**ဖြစ်ရမယ်**
အိမ်၌ဆော့ကစားနေသော
လေးနှစ်အရွယ်သားငယ်က ဖခင်ဖြစ်သူအား မေးလေ သည်။
သားငယ်။ ။ စားပွဲပေါ်မှာထောင်ထားတဲ့ နာရီကဘာလုပ်ဖို့လဲ ဒက်ဒီ။
ဖခင် ။ ။ သြော-် --ဒက်ဒီ မနကိတိုင်းရုံးသွားဖို့အချိန်သိရ အောင်လို့ ပေါ.့ ..။
သားငယ်။ ။ ဒက်ဒီက ဒီနာရီကြည့်ပြီး နေ့တိုင်းရုံးသွားတာလား။
ဖခင် ။ ။ အေးပေါ့သားရဲ့...ဒီနာရီမှာ နံနက် ၉ နာရီထိုးရင်ရုံးသွားရတာပေါ့။
သားငယ်။ ။ ဒါကြောင့်ကိုး...
(နောက်တစ်နေ့ရုံးသွားချိန်၌ နာရီမတွေ့သဖြင့် ဖခင်ဖြစ်သူက မေးလေသည်။)
ဖခင် ။ ။ သား ...ဒီစားပွဲကနာရီကို ယူ ဆော့လိုက်လား ...။
သားငယ်။ ။ မဆော့ပါဘူးဖေဖေ...။
ဖခင် ။ ။ ဒါဆို ..နာရီက ဘယ် ရောက်သွားးလဲမသိဘူး ...။
သားငယ်။ ။ သား...အမှိုက်ပုံးထဲလွှင့်ပစ်လိုက်တယ်။
ဖခင် ။ ။ ဘာဖြစ်လို့လဲ။ သားငယ်။ ။ ဒီနာရီရှိရင် ဒက်ဒီရုံးမသွားရတော့ဘဲ သားနဲ့
ဆော့ရအောင်လို့။
ဖခင် ။ ။ ''ဟေ''
အာကာဟိန်း ရေးသားသည်။
-ဘ၀အမောပြေ-

No comments:
Post a Comment