-ယခုလအတွင်း နိုင်ငံတကာထူးခြားသတင်းများ-
** ဆန်ဖရန်စစ္စကို၌ iphone 5 စမတ်ဖုန်း၂၄ နာရီအတွင်း လုံးရေနှစ်သန်း ရောင်းချနိုင်**
(ဆန်ဖရန်စစ္စကို စက်တင်ဘာ ၁၈)
အမေရိကန်နိုင်ငံ ဆန်ဖရန်စစ္စကိုတွင် နောက်ဆုံးထွက်ရှိလာသော စမတ်ဖုန်းတစ်မျိုးဖြစ်သည့်
iphone 5 ကို ကြိုတင်အမှာစာဖြင့် ရောင်းချခဲ့ရာ စတင်ရောင်းချသည့် ၂၄ နာရီအတွင်း
အလုံးရေနှစ်သန်း ရောင်းချခဲ့ရကြောင်း၊ယင်းမှာ ယခင်က ထွက်ရှိခဲ့သည့်
iphone 4S ထက် နှစ်ဆရောင်းအားကောင်းကြောင်း အက်ပဲလ်
ကုမ္ပဏီက စက်တင်ဘာ ၁၇ ရက်တွင် ကြေညာသည်။
iphone 5 စမတ်ဖုန်းကြိုတင်အမှာစာဖြင့်ဝယ်ယူမှုသည် ယခင်
အက်ပဲလ်ကုမ္ပဏီမှ ထွက်ရှိခဲ့သည့်iphone 4Sှ ကြိုတင်အမှာစာဖြင့်
ဝယ်ယူခြင်းထက်များပြားခဲ့ကြောင်း၊ယင်းစမတ်ဖုန်းများ စံချိန်တင်
ရောင်းချရခြင်းမှာ ဝယ်ယူအားပေးသူများအား စေတနာတုံ့ပြန်သော
အားဖြင့် အကောင်းဆုံးထုတ်လုပ်ခဲ့၍ဖြစ်ကြောင်း အက်ပဲလ်ကုမ္ပဏီ
ကမ္ဘာ့ဈေးကွက်ဒုတိယဥက္ကဋ္ဌ ဖီးလစ်စချီလာက ပြောကြားသည်။
iphone 5 ကြိုတင်အမှာစာဖြင့်ဝယ်ယူမှု စံချိန်တင်မြင့်တက်ခဲ့သဖြင့် လာမည့်အောက်တိုဘာလတိုင်အောင်
မှာယူထားသောiphone 5 များအားလုံး ပြည်ပသို့
တင်ပို့နိုင်လိမ့်မည် မဟုတ်ကြောင်းအက်ပဲလ်ကုမ္ပဏီကပြောကြားသည်။
အဆိုပါ ငစ့သညန ၅ စမတ်ဖုန်းသည် အက်ပဲလ်ကုမ္ပဏီမှ ထုတ်လုပ်
သည့် ဆဋ္ဌမမြောက် မျိုးဆက်သစ်စမတ်ဖုန်းအမျိုးအစား ဖြစ်သည်။
၎င်း စမတ်ဖုန်းသည် စက္ကရင်ကြီးပြီး LTE ကွန်ရက် အင်တာနက်
အသုံးပြုနိုင်မည်ဟု ဆိုသည်။ (အင်တာနက်)
** အင်ဒိုနီးရှား၌ ဂါမာလာမာမီးတောင် ပေါက်ကွဲ**
(ဂျကာတာ စက်တင်ဘာ ၁၈) အင်ဒိုနီးရှားနိုင်ငံအရှေ့ပိုင်း ဂါမာလာမာမီးတောင်သည် စက်တင်ဘာ ၁၈ ရက် နံနက်က ပေါက်ကွဲမှုများဖြစ်ပေါ်ပြီး မီးခိုးနှင့်ပြာမှုန်များ ဝေဟင်သို့ လွင့်ပျံ့လျက် ရှိကြောင်း၊ ထိခိုက်ဒဏ်ရာရရှိမှုသတင်းမရရှိသေးကြောင်း အင်ဒိုနီးရှားအရာရှိများက ပြောကြားသည်။ဂါမာလာမာမီးတောင်သည် စက်တင်ဘာ ၁၇ ရက် ဒေသစံတော်ချိန် ၁၃ နာရီ ၂၂ မိနစ်ခန့်ကတည်းက စတင်ပေါက်ကွဲနေခြင်းဖြစ်ပြီး ဝေဟင်အမြင့် မီတာ ၃ဝဝ အထိ မီးခိုးနှင့်ပြာမှုန်များ လွင့်ပျံ့လျက်ရှိသည်။ ထိုသို့ မီးတောင်မှထွက်ပေါ်လာသော ပြာမှုန်နှင့် မီးခိုးများသည် မီးတောင် အနီးရှိ တာနာကီမြို့ပေါ်သို့ လွှမ်းခြုံကျဆင်းလျက်ရှိသည်။ ဒေသအာဏာပိုင်များက ဒေသခံများအား နေအိမ်အပြင်ဘက်သို့ မထွက်ဘဲ နေအိမ်အတွင်း၌သာ နေထိုင်ကြ ရန် နှိုးဆော်သတိပေးထားသည်။ ထို့အပြင် မီးတောင်အနီး ၂ ဒသမ ၅ ကီလိုမီတာ အတွင်း အန္တရာယ်ဇုန်အဖြစ် သတ်မှတ်ထားပြီး ဒုတိယအဆင့်အမြင့်ဆုံး သတိပေးချက် ထုတ်ပြန်ထားသည်။ ၄င်းမီးတောင်သည် ၂ဝ၁၁ ခုနှစ်ကလည်း ပေါက်ကွဲခဲ့ရာ လေးဦး သေဆုံးခဲ့သည်။ (အင်တာနက်)
** ဂျပန်၌ ဒုတိယမြောက်ဒုံးပျံကာကွယ်ရေးရေဒါထားရှိရန် အမေရိကန်နှင့်  ဂျပန်သဘောတူ ညီ** (တိုကျို စက်တင်ဘာ ၁၈) အရှေ့အာရှ၏ ဒုတိယမြောက်အိတ်ဇ်-ဘန်းဒုံးပျံကာကွယ်ရေးရေဒါကို ဂျပန်နိုင်ငံ၌ ဖြန့်ကြက်ချထားခြင်းဖြင့်အမေရိကန်နှင့်ဂျပန်တို့ ဒုံးပျံကာကွယ် ရေးစနစ် ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရန် သဘောတူညီလိုက်ကြောင်း စက်တင် ဘာ ၁၇ ရက်က အင်တာနက်သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။ အမေရိကန်ကာကွယ်ရေးဝန်ကြီးလီယွန်ပါနက်တာက တိုကျိုမြို့၌ ဂျပန် ကာကွယ်ရေးဝန်ကြီး ဆာတိုရှိမိုရီမိုတို့နှင့် တွေ့ဆုံဆွေးနွေးအပြီး စက်တင် ဘာ ၁၇ ရက်က ယင်းအစီအစဉ်ကိုထုတ်ပြန်ကြေညာလိုက်ခြင်းဖြစ်သည်။ ပြောကြားယင်းဒုံးပျံကာကွယ်ရေး ရေဒါတပ်ဆင်
မည့်နေရာကို အတည်မပြုရ သေးကြောင်း၊ သို့သော်လည်း နိုင်ငံတောင်ပိုင်း၌ ဖြစ်နိုင်ခြေများကြောင်း လီယွန်ပါနက်တာက ထပ်လောင်းပြောကြားသည်။ ၄င်းရေဒါစနစ်သည် မြောက်ကိုရီး ယား၏ ဘလက်စတစ်ဒုံးပျံရန်မှ အမေရိကန်ကို ကာကွယ်ပေးရာလည်း ရောက် သည်ဟုဆိုသည်။ အမေရိကန် အိတ်ဇ်ဘန်းရေဒါတစ်ခုကို ဂျပန်နိုင်ငံ တီဆူဂါ ရုမြို့ ရှာရီကီစစ်အခြေစိုက်စခန်းရေပိုင်ဤသို့ဆောင်ရွက်ခြင်းမှာ ဂျပန် နိုင်ငံကို ပိုမိုကာကွယ်ပေးနိုင်ရန်ဖြစ်ကြောင်း၊ ၄င်းသည် ဂျပန်နိုင်ငံရှိ အမေရိ ကန်တပ်ဖွဲ့ဝင်များကို ကာကွယ်ရာလည်းရောက်ကြောင်း သတင်းစာရှင်းလင်းပွဲ တွင် ပါနက်တာက ဆိုသည်။နက်၌ ထားရှိပြီးဖြစ်သည်။ အဆိုပါ ဒုတိယမြောက် ဒုံးပျံကာကွယ်ရေးရေဒါထားရှိပြီးပါက ဂျပန်နိုင်ငံ အိုကီနာဝါကျွန်း တောင်ပိုင်း၌ အမေရိကန်တပ်ဖွဲ့ဝင်၄၇ဝဝဝ တပ်စွဲထားမှုကိုလည်း ကာကွယ် ပေးလိမ့်မည်ဟုဆိုသည်။ (ပရက်စ်တီဗွီ)
** မက္ကဆီကိုနိုင်ငံအနောက်ပိုင်း၌ ရုပ်အလောင်း( ၁၇) ခုတွေ့ ရှိ**
(မက္ကဆီကို စက်တင်ဘာ ၁၈) မက္ကဆီကိုနိုင်ငံအနောက်ပိုင်း ဂျာရစ္စကိုပြည်နယ် အဝေးပြေးလမ်းမကြီး တစ်လျှောက်တွင် လူ ၁၇ ဦးတို့၏ ရုပ်အလောင်းများကို တွေ့ရကြောင်း ပြည်နယ် အရာရှိများက ပြောကြားသည်။ ကြိုးဖြင့်ချည်ကာ သေနတ်ဖြင့် ပစ်သတ်ထားသည့်  အဆိုပါရုပ်အလောင်းများကို ဂွာဒါလာဂျာရာနှင့်မိုရေလီယာ ဆက်သွယ်သည့် အဝေးပြေးလမ်းမကြီးပေါ်တွင် တွေ့ရ ကြောင်း ဂျာရစ္စကိုပြည်နယ်အစိုးရရှေ့နေသောမတ်ကော်ရိုနာဒိုက စက်တင်ဘာ ၁၇ ရက်တွင် ပြောကြားသည်။ မူးယစ်ဆေးဝါးမှောင်ခိုဂိုဏ်းက ၄င်းတို့ကို မီချောက်ကန် ပြည်နယ်တွင်သတ်ပြီး အလောင်းများကို ဂျာရစ္စကိုပြည်နယ်အတွင်း ချထားခြင်းဖြစ် ကြောင်း၊ အဆိုပါ ပြည်နယ်နှစ်ခုမှာ မူးယစ်ဆေးဝါးမှောင်ခိုဂိုဏ်းများ အကြမ်းဖက် သတ်ဖြတ်မှုအများဆုံးဖြစ်ပွားသည့် ပြည်နယ်များဖြစ်သည်။ (အင်တာနက်)
** ဘရာဇီးနိုင်ငံ ဆော်ပေါလို၌ မီးလောင်မှုဖြစ်ပွား**
(ရီယိုဒီဂျနေးရိုး စက်တင်ဘာ ၁၈)
ဘရာဇီးနိုင် ငံ၏ ဆော်ပေါလိုမြို့လယ်ရှိ မွိုင်ဟိုရပ်ကွက်၌ စက်တင်ဘာ
၁၇ ရက် နံနက်က မီးလောင်မှုဖြစ်ပွားရာတစ်ဦးသေဆုံးပြီး ၃ဝဝ ကျော် အိုးမဲ့အိမ်မဲ့
ဖြစ်ခဲ့ကြောင်း အင်တာနက်သတင်းတစ်ရပ်၌ ဖော်ပြပါရှိသည်။
ယင်းမီးစတင်လောင်ကျွမ်းချိန်တွင်အဆိုပါရပ်ကွက်၌ သစ်သား၊ ပလတ်
စတစ်နှင့် ကတ်ထူပြားကဲ့သို့သော မီးလောင်လွယ်သည့် ပစ္စည်းအများအပြား
ရှိနေခြင်းကြောင့် မီးမှာ အလျင်အမြန်ကူးစက်ပြီး နေအိမ်များစွာ လောင်ကျွမ်းခဲ့ 
ခြင်းဖြစ်သည်။ ယင်းမီးလောင်မှုကိုမီးသတ်သမားများက နှစ်နာရီကြာမျှ
ငြှိမ်းသတ်ခဲ့ရသည်ဟု ဆိုသည်။ အဆိုပါ မီးလောင်မှုကြောင့် ယင်းရပ်ကွက်ရှိ နေအိမ် ၈ဝ မီးလောင်ခံခဲ့ရပြီး အများစုမှာ အိမ်ပိုင်ရှင်များက မီးကိုငြှိမ်းသတ်ရန် စီမံနိုင်ခြင်းမရှိမှုကြောင့်
ထိုသို့မီးလောင်ခံခဲ့ရခြင်းဖြစ်ကြောင်း၊ အိုးမဲ့ အိမ်မဲ့ဖြစ်သူများအား ကယ်ဆယ်ရေးအဆောက်အအုံများသို့ ပို့ဆောင်ထားကြောင်း ဒေသအာဏာပိုင်များက
ပြောကြားသည်။ ကနဦးစုံစမ်းစစ်ဆေးချက်အရ အဆိုပါမီးလောင်မှုသည် ၄င်းရပ်ကွက်ရှိ နေအိမ်တစ်အိမ်မှ ဇနီးမောင်နှံစကားများရန်ဖြစ်နေချိန်တွင်
တစ်စုံတစ်ယောက်က မီးရှို့ခြင်းဖြစ်ကြောင်း ဒေသအာဏာပိုင်များက ပြောကြားသည်။ မီးရှို့သူ၏အမည်ကို ဖော်ထုတ်နိုင်ခြင်းမရှိသေးကြောင်း၊
ဒဏ်ရာရသူတစ်ဦးမှာ ဆေးရုံသို့ပို့ဆောင်စဉ် သေဆုံးခဲ့ကြောင်း၊ နောက်ပိုင်းမှသာ ၄င်းတရားခံကို ဖမ်းဆီးနိုင်ခဲ့ကြောင်း ဒေသအာဏာပိုင်များက
ဆက်လက်ပြောကြားသည်။ (ဆင်ဟွာ) စုစည်းဘာသာပြန် - တင်မောင်လွင်

No comments:
Post a Comment