** စူပါဖလားအိပ်မက်ဖြည့်ဆည်းနိုင်ခဲ့၍ပျော်ရွှင်ခဲ့ သည်ဆိုသည့် ဖယ်ကာအို**
(မက်ဒရစ် စက်တင်ဘာ ၂) စပိန်လာလီဂါကလပ် အသလက်တီကိုမက်ဒရစ်အသင်းမှတိုက်စစ်မှူး ဖယ်ကာအိုသည် သောကြာနေ့က ယှဉ်ပြိုင်ခဲ့သည့် ယူအီးအက်ဖ်အေစူပါဖလားပြိုင်ပွဲတွင် ပြိုင်ဘက်ချယ်လ်ဆီးအသင်းအား အနိုင်ရရှိအောင် အသလက်တီကိုမက်ဒရစ်အသင်း အတွက် အကောင်းဆုံးစွမ်းဆောင်ပေးနိုင်ခဲ့ခြင်းကြောင့် ပျော်ရွှင်မှု ရရှိခဲ့ကြောင်း စက်တင်ဘာ ၂ ရက်တွင် ထုတ်ဖော်ပြောကြားခဲ့သည်။တိုက်စစ်မှူး ဖယ်ကာအိုသည် မိုနာကိုရှိ စတိတ်လူးဝစ် (၂)ကွင်းတွင် ယှဉ်ပြိုင်ခဲ့သည့် စူပါဖလားပြိုင်ပွဲတွင် ¤င်း၏ ပထမပိုင်းတစ်ပိုင်းတည်းတွင် သွင်းယူပေးခဲ့သည့် သွင်းဂိုးသုံးဂိုးအပါ အဝင် မီရန်ဒါ၏ သွင်းဂိုး တစ်ဂိုးတို့ဖြင့် ချယ်လ်ဆီးအသင်းကိုလေးဂိုး-တစ်ဂိုးဖြင့် အနိုင်ယူကာ ယူအီးအက်ဖ်အေစူပါဖလားကိုကိုင်မြှောက်အောင်ပွဲခံခဲ့ရသည်မှာ ကစားသမားဘဝတစ်လျှောက်အပျော်ရွှင်ဆုံးဟုပင် ဆိုခဲ့သည်။
အက်သလက်တီကိုမက်ဒရစ်အသင်းသည်လည်း အကောင်းဆုံး ခြေစွမ်းပြကစားသမားများရှိသည့်အပြင် ယူအီးအက်ဖ်အေစူပါဖလားကိုလည်း ရရှိထားပြီးဖြစ်ခြင်းကြောင့် ယခုနှစ်ဘောလုံးရာသီတွင် ဥရောပအဆင့်ကို အကောင်းဆုံးယှဉ်ပြိုင်နိုင်မည်ဟုလည်း ယုံကြည်ထားကြောင်း ဖယ်ကာအိုက ဆိုသည်။
**ပရီမီယာလိဂ် ပွဲစဉ်(၃)တနင်္ဂနွေညရလဒ်များ**
(၂-၉-၂ဝ၁၂)
လီဗာပူး ဝ - ၂ အာဆင်နယ်
နယူးကာဆယ် ၁ - ၁ အက်စတွန်ဗီလာ
ဆောက်သမ်တန် ၂ - ၃ မန်ယူ (အင်တာနက်)
** ဝဲလ်ကော့အား ခေါ်ယူရန်မန်စီးတီး၊ လီဗာပူးတို့နှင့်အသင်းအချို့အပြိုင်ကြိုးပမ်း**
(လန်ဒန် စက်တင်ဘာ ၂) အီတလီစီးရီးအေ၏ ထိပ်တန်းအသင်းကြီးများဖြစ်သည့်စီးရီးအေချန်ပီယံ ဂျူဗင်တပ်အသင်း၊ အင်တာမီလန်အသင်းနှင့် ပြင်သစ်၏ ငွေကြေးပုံအောကာသုံးစွဲနိုင်သည့် ပီအက်စ်ဂျီအသင်းတို့က အာဆင်နယ်အသင်း၏ အားထားရသည့် ကစားသမားသီယိုဝဲလ်ကော့ကို ခေါ်ယူနိုင်ရေးအတွက် ပရီမီယာလိဂ်အသင်းကြီးများဖြစ်သည့် မန်စီးတီးအသင်း၊ လီဗာပူးအသင်းတို့နှင့်အပြိုင်ကြိုးပမ်းနေကြောင်းသိရသည်။ပီအက်စ်ဂျီအသင်းသည် သီယိုဝဲလ်ကော့၏ အာဆင်နယ် အသင်းနှင့် စာချုပ်သက်တမ်းကုန်ဆုံးမည့်ရက်ကို စောင့်စားနေခဲ့သည့် အသင်းဖြစ်ပြီး အာဆင်နယ်အသင်းအနေဖြင့်လည်း ဝဲလ်ကော့အား စာချုပ်သက်တမ်းမကုန်မီ စာချုပ်သစ်ထပ်တိုးမချုပ်ဆိုနိုင်ခဲ့ပါက ဆုံးရှုံးရမည့်အနေအထားတွင် ရှိနေသည်။ စီးရီးအေကလပ် ဂျူဗင်တပ်အသင်းနှင့် အင်တာမီလန်အသင်းတို့ကလည်း လာမည့်ဇန်နဝါရီ အပြောင်းအရွှေ့ကာလတွင် အပြီးသတ်ခေါ်ယူရန်ပြင်ဆင်နေသည့်အပြင် မန်စီးတီးအသင်းနှင့် လီဗာပူးအသင်းတို့ကလည်း သီယိုဝဲလ်ကော့အား ခေါ်ယူရန်စောင့်ကြည့်မှုများ ပြုလုပ်လျက်ရှိခြင်းကြောင့် သီယိုဝဲလ်ကော့ကိုလာမည့်ဘောလုံးရာသီတွင် မည်သည့်အသင်းဝတ်စုံဖြင့် မြင်တွေ့ရမည်ဆိုသည်မှာလည်းစိတ်ဝင်စားစရာကောင်းနေသည်။
အာစင်ဝင်းဂါးအနေဖြင့်လည်း ပိုဒေါစကီး၊ အိုလီဗာဂီရောက် စသည့်ကစားသမားများကို ခေါ်ယူထားခဲ့သော်လည်းဗန်ပါစီထွက်ခွာသွားပြီးနောက် ဗန်ပါစီ၏ ခြေစွမ်းကို မီမည့်ကစားသမားမှာ သီယိုဝဲလ်ကော့ဖြစ်သည်ဟု ယုံကြည်ထားခြင်းကြောင့် ဝဲလ်ကော့အား စာချုပ်သစ်ထပ်တိုးချုပ်ဆိုဖွယ်ရှိကြောင်းသတင်းတွင် ဖော်ပြထားသည်။
ဘာသာပြန် - နိုင်လင်းကြည်
-ယခုလအတွင်း ဟိုအကြောင်း၊ ဒီအကြောင်း၊ သူတို့အကြောင်း-

No comments:
Post a Comment