ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Monday, September 17, 2012

>
-ယခုလအတွင်း နိုင်ငံတကာထူးခြားသတင်းများ-
** အစ္စရေးနိုင်ငံ၏ အကြီးဆုံးစစ်သင်တန်းကျောင်းနိုင်ငံတောင်ပိုင်း၌ တည်ဆောက်လျက်ရှိ**
(တဲလ်အဗစ် စက်တင်ဘာ ၁၆) အစ္စရေးစစ်တပ်က ၄င်း၏အဓိကစစ်ဆင်ရေးများ နိုင်ငံတောင်ပိုင်း၌ ပြုလုပ်မည်ဖြစ်၍ ၄င်းနိုင်ငံ၏ အကြီးဆုံးစစ်ရေးလေ့ကျင့်မှု သင်တန်းကျောင်းကြီးကို တည်ဆောက်လျက်ရှိ ကြောင်း စက်တင်ဘာ ၁၆ ရက်က အင်တာနက်သတင်းတစ်ရပ်တွင် ရေးသားဖော်ပြထားသည်။အမေရိကန်ဒေါ်လာ သန်း ၆၅ဝ ကုန်ကျမည့် အဆိုပါဆောက်လုပ်ရေး စီမံကိန်းသည် ဆယ်စုနှစ်သုံးခုတာကာလအတွင်း အကြီးဆုံးစစ်သင်တန်းကျောင်းကြီးဖြစ်လာလိမ့်မည်ဖြစ်ကြောင်း၊ ယင်းစစ်ရေးလေ့ကျင့်မှုသင် တန်းကျောင်းကြီးသို့ ၂ဝ၁၄ ခုနှစ် အကုန်တွင် တပ်ဖွဲ့ဝင် ၁ဝဝဝဝ တို့သည် ၄င်းစစ်ရေးလေ့ကျင့်မှုသင်တန်းကျောင်းသို့ ပြောင်းရွှေ့ကြ လိမ့်မည်ဖြစ်ကြောင်း၊ ယင်းစခန်းသည် ဘီယာရှီးဘားမြို့တောင်ဘက် မိုင် ၂ဝ အကွာတွင်တည်ရှိကြောင်း သတင်းတွင်ဖော်ပြထားသည်။အဆို ပါစစ်သင်တန်းကျောင်းသည် တိုက်ခိုက်ရေးတပ်ဖွဲ့ဝင် များအတွက် လေ့ကျင့်သင်ကြားပေးမည်မဟုတ်ကြောင်း၊ ထောက်ပံ့ရေးတပ်ဖွဲ့ဝင်များအတွက်သာဖြစ်ကြောင်း သိရသည်။ ယင်းစစ်သင်တန်းကျောင်းတည်ဆောက်လျက်ရှိရာတွင် စစ်တန်းလျားများ၊ ရာပေါင်းများစွာသော ကွန်ပျူတာအသုံးပြု စာသင်ခန်းများ ပါဝင်သည်။ အစ္စရေးနိုင်ငံ အလယ်ပိုင်းရှိ စစ်စခန်းတစ်ဝက်ကျော်သည် ယခုဆယ်စုနှစ်အကုန်ပိုင်းတွင် ပြောင်းရွှေ့လိမ့်မည်ဖြစ်ကြောင်း သိရသည်။ ၄င်းစစ်ရေးလေ့ကျင့်မှုသင်တန်းကျောင်း ဆောက်လုပ်ရေးအတွက်ဆောင်ရွက်ရာတွင် ယာယီ အလုပ်အကိုင် ၂ဝဝဝဝ မှ ၃ဝဝဝဝ ဖန်တီးပေးနိုင်လိမ့်မည်ဖြစ်ကြောင်း သိရသည်။ (အင်တာနက်)

** မင်းသားဟာရီ၏စခန်းတိုက်ခိုက်မှုဂျက်လေယာဉ် ခြောက်စင်းပျက်စီး**
 (ကဘူးလ် စက်တင်ဘာ ၁၆) အာဖဂန်နစ္စတန်နိုင်ငံတောင်ပို င်းရှိ မင်းသားဟာရီ ၏ စခန်းကို တာလီဘန်တို့ကတိုက်ခိုက်ရာတွင် အမေရိကန် တိုက်ခိုက်ရေး ဂျက်လေယာဉ်ခြောက်စင်း ပျက်စီးသွားခဲ့ကြောင်း နေတိုးအဖွဲ့က စက်တင်ဘာ ၁၆ ရက်တွင် ပြောကြားသည်။ ပျက်စီးအဆိုပါ ဂျက်လေယာဉ်ခြောက်စင်းသည် အာဖဂန် နစ္စတန်ရှိ ဗြိတိသျှလေတပ်စခန်းကို တိုက်ခိုက်ရေးသမားများက အာရ်ပီဂျီဒုံးလက်နက်များဖြင့် ပစ်ခတ်တိုက်ခို က်ခဲ့ပြီးနောက် ပျက်စီးသွားခဲ့ခြင်းဖြစ်ကြောင်း၊ ၄င်းတိုက်ခိုက်မှုကြောင့် အမေရိကန်မရိန်းတပ်ဖွဲ့ဝင် နှစ်ဦးသေဆုံးခဲ့ကြောင်း နေတိုး အဖွဲ့က ပြောကြားသည်။ယင်းတိုက်ခိုက်မှုသည် အာဖဂန်နစ္စတန် လွှတ်တော် အမတ်များက အမေရိကန်နှင့် ချုပ်ဆိုထားသော လုံခြုံရေးစာချုပ် ဖျက်သိမ်းရန် ဆော်သြခဲ့ပြီးနောက် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ (ရိုက်တာ)  

** တရုတ်နိုင်ငံ၏ စီးပွားရေးတိုးတက်လာ** 
(တီယန်ကျင်း စက်တင်ဘာ ၁၆) တရုတ်နိုင်ငံအနေဖြင့် ယခုနှစ်အတွက် သတ်မှတ်ထားသည့် စီးပွားရေး တိုးတက်မှုနှုန်းကို ရောက်ရှိအောင် ကြိုးပမ်းသွားမည်ဖြစ်ကြောင်း ဝန်ကြီးချုပ် ဝမ်ကြားပေါင်က တီယန်ကျင်းမြို့၌ မကြာမီက ပြုလုပ်ခဲ့သော ကမ္ဘာ့စီးပွားရေး ဖိုရမ်၌ ပြောကြားလိုက်သည်။ကမ္ဘာ့စီးပွားရေး ကျဆင်းနေစဉ်ကာလအတွင်း ကမ္ဘာ့ စီးပွားဦးမော့လာစေရန် နိုင်ငံအတွင်း ပူးပေါင်းဆောင်ရွက်ကြရန် ဝန်ကြီးချုပ် ဝမ်ကြားပေါင်က နိုင်ငံတကာ ခေါင်းဆောင်များအား တိုက်တွန်းဆော်သြလိုက်သည်။တရုတ်နိုင်ငံ၏ စီးပွားရေးသည် ယခင်ကထက် ပို၍နှေးကွေးသွားဖွယ်ရှိသည်ဟူသော သတင်း ထွက်ခဲ့ပြီးနောက် ဝန်ကြီးချုပ် ဝမ်ကြားပေါင်က အထက်ပါအတိုင်းပြောကြားလိုက်သည်။ တရုတ်နိုင်ငံ၏ ထုတ်ကုန်နှင့် ပို့ကုန်မှာ နှေးကွေးသွားခဲ့ပြီး သွင်းကုန်မှာလည်း နှေးကွေးသွားသည်ဟုဆိုသည်။ တရုတ်နိုင်ငံက ယခုနှစ်အတွင်း ၄င်းနိုင်ငံ၏ စီးပွားရေးတိုးတက်မှုနှုန်းကို ၇ ဒသမ ၅ ရာခိုင်နှုန်းဖွံ့ဖြိုးတိုးတက်ရန် လျာထားသတ်မှတ်ထားသည်။တရုတ်တို့ စီးပွားရေးတိုးတက်မှုသည် ယခုနှစ်စပိုင်းက လျာထားသတ်မှတ်မှုအတွင်း၌ ရှိနေဆဲဖြစ်သည်။ မကြာမီနှစ်များက တရုတ်နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု အားကောင်းလာရခြင်း၏ အဓိကအကြောင်းအရင်းအနှစ်ချုပ်မှာ ပို့ကုန်များတင်ပို့မှု အောင်မြင်လာခြင်းနှင့်နိုင်ငံအတွင်း စီးပွားရေးရင်းနှီးမြှုပ်နှံမှုများ တိုးတက် လာခြင်းကြောင့်ဖြစ်သည်ဟု ဆိုသည်။ (အင်တာနက်) 

**အမေရိကန်နှင့် လွတ်လပ်စွာ ကုန်သွယ်မှုကြောင့် တောင်ကိုရီးယား ပို့ကုန်တင်ပို့မှုမြင့်တက်** 

(ဆိုးလ် စက်တင်ဘာ ၁၆) တောင်ကိုရီးယားနိုင်ငံမှ အမေရိကန်နိုင်ငံသို့ ပို့ကုန်ပစ္စည်းများတင်ပို့မှုသည် နှစ်နိုင်ငံလွတ်လပ်စွာကုန်သွယ်ရေးစာချုပ်ကြောင့် မြင့်တက်လာခဲ့ကြောင်း
 တောင် ကိုရီးယား အကောက်ခွန်အရာရှိများက စက်တင်ဘာ ၁၆ ရက်တွင် ပြောကြားလိုက် သည်။ တောင်ကိုရီးယားနိုင်ငံမှ အမေရိကန်နိုင်ငံသို့ ပို့ကုန်များတင်ပို့မှုသည် မတ် ၁၅ ရက်မှ စက်တင်ဘာ ၇ ရက်အထိ အမေရိကန်ဒေါ်လာ ၂၉ ဒသမ ၁ ဘီလီယံဖိုး တင်ပို့ခဲ့ရာ ယမန်နှစ် အလားတူကာလကထက် ၃ ဒသမ ၇ ရာခိုင်နှုန်းမြင့်တက် လာခဲ့ကြောင်း တောင်ကိုရီးယားအကောက်ခွန်ဌာန၏ စာရင်းဇယားများတွင် ဖော်ပြထားသည်။ အမေရိကန်နှင့် တောင်ကိုရီးယားနိုင်ငံတို့ လွ တ် လပ်စွာ ကုန်သွယ်မှု သဘောတူပြီးနောက် မတ် ၁၅ ရက်မှစ၍ ခြောက်လတာကာလအတွင်း တောင်ကိုရီးယားနိုင်ငံက အမေရိကန်နိုင်ငံမှ ကုန်ပစ္စည်းတင်သွင်းမှုမှာ အမေရိကန် ဒေါ်လာ ၂၁ ဒသမ ၂ ဘီလီယံ တန်ဖိုးရှိခဲ့ရာ ၇ ရာခိုင်နှုန်းတိုးတက်လာခဲ့ကြောင်း၊ တောင်ကိုရီးယားနိုင်ငံနှင့် အမေရိကန်တို့၏ ကုန်သွယ်မှု ပိုငွေသည် အမေရိကန် ဒေါ်လာ ၇ ဒသမ ၉ ဘီလီယံအထိ တိုးတက်ခဲ့ကြောင်း အကောက်ခွန်ဌာနက ပြောကြားသည်။ ဥရောပ ငွေကြေးအကျပ်အတည်းနှင့် ကမ္ဘာ့စီးပွားရေးကျဆင်း နေချိန်တွင် တောင်ကိုရီးယားနိုင်ငံ၏ ပို့ကုန်တင်ပို့မှုမှာ အမေရိကန်နှင့် နှစ်နိုင်ငံ လွတ်လပ်စွာ ကုန်သွယ်ရေးစာချုပ်ကြောင့် အခြေအနေကောင်းမွန်လျက်ရှိသည်။ သို့သော်လည်း အဆိုပါ ကာလအတွင်း တောင်ကိုရီးယားနိုင်ငံ၏ စုစုပေါင်း ပို့ကုန် များ တင်ပို့မှုမှာ ၄ ဒသမ ၃ ရာခိုင်နှုန်းကျဆင်းသွားသည်ဟု ဆိုသည်။ ထိုအတော အတွင်း တောင်ကိုရီးယားနိုင်ငံ၏ စုစုပေါင်းကုန်သွယ်မှု ပိုငွေသည် အမေရိကန် ဒေါ်လာ ၁၆ ဒသမ ၈ ဘီလီယံအထိရှိခဲ့သည်။ (အင်တာနက်) 

** ဂျီ-၂ဝ စီးပွားရေး နှေးကွေး** 
(မက်ဒရစ် စက်တင်ဘာ ၁၆) ကမ္ဘာ့စီးပွားရေး ထိပ်သီးအုပ်စုဂျီ-၂ဝ ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုသည် ဇွန်လကုန်ဆုံးချိန်တွင် သုံးလတာကာလ အတွင်း နှေးကွေးသွားခဲ့ကြောင်း စက်တင်ဘာ ၁၆ ရက်က အင်တာနက်တွင် သတင်းဖော်ပြသည်။ဂျီဒီပီနှင့်တိုင်းတာသော အမျိုးသားထုတ်ကုန်များ တိုးတက်မှုသည် ဒုတိယ သုံးလပတ်ကာလအတွင်း နှစ်စဉ်တိုးတက်မှုနှုန်း ၃ ရာခိုင်နှုန်းသာ ရှိခဲ့သည်။ ယင်းမှာ ပထမသုံးလ တိုးတက်မှု ၃ ဒသမ ၂ ရာခိုင်နှုန်းနှင့် နှိုင်းစာလျှင် ကျဆင်းသွားခဲ့သည်ဟု ဆိုသည်။ သို့သော်လည်း တရုတ်နိုင်ငံ၏ စီးပွားရေးတိုးတက်မှု သည် ပြန်လည်တိုးတက်ကောင်းမွန်လာခဲ့သည်ဟု ဆိုသည်။ တရုတ်နိုင်ငံ၏ ထုတ်ကုန်ပစ္စည်းများ ထုတ်လုပ်မှုမှာ ၇ ဒသမ ၆ ရာခိုင်နှုန်း တိုးတက်လာသည်။ ထိုအတောအတွင်း အီတလီ နိုင်ငံ၏ ထုတ်ကုန်ပစ္စည်းများ ထုတ်လုပ်မှုမှာ ၂ ဒသမ ၆ ရာခိုင်နှုန်းသာ တိုးတက်ခဲ့သည်။ ကမ္ဘာ့စီးပွားရေးထိပ်တန်းနိုင်ငံ ၁၉ နိုင်ငံနှင့် ဥရောပသမဂ္ဂမှ တာဝန်ရှိသူများသည် မက္ကဆီကိုနိုင်ငံ၌ မကြာမီက စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် တွေ့ဆုံ ဆွေးနွေးခဲ့ ကြသည်။ (အပေါ်ယာပုံ) မြောက်အမေရိကတွင် မိုးခေါင်မှုကြောင့် စိုက်ပျိုးရေးထုတ်ကုန်များကျဆင်းခဲ့ရသည်။ ထိုအတောအတွင်း ရုရှားနိုင်ငံ၏ ကောက်ပဲသီးနှံများတင်ပို့မှုမှာလည်း ကျဆင်းသွားခဲ့သည်။ ယင်းအခြေအနေတို့ကြောင့် ကမ္ဘာ့စားသောက်ကုန်ဈေးနှုန်းသည် မြင့်တက်လာမည့် အနေအထားရှိနေသည်။ (အင်တာနက်) 

**ဒေါ်လာတန်ဖိုးကျ ကမ္ဘာ့ရွှေဈေးမြင့်တက် ..နှစ်မကုန်မီ ရွှေတစ်အောင်စ ဒေါ်လာ ၁၈၀၀ ကျော်နိုင်ကြောင်း ခန့်မှန်း**
 (ဝါရှင်တန် စက်တင်ဘာ ၁၆) ကမ္ဘာ့စီးပွားရေးတစ်ရပ်လုံး၏အခြေအနေမှာ အချိန်နှင့်အမျှပြောင်းလဲလျက်ရှိရာတွင် နိုင်ငံ တကာ ဗဟိုဘဏ်များသည်လည်းပြောင်းလဲလာသော အခြေအနေအချိန်အခါနှင့်အညီ ငွေကြေးဆိုင်ရာ နည်းဗျူဟာများ ချမှတ်လုပ်ကိုင်လေ့ရှိကြသည်။ နိုင်ငံ အသီးသီးရှိ ဗဟိုဘဏ်များအကြားတွင် အမေရိကန်ကဲ့သို့ မဟာအင်အားကြီးနိုင်ငံ ဗဟိုဘဏ်၏အခန်းကဏ္ဍမှာ အရေးပါလှသည်။နည်းဗျူဟာများ ချမှတ်လျက် မည်သို့ဆောင်ရွက်မည် ဟူသောအစီ အမံများနှင့် စပ်လျဉ်း၍အမေရိကန်ဗဟိုဘဏ်က တတိယအကြိမ်အဖြစ် စက်တင်ဘာ၁၂ ရက်ကထုတ်ပြန်ကြေညာလိုက် သည်။ အမေရိကန် ဗဟိုဘဏ်ကြေညာချက် ထွက်ပြီးနောက်စက်တင်ဘာ ၁၂ ရက်က ရေနံနှင့်ရွှေဈေးများ တက်ကုန်သည်။အမေရိကန် ဗဟိုဘဏ်၏ နောက်ဆုံးမူဝါဒရေးရာ အစည်းအဝေးအပြီးတွင် အားတက်ဖွယ်ပုံစံ တစ်စုံတစ်ရာကိုကြေညာမည်ဟုရင်းနှီးမြှုပ်နှံသူများက မျှော်လင့် ထားသည်။ တကယ့်တကယ်တွင်မူမျှော်လင့်ထားသည်ထက်ပင် အမေရိကန်ဗဟိုဘဏ်၏ အစီအမံအခင်းအကျင်းမှာအံ့သြလောက်အောင် ကောင်းမွန်ကြောင်း ချန်နယ်ကက်ပီတယ် ရီဆာ့ခ်ျမှ ဈေးကွက်ကဝိ ဒေါက်ရောဘတ်က ပြောဆိုသည်။ ထို့ပြင် ငွေပေါ်လွယ်မှုရှိပြီး ဈေးကွက်အတွက်အမြဲကောင်းမွန်သည်ဟုလည်း မှတ်ချက်ချလိုက်သည်။ အမေရိကန် ဗဟိုဘဏ်၏ကြေညာချက်ထွက်အပြီးတွင် ရွှေဈေးမှာ ဒေါ်လာ ၃၈ ဒသမ ၄ဝ (၂ဒသမ ၂ ရာခိုင်နှုန်း)တက်ကာ တစ်အောင်စလျှင် ဒေါ်လာ ၁၇၇၂ ဒသမ ၁ဝ အထိ ခုနစ်လအတွင်း အမြင့်ဆုံးဈေးပေါက်သွားသည်။ ရေနံဈေးနှုန်းမှာ လည်း တစ်စည်လျှင် ၁၁၆ ဒေါ်လာအထိ ဖြစ်လာသည်။ ငွေဈေးနှုန်း၊ ကြေးနီဈေးနှုန်း များလည်း တက်ကုန်သည်။ငွေကြေးဈေးကွက်တွင် ဒေါ်လာငွေသည် ယူရိုငွေနှင့်လဲလှယ်ရာတွင် လည်းကောင်း၊ ဂျပန်ယန်း၊ ဗြိတိန် ပေါင်စတာလင်တို့နှင့် လဲလှယ်ရာတွင်လည်းကောင်းတန်ဖိုးကျသွားသည်။ အမေရိကန်ဗဟိုဘဏ်၏ ကြေညာချက်မှာ အမေရိကန်နိုင်ငံအနေဖြင့် စီးပွားရေး ပြန်လည်ဦးမော့ရေးကြိုးပမ်းရာ၌ ဒေါ်လာဈေးနှုန်းကျဆင်းမှုကို ဗဟိုဘဏ်ကလက်ခံရန် ဆန္ဒရှိကြောင်း ပြသသည့်လက္ခဏာတစ်ရပ်အဖြစ် ရင်းနှီးမြှုပ်နှံသူများက ရှုမြင်ကြသည်။ ဗဟိုဘဏ်များက ငွေအင်အားတိုးမြှင့်သည့်အခါတွင် ပေါ်ပေါက်တတ်သော ငွေကြေးတန်ဖိုးလျော့ကျမှုကို ထိန်းရန် ''ရွှေကို'' အရံအတားအဖြစ်ထားသည်ဟူ၍ ရင်းနှီးမြှုပ်နှံသူအများအပြားကရှုမြင်ကြသည်။ ယခုတော့ ရွှေသည်ပင်လျှင် ငွေကြေး ဖြစ်လာပါပကောလားဟူ၍ ဝေဖန်သူက ဝေဖန်သည်။ ဤအတောအတွင်း ရေနံကို ကမ္ဘာ့ဈေးကွက်တွင် ဒေါ်လာဖြင့်ရောင်းဝယ်လာ သည်။ ဒေါ်လာတန်ဖိုးကျခြင်းဖြင့် ရေနံကြိုရောင်းကြိုဝယ်ရာတွင် အခြားနိုင်ငံသုံးငွေ တွေထက် ဒေါ်လာငွေဖြင့် ပိုမိုပေးချေခဲ့ရသည်။ ထို့ကြောင့် ရေနံတစ်စည်လျှင် ၁၁၆ ဒေါ်လာအထိ တက်သွားခြင်းဖြစ်သည်ဟု သုံးသပ်ခဲ့ကြသည်။ ကမ္တာ့စီးပွားရေးတွင် မရေမရာမှုများရှိလာတိုင်း ရွှေဈေးသည် တက် စမြဲဖြစ် သည်။ မသေချာမရေရာသည့်အချိန်များတွင် ရင်းနှီးမြှုပ်နှံသူများသည် ရွှေကိုအာရုံစိုက် လာသည်။ ကမ္ဘာပေါ်တွင် ကောလာဟလများ ထွက်လာတိုင်း ဘဏ္ဍာငွေကြေး ဈေးကွက်များမှာလည်း ပိုမိုမတည်မငြိမ်ဖြစ်သည်။ မည်သို့ပင်ဖြစ်စေ ဖိလစ်ကလက်ဝစ်ကမူ ၂ဝ၁၂ ခုနှစ်မကုန်မီတွင် ရွှေဈေးမှာ တစ်အောင်စ ဒေါ်လာ ၁၈ဝဝကျော်နိုင်ကြောင်း ခန့်မှန်းသည်။ သို့သော် ရွှေဈေးများ အပေါ်တွင် အစိုးရများ၏ ငွေကြေးမူဝါဒများ၊ ဘဏ္ဍာရေးဆိုင်ရာသဘောထားများက များစွာ သြဇာလွှမ်းမိုးသည်ဆိုခြင်းကိုလည်း တစ်ဖက်က လက်ခံထားသည်။ ယခုပထမနှစ်ဝက်အတွင်း ရွှေလက်ဝတ်ရတနာထုတ်လုပ်မှုမှာ ၁၃ ရာခိုင်နှုန်း လျော့နည်းခဲ့သည်။ အဓိကအားဖြင့် ဈေးနှုန်းများခေါင်ခိုက်အောင်မြင့်မားသည့် ကမ္ဘာ့အကြီးဆုံးဈေးကွက်ဖြစ်သော အိန္ဒိယနိုင်ငံ၌ ဝယ်လိုအားကျဆင်းခြင်းကြောင့်ဖြစ်ရ သည်။ ဒုတိယနှစ်ဝက်အတွင်း ရွှေလက်ဝတ်ရတနာဝယ်အားကောင်းရေးမှာ မသေချာ လှပေ။ လောလောဆယ် အိန္ဒိယ၏ဝယ်ယူမှု နှေးကွေးလေးကန်နေခဲ့သည်။ မည်သို့ပင်ဖြစ်စေ လက်ရှိအခြေအနေတွင် ရွှေဈေးနှုန်းမှာ တက်လျက်ရှိသည်ကို တွေ့နေရသည်။ အခြားအကြောင်းများအပြင် အမေရိကန်ဗဟိုဘဏ် (အက်ဖ်အီးဒီ)၏ ခြေလှမ်းကြောင့်လည်း ဒေါ်လာငွေတန်ဖိုးကျပြီး အဓိကအားဖြင့် ရွှေဈေးနှုန်းတက် ရခြင်းဖြစ်သည်ဟု ဆိုရပါမည်ဖြစ်သည်။ ။ (အင်တာနက်) 

 ** အမေရိကန်သံရုံးဝန်ထမ်းများတူနီးရှားနှင့် ဆူဒန်မှထွက်ခွာရန်ကြေညာ**
 (နယူးယောက် စက်တင်ဘာ ၁၆) ဆူဒန်နှင့် တူနီးရှားနိုင်ငံတို့ရှိ မလိုအပ်သော အမေရိကန် သံရုံးဝန်ထမ်းများနှင့် ယင်းတို့၏မိသားစုများ အမြန်ဆုံးထွက်ခွာ ကြရန် အမေရိကန်နိုင်ငံက အမိန့်ကြေညာချက်ထုတ်ပြန်လိုက် ကြောင်း စက်တင်ဘာ ၁၆ ရက်က အင်တာနက်သတင်းတွင် ဖော်ပြသည်။တူ နီးရှားနိုင်ငံရှိ အမေရိကန်နိုင်ငံသားများကိုလည်း ကိုယ့်နည်းကိုယ့်ဟန်ဖြင့် ထွက်ခွာကြရန် တိုက်တွန်းကြောင်း အမေရိကန်နိုင်ငံခြားရေးရုံး၏ ကြေညာချက်တွင် ဖော်ပြထား သည်။တူနီးရှားနှင့် ဆူဒန်နိုင်ငံတို့ရှိ အမေရိကန်သံရုံးများသည် အမေရိကန်ဆန့်ကျင်ရေး ဆန္ဒပြမှုများဖြစ်ပွားပြီး တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့သည်။ စောစောပိုင်းတွင် အမေရိကန်တို့က ဆူဒန်နိုင်ငံ သို့ မရိန်းတပ်ဖွဲ့ဝင်များစေလွှတ်၍ ၄င်းတို့သံရုံးကို ကာကွယ်ရန် ကြိုးစားမှုကို ဆူဒန်အစိုးရက ငြင်းဆိုခဲ့သည်။ ဆူဒန်လုံခြုံရေး တပ်ဖွဲ့ဝင်များအနေဖြင့် အမေရိကန်သံရုံးကို ကာကွယ်ပေးနိုင် သည်ဟုဆိုသည်။ (ဆင်ဟွာ) 

** သဘာဝဘေးကြိုတင်ကာကွယ်ရေးဂျော်ဂျီယာ၌ လေ့ကျင့်မည်**
 (တီဘီလီဆီ စက်တင်ဘာ ၁၆) သဘာဝဘေးအန္တရာယ်များကို ကြိုတင်ကာကွယ်နိုင်ရေးနှင့် ကယ်ဆယ်ရေးလုပ်ငန်းများကို လျင်မြန်စွာဆောင်ရွက်ရန် နေတိုး အဖွဲ့ဝင်နိုင်ငံများနှင့် အခြားနိုင်ငံများမှ ပြည်သူ ၁ဝဝဝ ကျော်နှင့် တပ်ဖွဲ့ဝင်များအား စုပေါင်းကာဂျော်ဂျီယာနိုင်ငံတွင် ယခုလကုန်၌ လေ့ကျင့်သွားမည် ဖြစ်ကြောင်း ယူရို-အတ္တလန္တစ် သဘာဝ ဘေးအန္တရာယ် တုံ့ပြန်ရေးဌာနမှ စက်တင်ဘာ ၁၆ ရက်တွင် သတင်းထုတ်ပြန်သည်။နေတိုးတပ်ဖွဲ့ဝင်နိုင်ငံ ၂၄ နိုင်ငံမှ ပြည်သူများနှင့် တပ်ဖွဲ့ဝင် များသည် ဂျော်ဂျီယာနိုင်ငံ မြို့တော်တီဘီလီဆီမြို့အနီးတွင် လာမည့် စက်တင်ဘာ ၂၁ ရက်မှ ၂၈ ရက်အထိ စုပေါင်း လေ့ကျင့်မှုများပြုလုပ်သွားရန် စီစဉ်ထားသည်။ ထိုသို့လေ့ကျင့် ရာတွင် သဘာဝဘေးအန္တရာယ်များ ကြိုတင် ကာကွယ်ရေး အရေးပေါ်အခြေအနေများတွင် သတင်းအချက် များပေးပို့ဖလှယ်ရေး၊ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက် ရေးများကို ကျယ်ကျယ်ပြန့်ပြန့် ပူးတွဲလေ့ကျင့်ကြမည်ဖြစ်သည်။ အဆိုပါ သဘာဝဘေးအန္တရာယ်များတွင် ရေဒီယိုသတ္တိကြွ မှုများအပါအဝင် ပင်လယ်ရေပြင်တွင် ရေနံယိုဖိတ်မှုများဆိုင်ရာ တုံ့ပြန် ဆောင်ရွက်ရေးများကိုလည်း စုပေါင်းလေ့ကျင့်ကြမည် ဖြစ်သည်။ (ဆင်ဟွာ) 

(တိုကျို စက်တင်ဘာ ၁၆) ဆန်ဘာအမည်ရှိ တိုင်ဖွန်းမုန်တိုင်းသည် ဂျပန်နိုင်ငံ အိုကီနာ ဝါကျွန်းပေါ်သို့ ဖြတ်သန်းဝင်ရောက်တိုက်ခတ်ခဲ့ပြီးနောက် စက်တင်ဘာ ၁၆ ရက် အစောပိုင်းတွင် တောင်ကိုရီးယားနိုင်ငံသို့ ဦးတည်တိုက်ခတ်နေကြောင်း ဒေသဆိုင်ရာ မိုးလေဝသခန့်မှန်းသူများ၏ ပြောကြားချက်အရ သိရသည်။ အဆိုပါ မုန်တိုင်းသည်ယင်းနေ့နံနက် ၆ နာရီခွဲတွင် အိုကီနာဝါကျွန်း အရှေ့မြောက်ပိုင်းရှိ ကုန်းတွင်းဒေသများသို့ဝင်ရောက်ခဲ့ပြီး ၄င်းကျွန်း၏ ထက်ဝက်နီးပါး မုန်တိုင်းတိုက်ခတ်ခံခဲ့ရကြောင်း တာဝန်ရှိသူများက ပြောကြားသည်။ ပျက်စီးဆုံးရှုံးမှုများ ထုတ်ပြန်ခြင်းမရှိသေးဟုဆိုသည်။ ယင်းမု န်တိုင်းသည် တစ်နာရီလျှင် ကီလိုမီတာ ၃ဝ နှုန်းဖြင့် မြောက်ဘက်သို့ ဆက်လက်ရွေ့လျားလျက်ရှိကြောင်း ဂျပန်မိုးလေဝသဌာနက သတင်းထုတ်ပြန်သည်။အဆိုပါ ဆန်ဘာမုန်တိုင်းသည် ပိုမိုအားကောင်းလာပြီး တစ်နာရီလျှင် ၁၉၄ ကီလိုမီတာမှ ၂၄၁ ကီလိုမီတာအထိ လေပြင်းများတိုက်ခတ်လာနိုင်ကြောင်း တိုင်ဖွန်းသတိပေးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။ယင်းမုန်တိုင်းသည် တရုတ်ကမ်းခြေအထက်ပိုင်းသို့ နှစ်ရက်ကြာ တိုက်ခတ်နိုင်ကြောင်း ကိုရီးယား မိုးလေဝသကြိုတင်ခန့်မှန်းရေးအဖွဲ့က ပြောကြားသည်။ (စီအင်န်အင်န်) ** ပါကစ္စတန်နိုင်ငံခြားရေးဝန်ကြီး အမေရိကန်သို့ချစ်ကြည်ရေးခရီးသွားရောက်မည်** (အစ္စလမ္မာဘတ် စက်တင်ဘာ ၁၆) ပါကစ္စတန်နိုင်ငံခြားရေးဝန်ကြီး ဟီနာရတ်ဘာနီခါသည် လာမည့်သီတင်းပတ် စက်တင်ဘာ ၁၈ ရက်မှ ၂၂ ရက်အထိ အမေရိကန်နိုင်ငံသို့  ချစ်ကြည်ရေးခရီး သွားရောက်မည်ဖြစ် ကြောင်း ပါကစ္စတန်နိုင်ငံခြားရေးဝန်ကြီးဌာနက စက်တင်ဘာ ၁၅ ရက်တွင် ပြောကြားသည်။ နိုင်ငံခြားရေးဝန်ကြီး ရတ်ဘာနီခါသည် အမေရိကန်နိုင်ငံ ဝါရှင်တန်မြို့၌ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်၊ အမျိုးသားလုံခြုံရေးအကြံပေးပုဂ္ဂိုလ် တွန်ဒိုနီလွန်၊ အမေရိကန် ကုန်သွယ်ရေးကိုယ်စားလှယ်သံတမန် ရွန်ကေရစ် နှင့် အခြားသောအရာရှိများနှင့်အတူ နှစ်ဦးနှစ်ဖက် အပြန် အလှန်ဆွေးနွေးမှုများ ပြုလုပ်သွားမည်ဖြစ်သည်။သူမအနေဖြင့် ပညာရေးဆိုင်ရာတာဝန်ရှိသူများ၊ အကြံပေးအဖွဲ့များ၏ အရေးပါသော အမေရိကန်လွှတ်တော်ကိုယ်စားလှယ်များနှင့် လည်း တွေ့ဆုံသွားမည်ဖြစ်ကြောင်း ပါကစ္စတန်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တစ်ရပ်တွင် ပြောကြားသည်။ (ဆင်ဟွာ) 

** အင်ဒိုနီးရှားနိုင်ငံ ဂျာဗားပြည်နယ်တောင်ပိုင်း၌ ငလျင်လှုပ်** 
(ဂျကာတာ စက်တင်ဘာ ၁၆) အင်ဒိုနီးရှားနိုင်ငံ ဂျာဗားပြည်နယ်တောင်ပိုင်းတွင် စက်တင်ဘာ ၁၆ ရက်က ရစ်ခ်ျတာစကေး ၅ ဒသမ ၃ အဆင့်ရှိငလျင်တစ်ခု လှုပ်သွားကြောင်း အမေရိကန် ဘူမိဗေဒဌာနက သတင်းထုတ်ပြန်သည်။ ကနဦးတိုင်းတာချက်အရ အဆိုပါငလျင်သည် ယင်းနေ့ ဂရင်းနစ်စံတော်ချိန် ၁၇ နာရီ ၃၅ မိနစ်က တောင်လတ္တီတွဒ် ၁ဝ ဒသမ ၇၆၈၁ ဒီဂရီနှင့် အရှေ့လောင်ဂျီတွဒ် ၁၁၃ဒသမ ၈၇၄၄ ဒီဂရီကြား၊ မြေအောက် ၃ဝ ဒသမ ၆ဝ ကီလိုမီတာအနက်၌ ဗဟိုပြုလှုပ်သွားခြင်းဖြစ်သည်။ (ဆင်ဟွာ) 

စုစည်းဘာသာပြန် - တင်မောင်လွင်

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)