-ယခုလအတွင်း ဟိုအကြောင်း၊ ဒီအကြောင်း၊ သူတို့အကြောင်း-
** တေလာဆွစ်နဲ့  အဆိုတော်ရီဟန်နား အကောင်းဆုံးဂီတဆုတွေ
ပွေ့ပိုက်နိုင်မှာလား**
(လော့စ်အိန်ဂျလိစ် စက်တင်ဘာ ၂၄)
ဒီနှစ်အတွက် အမ်တီဗွီ ဥရောပတေးဂီတဆု (MTV Europe Music Awards)
ပေးပွဲမှာ ဆုအများဆုံးဆွတ်ခူးနိုင်မယ့်အဆိုတော်တွေကတော့ အမျိုးသမီး
အဆိုတော်တွေဖြစ်တဲ့ အယ်လ်ဆာဗေဒိုး KKB အဆိုတော် ရီဟန်နားနဲ့ ကန်းထရီးအဆို
တော်တေလာဆွစ်တို့ပဲ ဖြစ်ပါတယ်။ သူတို့နှစ်ယောက်ဟာ
အကောင်းဆုံး အမျိုးသမီး အဆိုတော်ဆုနဲ့
အကောင်းဆုံး ပေါ့ပ်အဆိုတော်ဆုတွေအပါအဝင် ခြောက်ဆုစီဆွတ်ခူးနိုင်ကြ
လိမ့်မယ်လို့ ပဏာမထုတ် ပြန်ထားသောစာရင်းမှာ ဖော်ပြထားပါတယ်။
သူတို့နောက်မှာတော့ ဂျပ်စတင်ဘီဘာနဲ့ ကေတီပယ်ရီတို့က ဆုလေး
ဆုစီ ဆွတ်ခူးနိုင်ကြလိမ့်မယ်လို့ ဆိုပါတယ်။ကမ္ဘာကျော် အဆိုတော်ကြီး
လေဒီဂါဂါနဲ့ နစ်ကီးမီနားတို့ကတော့ ဒီဆုပေးပွဲမှာ ဆုသုံးဆုစီ ရမယ်တဲ့။
ဒီဆုပေးပွဲ အခမ်းအနားကို လာမယ့် နိုဝင်ဘာ ၁၁ ရက်မှာ ဂျာမနီနိုင်ငံ
ဖရန့်ဖွတ်မြို့တွင် ကျင်းပမှာ ဖြစ်ပါတယ်။ အဆိုတော်ရီဟန်နားဟာ ဒီ
ဆုပေးပွဲမှ Biggest Fans ဆု၊ Best Song ဆု၊ We Found Love အယ်လ်
ဘမ်နဲ့ Best Video ဆုတွေဆွတ်
ခူးနိုင်လိမ့်မယ်လို့ ပဏာမစာရင်းမှာဖော်ပြထားပါတယ်။အဆိုတော် တေလာဆွစ်
ကတော့ Best Live ဆု၊
Best World Stage ဆုတွေဆွတ်ခူးနိုင်မယ်လို့ ရေပန်းစား
နေပါတယ်။ ပရိသတ်တွေအနေနဲ့ စက်တင်ဘာ ၁၇ ရက်မှ စပြီးနိုဝင်ဘာ ၉ ရက်နေ့တိုင်အောင်ဆု
အမျိုးအစား အားလုံးအတွက် အွန်လိုင်းမှတစ်ဆင့် ဆန္ဒမဲပေး ရွေးချယ်ပေးရမှာဖြစ်ပါတယ်။
ပြီးခဲ့တဲ့နှစ်က ဒီဆုပေးပွဲအခမ်းအနားကိုဘဲလ်ဖတ်မြို့၌ ကျင်းပခဲ့ရာမှာ ကမ္ဘာတစ်ဝန်းက
ကြည့်တဲ့ပရိသတ်တွေ၃၉ သန်းအထိရှိတယ်လို့ဆိုပါတယ် ။ ဒီအရေအတွက် ဟာဥရောပအကောင်းဆုံးဂီတဆုပေးပွဲကို စောင့်ကြည့်တဲ့ပရိသတ်ဟာ စံချိန်တင်
များပြားခဲ့တယ်လို့ သိရပါတယ်။ (အင်တာနက်)
**ရုပ်ရှင်ကားတွေ တစ်ကားပြီးတစ်ကားရိုက်ကူးနေတဲ့ ရုပ်ရှင်မင်းသမီး ဒါကိုတာဖန်နင်း**
(လော့စ်အိန်ဂျလိစ် စက်တင်ဘာ ၂၄)
ဟောလိဝုဒ်ရုပ်ရှင်မင်းသမီး ဒါကိုတာဖန်နင်းရဲ့ ရုပ်ရှင်ကားသစ်ဖြစ်တဲ့ Very
Good Girls ဇာတ်ကားကို လာမယ့် ၂ဝ၁၃ ခုနှစ် နှစ်ဆန်းပိုင်းမှာ ပြသနိုင်ဖို့အတွက်
စီစဉ်နေပြီ ဖြစ်ပါတယ်။ ဒီဇာတ်ကားမှာ ရုပ်ရှင်မင်းသမီး ဒါကိုတာဖန်နင်းက လီလီ
ဘာဂါ အမည်ရှိ အမျိုးသမီးအဖြစ် ပါဝင်သရုပ်ဆောင်ထားတာဖြစ်ပါတယ်။
အသက် ၁၈ နှစ်သာရှိသေးပေမယ့် အနုပညာခရီးမှာ အောင်မြင်မှုတွေ ရရှိ
နေတဲ့ ဒါကိုတာဖန်နင်းဟာ တစ်နှစ်ကို ရုပ်ရှင်နဲ့ ရုပ်မြင်သံကြားဇာတ်လမ်းတွဲတွေ
အနည်းဆုံးနှစ်ကားခန့် ရိုက်ကူးနေရသူ ဖြစ်ပါတယ်။ ၂ဝ၁၂ ခုနှစ်အတွင်းမှာပဲ
သူမ ပါဝင်သရုပ်ဆောင်ထားတဲ့ ရုပ်ရှင်ကားသုံးကား ပြသနိုင်ခဲ့ပါတယ်။
အဲဒီဇာတ်ကားတွေကတော့ The Twilight Saga: Breaking Dawn-
Part-2? The Motel Life နှင့် Now Is Good ဇာတ်ကားတွေဖြစ်ပါတယ်။ အဲဒီ
ရုပ်ရှင်ကားတွေထဲမွှာ The Motel Life နှင့် Now Is Good ဇာတ်ကားတွေကို သူမ
ကိုယ်တိုင် ပူးတွဲထုတ်လုပ်သူအဖြစ် လုပ်ကိုင်ခဲ့တာဖြစ်ပါတယ်။ ဒါကြောင့်  အသက်ငယ်
ငယ်ရွယ်ရွယ်နဲ့ အနုပညာလုပ်ငန်းမှာ သရုပ်ဆောင်ရော၊ ထုတ်လုပ်သူ
အဖြစ် ပါ လုပ်ကိုင်နေသူတစ်ဦးဖြစ်တဲ့ ဒါကိုတာဖန်နင်းဟာ လောလောဆယ် နယူးယောက်
တက္ကသိုလ်မှာ ပညာသင်ယူ နေဆဲဖြစ်တဲ့တက္ကသိုလ်ကျောင်းသူ တစ်ဦးဖြစ်ပါတယ်။
ရုပ်ရှင်မင်းသမီး ဒါကိုတာဖန်နင်းဟာ ၂ဝဝ၁ ခုနှစ်မှာ ပါဝင်
သရုပ်ဆောင်ခဲ့တဲ့ I Am Sam အမည်ရှိတဲ့ ရုပ်ရှင်ကားမှာ ပရိသတ်တွေ တစ်ခဲနက်
အားပေးခဲ့ကြပြီးနောက်ပိုင်း ဆက်တိုက်အောင်မြင်မှုတွေရရှိခဲ့တဲ့ အနုပညာရှင်တစ်ဦးလည်း
ဖြစ်ပါတယ်။ တကယ်တော့ ဒါကိုတာဖန်နင်းဟာ ထူးခြားတဲ့ အနုပညာရှင်တစ်ဦးဖြစ်ပါတယ်။
သူမရဲ့မိဘနှစ်ပါးစလုံးဟာ အားကစားသမားတွေဖြစ်ပြီး အဘိုးဖြစ်သူ
ကလည်း အားကစားသမားတစ်ဦးဖြစ်ပါတယ်။ ဖခင်ဖြစ်သူ စတီဗင်ဂျေဖန်နင်းက ဘေ့စ်ဘော
ကစားသမားတစ်ဦးဖြစ်ပြီး မိခင်ဖြစ်သူ ဟာသာ
ဂျွိုင်းကလည်းတင်းနစ်မယ်တစ်ဦးဖြစ်ပါတယ်။အဘိုးဖြစ်သူကတော့အမေရိကန်ဘော
လုံးသမားဟောင်းတစ်
ဦးပါပဲ။ဒါကြောင့် အနုပညာမျိုးရိုး မဟုတ်ဘဲ ထူးထူးခြားခြား အနုပညာအရည်အသွေး
ရှိတဲ့ ရုပ်ရှင်မင်းသမီး ဒါကိုတာဖန်နင်းဟာ ဟောလိဝုဒ်မှာတော့
ရုပ်ရှင်ကားသစ်တွေ တစ်ကားပြီးတစ်ကား ရိုက်ကူးနေရတဲ့ လူငယ်အမျိုးသမီး အနုပညာ
ရှင်တစ်ဦးဖြစ်ပါတယ်။ (အင်တာနက်)
** ဇူးရစ်နိုင်ငံတကာရုပ်ရှင်ပွဲတော်အနုပညာရှင်အများအပြားတက်ရောက်**
(ဇူးရစ် စက်တင်ဘာ ၂၄)
ဆွစ်ဇာလန်နိုင်ငံ ဇူးရစ်မြို့တွင် ကျင်းပလျက်ရှိသည့် ဇူးရစ်နိုင်ငံတကာရုပ်ရှင်ပွဲတော်ကို
စက်တင်ဘာ ၂ဝ ရက်ကစတင်ဖွင့်လှစ်လိုက်ပြီဖြစ်ရာ နိုင်ငံတကာမှ အနုပညာရှင်များ
နှင့် ရုပ်ရှင်ကားများ ပါဝင်ဆင်နွှဲလျက်ရှိသည်။(၈)ကြိမ်မြောက် ဇူးရစ်နိုင်ငံတကာ ရုပ်ရှင်ပွဲတော်
jkkujuoသို့နိုင်ငံတကာမှ ရုပ်ရှင်ကားပေါင်း ၈ဝ ကျော် ပါဝင်ဆင်နွှဲလျက်ရှိ
ရာ အမေရိကန်ရုပ်ရှင်ဒါရိုက်တာနှင့်ထုတ်လုပ်သူ အိုလီဗာစတုန်းလည်း တက်ရောက် ဆင်နွှဲလျက်ရှိသည်။ထို့အတူ ရုပ်ရှင်ဒါရိုက်တာများနှင့် ရုပ်ရှင်ထုတ်လုပ်
သူများလည်း တက်ရောက်လျက်ရှိသည်။ဇူးရစ်နိုင်ငံတကာ ရုပ်ရှင်ပွဲတော်ကို
စက်တင်ဘာ ၂ဝရက်မှ စက်တင်ဘာ ၃ဝ ရက်အထိ ကျင်းပမည်ဖြစ်သည်။ယခုရုပ်ရှင်
ပွဲတော်တွင် အကဲဖြတ်ပုဂ္ဂိုလ်များအဖြစ် ဂျာမနီနိုင်ငံမှ ဒါရိုက်တာဖရန့်ဒါရာဘွန်ခေါင်းဆောင် သည့်အဖွဲ့က
တာဝန်ယူရွေးချယ်ပေးသွားမည်ဖြစ်သည်။ဇူးရစ် နိုင်ငံတကာရုပ်ရှင်ပွဲတော်၌
ရေပန်းစားလျက်ရှိသည့် ရုပ်ရှင်ကားမှာြ Bests of The Southern Wild? End
of Watch? Savages? Arbirtrage? ARGO ESifh LOOPER ဇာတ်ကားတို့ဖြစ်ကြ
သည်။ရွေးချယ်ခြင်းခံရသည့် ရုပ်ရှင်ကားနှင့်  ဆုများကိုဇူးရစ်နိုင်ငံတကာ ရုပ်ရှင်ပွဲတော် နောက်ဆုံးနေ့၌ ထုတ်ပြန်ကြေညာကာ ဆုများချီးမြှင့်သွားမည်ဖြစ်သည်။ (အင်တာနက်)
** နံပါတ်တစ် အဆိုတော်ဂျပ်စတင်ဘီဘာဖြစ်လာ**
(လော့စ်အိန်ဂျလိစ် စက်တင်ဘာ ၂၄)
ကမ္ဘာကျော် ကနေဒါလူငယ်အဆိုတော် ဂျပ်စတင်ဘီဘာဟာ
ဘီဘုတ်က ထုတ်ပြန်ထားတဲ့ 21 Under 21 စာရင်းမှာ နံပါတ်
တစ်နေရာ ချိတ်နိုင်ခဲ့ပါတယ်။ ဒီစာရင်းကို ဘီဘုတ်အဖွဲ့က ကမ္ဘာ့
နာမည်ကြီးလူငယ် အဆို တော်များရဲ့ အနု ပညာလှုပ်ရှားမှုနှ င့်
ပတ်သက်ပြီး စာရင်းပြုစု ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။
အသက် ၁၈ နှစ်သာရှိသေးတဲ့ အဆိုတော် ဂျပ်စတင်ဘီဘာ
ဟာ ပြီးခဲ့တဲ့နှစ်ထဲမှာ နံပါတ်တစ်ရောင်းအား အကောင်းဆုံး
တေးအယ်လ် ဘမ်နှစ်ချပ်ထွက်ရှိခဲ့ပါတယ်။ ဒီတေးအယ်လ်ဘမ်
တွေကတော့ Under the Mistetoe နဲ့ နောက်ဆုံးထွက်ရှိလာတဲ့
နြူငနလန လို့အမည်ရတဲ့ တေးအယ်လ်ဘမ်များပဲ ဖြစ် ပါတယ်။
ဂျပ်စတင်ဘီဘာဟာ ပေါ့ပ်သီချင်းတွေနဲ့ တစ်ချိန်လုံး အောင်မြင်
ကျော်ကြားနေတဲ့ လူငယ်အဆိုတော်လေးတစ်ယောက် ဖြစ်ပါတယ်။
ဒုတိယမြောက် အကျော်ကြားဆုံး ဂီ တအဖွဲ့ ကတော့
ဗြိတိန်နိုင်ငံက အသက် ၁၈ နှစ် မှ ၂ဝ ဝန်းကျင်သာရှိသေးတဲ့
အဆိုတော်ငါးဦးနဲ့ ဖွဲ့စည်းထားတဲ့ One Direction အဖွဲ့ပဲ
ဖြစ်ပါတယ်။ သူတို့အဖွဲ့ဟာ ဗြိ တိန်နိုင် ငံမှာသာမက အမေရိ
ကန်နိုင်ငံမှာပါ အောင်မြင်ကျော်ကြား လူကြိုက်များခဲ့တဲ့ ဂီတအဖွဲ့
ဖြစ်ပါတယ်။တတိယလူကြိုက်အများဆုံး အဆို တော်ကတော့
အသက် ၂ဝ အရွယ်သာရှိသေးတဲ့ အမျိုးသမီးအဆိုတော် ဒေမီလိုဗာတိုပဲ
ဖြစ်ပါတယ်။ သူမဟာ ဒစ်နေး ရုပ်သံချန်နယ်ရဲ့နာမည်ကြီးအဆိုတော်တစ်
ဦးဖြစ်ပါတယ်။ သူမဟာ ယခုနှစ် X Factor ရုပ်သံသီချင်းပြိုင်ပွဲရဲ့ ဒိုင်အဖွဲ့
ဝင်လည်း ဖြစ်ပါတယ်။ (အင်တာနက်) စုစည်းဘာသာပြန် - အာကာကျော်

No comments:
Post a Comment