-လူထုကျန်းမာရေး (ငါးကြီးဆီ ပုံမှ န်စားသုံးခြင်းဖြင့်လေဖြတ်ခြင်းကို ကာကွယ်ပေးနိုင်)-
**Public Health**
ငါးကြီးဆီကို နေ့စဉ်ပုံမှန်စားသုံးပေးပါက နှလုံးရောဂါခံရမှုနှင့် လေဖြတ်ခြင်း တို့မှ ကာကွယ်ပေးနိုင်ကြောင်း အမေရိကန်နိုင်ငံ တက္ကဆက်ပြည်နယ်ရှိ အေဘင် အမ်ဆေးဘက်ဆိုင်ရာတက္ကသိုလ်မှ သုတေသနပညာရှင် ဂျွန်အီဝင်က ပြောကြား သည်။ယခင်က သုတေသနပြုချက်အချို့တွင် ငါးကြီးဆီသည် နှလုံးရောဂါဖြစ်ပွား မှုကို ကာကွယ်ပေးနိုင်မှုနည်းပါးကြောင်း တွေ့ရှိခဲ့ရသော်လည်း ယခုသုတေသန ပြုချက်အသစ်၌ နှလုံးရောဂါဖြစ်ပွားမှုကို ကာကွယ်ပေးနိုင်ကြောင်း တွေ့ရှိခဲ့ခြင်း ဖြစ်သည်။ငါးကြီးဆီတွင်ပါဝင်သော အိုမီဂါ-၃ သည် ရုတ်တရက်နှလုံးရောဂါ ဖြစ်ပွားမှု လျော့ကျစေခြင်းနှင့် ဆက်နွှယ်မှုရှိနေကြောင်း သွေးအတွင်း ကိုလက်စထရော ကျဆင်း စေပြီး ရုတ်တရက်လေဖြတ်ခြင်းမှလည်း ကာကွယ်ပေးနိုင်ကြောင်း ၄င်းတို့၏ သုတေသနပြုချက်၌ ဖော်ပြထားသည်။ ခန္ဓာကိုယ်အတွင်း သွေးလည်ပတ်မှုစနစ်ကို ကောင်းမွန်စေပြီး သွေးသန့်စင်မှုကိုလည်း အထောက်အကူပြုစေကြောင်း၊ သီတင်းတစ်ပတ်လျှင် အိုမီဂါ-၃ ပါဝင်သောငါးများကို သုံးကြိမ်ခန့်စားသုံးပေးခြင်းသည်လည်း နှလုံးကျန်းမာရေးကို အထောက်အကူပြုစေကြောင်း သုတေသနပြုချက်၌ ဖော်ပြထားသည်။ (အင်တာနက်)
စုစည်းဘာသာပြန် - မောင်ချစ်ကြည်

No comments:
Post a Comment