ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Monday, September 17, 2012

>
-ယခုလအတွင်း ဟိုအကြောင်း၊ ဒီအကြောင်း ၊သူတို့အကြောင်း-
 **ဘာစီလိုနာတို့ အဝေးကွင်း၌ အောင်ပွဲခံ၊ ရီးရဲမက်ဒရစ်တို့ အမှတ်ဗလာဖြင့် အိမ်ပြန်ခဲ့ရ**

 (မက်ဒရစ် စက်တင်ဘာ ၁၆) စပိန်လာလီဂါပွဲစဉ်များကို စက်တင်ဘာ ၁၆ ရက် နံနက်က ဆက်လက်ယှဉ်ပြိုင်ကစားရာ ဂီတာဖေးနှင့် ဘာစီလိုနာတို့ပွဲ တွင် ဘာစီလိုနာတို့က နိုင်ပွဲရယူနိုင်ခဲ့သော်လည်း ဆီဗီလာနှင့် ရီးရဲမက်ဒရစ်တို့ပွဲတွင် ရီးရဲမက်ဒရစ်တို့ တစ်ဂိုး-ဂိုးမရှိဖြင့် ရှုံးပွဲကြုံခဲ့သဖြင့် နည်းပြမော်ရင်ဟို အမှတ်ဗလာဖြင့် အိမ်ပြန်ခဲ့ရသည်။ ဆီဗီလာအိမ်ကွင်း၌ ကစားရသောယခုပွဲတွင် အိမ်ရှင်ဆီဗီလာတို့က ပွဲအစ နှစ်မိနစ်မှာပင် တရိုချော စကီက ဂိုးသွင်းယူပေးခဲ့သဖြင့် စောစီးစွာ ဂိုးရရှိခဲ့သည်။ ရီးရဲမက်ဒရစ်တို့ ချေပဂိုးပြန်သွင်းနိုင်ရေးကြိုးစားခဲ့သော်လည်း တိုက်စစ်မှူးများ၏ ကန်ချက်များ မသေချာမှုကြောင့် ဂိုးမသွင်းနိုင်ခဲ့ချေ။ ဒုတိယပိုင်းပွဲချိန်တွင်လည်း ရီးရဲမက်ဒရစ်တို့ ချေပဂိုးရရှိရေး ကြိုးစားခဲ့ရာ ဟီဂူအင်၊ မာရီရာနှင့် ပီပီတို့ အဝါကတ်များထိခဲ့သည်။ ပွဲချိန်ပြည့်သည်အထိ နှစ်သင်းစလုံး ဂိုးထပ်မံမသွင်းနိုင်သဖြင့် ဆီဗီလာတို့ တစ်ဂိုး-ဂိုးမရှိဖြင့် နိုင်ပွဲရရှိ ခဲ့ခြင်းဖြစ်သည်။ တစ်ဖန် ဂီတာဖေးနှင့် ဘာစီလိုနာအသင်းတို့ပွဲတွင် ဘာစီလိုနာအတွက် ၃၂ မိနစ်၌ အက်ဒရီရာနိုက ဂိုးသွင်းယူပေးနိုင်ခဲ့သည်။ ဆက်လက်ပြီး ပွဲချိန် ၇၄ မိနစ်၌ ပယ်နယ်တီမှတစ်ဆင့် မက်ဆီက တစ်ဂိုးသွင်းယူပြီး ၇၈ မိနစ်တွင် မက်ဆီကပင် တစ်ဂိုးထပ်မံသွင်းယူပေးခဲ့သည်။ သို့သော် ပွဲချိန် မိနစ် ၈ဝ ၌ ဂီတာဖေးတိုက်စစ်မှူး ကန်သွင်းသော ဘောလုံးမှာ မာချေယာနိုနှင့်ထိ၍ ဘောလုံးရှင်းထုတ်ရင်း ဂိုးဝင် သွားသဖြင့်  ဂီတာဖေးတို့ လက်ဆောင်ချေပဂိုးရရှိ သွားသည်။ သို့သော် ပွဲချိန် မိနစ် ၉ဝ ၌ ဗီင်္လာက တစ်ဂိုးသွင်းယူခဲ့သဖြင့် ပွဲအပြီး ဘာစီလိုနာတို့က လေးဂို-တစ်ဂိုးဖြင့် နိုင်ပွဲရရှိခဲ့သည်။

**အာဆင်နယ်နှင့် မန်ယူ ဂိုးပြတ်အောင်ပွဲခံ ....ချယ်လ်ဆီးနှင့် မန်စီးတီး သရေပွဲကြုံ**
 (လန်ဒန်၊ စက်တင်ဘာ၊ ၁၅) အင်္ဂလိပ်ပရီမီယာလိဂ်ပွဲစဉ် (၄) ဘောလုံးပြိုင်ပွဲများကို စက်တင်ဘာ ၁၅ ရက် ညပိုင်းက ယှဉ်ပြိုင်ကစားကြရာ အာဆင်နယ်၊ မန်ယူတို့ ဂိုးပြတ်အနိုင်ရပြီး ချယ်လ်ဆီးနှင့် မန်စီးတီးတို့ သရေပွဲကြုံခဲ့ရသည်။ အာဆင်နယ်နှင့် ဆောက်သမ်ပတန်အသင်းတို့ ယှဉ်ပြိုင်ကစားသည့်ပွဲတွင် ဆောက် သမ်ပတန်တို့၏ ကိုယ့်ဂိုးကိုယ်ပြန်သွင်းသည့် နှစ်ဂိုးအပါအဝင် စုစုပေါင်း အာဆင်နယ်က ခြောက်ဂိုး- တစ်ဂိုးဖြင့် အနိုင်ရလိုက်သည်။ အာဆင်နယ်အတွက် ဂိုးများကို ပိုဒေါစကီးက တစ်ဂိုး၊ ဂါဗင်ဟို နှစ်ဂိုး၊ ဝဲလ်ကော့ တစ်ဂိုးသွင်းယူခဲ့ကြသည်။ ဆောက်သမ်ပတန်အသင်းမှ ဟူးဗီးနှင့် ကလိုင်းတို့က ကိုယ့် ဂိုးကိုယ်ပြန်သွင်းမိ၍ အာဆင်နယ်ကလက်ဆောင်ဂိုးနှစ်ဂိုးရရှိ ကာ ခြောက်ဂိုး-တစ်ဂိုးဖြင့် အနိုင်ရလိုက်ခြင်းဖြစ်သည်။ ဆောက်သမ်ပတန်အတွက် တစ်လုံး တည်းသောချေပဂိုးကို ဖောစ်ကသွင်းယူခဲ့သည်။ မန်ယူနှင့်ဝီဂန်တို့ပွဲတွင် မန်ယူက လေးဂိုးပြတ်ဖြင့် အနိုင်ရခဲ့သည်။ မန်ယူတို့ပွဲအစတွင် ဟာနန်ဒက် ပယ်နယ်တီရ သော်လည်း လွဲချော်ခဲ့သည်။ ပွဲချိန် ၅၁မိနစ်ရောက်မှ ပေါလ်စခိုးလ်က မန်ယူ အတွက် ဂိုးသွင်းယူခဲ့သည်။ ထို့နောက်ဟာနန်ဒက်၊ ဘတ်တနာ၊ ပိုးဝဲလ်တို့က တစ်ဂိုးစီသွင်းယူခဲ့သဖြင့် မန်ယူတို့ဂိုးပြတ် အနိုင်ရခဲ့သည်။ချယ်လ်ဆီးက ကျူပီအာ အိမ် ကွင်းသို့သွားရောက်ကစားရာ ဂိုးမရှိသရေပွဲဖြစ်ခဲ့သည်။ ထို့အတူ မန်စီးတီး ကလည်း စတုတ်အိမ်ကွင်းတွင် တစ်ဖက်တစ်ဂိုးစီ သရေပွဲဖြစ်သွားသည်။ အခြား ပွဲများအဖြစ် နော့ဝှစ်နှင့်ဝက်စ်ဟမ်းပွဲတွင်ဂိုးမရှိ သရေ၊ ဗီလာက ဆွမ်ဆီးကို နှစ်ဂိုး- ဂိုးမရှိ၊ ဖူလ်ဟမ်က ဝက်စ်ဘရွန်းကိုသုံးဂိုး-ဂိုးမရှိ အသီးသီးအနိုင်ရခဲ့သည်။

**ဂျူဗင်တပ်စ်နှင့် လာဇီယို ရာနှုန်းပြည့် တာထွက်ကောင်းနေ**
 (ရောမ၊ စင်တင်ဘာ ၁၆) အီတလီစီးရီးအေ ပွဲစဉ်(၃) ဘောလုံးပြိုင်ပွဲများကို စက်တင်ဘာ ၁၆ ရက် ညပိုင်းက ယှဉ်ပြိုင်ကစားခဲ့ရာ ဂျူဗင်တပ်စ်နှင့် လာဇီယို အသင်းတို့သည် ယခုနှစ်ရာသီတွင် နိုင်ပွဲများဆက်နိုင်ခဲ့ပြီး ရာသီအစ တွင် ရာနှုန်းပြည့်တာထွက်ကောင်းနေခဲ့သည်။ ဂျူဗင်တပ်စ်တို့ ဂျီနိုအာအိမ်ကွင်းသို့ သွားရောက်ကစားခဲ့ရာ သုံးဂိုး-တစ်ဂိုး ဖြင့်အနိုင်ရလိုက်သည်။ အိမ်ရှင်ဂျီနိုအာအသင်းအတွက် တစ်လုံးတည်းသောဂိုးကို ပွဲစပြီး ၁၈ မိနစ်အကြာ အမ်မိုဘိုင်းက သွင်းယူပေးခဲ့သည်။ ယင်းဂိုးသွင်းပြီးနောက် ဂျူဗင်တပ်စ်တို့ ချေပဂိုး ရရှိရေး အကြိတ်အနယ်ကြိုးစားခဲ့သော်လည်း ပထမပိုင်းပြီးသည် အထိ ချေပဂိုးမသွင်းနိုင်ခဲ့ပေ။ ဒုတိယပိုင်း ပွဲချိန် ၆၁ မိနစ်ရောက်မှ ဂျူဗင်တပ်စ်အသင်း အတွက် ချေပဂိုးကို ဂျီယာချာရီနီက သွင်းယူပေးခဲ့သည်။ ပွဲချိန် ၇၈ မိ နစ်တွင် ဗူစီနစ်က ပယ်နယ်တီမှတစ်ဆင့် ဂျူဗင်တပ်စ်အတွက် ဒုတိယအနိုင်ဂိုးသွင်းယူပေး နိုင်ခဲ့သည်။ တတိယမြောက် ဂိုးကို အဆာမို့ခ်ျက ပွဲပြီးရန် ငါးမိနစ်အလိုတွင် သွင်းယူ ပေးခဲ့သည်။ ဂျူဗင်တပ်စ်တို့ ယင်းပွဲအနိုင်ရလိုက်၍ ယခုနှစ်ရာသီတွင် သုံးပွဲ ဆက်တိုက်အနိုင်ရရှိကာ ၁ဝဝ ရာခိုင်နှုန်းအောင်မြင်မှုရရှိနေသည်။ အလားတူ လာဇီယိုကလည်း ချီယေဗိုအိမ်ကွင်းသို့ သွားရောက်ကစားခဲ့ရာ သုံးဂိုး-တစ်ဂိုးဖြင့်နိုင်ပြီး သုံးပွဲဆက်တိုက်အနိုင်ရရှိကာ ၁ဝဝ ရာခိုင်နှုန်းတာထွက် ကောင်းနေဆဲဖြစ်သည်။ လာဇီယိုအသင်းအတွက် ဂိုးများကို ဟာနန်နက်စ်နှစ်ဂိုးနှင့် ကလိုဆေးတစ်ဂိုးသွင်းယူခဲ့သည်။အခြားပွဲများအဖြစ် ဘိုလော့နာက ရိုးမားကို သုံးဂိုး-နှစ်ဂိုး၊ ဖီအိုရင်တီးနားကကာတာနီးယားကိုနှစ်ဂိုး-ဂိုးမရှိ၊နာပိုလီက ပါးမားကိုသုံးဂိုး-တစ်ဂိုး၊ ဆမ်ဒိုးရီးယား ကပက်စ်ကာရာကို သုံးဂိုး-နှစ်ဂိုးဖြင့် အသီးသီးအနိုင်ရခဲ့ပြီး ဆီနာနှင့်အူဒီးနိစ်တို့ပွဲတွင်တစ် ဖက်နှစ်ဂိုးစီဖြင့် သရေပွဲဖြစ်သွားခဲ့သည်။ (အင်တာနက်)

 စုစည်းဘာသာပြန် - အာကာကျော်

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)