-ယခုလအတွင်း ဟိုအကြောင်း၊ ဒီအကြောင်း၊ သူတို့အကြောင်း-
** အီတလီအစားအစာကြိုက်တဲ့ အဆိုတော် လေဒီဂါဂါ**
(လော့စ်အိန်ဂျလိစ် စက်တင်ဘာ ၂၅) အဆိုတော် လေဒီဂါဂါတစ်ယောက် အစားတွေသိပ်စားလွန်းလို့ ကိုယ် အလေးချိန်တွေတိုးလာတာ ဖခင်ဖြစ်သူရဲ့ အားပေးမှုကြောင့်လို့ သူမက ဆိုပါ တယ်။ လေဒီဂါဂါရဲ့ဖခင်ဖြစ်တဲ့ ဂျိုးဂါမာနော့တာဟာ နယူးယောက်မြို့မှာ စားသောက်ဆိုင် တစ်ဆိုင် ဖွင့်လှစ်ထားပါတယ်။ ''ဖေဖေက အမြဲတမ်း ကျွန်မကို စားသောက်ဆိုင်တွေမှာ၊ ဟို တယ်တွေမှာစားစေချင်တာ၊ ကျွန်မကလည်း အီတလီအစားအစာဆို သိပ်ကြိုက်တာ၊ အီတလီပီဇာကို သိပ်ကြိုက် တယ် ။ ဒါကြောင့်လည်း ကိုယ်အလေးချိန်က ၂၅ ပေါင်ကြီးများတောင် တိုးလာပါတယ်'' ဟု အသက် ၂၆ နှစ်အရွယ် လေဒီဂါဂါ က ဆိုပါတယ်။ အဆိုတော် လေဒီဂါဂါဟာ မလုံ့တလုံအဝတ်အစားတွေနဲ့ နာမည်ကြီးခဲ့ သူဖြစ်ပါတယ်။ သူမရဲ့ စင်တင်ဖျော်ဖြေမှုတိုင်းမှာလည်း အဝတ်အစားအပြင် အဆင်တွေကို ဘယ်အဆိုတော်တွေနဲ့မှ မတူ အောင် တီထွင်ဖန်တီးဝတ်လေ့ ရှိပါတယ်။ အဆိုတော် လေဒီဂါဂါက အီတလီအစားအစာတွေကြိုက်လွန်းလို့ သူ့ကိုယ်သူ နယူးယောက်အီတလီမလေးလို့ ညွှန်းဆိုခဲ့ပြန်ပါတယ်။ ဘာပဲဖြစ်ဖြစ် အဆိုတော် လေဒီဂါဂါဟာ ကမ္ဘာလှည့်ဖျော်ဖြေတဲ့ အဆိုတော်တွေထဲမှာတော့ မက်ဒေါနားနဲ့အပြိုင် နာမည်ကြီးတဲ့ အဆိုတော်တစ်ယောက်ပါပဲ။ (ရိုက်တာ)
** အဆိုတော် ဖီယိုနာအက်ပဲလ်မူးယစ်ဆေးဝါးမှုနဲ့  အဖမ်းခံရ**
(တက္ကဆက် စက်တင်ဘာ ၂၅)
အမေရိကန်နာမည်ကြီးအဆိုတော် ဖီယိုနာအက်ပဲ လ်တစ် ယောက် ဆေး
ခြောက်များလက်ဝယ်ပိုင်ဆိုင်မှုနှင့် တစ်ညတာထောင်နန်းစံခဲ့ရတယ်လို့ လွန်ခဲ့သော
နှစ်ရက်က ဒေသဆိုင်ရာ မီဒီယာတွေက သတင်းတွေဖော်ပြခဲ့ကြပါတယ်။
အသက် ၃၅ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဖီယိုနာအက်ပဲလ်ဟာ မက္ကဆီကိုနယ်စပ်
အနီး တက္ကဆက်ပြည်နယ် စစ်ဆေးရေးဂိတ်မှာ ရဲတပ်ဖွဲ့က သူမရဲ့ကားကို ရှာဖွေ
စစ်ဆေးစဉ် ဆေးခြောက်များလက်ဝယ်ပိုင်ဆိုင်မှုနဲ့ ဖမ်းဆီးလိုက်တာ ဖြစ်ပါတယ်။
သို့သော်လည်း အဆိုတော် ဖီယိုနာအက်ပဲလ်အား ဒဏ်ငွေအဖြစ် အမေ
ရိကန်ဒေါ်လာ ၁ဝဝဝဝ ဒဏ်ရိုက်ပြီးတဲ့နောက် ရဲတပ်ဖွဲ့က ထောင်မှပြန်လွှတ်ပေး
လိုက်တယ်လို့ ဆိုပါတယ်။ သူမကို နာကျင်ထိခို က်စေခြင်းမရှိဘဲ ရဲအဖွဲ့က
ပြန်လွှတ်ပေးခဲ့တယ်လို့ သိရပါတယ်။ အဆိုတော်အက်ပဲလ်ဟာ ၁၉၉၆ ခုနှစ်က
Criminal လို့ အမည်ရတဲ့ တစ်ကိုယ်တော်တေးအယ်လ်ဘမ်နဲ့ ဂရမ်မီဆုဆွတ်ခူးနိုင်ခဲ့သူဖြစ်ပါတယ်။
တေးရေး တေးဆို အဆိုတော်
ဖီယိုနာအက်ပဲလ်အား တက္ကဆက်ပြည်နယ် ဆီယာရာဘလန့်ကာ မြို့လေးမှာ ရဲကဖမ်းဆီး
ခဲ့တာဖြစ်ပါတယ်။ ဒီမြို့လေးဟာ အရင်
တုန်းကလည်း အဆိုတော် ဝီလီနယ်ဆင်၊ ရက်ပ်အဆိုတော် စနွတ်ဒေါ့နဲ့ ဒီဆိုရှယ်နက်ဝပ်
ရုပ်ရှင်မင်းသား အာမီဟမ်းမားတို့ကိုလည်း
မူးယစ်ဆေးဝါးများ လက်ဝယ်ပိုင်ဆိုင်မှုနဲ့ ဖမ်းဆီးခဲ့တဲ့ နေရာဖြစ်ပါတယ်။ ရဲတပ်ဖွဲ့က သူမ
၏ကားကို ရှာဖွေစစ်ဆေးစဉ် အက်ပဲလ်က
သူပိုင်မူးယစ်ဆေးဝါးများဖြစ်ကြောင်း ဝန်ခံပြီးတဲ့နောက် အခြားခရီးသွားဖော်ခုနစ်ဦးတို့အား
ရဲတပ်ဖွဲ့က ကားနဲ့ထွက်ခွာခွင့်ပြုခဲ့တယ်လို့ ဆိုပါတယ်။ အဆိုတော် အက်ပဲလ်ရဲ့ နောက်ဆုံး
ထွက်ခဲ့တဲ့တေးအယ်လ်ဘမ်ကတော့ The Idler Wheel is Wiser
Than the Driver of the Serew ပဲဖြစ်ပါတယ်။ ဒီတေးအယ်လ်ဘမ်ဟာ ဇွန်လတုန်းက
ထွက်ခဲ့ပြီး အမေရိကန်နိုင်ငံမှာ နံပါတ်-၃ ရောင်းအားအကောင်းဆုံး တေးအယ်လ်ဘမ်လို့ဆိုပါတယ်။ (ရိုက်တာ)
** သုံးမှတ်အပြည့် ပွေ့ပိုက်ပြီး အိမ်ပြန်နိုင်ခဲ့တဲ့ ရီးရဲမက်ဒရစ်**
(မက်ဒရစ် စက်တင်ဘာ ၂၅)
စပိန်လာလီဂါပွဲစဉ်များကို စက်တင်ဘာ ၂၅ ရက်က ဆက်လက်ယှဉ်
ပြိုင်ကစားရာ ဗယ်လီကာနိုနှင့်ရီးရဲမက်ဒရစ်အသင်းတို့ပွဲတွင် ရီးရဲမက်ဒရစ်တို့
အဝေးကွင်း၌ အနိုင်ရပြီး သုံးမှတ်အပြည့်ရယူနိုင်ခဲ့သဖြင့် တန်းစီဇယားသတ္တမ
နေရာသို့ တက်ရောက်လာနိုင်ခဲ့သည်။ယခုနှစ် ဘောလုံးရာသီ၌ ရှုံးပွဲ၊
သရေပွဲများနှင့် ကြုံတွေ့နေရသဖြင့်ဖိအားပေးခံနေရသော ရီးရဲမက်ဒရစ်တို့
ယခုပွဲ၌ ပွဲအစ ၁၃ မိနစ်မှာပင် ဘင်ဇီမာက ဦးဆောင်ဂိုးသွင်းယူပေးခဲ့သည်။
သို့သော် ဗယ်လီကာနိုတို့က ချေပဂိုးရရှိရေးတန်ပြန်ကြိုးစားမှုများနှင့် ဟန့်တားမှု
များကြောင့် ပထမပိုင်းပွဲချိန်အပြီးထိ ရီးရဲမက်ဒရစ်တို့ ဂိုးထပ်မံမသွင်းနိုင်ခဲ့ချေ။
ဒုတိယပိုင်းပွဲချိန်အတွင်း ရီးရဲမက်ဒရစ်တို့ ဦးဆောင်ဂိုး ထပ်မံသွင်းယူနိုင်
ရေးကြိုးစားခဲ့ရာ ပွဲချိန် မိနစ် ၇ဝ ၌ပယ်နယ်တီမှတစ်ဆင့် စီရိုနယ်ဒိုက က သွင်းယူခဲ့သဖြင့်
ရီးရဲမက်ဒရစ်တို့ ဒုတိယဦးဆောင်ဂိုးရရှိခဲ့သည်။ ဗယ်လီကာနိုတို့ ချေပဂိုးများ ပြန်သွင်း
ယူနိုင်ရေးကြိုးစားခဲ့သော်လည်း ဒိုမီကွက်ဇ်၊ ကာဆာဒိုနှင့်မက်တို့သာ အဝါကတ်များ
ထိခဲ့ပြီး ဂိုးမသွင်းနိုင်ခဲ့ချေ။ ထို့အပြင် ဗယ်လီကာနိုမှ ကာဆာဒို နှစ်ဝါတစ်နီဖြင့် အထုတ်
ခံခဲ့ရသဖြင့် ၁ဝ ဦးတည်းဖြင့် ကစားခဲ့ရသည်။ ပွဲချိန်ပြည့်သည်အထိ နှစ်သင်းစလုံး ဂိုးရလဒ်မပြောင်းနိုင်ခဲ့သဖြင့်ရီးရဲမက်ဒရစ်တို့ နှစ်ဂိုးပြတ်ဖြင့်အနိုင်ရပြီး အောင်ပွဲခံနိုင်ခဲ့ခြင်း ဖြစ်သည်။
ဆက်လက်ပြီး ဒီပို့တီဗိုနှင့် ဆီဗီလာအသင်းတို့ပွဲတွင် ဧည့်သည်ဆီဗီလာတို့က နှစ်ဂိုးပြတ်ဖြင့်
အနိုင်ရရှိခဲ့သည်။ ဒီပို့တီဗိုတို့က အိမ်ကွင်းတွင် ဦးဆောင်ဂိုးများ သွင်းယူနိုင်ရေးကြိုးစားခဲ့ရာ
ဆီဗီလာခံစစ်မှူးများ ဟန့်တားကာကွယ်ခဲ့ရသည်။ ဆီဗီလာတိုက်စစ်မှူးများ၏ ထိုးဖောက်
ဂိုးသွင်းမှုများကိုလည်း ဒီပို့တီဗိုဂိုးသမားနှင့် ခံစစ်မှူးများ ကြိုးစားကာကွယ်နိုင်ခဲ့သည်။
သို့သော် ဒုတိယပိုင်းပွဲချိန် ၇၅ မိနစ်၌ ဆီဗီလာမှ နက်ရီဒိုက ဦးဆောင်ဂိုးသွင်းယူနိုင်ခဲ့သည်။ ဒီပို့တီဗိုတို့ ချေပဂိုးပြန်သွင်းယူနိုင်ရေးကြိုးစားခဲ့သော်လည်း တိုက်စစ်မှူးများ အဆုံး
သတ် မသေချာမှုကြောင့် ဂိုးမသွင်းနိုင်ခဲ့ချေ။ ဆီဗီလာတို့ ဂိုးထပ်မံသွင်းယူနိုင်ရေးကြိုး
စားရာ ပွဲချိန် ၈၃ မိနစ်၌ ရစ်ကက်တစ်က
ဒီပို့တီဗိုနောက်တန်းအမှားမှတစ်ဆင့် ဂိုးသွင်းယူခဲ့သဖြင့် ဆီဗီလာတို့ ပွဲအပြီးတွင်
နှစ်ဂိုးပြတ်ဖြင့် နိုင်ပွဲရပြီး အဖိုးတန်သုံးမှတ် ပွေ့ပိုက်ကာ အိမ်ပြန်နိုင်ခဲ့ကြသည်။ (အင်တာနက်)
** အွန်နရီလို ဂန္ထဝင်တိုက်စစ်မှူးဖြစ်ချင်တဲ့ ဝေါကော့တ်**
(လန်ဒန် စက်တင်ဘာ ၂၅)
အာဆင်နယ်တိုက်စစ်မှူး သီယိုဝေါကော့တ်က သူ့ရဲ့အနာဂတ်နဲ့ ပတ်သက်ပြီး အာဆင်နယ်အ
သင်းရဲ့တိုက်စစ်မှူးအဖြစ် မရွေးချယ်ခြင်းနဲ့ ရွေးချယ်ခြင်းအပေါ်မှာ မူတည်ပါတယ်လို့
ထုတ်ဖော်ပြောကြားလိုက်ပါတယ်။
အသက် ၂၃ နှစ်ရှိပြီဖြစ်တဲ့ တိုက်စစ်မှူး ဝေါကော့တ်ဟာ နည်းပြအာစင်ဝင်းဂါးက တိုက်စစ်မှူး
သစ်တွေခေါ်ယူခဲ့တာကြောင့် ပုံမှန်ပွဲထွက်ကစားခွင့်မရဘဲဖြစ်နေပါတယ်။ ဒါကြောင့်လည်း
တိုက်စစ်မှူးဝေါကော့တ်ဟာ သြဂုတ်လတုန်းက အာဆင်နယ်က တစ်ပတ်ပေါင် ၇၅ဝဝဝ နဲ့
ငါးနှစ်သက်တမ်းစာချုပ်သစ် ချုပ်ဆိုဖို့ ကမ်းလှမ်းခဲ့ရာမှာငြင်းဆိုခဲ့ပါတယ်။ကျွန်တော့်အတွက်
ငွေကြေးက အဓိကမဟုတ်ပါဘူး။ ပုံမှန်ကစားခွင့်ရမရဆိုတာပဲ အရေးကြီးပါတယ်။
ကျွန်တော်က အမှန်ပြောရရင် အွန်နရီလို အာဆင်နယ်အသင်းရဲ့ ဂန္ထဝင်ဘောလုံးသမားကြီး
ဖြစ်ချင်တာပါ။ ဒါပေမယ့်ပုံမှန် ပွဲထွက်ခွင့်မရတော့ စိတ်ပျက်မိပါတယ်လို့ တိုက်စစ်မှူးဝေါကော့တ်
က ဆိုပါတယ်။ အင်္ဂလန်လက်ရွေးစင်တိုက်စစ်မှူး ဝေါကော့တ်ကို အာဆင်နယ်အသင်းက ၂ဝဝ၆ ခုနှစ်မှာ ဆောက်သမ်ပတန်အသင်းက ပေါင် ၁၂ ဒသမ ၅ သန်းနဲ့ ဝယ်ယူခဲ့တာဖြစ်ပါတယ်။
သူဟာ ဒီနှစ်ထဲမှာ အာဆင်နယ်အသင်းအတွက်
လေးပွဲ ပါဝင်ကစားနိုင်ခဲ့ပါတယ်။ ဒါပေမယ့် သုံးပွဲမှာ လူစားအဖြစ်နဲ့ ပါဝင်ကစားခဲ့တာပါ။ အာဆင်နယ်အသင်းအတွက်တစ်ဂိုးသွင်းယူပေးထားပါတယ်။အာဆင်နယ်အသင်းနည်းပြကြီး
အာစင်ဝင်းဂါးကတော့ ဝေါကော့တ်အနေနဲ့ ဧပြီလတိုင်အောင်စာချုပ်သစ်မချုပ်ဆိုနိုင်ရင်
နောက်ထပ်စာချုပ်သစ်ချုပ်ဆိုဖို့ ခက်ခဲလိမ့်မယ်လို့ သတိပေးထားပါတယ်။ ဝေါကော့တ်ဟာ
လူသစ်တိုက်စစ်မှူးတွေဖြစ်တဲ့ ဂီရောက်၊ ပိုဒေါစကီးနဲ့ ချာမတ်တို့  ခြေစွမ်းပြနေတာကြောင့်
အနာဂတ်အတွက်မရေမရာဖြစ်နေပါတယ်။ (ရိုက်တာ)
** လက်စ်ကော့ စာချုပ် သစ်ချုပ်လို**
ဂျိုလီယွန်လက်စ်ကော့သည် မန်စီးတီးတို့ နိုင်ပွဲများ
ဆက်တိုက်မရသော်လည်း ကာလရှည်စာချုပ်သစ်ချုပ်ဆိုရန်
လိုလားလျက်ရှိသည်။အသက် ၃ဝ ရှိ လက်စ်ကော့သည် ပြီးခဲ့သောရာသီက
မန်စီးတီးအသင်းကို ပရီမီယာလိဂ်ဖလားဆွတ်ခူးနိုင်အောင်
အဓိကကစားပေးခဲ့သူဖြစ်သည်။ ၄င်းသည် ပရီမီယာလိဂ်ပွဲ
စဉ်တိုင်း ထူးချွန်ပြောင်မြောက်စွာ ကစားပေးခဲ့သူဖြစ်သည်။
လက်စ်ကော့သည် ၂ဝဝ၉ ခုနှစ်က အဲဗာတန်အသင်းမှ ပေါင်
၂၂ သန်းဖြင့် ပြောင်းရွှေ့လာခြင်းဖြစ်သည်။
လက်စ်ကော့သည် မန်စီးတီးအသင်းနှင့် လက်ရှိချုပ်
ဆိုထားသော စာချုပ်မှာ နှစ်နှစ်ကျန်ရှိနေသေးသည်။
မန်စီးတီးတာဝန်ရှိသူများအနေဖြင့် အသက်အရွယ်ရလာ
ပြီဖြစ်သော လက်စ်ကော့ကို ဆက်လက်စာချုပ်ရန် စဉ်းစား
စရာဖြစ်နေသည်။ (အင်တာနက်)
** လီဗာပူးနောက်တန်းကစားသမား ကယ်လီ**
လီဗာပူးနောက်တန်းကစားသမား မာတင်ကယ်လီ
သည် ဒူးခေါင်းအမာရွတ် စုတ်ပြဲသွားသဖြင့် အနည်းဆုံး
ခြောက်လအနားယူရတော့မည်ဟု ၄င်းကလပ်က ကြေညာ
သည်။အသက် ၂၂ နှစ်ရှိ အင်္ဂလန်ကစားသမား မာတင်
ကယ်လီသည် မန်ယူနှင့် လီဗာပူးတို့ ကစားခဲ့သည့်ပြိုင်ပွဲတွင်
အနာတရဖြစ်ခဲ့ခြင်းဖြစ်သည်။ ၄င်းသည် ၂ဝဝ၈ ခုနှစ်က
ချန်ပီယံလိဂ်ပြိုင်ပွဲတွင် စတင်ပါဝင်ကစားခဲ့ပြီးနောက် လီဗာပူး
အသင်းအတွက် ၅၄ ပွဲ ပါဝင်ကစားပေးနိုင်ခဲ့သည်။
၎င်းသည် ခြောက်လကြာ အနားယူရမည်ဖြစ်၍
အင်္ဂလန်အသင်း၏ ကမ္ဘာ့ဖလားခြေစစ်ပွဲနှင့်လည်း လွဲချော်
လိမ့်မည်ဖြစ်သည်။ (အင်တာနက်)
** တရုတ်ရေကူးပြိုင်ပွဲကျင်းပ**
တရုတ်ချန်ပီယံရှစ်ရေကူးပြိုင်ပွဲကို စက်တင်ဘာ၂၄ ရက်က ကျင်းပခဲ့ရာ အမျိုးသား မီတာ ၄ဝဝ
အလွတ်ကူးပြိုင်ပွဲတွင် ဆန်ယန်းက စံချိန် ၃ မိနစ် ၄၃ ဒသမ ၉၇
စက္ကန့်ဖြင့် ပန်းဝင်ဗိုလ်စွဲသွားခဲ့သည်။ ၄င်းသည် လန်ဒန်အိုလံပစ်တွင်လည်း ရွှေတံဆိပ်
ဆွတ်ခူးနိုင်ခဲ့သူဖြစ်သည်။ (အင်တာနက်)
** ဖာဒီနန် အင်္ဂလန်အသင်းမှာ ပါဝင်လာနိုင်**
(လန်ဒန် စက်တင်ဘာ ၂၅
အင်္ဂလန်အသင်းခေါင်းဆောင် ဂျွန်တယ်ရီ နိုင်ငံလက်ရွေးစင်အားကစားသမားအဖြစ်
အနားယူပြီဖြစ်ကြောင်း ကြေညာခဲ့ပြီးတဲ့နောက်
အင်္ဂလန်နည်းပြကြီး ရွိုင်ဟော့ဆင်အတွက် အကျပ်ရိုက်သွားစေခဲ့ပါတယ်။
ဒါကြောင့်လည်း ယူရို ၂ဝ၁၂ မှာ မပါဝင်ခဲ့တဲ့ နောက်တန်းကစားသမား ဖာဒီနန်ကို ပြန်ခေါ်ဖို့
ဆုံးဖြတ်ရလိမ့်မယ်လို့ ရွိုင်ဟော့ဆင်က
ဆိုပါတယ်။ ဖာဒီနန် ဟာ ယူရို ၂ဝ၁၂ ပြိုင်ပွဲတစ်လျှောက်လုံး အင်္ဂလန်အသင်းမှာ မပါဝင်ခဲ့ပါဘူး။
ဂျွန်တယ်ရီဟာ အက်တန်ဖာဒီနန်ကို
ဆဲရေးမှုဖြင့် အက်ဖ်အေက ကြားနာစစ်ဆေးမှုမပြုလုပ်မီ နိုင်ငံလက်ရွေးစင်အဖြစ်မှ အနားယူကြောင်း
ကြေညာလိုက်တာဖြစ်ပါတယ်။
ဂျွန်တယ်ရီနေရာမှာ အဓိက ကစားပေးနိုင်မယ့် နောက်တန်းကစားသမားဟာ ဖာဒီနန်တစ်ဦးသာ
ဖြစ်ပါတယ်။ ဒါကြောင့်လည်း ဖာဒီနန်ဟာ
လာမယ့်လမှာ ဆန်မာရီနိုအသင်းနဲ့ ကစားမယ့်ကမ္ဘာ့ဖလား ခြေစစ်ပွဲမှာ ပြန်ပါလာနိုင်ဖွယ်
ရှိပါတယ်။ဖာဒီနန်ကလည်း ဒီကိစ္စနဲ့ ပတ်သက်ပြီး အင်္ဂလန်အသင်းမှာ ပြန်လည်ပါဝင်ကစားဖို့
စိတ်အားထက်သန်မှု အပြည့်အဝ ရှိတယ်လို့
ဆိုပါတယ်။ (အေအဖ်ပီ)
** ပင်ပစိဖိတ်အိုးပင်းတင်းနစ်ပြိုင်ပွဲစတင်အမေရိကန်တင်းနစ်မယ် နိုင်ပွဲရရှိ**
(တိုကျို စက်တင်ဘာ ၂၅)
ဂျပန်နိုင်ငံ တိုကျိုမြို့တွင် ကျင်းပလျက်ရှိသော ပင်ပစိ
ဖိတ်အိုးပင်းတင်းနစ်ပြိုင်ပွဲ၏ အမျိုးသမီးတစ်ဦးချင်း ပထမ
အဆင့်ပြိုင်ပွဲများကို စက်တင်ဘာ ၂၄ရက်က ယှဉ်ပြိုင်ကစား
ရာ အမေရိကန်တင်းနစ်မယ် ဟမ်ပတန်က ပြင်သစ်တင်းနစ်
မယ် ဂါစီရာအား အနိုင်ရရှိပြီး နောက်တစ်ဆင့်တက်ရောက်
နိုင်ခဲ့သည်။ ဟမ်ပတန် သည် ဂါစီရာအား ၆-၂၊
၆-၂ ဖြင့် နိုင်ပွဲရရှိခဲ့ခြင်းဖြစ်သည်။ ထို့အတူ ဆားဘီးယား
တင်းနစ်မယ် အီဗန်နိုဗစ်က ချက်တင်းနစ်မယ် လာဗက်ကိုဗာ
အား အနိုင်ယူခဲ့ပြီး နောက်တစ်ဆင့်တက်ရောက်နိုင်ခဲ့သည်။
တစ်ဖန် ရုရှားတင်းနစ်မယ် ပက်ထရိုဗာက တရုတ်
တင်းနစ်မယ် ပင်ရှိုင်းအား ၆-၁၊ ၆-၄ဖြင့် အနိုင်ရပြီး ဆွီဒင်
တင်းနစ်မယ် လာဆင်က ဆွစ်ဇာလန်တင်းနစ်မယ် အိုပရန်
ဒီအား ၆-၃၊ ၃-၆၊ ၇-၅ဖြင့် နိုင်ပွဲရရှိခဲ့သည်။
ထို့အပြင် ရို မေးနီးယားတင်းနစ်မယ် ဟာလက်က
စပိန်တင်းနစ်မယ် နာဗာရိုအား ၆-၂၊ ၆-၃ဖြင့် အနိုင်ရပြီး
ပိုလန်တင်းနစ်မယ် ရက်ဝမ်စကာက ဂျပန်တင်းနစ်မယ်
နာရာအား ၆-၂၊ ၆-၄ဖြင့် အနိုင်ယူပြီး နောက်တစ်ဆင့် တက်
ရောက်ခဲ့သည်။ ထို့အတူ ပြင်သစ်တင်းနစ်မယ် ဘာတိုလီက
ဂျပန်တင်းနစ်မယ် ကီမီကိုအား ၆-၁၊ ၆-၄ဖြင့် အနိုင်ရရှိခဲ့ပြီး
နောက်တစ်ဆင့်တက်လှမ်းနိုင်ခဲ့သည်။ (အင်တာနက်)စုစည်းဘာသာပြန် - အာကာကျော်

No comments:
Post a Comment