-မဲဆောက်အပါအ၀င် တာ့ခ်ခရိုင် နယ်စပ်ဒေသအတွင်းရှိ တရားမျှတမှုစနစ် ၊ဥပဒေရေးရာနှင့် ပတ်သက်ပြီး ထိုင်းအစိုးရဌာနဆိုင်ရာများနှင့် အလုပ်ရုံဆွေးနွေးပွဲကျင်းပ-
(စက်တင်ဘာလ ၂၀ရက်၊ ၂၀၁၂၊ သောင်ရင်းနဂါး)
ထိုင်း-မြန်မာနယ်စပ်၊ မဲဆောက်အပါအ၀င် တာ့ခ်ခရိုင်၊ နယ်စပ်ဒေသအတွင်းရှိ မြန်မာရွှေ့ ပြောင်းအလုပ်သမားများအတွက်
ထိုင်းအစိုးရ ဌာနဆိုင်ရာ အသီးသီးနှင့် အန်ဂျီအို၊ စီဘီအို များမှ မည်သို့မည်ပုံကူညီအကျိုးဆောင်သင့်သည်များကို အလုပ်ရုံဆွေးနွေးပွဲတစ်ရပ်အနေဖြင့် ယနေ့ကျင်းပကြသည်။IRC (PLE Project)
(ထိုင်းနိုင်ငံ တရားမျှတရေးဝန်ကြီးဌာန၊ လူ့အခွင့်အရေးကာကွယ်စောင့်ရှောက်မှုဌာန၊ ညွှန်ကြားရေးမှူးချုပ် နိုင်းထရာကျီရာဝပ် )
အလုပ်ရုံဆွေးနွေးပွဲသို့ ထိုင်းနိုင်ငံ တရားမျှတရေးဝန်ကြီးဌာန၊ လူ့အခွင့်အရေးကာကွယ်စောင့်ရှောက်မှုဌာန၊ ညွှန်ကြားရေးမှူးချုပ် နိုင်းထရာကျီရာဝပ် က အဖွင့်နှင့် နိဂုံးချုပ်အမှာစကားပြောကြားသည်။ ၄င်းက “အာဆီယံ ၁၀ နိုင်ငံအတွင်း တင်းကျပ်တဲ့ စည်းမျဉ်းစည်းကမ်းတွေ၊ ဥပဒေတွေကို လျှော့ချပြီးတော့ ဥရောပတိုက်မိသားစု နိုင်ငံတွေလို အာဆီယံမိသားစုနိုင်ငံများပုံစံအဖြစ် နေထိုင်ရပ်တည်ဖို့၊ အခုအလုပ်ရုံဆွေးနွေးပွဲက နေ အစိုးရဌာနတွေ၊ အန်ဂျီအိုတွေ၊ စီဘီအိုတွေဟာ တြိဂံပုံစံ ပူးပေါင်းဆောင်ရွက်မှု ဖော် ဆောင်နိုင် ဖို့ကို ဘယ်ပုံဘယ်နည်းပူးပေါင်းဆောင်ရွက်နိုင်မလဲဆိုတာကို အတော်အသင့် နားလည်နိုင်ကြမယ်ထင်ပါတယ်၊ ဒီလိုမျိုး အလုပ်ရုံဆွေးနွေးပွဲတွေကို နောက်ထပ်ပြုလုပ်ဦးမှာ ဖြစ်ပြီး အကြိမ်ကြိမ်ဆုံတွေ့တာနဲ့အမျှ ပိုမိုနားလည်လာမှုနဲ့အတူ နီးနီးကပ်ကပ်ပူးပေါင်းဆောင် ရွက်မှုတွေဖြစ်ပေါ်လာမယ်လို့ မျှော်လင့်ပါတယ်။ ” ဟု မိန့်ကြားသွားသည်။
(ထိုင်းအစိုးရ ဌာနဆိုင်ရာ အသီးသီး)
ထို့အပြင် ထိုင်းနိုင်ငံရှေ့နေများကောင်စီ (LCT) မှ ရှေ့နေများကလည်းကောင်း၊ တာ့ခ်ခရိုင်တရားရုံးမှ တရားသူကြီးများကလည်းကောင်း၊ တာ့ခ်ခရိုင်အစိုးရရှေ့နေရုံး၊ ကလေးတရားရုံးတို့မှ ရှေ့နေ များကလည်းကောင်း၊ တာ့ခ်ခရိုင်အတွင်းရှိ မဲဆောက်နှင့် မယ်ရမတ်မြို့နယ်တို့မှ ရဲမှူးများက လည်းကောင်း၊ မိမိတို့နှင့် သက်ဆိုင်ရာ လုပ်ငန်းဆောင်တာများ၊ ဥပဒေအကျိုးအကြောင်းပြ သာဓက၊ ဥပမာများကိုလည်းကောင်းရှင်းလင်းတင်ပြသွားကြသည်။ ထို့အတူမြန်မာရွှေ့ပြောင်း အလုပ်သမားဆိုင်ရာအကူအညီပေးရေးအဖွဲ့အစည်းအသီးသီးကလည်း မရှင်းလင်းသည်များ ကို မေးမြန်းကြပြီး သက်ဆိုင်ရာ ဌာနများက ပြန်လည်ဖြေကြားပေးသည်။ ယနေ့အလုပ်ရုံဆွေး နွေးပွဲကို USAID၊ IRC (PLE Project) ၊ နှင့်ထိုင်းနိုင်ငံတရားမျှတရေး ၀န်ကြီးဌာနတို့မှ ပူးပေါင်း ကျင်းပခြင်းဖြစ်ပြီး အကျဉ်းဦးစီးဌာန (တာ့ခ်ခရိုင်၊ မဲဆောက်ထောင်) ၊ တာ့ခ်ခရိုင်အစိုးရရှေ့နေ ရုံး၊ ထိုင်းနိုင်ငံတရားမျှတရေးဝန်ကြီးဌာန၊ ထိုင်းအလုပ်သမားဝန်ကြီးဌာန၊ ထိုင်းနိုင်ငံရဲတပ်ဖွဲ့၊ ထိုင်းနိုင်ငံတာ့ခ်ခရိုင်တရားရေးဌာန၊ စည်ပင်သာယာရေးဌာန၊ ကျန်းမာရေးဝန်ကြီးဌာန စသည်ဖြင့် တက်ရောက် သည် ကိုတွေ့ရသည်။
သတင်းနှင့်ဓါတ်ပုံ-သောင်ရင်းနဂါး

No comments:
Post a Comment