ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Wednesday, September 26, 2012

>
-ယခုလအတွင်း နိုင်ငံတကာထူးခြားသတင်းများ-
** စပိန်အရှေ့ ပိုင်း တောမီးလောင်ကျွမ်းလျက်ရှိ...ဒေသခံပြည်သူ ၂ဝဝဝကျော် ဘေးလွတ်ရာပြောင်းရွှေ့**
(မက်ဒရစ် စက်တင်ဘာ ၂၄) စပိန်နိုင်ငံအရှေ့ပိုင်း ဗလင်စီယာကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၌ တောမီးလောင်ကျွမ်းမှုကြောင့် စက်တင်ဘာ ၂၄ ရက်တွင်ဒေသခံပြည်သူ ၂ဝဝဝ ကျော် ဘေးကင်းရာသို့ ပြောင်းရွှေ့ပေးခဲ့ရကြောင်း ဆင်ဟွာသတင်းတွင် ဖော်ပြသည်။ အဆိုပါ တောမီးသည် ဗလင်စီယာမြို့အနောက်မြောက်ဘက် ကီလိုမီတာ ၅ဝ အကွာ၌ ဖြစ်ပွား လျက်ရှိကြောင်း၊ ချူလီယာ၊ဂျက်စတယ်ဂါ၊ ပီထရာဘာနှင့်ဘူဂါရာ ကျေးရွာများရှိ ကျေးရွာသား များ မီးဘေးအန္တရာယ်၏ ခြိမ်းခြောက်မှုကို ခံနေရ၍ ဘေးကင်းရာသို့ ရွှေ့ပြောင်းပေးခဲ့ရကြောင်း ဆင်ဟွာသတင်းတွင် ဖော်ပြသည်။ ၄င်းမီးဘေးထိန်းချုပ်ရေးအတွက်မီးသတ်တပ်ဖွဲ့ဝင်များနှင့်အရေးပေါ်ကယ်ဆယ်ရေးတပ်ဖွဲ့ဝင် များ အပါအဝင် လူပေါင်း၆ဝဝကျော်က မီးသတ်လေယာဉ်နှင့် ရဟတ်ယာဉ်များ အသုံးပြုကာ မီးငြှိမ်းသတ်လျက်ရှိသည်။ (အမ်အင်န်အေ၊ဆင်ဟွာ)

** တရုတ်၌ ကျောက်မီးသွေးတွင်းသုံးခု ပေါက်ကွဲမှုများကြောင့် မိုင်းလုပ်သား ၂၂ ဦး ပိတ်မိ**
(ပေကျင်း စက်တင်ဘာ ၂၄) တရုတ်နိုင်ငံအရှေ့ပိုင်းနှင့် အရှေ့မြောက်ပိုင်း တို့တွင် ပြီးခဲ့သည့် သီတင်းပတ်ကျော်က ကျောက်မီး သွေးမိုင်းတွ င်းသုံးခု၌ မတော်တဆဖြစ် ပွားမှုကြောင့် မိုင်းလုပ်သား ၂၂ ဦးပိတ်မိနေကြောင်း ဒေသဆိုင်ရာ အစိုးရသတင်းဌာနများက စက်တင်ဘာ ၂၄ ရက်တွင် သတင်းထုတ်ပြန်သည်။ တရုတ်နိုင်ငံအရှေ့မြောက်ပိုင်း ဟေလုံကျန် ပြည်နယ် ရှောင်ရာရှန်မြို့ ယူဂျီစီရင်စုလောင်ရှန် ကျောက်မီးသွေးတွင်းသည် စက်တင်ဘာ ၂၂ ရက် နံနက်ကမီးလောင်ပေါက်ကွဲမှုတစ်ခုဖြစ်ပွားပြီး မိုင်း တွင်း၌ လူ ၁၁ ဦး ပိတ်မိကြောင်း၊ ယင်းမိုင်းတွင်း၌ မိုင်းလုပ်သား ၁၃ ဦး အလုပ်လုပ်နေခဲ့ပြီး ပေါက်ကွဲ မီးလောင်မှုဖြစ်ပွားပြီးနောက် နှစ်ဦးမှာပြန်ထွက်လာနိုင် ခဲ့ကြောင်း အာဏာပိုင်များက ပြောကြားသည်။ အလားတူ စက်တင်ဘာ ၂၂ ရက်က ယင်းဟေလုံ ကျန်ပြည်နယ် ကျိဒေါင်းစီရင်စုတွင် အခြားကျောက်မီး သွေးမို င်းတွင်း ရေလွှမ်းမှုဖြစ်ပွားပြီး လူ ခြောက်ဦး ပိတ်မိနေခဲ့သည်ဟု ဆိုသည်။ စက်တင်ဘာ ၂၃ ရက် နံနက်က တရုတ်အရှေ့ပိုင်း ရှန်ဒေါင်ပြည်နယ်တွင် ကျောက်မီးသွေးတွင်းတစ်ခု၏ မျက်နှာကြက် ပြိုကျ ပြီးနောက် မိုင်းလုပ်သားငါးဦး ပိတ်မိနေခဲ့ကြောင်း အာဏာပိုင်များက ဆက်လက်ပြောကြားသည်။ (ဆင်ဟွာ)  

**ပုဂ္ဂလိကဂြိုဟ်တုတစ်လုံးရုရှား၌ ပထမဆုံးလွှတ်တင်မည်**
 (မော်စကို စက်တင်ဘာ ၂၄) ရုရှားနိုင်ငံ ပုဂ္ဂလိကဂြိုဟ်တုတစ်လုံးကို ပထမဦးဆုံးအဖြစ် ၂ဝ၁၃ခုနှစ်၌ လွှတ်တင်ရန် စီစဉ် ထားကြောင်း ရုရှားနိုင်ငံ မှ ဒူရီရာအာကာသကုမ္ပ ဏီက စက်တင်ဘာ ၂၄ ရက် ၌ သတင်းထုတ်ပြန်သည်။ အဆိုပါ ဂြိုဟ်တုသည် ကီလိုဂရမ် ၅ဝလေးပြီး ကမ္ဘာ့သမုဒ္ဒရာနှင့် ပင်လယ်များတွင် သင်္ဘောများသွားလာမှုများကို လေ့လာကာ သတင်းအချက်အလက်များ ထုတ်ပြန်ပေးသွားမည်ဖြစ်သည်။ ၄င်းဂြိုဟ်တုကို လာမည့်နှစ်၌လွှတ်တင်ရန် စီစဉ်ထားပြီး ဒုတိယမြောက် ဂြိုဟ်တုတစ်လုံးကိုလည်း ယခုနှစ်ကုန်တွင် စတင်တည်ဆောက်ရန် ပြင်ဆင် လျက်ရှိသည်။ဒူရီရာအာကာသကုမ္ပဏီသည် ရုရှားနိုင်ငံတွင် ကိုယ်တိုင်ထုတ်လုပ်သည့် ဂြိုဟ်တုကို လွှတ်တင်နိုင်သည့် ပထမဆုံးကုမ္ပဏီတစ်ခုဖြစ်လာမည်ဖြစ်သည်။ ထိုသို့ဂြိုဟ်တုများ တည်ဆောက် ထုတ်လုပ်လွှတ်တင်နိုင်ရန် ၄င်းကုမ္ပဏီနှင့် ရုရှားအာကာသအေဂျင်စီတို့ သဘောတူစာချုပ်ချုပ်ဆို ထားသည်။၎င်းကုမ္ပဏီသည် ရုရှားနိုင်ငံမြို့တော် မော်စကိုအနီး အက်ကိုလ်ကိုဗိုအရပ်၌ အခြေစိုက် ထားသည့်ကုမ္ပဏီလည်းဖြစ်သည်။ (ဆင်ဟွာ)

 ** ပြည်ပဘုရားဖူးဧည့်သည် ၁၇၃ဝဝဝ ကျော်ဆော်ဒီအာရေဗျသို့ ရောက်ရှိနေ** 
(ဂျက်ဒါ စက်တင်ဘာ ၂၄) ဆော်ဒီအာရေဗျနိုင်ငံသို့ စက်တင်ဘာ ၂၁ ရက်အထိ လာရောက်သည့် ဟာ့ဂ်ျဘုရားဖူးဧည့်သည် ၁၇၃ဝဝဝ ကျော် ရှိကြောင်း ဆော်ဒီအာရေဗျသတင်းဌာနက စက်တင်ဘာ ၂၃ ရက်တွင် ကြေညာသည်။ဘုရားဖူးဧည့်သည် ၁ဝ၉ဝဝဝ တို့မှာ လေကြောင်း ခရီးဖြင့်ရောက်လာကြပြီး ၅၄ဝဝဝ တို့က သင်္ဘောစီးလာကာ ၁ဝဝဝဝ တို့မှာ ကုန်းလမ်းခရီးကို ဖြတ်သန်းလာခဲ့သည်ဟု ဆို၏။ ဆော်ဒီအာရေဗျနိုင်ငံက ယခုနှစ်တွင် ဟာ့ဂ်ျဘုရား ဖူး ၁ ဒသမ ၈ သန်းအထိ ပြည်ပမှ လာရောက်ကြလိမ့်မည်ဟု မျှော်မှန်းထားကြောင်း ပြီးခဲ့သည့်ရက်သတ္တပတ်က ကြေညာ လိုက်သည်။ (အင်တာနက်) 

** ဆူခွိုင်းဆူ-၃ဝ ဂျက်တိုက်လေယာဉ်များ အာဖရိကနိုင်ငံများသို့ ရုရှားရောင်းမည်**
 (မော်စကို စက်တင်ဘာ ၂၄) ရုရှားနိုင်ငံသည် ခေတ်မီစစ်ဘက်လေယာဉ်ဖြစ်သည့် ဆူခွိုင်းဆူ-၃ဝ လေယာဉ်အမျိုးအစား အဆင့်မြင့်ဂျက်တိုက်လေယာဉ်များကို အာဖရိကနိုင်ငံများသို့ရောင်းချရန် အဆင်သင့်ဖြစ်နေ ပြီဖြစ်ကြောင်း ရုရှားနိုင်ငံ ရိုဆိုဘိုရိုနက်စ်ပေါ့ လက်နက်ရောင်း ဝယ်ရေးကုမ္ပဏီမှ တာဝန်ရှိသူများက စက်တင်ဘာ ၂၃ ရက်တွင် ပြောကြားသည်။ ရုရှားနိုင်ငံမှ အဆိုပါလေယာဉ်များကို အာဖရိကနိုင်ငံများဖြစ်သည့် ယူဂန္ဓာ၊ အင်ဂိုလာနှင့် အီသီယိုပီးယားကဲ့သို့သောနိုင်ငံများသို့ ရောင်းချသွားမည်ဖြစ်ကြောင်း၊ ထိုသို့ရောင်းချပြီးပါက နိုင်ငံအချင်းချင်းရင်းနှီးမှုအရ လေ့ကျင့်ရေးအစီအစဉ်များကိုလည်း ပြုလုပ်ပေး
သွားမည်ဖြစ်ကြောင်း ရိုဆိုဘိုရိုနက်စ်ပေါ့ကုမ္ပဏီ၏ ဒုတိယဥက္ကဋ္ဌ အလက်ဇန္ဒြားမစ်ခီယက်၏ ဟြေကြားချက်အားကိုးကားပြီး ရုရှားနိုဗိုစတီသတင်းဌာနက ထုတ်ပြန်သည်။ရုရှားနိုင်ငံအနေဖြင့် ယခုနှစ်ပိုင်းတွင် ယူဂန္ဓာနိုင်ငံသို့ ဆူခွိုင်းဆူ-၃ဝ ဂျက်တိုက်လေယာဉ်ခြောက်စင်း ပေးပို့ပြီးပြီဖြစ်ကြောင်း၊ လောလောဆယ်တွင် အရှေ့အာဖရိကနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးမြှင့်ဆောင်ရွက်ရန် ဆွေးနွေးလျက်ရှိကြောင်းဒုတိယဥက္ကဋ္ဌ မစ်ခီယက်က ထပ်လောင်းဟြေကြားခဲ့သည်။ ၄င်းဂျက်တိုက်လေယာဉ်သည် လေကြောင်းကာကွယ်ရေး၊ လေကြောင်းကင်းလှည့်၊ မြေပြင် တိုက်ခိုက်ရေးအစောင့်အကြပ်နှင့် ပင်လယ်ရေကြောင်းဆိုင်ရာ တိုက်ခိုက်မှုများစသော အဆင့်မြင့်လေကြောင်းလုပ်ငန်းများကို လုပ်ဆောင်နိုင် သည်ဟုဆိုသည်။ (ဆင်ဟွာ) 

စုစည်းဘာသာပြန် - တင်မောင်လွင်

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)