ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Friday, September 28, 2012

>
-ယခုလအတွင်း နိုင်ငံတကာထူးခြားသတင်းများ-

**အီတလီတောင်ပိုင်း၌ ရထားနှင့်ကားတိုက်မိ၊တစ်ဦးသေဆုံး**
 ( ရောမ စက်တင်ဘာ ၂၆) အီတလီနိုင်ငံတောင်ပိုင်းတွင် အမြန်ရထားတစ်စင်းနှင့် ကုန်တင်ကားတစ်စီးတို့ တိုက်မိပြီး တွဲချော်မှုဖြစ်ပွားခဲ့ရာတစ်ဦးသေဆုံးပြီး ၂၅ဦး ဒဏ်ရာရရှိခဲ့ကြောင်း မီးရထားလမ်းအရာရှိများက စက်တင်ဘာ၂၅ ရက်တွင် ပြောကြားသည်။ ဖြစ်ပွားမှုမှာ ယူရိုစတားအမည်ရှိ အဆိုပါအမြန်ရထားတစ်စင်းသည် အီတလီနိုင်ငံ ရောမမြို့မှ နိုင်ငံတောင်ပိုင်း လက်စီးမြို့သို့ ဦးတည်မောင်းနှင်နေစဉ် အပူလီယာဒေသ ဘရင်ဒီစီမြို့အနီး ရထားလမ်းကူးတစ်နေရာ၌ ဖြတ်သန်းနေသည့် ကုန်တင်ကားတစ်စီးနှင့် စက်တင်ဘာ ၂၄ ရက်ကတိုက်မိခဲ့ပြီးရထားတွဲချော်မှုဖြစ်ပွားခဲ့ ခြင်းဖြစ်ကြောင်း ဒေသဆိုင်ရာမီဒီယာများက ပြောကြားခဲ့သည်။
အဆိုပါတိုက်မှုကြောင့် ရထားမောင်းသူမှာ ယင်းနေရာတွင် ပြင်းထန်စွာဆောင့်မိသည့်  ဒဏ်ရာကြောင့်သေဆုံးခဲ့ကြောင်း၊ ရထားစီးခရီးသည် ၂၅ ဦးမှာလည်း ဒဏ်ရာရရှိသွားခဲ့ကြောင်း ဒေသဆိုင်ရာမီဒီယာများက ဆက်လက်ပြောကြားခဲ့သည်။ကနဦး စုံစမ်းစစ်ဆေးချက်အရ ယင်းကုန်တင်ကားသည် ရထားဖြတ်သန်းလာချိန်တွင်အခြားသောကားများနှင့် ကျပ်ညပ်ပိတ်ဆို့နေသော ရထားလမ်းကူး၌ ရှိနေခဲ့ရာမှ ရထားကတိုက်မိခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။ ထိုသို့တိုက်မှုဖြစ်ပွားပြီး တစ်နာရီခန့်အကြာတွင် တာဝန်ရှိသူများရောက်ရှိ လာခဲ့ပြီးနောက် ရထားမောင်းသူ သေဆုံးမှုနှင့်ပတ်သက်ပြီး အသက် ၂၆ နှစ်အရွယ်ရှိ ကုန်တင်ကားမောင်းသူကို ဖမ်းဆီးထားသည်ဟု ဆိုသည်။ (ဆင်ဟွာ)

** ပါကစ္စတန်တွင် ရေလွှမ်းမှုကြောင့် လူထောင်ပေါင်းများစွာ အိုးမဲ့အိမ်မဲ့ဖြစ်**
(အစ္စလမ္မာဘတ် စက်တင်ဘာ ၂၆) ပါကစ္စတန်နိုင်ငံ ဘာလိုချီစတန်နှင့် ဆင်းဂ်ျပြည်နယ်တို့တွင် မုတ်သုံမိုးများ ရွာသွန်းပြီး ရေလွှမ်းမှုများကြောင့် လူထောင်ပေါင်းများစွာ အိုးမဲ့ အိမ်မဲ့ဖြစ်ခဲ့ကြောင်း ဒေသဆိုင်ရာအရာရှိများက စက်တင်ဘာ ၂၅ ရက်တွင် ပြောကြားသည်။ အဆိုပါပြည်နယ်များရှိ နေရာအနှံ့အပြားတွင် မုတ်သုံမိုးများရွာသွန်းပြီး ရေလွှမ်းမှုများကြောင့် နေအိမ် ၁၂ဝဝဝဝ ခန့်နှင့် တဲအိမ်ပေါင်း ထောင်နှင့်ချီ ပျက်စီး ခဲ့သည်ဟု ဆိုသည်။ ဘာလိုချီစတန်ပြည်နယ်တွင် လူဦးရေ၏ ၈ဝ ရာခိုင်နှုန်းခန့်မှာ ယခုအချိန်အထိ ရေဘေးဒုက္ခကြုံတွေ့နေရကြောင်း ဒေသဆိုင်ရာအရာရှိများက ပြောကြားသည်။ အဆိုပါ ရေလွှမ်းမှုသည် ပြီးခဲ့သည့် နှစ်နှစ်ကနှင့်မတူဘဲ နိုင်ငံတစ်ဝန်း နေရာ အစိတ်အပိုင်း အများအပြားကို ထိခိုက်ပျက်စီးစေခဲ့ကြောင်း သတင်းထောက်များက ပြောကြားခဲ့သည်။ ယင်းဘာလိုချီစတန်ပြည်နယ်တွင် အိုးမဲ့အိမ်မဲ့ဖြစ်သူ လူပေါင်း ၅ဝဝဝဝဝ ကျော်အနက် ဝမ်းရောဂါဆိုင်ရာ ဝေဒနာများ၊ ငှက်ဖျားရောဂါနှင့် အခြား နာမကျန်းဖြစ်သူများအား ကုသရန်အတွက် ဒေသအာဏာပိုင်များက ဆေးဝါးများ ပို့ဆောင်ပေးထားသည်ဟု ဆိုသည်။ ဆင်းဂ်ျပြည်နယ်တွင်လည်း အလားတူရေလွှမ်းမှုကြောင့် လူအများအပြားမှာဘေးကင်းလုံခြုံသည့် အဆောက်အအုံများမရှိဘဲ ခြောက်သွေ့သော မြေပြင်နေရာများတွင်သာ နေထိုင်ကြရကြောင်း ယင်းပြည်နယ်သို့ သွားရောက်သည့် ဘီဘီစီ သတင်းထောက်များက ပြောကြားသည်။၎င်းပြည်နယ်ရှိ ရေဘေးဒုက္ခသည်များအတွက် အစားအစာ၊ ရွက်ဖျင်တဲများနှင့် ဆေးဝါးများ အမြန်ဆုံးထောက်ပံ့ပေးခဲ့ရကြောင်း ဒေသဆိုင်ရာအရာရှိများကပြောကြားခဲ့သည်။ ဘာလိုချီစတန်ပြည်နယ်တွင် အစားအစာထောက်ပံ့မှု လိုအပ်နေပြီး အနည်းငယ်သာရရှိမှုကြောင့် လူပေါင်းများစွာတို့မှာ တစ်ရက်လျှင် တစ်နပ်မျှဖြင့်သာ စားသောက်ရပြီး အသက်ရှင်နေထိုင်ကြရကြောင်း သတင်းထောက်များကဆက်လက်ပြောကြားသည်။ (ဆင်ဟွာ)  

 **ပြင်သစ်၌ ၁၃ နှစ်အတွင်းအလုပ်လက်မဲ့နှုန်း အမြင့်ဆုံးဖြစ်လာ**
 (ပါရီ စက်တင်ဘာ ၂၆) ပြင်သစ်နိုင်ငံ၏ အလုပ်လက်မဲ့နှုန်းသည် ပြီးခဲ့သည့် သြဂုတ်လက လူဦးရေ သုံးသန်းခန့်အထိရှိခဲ့ရာ ၁၃နှစ်အတွင်း အမြင့်ဆုံးဖြစ်ခဲ့ကြောင်း ပြင်သစ်အရာရှိ များက စက်တင်ဘာ ၂၆ ရက်၌ ဖော်ပြသည်။ အလုပ်လက်မဲ့နှုန်းအခြေအနေသည် ဆိုးရွားသောအနေအထားသို့ ရောက်ရှိ နေပြီး ဆက်လက်တိုးမြင့်ဖွယ်ရှိကြောင်း ပြင်သစ်အလုပ်သမားရေးရာဝန်ကြီး မစ်ချယ် ဆာပင်းက ပြင်သစ်ရုပ်မြင်သံကြားမှ ထုတ်ဖော်ပြောကြားသည်။ ပြင်သစ်နိုင်ငံတွင် ပြီးခဲ့သည့်  ဇူလိုင်လ တစ်လတည်း၌ပင် အလုပ်လက်မဲ့ ဦးရေ ၄၁၃ဝဝ ကျော်ရှိခဲ့သည်။ ထို့ကြောင့် ပြီးခဲ့သည့်ဇွန်လက တစ်နိုင်ငံလုံးအလုပ် လက်မဲ့ ၂ ဒသမ ၉၈၇ သန်းရှိခဲ့ရာမှ သြဂုတ်လကုန်တွင် အလုပ်လက်မဲ့နှုန်း သုံးသန်းခန့်အထိ ရှိလာခဲ့ခြင်းဖြစ်သည်။ (ဆင်ဟွာ) 

** ဂျူပီတာဂြိုဟ် အရံလပေါ်၌ ရေ ရှိ မရှိ လေ့လာမည်**
 ဂျူပီတာဂြိုဟ်ကို လေ့လာနေသော အာကာသလေ့လာရေးယာဉ်သည် ဂျူပီတာ ဂြိုဟ်၏ အရံမျက်နှာပြင်ပေါ်နှင့် မျက်နှာပြင်အောက်တွင် ရေများ ရှိ မရှိကို လေ့လာ သွားမည်ဖြစ်ကြောင်း ဥရောပအာကာသအေဂျင်စီက သတင်းထုတ်ပြန်သည်။ ဂျူပီတာဂြိုဟ်၏ အရံလတစ်စင်းဖြစ်သော ယူရိုပါ၏ မျက်နှာပြင်အောက် ငါး ကီလိုမီတာခန့်အနက်တွင် အရည် သို့မဟုတ် ရေများရှိနိုင်ကြောင်း၊ အဆိုပါ ရေနှင့်  အရည်များသည် လွန်ခဲ့သည့် နှစ်ပေါင်းများစွာကပင် ရှိနေနိုင်ခဲ့ကြောင်း ပြင်သစ်နိုင်ငံမှ အာကာသသုတေသနပညာရှင်များက သုံးသပ်လျက်ရှိသည်။ ယူရိုပါအမည်ရှိ အရံ လသည် အကျယ်အဝန်း မိုင် ၁၉ဝဝ ခန့်ရှိကြောင်း၊ အရံလ ယူရိုပါ၏ မျက်နှာပြင်တွင် လေ့လာမှုများပြုလုပ်သွားမည်ဖြစ်ကြောင်း၊ စနေဂြိုဟ်၏ အရံလမျက်နှာပြင်တွင် တွေ့ရှိ ရသော ဟိုက်ဒရိုကာဗွန်အခြေခံအရည်များကဲ့သို့ ယူရိုပါအရံလမျက်နှာပြင်အောက်၌ တွေ့ရှိရဖွယ်ရှိကြောင်း ၄င်းတို့က ဆက်လက်ပြောကြားသည်။ (အင်တာနက်)

**အင်ဒိုနီးရှားနိုင်ငံ ဆူမတြား၌ မီးတောင် ပေါက်ကွဲ**
 (ဂျကာတာ စက်တင်ဘာ ၂၆) အင်ဒိုနီးရှားနိုင်ငံ ဆူမတြားကျွန်း၌ စက်တင်ဘာ ၂၆ ရက်တွင် မီးတောင်အရှင် တစ်လုံးပေါက်ကွဲခဲ့ရာ မီးခိုးပြာများမှုတ်ထုတ်ခဲ့ သဖြင့် အနောက်ဘက်သို့ ၁ ဒသမ ၅ ကီလိုမီတာအထိ ပျံ့လွင့်ခဲ့ကြောင်း အမျိုးသားမီးတောင်ဆိုင်ရာ ဆူရိုနိုအေဂျင်စီအကြီးအကဲက ဂျကာတာမြို့၌ ပြောကြားသည်။ ဆူမတြားအနောက်ပိုင်းရှိ မီရာပီမီးတောင်ကို ဒေသအခေါ် ဂန်နန်းမီရာပီဟု ခေါ်ကြသည်။ ၄င်းမီးတောင်သည် ဂျကာတာစံတော်ချိန် ညနေ ၄ နာရီ ၃၉ မိနစ်တွင် ပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်း၊ မီးတောင် ပေါက်ကွဲမှုကြောင့် မီးတောင်အနီးအနားရှိ ပြည်သူများဘေးကင်းရာသို့ ရှောင်တိမ်းနေကြရန် အဆိုပါအေဂျင်စီက သတိပေးထားသည်။ ဂန်နန်းမီရာပီသည် အမြင့် ၂၈၉၁ မီတာမြင့်သည်။ ၄င်းသည် ၁၈ ရာစုနောက်ပိုင်း အကြိမ် ၅ဝ ကျော် ပေါက်ကွဲခဲ့ပြီးဖြစ်ကြောင်း ဆူရိုနို အေဂျင်စီက ပြောကြားသည်။ အဆိုပါမီးတောင်သည် ၁၉၇၅ ခုနှစ်၊ ၁၉၇၉ ခုနှစ်နှင့် ၁၉၉၂ ခုနှစ်တို့တွင် ပေါက်ကွဲမှုဖြစ်စဉ်အတွင်း သေဆုံးသူ လူဦးရေ ၈ဝ ကျော်ရှိခဲ့သည်။ (ဆင်ဟွာ) 

**ကယ်လီဖိုးနီးယားပင်လယ်ကွေ့တွင်ငလျင်လှုပ်** 
 (မက္ကဆီကိုစီးတီး စက်တင်ဘာ ၂၆) မက္ကဆီကိုနိုင်ငံ ဘာဂျာကျွန်းဆွယ် ကယ်လီဖိုးနီးယားပင်လယ်ကွေ့တွင် စက်တင်ဘာ ၂၅ ရက်ကရစ်ခ်ျတာစကေး ၆ ဒသမ ၂ အဆင့်ရှိ အင်အားပြင်းငလျင်တစ်ခုလှုပ်သွားကြောင်း အမေရိကန်ဘူမိဗေဒတိုင်းတာရေးဌာနက သတင်းထုတ်ပြန်သည်။ အဆိုပါငလျင်သည် ယင်းနေ့ ဒေသစံတော်ချိန် ညနေ ၅ နာရီကမက္ကဆီကိုနိုင်ငံ လာပတ်အပန်းဖြေစခန်း၏ အရှေ့ဘက်အရှေ့မြောက်ဘက် ၇၅ ကီလိုမီတာခန့်အကွာတွင် ဗဟိုပြုလှုပ်ခတ်သွားခြင်းဖြစ်ကြောင်းအမေရိကန်ဘူဗိဗေဒဌာန၏တိုင်းတာချက်အရသိရှိရသည်။ ယင်းငလျင်သည် ရစ်ခ်ျတာစကေး ၄ ဒသမ ၆ အဆင့်ရှိ ငလျင်တစ်ခုလှုပ်ပြီးနောက် ထပ်မံလှုပ်ခဲ့ခြင်းဖြစ်သည်။လာပတ်အပန်းဖြေစခန်း၌ အပျက်အစီးနှင့် ထိခိုက်ဒဏ်ရာရမှုများ ထုတ်ပြန်ခြင်းမရှိကြောင်း မက္ကဆီကိုမြို့ပြကာကွယ်ရေးညွှန်ကြားရေးမှူး ကာလော့စ်ရင်ကွန်က ပြောကြားခဲ့သည်။ (ဆင်ဟွာ) 

** ကမ္ဘောဒီးယားနှင့်  ကင်ညာတိုက်ရိုက်လေကြောင်းပျံသန်းမည်** 
(ဖနောင်ပင် စက်တင်ဘာ ၂၆) ကင်ညာနှင့် ကမ္ဘောဒီးယားနှစ်နိုင်ငံအကြား တိုက်ရိုက်လေကြောင်းလိုင်းသစ်တစ်ခု တိုးချဲ့ပျံသန်းရန်ကင်ညာနိုင်ငံက ဆန္ဒရှိနေကြောင်း ကမ္ဘောဒီးယားဆိုင်ရာ ကင်ညာသံအမတ်ကြီး ရစ်ချက်တီတပ်စ်အီကိုင်းက စက်တင်ဘာ ၂၆ ရက်တွင် ပြောကြားခဲ့သည်။ကင်ညာသံအမတ်ကြီးသည် ကမ္ဘောဒီးယားနိုင်ငံ ဒုတိယဝန်ကြီးချုပ် ဆွန်စ်အန်နှင့် တွေ့ဆုံဆွေးနွေးစဉ်အဆိုပါတိုက်ရိုက်လေကြောင်းပျံသန်းရန် ပြောကြားလိုက်ခြင်းဖြစ်သည်။ ကမ္ဘောဒီးယားနှင့် ကင်ညာနိုင်ငံတို့၏ ခရီးသွားလုပ်ငန်းတိုးတက်ဖွံ့ဖြိုးစေရန်အတွက် ကင်ညာနိုင်ငံက ပူးပေါင်းဆောင်ရွက်ရန် ဆန္ဒရှိ နေခြင်းဖြစ်သည်။ ကမ္ဘောဒီးယားနိုင်ငံ ဒုတိယဝန်ကြီးချုပ်ကထိုသို့တိုက်ရိုက်လေယာဉ်ပျံသန်းမှု ကို ကြိုဆိုလက်ခံခဲ့သည်။ တိုက်ရိုက်လေယာဉ်ခရီးစဉ်ကြောင့် ကမ္ဘောဒီးယားနိုင်ငံ၏ ယဉ်ကျေးမှုနှင့် ခရီးသွားလုပ်ငန်းများ တိုးတက်ဖွံ့ဖြိုးစေမည်ဖြစ်သည်။ (ဆင်ဟွာ) 

 စုစည်းဘာသာပြန် - တင်မောင်လွင်

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)