇမ်ဘစ်ကမ်းလွန် ပင်လယ်၌ ငါးမန်းများအလွန်အကျွံဖမ်းဆီး**
(မာပူတို စက်တင်ဘာ ၂၅) မိုဇမ်ဘစ်နိုင်ငံ အိန္ဒိယသမုဒ္ဒရာကမ်းလွန်တွင် ငါးမန်းများကို အလွန်အကျွံဖမ်းဆီးနေကြကြောင်း၊ထို့ကြောင့် ပိုမိုကြီးကြပ်သွားရန်လိုအပ်ကြောင်း မိုဇမ်ဘစ်ငါးလုပ်ငန်းဝန်ကြီးဌာနက စက်တင်ဘာ ၂၄ ရက်တွင်ကြေညာသည်။ နိုင်ငံတကာ ဂရင်းပိစ်အဖွဲ့နှင့်အတူ စက်တင်ဘာ ၆ရက်က စတင်လေ့လာပြီး နောက်မိုဇမ်ဘစ်ငါးလုပ်ငန်းဝန်ကြီးဌာနက အထက်ပါအတိုင်း ကြေညာလိုက်ခြင်းဖြစ်သည်။ထိုဒေသတွင် ရှောက်ရှိလာသည့် ငါးဖမ်းသင်္ဘောအများစုသည် ငါးမန်းတို့ကို အဓိကဖမ်းကြသည်ကိုလည်း တွေ့ရကြောင်း မိုဇမ်ဘစ်ငါးလုပ်ငန်းဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက သတင်းထောက်များအားပြောကြားခဲ့သည်။ ယင်းသို့ လေ့လာထိန်းသိမ်းရခြင်းမှာ ဒေသတွင်းငါးခိုးဖမ်းနေမှုများကို တိုက်ဖျက်ပစ်ရန်အတွက်လည်းဖြစ်ကြောင်း ၄င်းကထည့်သွင်းပြောကြားသည်။ (ရိုက်တာ)

**အိုင်ဖုန်းဖိုက် သုံးရက်အတွင်း ငါးသန်းကျော်ရောင်းချရ**
 (နယူးယောက် စက်တင်ဘာ ၂၅) အက်ပဲလ်ကုမ္ပဏီက နောက်ဆုံးထုတ်လုပ်လိုက်သည့် စမတ်ဖုန်း အမျိုးအစား အိုင်ဖုန်းဖိုက် (iphone-5)) ကို င်း၏စတိုးဆိုင်များတွင် စတင်ရောင်းချသည့် သုံးရက်အတွင်း အလုံးရေ ငါးသန်းကျော် ရောင်းချ ရကြောင်း ၄င်းကုမ္ပဏီက စက်တင်ဘာ ၂၃ ရက်တွင် ပြောကြားသည်။ အဆိုပါကုမ္ပဏီက ၂ဝ၁၁ ရက် အောက်တိုဘာက ထွက်ရှိခဲ့သည့် အိုင်ဖုန်း ဖိုးအက်စ်(iphone-4S)) သည် စတင်ထွက်ရှိပြီး ပထမသီတင်းတစ်ပတ်အတွင်း အလုံးရေ လေးသန်းကျော်အထိသာ ရောင်းချခဲ့ရသည် ဟုဆို၏။ ယခုထွက်ရှိလာသော အိုင်ဖုန်းဖိုက်သည် စတင်ရောင်းချသည့် ပထမသုံးရက်မှာပင် အလုံးရေ ငါးသန်းကျော် ရောင်းချခဲ့ရသဖြင့် အိုင်ဖုန်းဖိုးအက်စ်ထက် ရောင်းအားပိုကောင်းခဲ့သည်။ အက်ပဲလ်ကုမ္ပဏီက ကြိုတင်အမှာစာဖြင့် မှာယူထားသော အိုင်ဖုန်းဖိုက် အများစုကို အောက်တိုဘာလအတွင်း အရောက်ပို့ပေးရန် စီစဉ်ထားသည်။ ''ကျွန်တော်တို့ကုမ္ပဏီအနေနဲ့ မူလမှာယူထားတဲ့ အိုင်ဖုန်းဖိုက်များကို ကုန်စင် အောင် ရောင်းချပြီးသွားပါပြီ။ စတိုးဆိုင်တွေက မှန်မှန်တင်ပို့မယ့် အိုင်ဖုန်းဖိုက်များကို ဆက်လက်လက်ခံရရှိကြမှာပါ။ ဝယ်ယူသုံးစွဲသူတွေအနေနဲ့ အွန်လိုင်းမှ တစ်ဆင့် ဆက်လက်မှာယူနိုင်ကြပါတယ်။ ပို့ပေးရမယ့် ခန့်မှန်းခြေရက်စွဲတစ်ခုကို လက်ခံရယူ ထားဖို့လိုပါတယ်'' ဟု အက်ပဲလ်ကုမ္ပဏီ စီအီးအိုတမ်ကွတ်ကပြောကြားသည်။ ကြိုတင်မှာယူထားသော အဆိုပါဖုန်းများကို ဝယ်ယူသူများ အလွန်များပြားနေ သဖြင့် အောက်တိုဘာလတိုင်အောင် ဖုန်းအများစုပေးပို့နိုင်လိမ့်မည် မဟုတ်ကြောင်း အက်ပဲလ်ကုမ္ပဏီက လွန်ခဲ့သည့် သီတင်းပတ်တွင် ပြောကြားခဲ့သည်။ အက်ပဲလ်ကုမ္ပဏီ အနေဖြင့် အဆိုပါ အိုင်ဖုန်းဖိုက်အမျိုးအစားအား ကမ္ဘာ့လို အပ်ချက်ကို အမြန်ဆုံး ဖြည့်ဆည်းပေးရန် ဖြစ်နိုင်ဖွယ်မရှိ၍ စိုးရိမ်နေရဆဲဖြစ်သည်။ (အမ်အင်န်အေ၊ ရိုက်တာ)

  **အလေးချိန်အကြီးဆုံးဂြိုဟ်တု အိန္ဒိယလွှတ်တင်မည်**
 (နယူးဒေလီ စက်တင်ဘာ ၂၅) အိန္ဒိယနိုင်ငံက ၄င်း၏ပြည်တွင်းလုပ်အလေးချိန်အကြီးဆုံး ဆက်သွယ်ရေးဂြိုဟ်တုတစ်လုံးကို ဖရင့်ဂူယားနားဒေသရှိ ကူရော့အခြေစိုက်စခန်းမှ စက်တင်ဘာ ၂၉ ရက်တွင် လွှတ်တင်မည်ဖြစ်ကြောင်း ဒေသဆိုင်ရာမီဒီယာများကသတင်းထုတ် ပြန်သည်။ GSAT-10အမည်ရှိ ကီလိုဂရမ် ၃၄ဝဝ လေးသော အဆိုပါဆက်သွယ်ရေးဂြိုဟ်တုကို နိုင်ငံပိုင်အိန္ဒိယအာကာသသုတေသနအဖွဲ့ (အိုင်အက်စ်အာအို) က ထုတ်လုပ်ထားခြင်းဖြစ်ကြောင်း သည်တိုင်းမ်အော့ဖ်အိန္ဒိယသတင်းစာက ဖော်ပြ သည်။ အလေးချိန်အကြီးဆုံးဖြစ်သည့် ယင်းဆက်သွယ်ရေးဂြိုဟ်တုကြီးကို စက်တင်ဘာ ၂၉ ရက် ဒေသစံတော်ချိန် နံနက် ၂ နာရီ ၄၈ မိနစ်တွင် လွှတ်တင်မည်ဖြစ်ကြောင်း အိန္ဒိယ အာကာသသုတေသနအဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။ ထားရှိသွားမည်ယင်း GSAT-10 ဂြိုဟ်တုကို ယခုနှစ် နိုဝင်ဘာလတွင် လုပ်ငန်းများလုပ်ဆောင်သွားနိုင်မည်ဟု ခန့်မှန်းထားပြီး - ၄င်းဂြိုဟ်တုကို INSAT-4A ဂြိုဟ်တုနှင့် GSAT-12 ဂြိုဟ်တုများနှင့်အပြိုင် ဂြိုဟ်ပတ်လမ်းအရှေ့ဘက် ၈၃ ဒီဂရီအကွာ နေရာတွင် ထားရှိသွားမည်ဖြစ်ကြောင်းအဆိုပါအာကာသသုတေသနဌာနမှ တာဝန်ရှိသူများက ထုတ်ပြန်ချက်တစ်ရပ်တွင် ပြောကြားခဲ့သည်။ (ဆင်ဟွာ) ** ကလေးသူငယ် များညီလာခံ ဗီယက်နမ် ၌ကျင်းပ** (ဟနွိုင်း စက်တင်ဘာ ၂၅) အာရှနှင့် ပစိဖိတ်ဒေသ၏နိုင်ငံနှင့်ဒေသ ၁၇ ခုမှ ကိုယ်စားလှယ်များ တက်ရောက်သည့် ပြည်သူ့ဘဏ္ဍာရေး၊ လူမှုရေးမူဝါဒများနှင့် ကလေးသူငယ်များဆိုင်ရာ ဒေသညီလာခံကို ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့တော်၌ စက်တင်ဘာ၂၄ ရက်က စတင်ကျင်းပသည်။ လွန်ခဲ့သည့် အနှစ် ၂ဝ အတွင်း ကလေးသူငယ်များ၏ ကျန်းမာရေးနှင့် ၄င်းတို့၏မိသားစု လူနေမှုအဆင့်တို့ကိုဤဒေသက မြှင့်တင်ပေးနိုင်ကြောင်း၊ ယင်းသို့ ဖြစ်ရသည်မှာ တည်ငြိမ်သော ဘဏ္ဍာအရင်းအမြစ်နှင့်အတူ လူမှုစီးပွားရေးဖွံ့ဖြိုးသည့်အတွက်ဖြစ်ကြောင်း ယူနီဆက်၏ အာရှနှင့်ပစိဖိတ်ဒေသဆိုင်ရာ ညွှန်ကြားရေးမှူး ဒင်နီယယ်တူလေက ပြောကြားသည်။ကလေးသူငယ်များဆိုင်ရာမူဝါဒများ ချမှတ်အကောင်အထည်ဖော်ရေးအတွက် အစိုးရကို အကူအညီပေးရန် ရည်ရွယ်ချက်ဖြင့် ဒေသတွင်းရှိ ဘဏ္ဍာရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် အလုပ်သမားဝန်ကြီးများစုဝေးပြီး ညီလာခံတက်ရောက်ခြင်းမှာ ပထမဆုံးအကြိမ်ဖြစ်ကြောင်း ဗီယက်နမ် ဒုတိယဘဏ္ဍာရေးဝန်ကြီး ထခွန်ချီထရန်က ပြောကြားလိုက်သည်။ (ဆင်ဟွာ)

 ** ကမ္ဘောဒီးယား၌ မိုးကြိုးပစ်၍ ၉၁ ဦး သေဆုံး**
ကမ္ဘောဒီးယားနိုင်ငံတွင် ယခုနှစ် ပထမရှစ်လအတွင်း မိုးကြိုးပစ်၍ သေဆုံးသူ ၉၁ ဦးရှိကြောင်း၊ယင်းမှာ ယမန်နှစ် အလားတူကာလက ၁၄၆ ဦးသေဆုံးခဲ့ရမှုနှင့်နှိုင်းစာလျှင် ၃၇ ရာခိုင်နှုန်း ကျဆင်းသွားခဲ့ကြောင်း ကမ္ဘောဒီးယား သဘာဝဘေးအန္တရာယ်ဆိုင်ရာ တာဝန်ရှိသူတစ်ဦးက အင်္ဂါနေ့တွင် ပြောကြား ခဲ့သည်။ (အင်တာနက်)

စုစည်းဘာသာပြန် - တင်မောင်လွင်

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)