ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Thursday, September 20, 2012

>
-ယခုလအတွင်း ဟိုအကြောင်း၊ ဒီအကြောင်း၊ သူတို့အကြောင်း-
** တိုက်စစ်မှူးဘာဘာတော့ဗ်ယခု နှစ်တွင်အနည်းဆုံး ဂိုး၂ဝ သွင်းမည်**
(လန်ဒန် စက်တင်ဘာ ၁၈) ဒမ်ဆေး စပါးသို့ ထွက်ခွာသွားသော်လည်း ဖူလ်ဟမ်အသင်းအတွက် အနိုင်ဂိုးများကို တိုက်စစ်မှူးဘာဘာတော့ဗ်က သွင်းယူပေးလိမ့်မည်ဖြစ်ကြောင်း ဖူလ်ဟမ်နည်းပြ မာတင်ဂျိုးက ဆိုသည်။တိုက်စစ် မှူး ဘာဘာတော့ဗ်သည် ယခုနှစ်ရာသီတွင် အနည်းဆုံး ဂိုး-၂ဝ သွင်းယူလိမ့်မည်ဖြစ်ကြောင်း၊ ၄င်းသည် ဂိုးသွင်းစွမ်းရည် တိုးတက်လာလျက်ရှိကြောင်း မာတင်ဂျိုးက ပြောကြားသည်။ပြီးခဲ့သော ပရီမီယာလိဂ်ပွဲစဉ်တွင် ဖူလ်ဟမ်က ဝက်စ်ဘရွန်းကို သုံးဂိုးပြတ်ဖြင့် အနိုင်ကစားခဲ့ရာဖူလ်ဟမ်အသင်းအတွက် ပထမဆုံးဂိုးနှစ်ဂိုးကို တိုက်စစ်မှူး ဘာဘာတော့ဗ်က သွင်းယူပေးခဲ့ခြင်းဖြစ်သည်။ ဘာဘာတော့ဗ်သည် မန်ယူတွင် ပုံမှန်မကစားရသော်လည်း ထိပ်တန်းဂိုးသွင်းသူအဖြစ် ရပ်တည်နိုင်ခဲ့ကြောင်း၊ ဖူလ်ဟမ်တွင် ပုံမှန်ကစားရမည်ဆိုပါက ဂိုးများပို၍သွင်းယူပေး လိမ့် မည် ဖြစ်ကြောင်း နည်းပြမာတင်ဂျိုးက ပြောကြားသည်။ဘာဘာတော့ဗ်သည်ုမန်ယူတွင် ပုံမှန်ပွဲထွက်ကစားခွင့်မရသော်လည်း တစ်နှစ်ကို အနည်းဆုံး ဂိုး ၂ဝ သွင်း ယူပေးလျက်ရှိသည်။ (အင်တာနက်)
** ဒေးဗစ်ဆီးလ်ဗားအား မန်စီးတီးက ငါးနှစ်ထပ်မံစာချုပ်**
(လန်ဒန် စက်တင်ဘာ ၁၈) မန်စီးတီးကွင်းလယ်ကစားသမား ဒေးဗစ်ဆီးလ်ဗားအား ၄င်းကလပ်က ငါးနှစ်ထပ်မံစာချုပ်လိုက်သဖြင့် ၂ဝ၁၇ ခုနှစ်အထိမန်စီးတီး၌ ကစားပေးရမည် ဖြစ်သည်။ အသက် ၂၆ နှစ်ရှိ စပိန်ကစားသမား ဒေးဗစ်ဆီးလ်ဗားသည် ၂ဝ၁ဝ ခုနှစ်က ပေါင် ၂၄ သန်းဖြင့် ဗလင်စီယာအသင်းမှ မန်စီးတီးအသင်းသို့ ပြောင်းရွှေ့လာခြင်းဖြစ်သည်။ ၄င်းသည် ပြီးခဲ့သောရာသီက မန်စီးတီးအသင်းကို ၁၉၆၈ ခုနှစ်နောက်ပိုင်းပရီမီယာလိဂ်ဖလားဆွတ်ခူးနိုင်ရန် အဓိကစွမ်းဆောင်ပေးခဲ့သည့် ကစားသမားတစ်ဦးဖြစ်သည်။ ဒေးဗစ်ဆီးလ်ဗားသည်အင်္ဂလန်၌ပထမဆုံးရာသီတွင် မန်စီးတီးကို အက်ဖ်အေဖလားဆွတ်ခူးပေးနိုင်ခဲ့သည်။ ပြီးခဲ့သောရာသီက ပရီမီယာလိဂ်ဖလား ဆွတ်ခူးပေးနိုင်ခဲ့သည်။ ¤င်းသည် ယခုအခါ ချန်ပီယံလိဂ်ဖလားဆွတ်ခူးရန် ဆက်လက်ကြိုးစားလျက်ရှိသည်။ သို့သော်လည်း မန်စီးတီးတို့ ပြီးခဲ့သောရာသီက အုပ်စုအဆင့်မှ မတက်နိုင်ဘဲဖြစ်ခဲ့ရသည်။''ကျွန်တော်တို့အသင်းအနေနဲ့ ပရီမီယာလိဂ်နဲ့ အခြားဖလားနှစ်လုံးဆွတ်ခူးပြီးပါပြီ။ ဆက်လက်ပြီးတော့ ဖလားဆွတ်ခူးနိုင်ဖို့ ကြိုးစားသွားမှာပါ။ အထူးသဖြင့်  ချန်ပီယံလိ ဂ်ဖလားဆွတ်ခူးနိုင်ဖို့ ကြိုးစားသွားမှာပါ'' ဟု ဒေးဗစ်ဆီးလ်ဗားက ပြောကြားသည်။ (အင်တာနက်)

** ဘာစီလိုနာအသင်း ဆက်လက်အောင်ပွဲရနေ တိုက်စစ်မှူးမက်ဆီပြောကြား**
 (ဘာစီလိုနာ စက်တင်ဘာ ၁၈ ဘာစီလိုနာအသင်းသည် ပြီးခဲ့သောရာသီက ချန်ပီယံလိဂ်နှင့် စပိန်လာလီဂါဖလားလက်လွတ်ခဲ့ရ သော်လည်း အောင်မြင်မှုရှိနေဆဲဖြစ်ကြောင်း တိုက်စစ်မှူး မက်ဆီ (ဝဲပုံ)က ပြောကြားလိုက်သည်။ ဘာစီ လိုနာအသင်းသည် ပြီးခဲ့သောရာသီက ချန်ပီယံလိ ဂ်ဖလားနှ င့် စပိန်လာလီဂါဖလားကို လက်လွတ်ခဲ့ရသော်လည်း အခြားဖလားလေးလုံးဆွတ်ခူးနိုင်ခဲ့၍ ဘာစီလိုနာသည် အောင်မြင်နေဆဲ အသင်းပင်ဖြစ်ကြောင်း တိုက်စစ်မှူးမက်ဆီက ဆိုသည်။ ပြီးခဲ့သောရာသီက ဘာစီလိုနာအသင်းသည် စူပါကိုပါဖလား၊ဥရောပါစူပါဖလား၊ ကမ္ဘာ့ကလပ်ဖလားနှင့် ကိုပါ ဒယ်ရေးဖလားတို့ကို ဆွတ်ခူးနိုင်ခဲ့သည်။ ဘာစီလိုနာ တို့ ပြီးခဲ့သောရာသီက ချယ်လ်ဆီးကိုရှုံးပြီး ချန်ပီယံလိဂ်ဖလား လက်လွတ်ခဲ့ရသည်။ သို့သော်လည်း မကြာသေးမီက စပိန်လာလီဂါတွင် ပြိုင်ဘက်ရီးရဲမက်ဒရစ်ကိုကျော်ဖြတ်ပြီး နိုင်ပွဲများဆက်လက်ရရှိနေသည်။မိမိတို့သည် နိုင်ပွဲများ ဆက်တိုက်ရယူခြင်းဖြင့် အသင်း၏ဂုဏ်ကိုမြှင့်တင်ပေးရမည်ဖြစ်ကြောင်း အသက် ၂၅ နှစ်ရှိ တိုက်စစ်မှူး မက်ဆီက ပြောကြားသည်။ ဘာစီလိုနာအသင်းသည် စက်တင်ဘာ ၂ဝ ရက်တွင် ချန်ပီယံလိဂ်အုပ်စုပွဲအဖြစ် စပါးတပ်စ်မော်စကို အသင်းနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။ (အင်တာနက်) 

** အင်ဒရူးဂျွန်ဆင်** 
ကျူပီ အာတိုက်စစ်မှူး အင်ဒရူးဂျွန်ဆင်သည် ဒူးခေါင်းအမာရွတ် အနာတရဖြစ် သွား၍ ရာသီကုန် သည်အထိ အနားယူရလိမ့်မည်ဖြစ်ကြောင်း ၄င်းကလပ်က ကြေညာထားသည်။ အသက် ၃၁ နှစ်ရှိ တိုက်စစ်မှူး ဂျွန်ဆင်သည် စက်တင်ဘာ ၁၅ ရက်က ချယ်လ်ဆီးအသင်းကို ဂိုးမရှိ သရေကစားစဉ် ယင်းဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်။ ကျူပီအာအသင်း၏ အဓိကအားထားရသော တိုက် စစ်မှူး ဒဏ်ရာပြင်းထန်စွာရရှိသွားသဖြင့် အလွန်စိုးရိမ်မိ ကြောင်း နည်းပြမတ်ဟုခ်ျက ပြောကြားသည်။ ကျူပီအာ အသင်းသည် အဓိက တိုက်စစ်မှူး ထိခိုက်အနာတရဖြစ်၍ လာမည့်ပြိုင်ပွဲများအတွက် တိုက်စစ်ပြဿနာ ကြုံတွေ့နိုင် သည်။ ** ကမ္ဘာ့နံပါတ်တစ်** ကမ္ဘာ့နံပါတ်တစ် ဂေါက်သီးသမားစာရင်းကို ထုတ်ပြန်လိုက်ပြီဖြစ်ရာ မြောက်အိုင်ယာလန်ဂေါက်သီး ကစားသမားမက်ရွိုင်းသည် ၁၂ ဒသမ ၉၃ မှတ်ဖြင့် ကမ္ဘာ့ နံပါတ်တစ်နေရာသို့ ရောက်ရှိလာသည်။ နာမည်ကြီး ဂေါက်သီးကစားသမား တိုက်ဂါးဝုဒ်က ၉ ဒသမ ၅၄ မှတ် ဖြင့် ကမ္ဘာ့နံပါတ် ၂နေရာသို့ ရောက်ရှိလာသည်။ အင်္ဂလန် မှ လူကီဒေါ်နယ်က ကမ္ဘာ့နံပါတ် ၃ ဂေါက်သီးကစား သမားဖြစ်လာသည်။ 

 ** ဗြိတိန်တင်းနစ်မယ်**
 ဗြိတိသျှဆယ်ကျော်သက် တင်းနစ်မယ် လော်ရာ ရော့ဘ်ဆင်သည် တရုတ်နိုင်ငံ၌ စက်တင်ဘာ ၁၇ ရက်က ကျင်းပလျက်ရှိသော တင်းနစ်ပြိုင်ပွဲတွင် စပိန်မှ မာရီယာ ဘီဆာရာတော်ရို အား အနိုင်ရရှိခဲ့သည်။ သူမသည် ယူအက်စ် အိုးပင်းတင်းနစ်ပြိုင်ပွဲတွင် နောက်ဆုံး ၁၆ ဦး ပြိုင်ပွဲအထိ တက်ရောက်နိုင်ခဲ့ပြီးနောက် ပထမဆုံးအကြိမ် အနိုင်ရလိုက်ခြင်းဖြစ်သည်။ သူမသည် နယူးယောက်တွင် ယှဉ်ပြိုင်ခဲ့သည့် ယူအက်စ်အိုးပင်းတွင် ဘယ်လ်ဂျီ ယံ နာမည်ကြီးတင်းနစ်မယ် ကလစ်စတားနှင့် တရုတ်တင်းနစ် မယ် လီနာတို့ကို အနိုင်ကစားနိုင်ခဲ့သူဖြစ်သည်။ အသက် ၁၈ နှစ်ရှိ ရော့ဘ်ဆင်သည် ဗြိတိသျှနံပါတ်တစ် တင်းနစ် မယ်အဖြစ် ဟီတာဝက်ဆင်ထံမှ လွှဲပြောင်းရယူခဲ့သည်။ 

 ** ၂ဝ၁၄ကမ္ဘာ့ဖလားခြေစမ်းပွဲဘရာဇီးနှင့်  အီရတ်တို့  ကစားမည်** 
(ရီယိုဒီဂျနေးရိုး စက်တင်ဘာ ၁၈) ၂ဝ၁၄ ကမ္ဘာ့ဖလားအကြိုခြေစမ်းပွဲအဖြစ် ဘရာဇီး အသင်း နှင့် အီရတ်အသင်းတို့ ဆွီဒင်နိုင်ငံတွင် အောက် တိုဘာလ၌ ယှဉ်ပြိုင် ကစားကြမည်ဖြစ်ကြောင်း ဘရာဇီး ဘောလုံးအဖွဲ့ချုပ်က စက်တင်ဘာ ၁၈ ရက်၌ သတင်း ထုတ်ပြန်သည်။ ဘရာဇီးနှင့် အီရတ်အသင်းတို့သည် အောက်တိုဘာလ ၁၁ ရက်၌ ဆွီဒင်နိုင်ငံ မာလ်မိုမြို့တွင် ချစ်ကြည်ရေး ခြေစမ်း ပွဲကစားမည်ဖြစ်သည်။ အီရတ်အသင်း နည်းပြအဖြစ် ဘရာဇီးကစားသမားဟောင်း ဇစ်ကိုက ကိုင်တွယ်လျက်ရှိသည်။ဘရာဇီးဘောလုံးအသင်းသည် အီရတ် အသင်းနှင့်ကစားပြီးနောက် ငါးရက်အကြာတွင် ပိုလန်နိုင်ငံ ဝါဆောမြို့၌ ဂျပန်ဘောလုံးအသင်းနှင့် ခြေစမ်းပွဲကစားရန် စီစဉ်ထားသည်။ အီရတ်အသင်းသည် ဖီဖာ၏ အဆင့်သတ်မှတ်ချက် ၇၈ ၌ရှိနေသည်။ အီရတ်အသင်းနည်းပြ ဇစ်ကိုသည် ၂ဝ၁၁ ခုနှစ်ကတည်းက အီရတ်အသင်း နည်းပြတာဝန်ယူနေသူဖြစ်သည်။ ဘရာဇီးဘောလုံးအသင်းတွင်၁၉၇၈ ခုနှစ်မှ ၁၉၈၈ ခုနှစ်အထိ ဘောလုံးပွဲ ၇၂ ပွဲ ကစားပေးခဲ့ပြီး ၅၂ ဂိုး သွင်းယူပေးနိုင်ခဲ့သူဖြစ်သည်။ (အင်တာနက်) 

 ** တစ်မှတ်စီခွဲယူခဲ့ကြသည့် အဲဗာတန်နှင့် နယူးကာဆယ်**
 (လန်ဒန် စက်တင်ဘာ ၁၈) ပရီမီယာလိဂ်ပွဲစဉ် (၄) လက်ကျန်ပွဲစဉ်အဖြစ် အဲဗာတန်နှ င့်နယူးကာ ဆယ်အသင်းတို့ စက်တင်ဘာ ၁၈ ရက်နံနက်က ယှဉ်ပြိုင်ကစားရာ နှစ်ဂိုးစီ သရေပွဲဖြစ်ပြီး တစ်မှတ်စီခွဲဝေယူခဲ့ကြသည်။ အိမ်ကွင်း၌ ကစားရသော အဲဗာ တန်အသင်းသည် ဦးဆောင်ဂိုးကို စောစီးစွာသွင်းယူနိုင်ခဲ့သော်လည်း ချေပဂိုးများ အသွင်းခံခဲ့ရသဖြင့် ကံဆိုးစွာသရေပွဲဖြစ်ခဲ့သည်။ အဲဗာတန်အတွက် ဦးဆောင် ဂိုးကို ပွဲချိန် ၁၅ မိနစ်၌ ဘိုင်နက်စ်ကသွင်းယူခဲ့ခြင်းဖြစ်သည်။ သို့သော် နယူးကာဆယ်အတွက်ချေပဂိုးကို ပွဲချိန် ၄၉ မိနစ်၌ ဒမ်ဘာဘာ က သွင်းယူပေးခဲ့သဖြင့် တစ်ဂိုးစီဖြစ်နေခဲ့သည်။ အဲဗာတန်တို့ ဦးဆောင်ဂိုးထပ်မံသွင်းယူနိုင်ရေးကြိုးစားခဲ့ရာ ပွဲချိန် ၈၈ မိနစ်၌ ချီဘီက ဂိုးသွင်းယူခဲ့သဖြင့် နှစ်ဂိုး-တစ်ဂိုးဖြင့် ဦးဆောင်နိုင်ခဲ့သည်။ သို့ရာတွင် ပွဲချိန်ပြည့်ခါနီးမိနစ် ၉ဝ ၌ နယူးကာဆယ်မှ ဒမ်ဘာဘာကပင် ချေပဂိုးသွင်းယူနိုင်ခဲ့သဖြင့် ပွဲအပြီး နှစ်ဂိုးစီသရေပွဲဖြစ်ကာ တစ်မှတ်စီခွဲယူခဲ့ကြသည်။ (အင်တာနက်) 

** သုံးမှတ်အပြည့်  ပိုက်ပြီး အိမ်ပြန်နိုင်ခဲ့  တဲ့  ရီးရဲဘက်တစ်**
 (မက်ဒရစ် စက်တင်ဘာ ၁၈) စပိန်လာလီဂါပွဲစဉ်များကို စက် တင်ဘာ ၁၈ ရက်နံနက်က ဆက်လက်ယှဉ်ပြိုင်ကစားရာ ဗယ်လာဒိုးလစ်နှ င့် ရီးရဲဘက်တစ်အသင်းတို့ပွဲ တွင် ရီးရဲ ဘက်တစ်တို့ က နောက်ကျဂိုးဖြင့်ကံကောင်းစွာ အနိုင်ရပြီး သုံးမှတ်အပြည့်ပိုက်ကာ အိမ်ပြန်နိုင်ခဲ့သည်။ နှစ်သင်းစလုံးပုံမှန်ခြေစွမ်းပြနိုင်ခဲ့သဖြင့် ပထမပိုင်းပွဲချိန်အတွင်း ဂိုးများမသွင်းနိုင်ခဲ့ချေ။ ရီးရဲ ဘက်တစ်သည် ယခုနှစ်၌ ရလဒ်ကောင်းအောင် ကစားနိုင်လျက်ရှိရာ ယခုပွဲကိုလည်း စိတ်ဓာတ်ပြင်းပြင်းဖြင့် ကစားခဲ့သဖြင့် အနိုင်ရရှိခဲ့သည်။ဗယ်လာဒိုးလစ်တို့ အိမ်ကွင်း၌ အနိုင်ရယူရေး ကြိုးစားခဲ့သော်လည်း ရီးရဲဘက်တစ်ခံစစ်မှူးများကိုကျော်ဖြတ်ဂိုးသွင်းရာတွင် အပေါ်ထောင်ဘေးထွက်မှုများကြောင့် ဂိုးမရရှိဘဲဖြစ်ခဲ့သည်။ ဒုတိယပိုင်းပွဲချိန်ပြည့်ခါနီး ၈၉ မိနစ်၌ မာတင်က ရီးရဲဘက်တစ်အတွက် တစ်လုံးတည်းသော အနိုင်ဂိုးကို သွင်းယူနိုင်ခဲ့၍သာ တစ်ဂိုး-ဂိုးမရှိဖြင့် နိုင်ပွဲရပြီး အောင်ပွဲခံနိုင်ခဲ့ခြင်းဖြစ်သည်။ (အင်တာနက်) 

စုစည်းဘာသာပြန် - မြင့်မောင်စိုး

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)