-လိင်စိတ် အချစ်နဲ့ ယားတဲ့အတွေးတွေ-
အမျိုးသမီးတွေမကြိုက်တဲ့ .ကွမ်းသွေးတွေကို ဗြစ်ခနဲ ထွေးပြစ်လိုက်တယ်
ဒိုင်အော့ခီးမီး ၊ ပလေတို ၊ တဂိုး ခဗျားတို့ ဒီပါးသာဖြတ်ရိုက်ပလိုက်တော့
တစစီ ဖယ်ထုတ် လွင့် ပစ် ခဲ့ ၊
သေချာတယ် ကျနော်ဟာ သာမန်လူပဲ သာ မန် လူ ပဲ . . . လိင်တပ်မက်စိတ်နဲ့ ဘာသာတရားကိုင်းရှိုင်းတယ် . . . အချစ်ဟာ မွေ့ရာပေါ်က ပြဇတ်နဲ့ ညီအကိုတော်ဖြစ်ခဲ့သလား လူ့စိတ်ဟာ လူ့စိတ်ပဲ ၊ မျောက်ဝံတွေလို ဒဲ့ မတောင်းဆိုရင်တောင် ကျနော်တို့ရဲ့ မွန်မြတ်တဲ့ စကားနဲ့ အဖြေတောင်းတယ် မေ့ပြစ်လိုက် ထားလိုက် အနည်းဆုံးတော့ ဖုံးကွယ်ထားလိုက် လူသားဆန်တဲ့ သူအားလုံး ကိုယ်တိုင်မက်မောရင်တောင် ရှက်တတ်ခဲ့ . . . မစ္စတာရှိတ်စပီးယား ဒီမှာ ကိုယ့်ဆရာ
ဟာသ မပြောပါနဲ့
စစ်နဲ့ငြိမ်းချမ်းရေးဆိုတာ ၀တ္တုမှာပဲရှိတယ်
လတ်တလောပြင်ပမှာ ယောင်္ကျားတွေဟာ
အချစ်နဲ့တပ်မက်ရေးပဲသိတယ်
. . . ခန္တာကိုယ်ချင်း . . . အသွေးအသားခြင်း နှီးနှောမှု့ကို
စိတ်တခုနဲ့ တားမြစ်လိုက်တယ် . . . သေခြင်းဆိုးနဲ့ သေပါစေ . .
. ရှက် ခြင်း ငါဟာ လူသားတစ်ယောက် ဖြစ်တဲ့အတွက်
ငါ့မှာ လိင်စိတ် ရှက်စိတ် တွေးခေါ်စိတ် မျိုးချစ် ကြီးပွားချင်စိတ်
အောင်မြင်လိုစိတ် ဟိုစိတ် ဒီစိတ် အကုန်ရှိတယ်
တခုပြောပြမယ် နော်မယ်မဆန် တဲ့
ဘတ်စ်ကားပေါ်က ထောက်လှန်းရေးတွေကိုမုန်းတယ် .
. . ရုပ်ဝါဒ ဟာ ဗြောင် ကြမ်းတယ် နာမ်ဝါဒ ဟာ
တိတ်တခိုး ရမ်းတယ် သေချာတာ တခုက
ဘာသာတရားဟာ အဖြေမဟုတ်ဘူး
မတူညီတဲ့ နေရာနှစ်ခု မှာ
သူတော်ကောင်းနဲ့ သူယုတ်မာဟာ တယောက်တည်း ဖြစ်တယ်
. နှစ်ကိုယ်ခွဲ လိုလို . . . သွားစမ်းပါ ကိုယ်ကျင့်တရားကောင်းမွန်တာတွေ
×××××××××××××××××××××××××××××× ဆင်ဆာဖြတ်တယ်
ဒါတွေ ဆင်ဆာဖြတ်တယ်
ကဲ . . . ပရိတ်သတ်ရေ ဒီအခန်းကို
သတ္တိရှိတဲ့ ကဗျာဆရာတောင် တစွန်းတစမှ မရေးရဲတော့ .
. .
ယောင်္ကျားပီပီ အကြင်နာ အယုယ အပြုစု ခံချင်တယ်
ဒါဟာ လိင်စိတ်နဲ့မဆိုင်ဘူး လူမျိုးနဲ့မဆိုင်ဘူး
ဘာသာတရားနဲ့မဆိုင်ဘူး
နေထိုင်ရာအရပ်နဲ့မဆိုင်ဘူး
အချစ်နဲ့ တိတ်တခိုးဆက်သွယ် မဟုတ်သေးဘူး
ကိုယ့်လူ မဟုတ်သေးဘူး
အချစ်ဆိုတာ တခါတလေ တမာပေါ်က သကာသာဖြစ်တယ် . .
. ရှိတယ် ရှိတယ် အချစ်ဟာရှိတယ် ဒါဟာသေချာတယ်
ရုတ်တရက် ညှီနံ့ရလာခဲ့
ကွဲနေတဲ့အသည်းတွေမှာ အပြစ်တင်စရာ အချစ်တခုသာရှိတယ်
. . . နှလုံးသား လား ၊ ကိုယ်ခန္တာလား
နှစ်ခုမှာ တခု အခု အချိန်မှာ ယားယံ . . .
**မာဃသစ္စာ**

No comments:
Post a Comment