-ဘ၀အမောပြေ-
ဒေါ်ထိပ်ထားခင်က စည်းကမ်း
သိပ်ကြီးတယ်..ညစာစားဖို့စားပွဲထိုင်ပြီးကြပြီ ဆိုတာနဲ့ ဘာစကားမှမပြောရဘူး..တစ်ရက်မှာ ညစာစားဖို့စားပွဲထိုင်နေကြတုန်း ရေးကြီးသုတ်ပြာနဲ့ သားကြီးရောက်လာတယ်..ပြီးတော့….. '''အမေ''' 'စကားမပြောရဘူးဆိုတာမသိဘူးလား.. ဟိုဘက်မှာထိုင်ပါ..'' ''ဟို..ကျွန်တော်..''' ''ပြောစရာရှိရင်စားပြီးမှပြောလို့ပြောထားတယ်လေ..'' ဒီလိုနဲ့ထမင်းစားပြီးကြတော့ ''ကဲပြောဘာလဲ'' '''ညီမလေးရေတွင်းထဲကျသွားလို့…'''
၂။** ကြိုက်တာဝယ်စားး..* *
အမေရိကန်နိုင်ငံ၌၀က်မွေးမြူသူထံသို့ တစ်နေ့သောအခါလူကြီးလူကောင်းတစ်ဦး ရောက်ရှိလာပြီး စုံစမ်းလေသည်။ ခင်ဗျားရဲ့ဝက်တွေကိုဘယ်လို အစာကျွေးသလဲဗျ "ကျွန်တော့်ဝက်တွေကိုထမင်းကျန်ဟင်းကျန်တွေနဲ့ဟင်းသီးဟင်းရွက် အပုပ်တွေရောစပ်ပြီး ကျွေးပါတယ်.. ကြားရတာစိတ်မကောင်းစရာပဲ ကျွန်တော်ကကမ္ဘာ့တိရစ္ဆာန်များထိန်းသိမ်း စောင့်ရှောက်ရေးအဖွဲ့ကအရာရှိပါ..အခုလိုကျန်းမာရေးနဲ့
မညီညွှတ်တဲ့အစားအစာတွေ ကျွေးမှုအတွက်ဒေါ်လာငါးရာဒဏ်ငွေရိုက်ရပါလိမ့်မယ်.." ဒဏ်ငွေဆောင်ပြီး ၃လခန့်ကြာပြန်သော် နောက်ထပ်လူကြီးလူကောင်းတစ်ယောက် ရောက်လာပြီး စုံစမ်းပြန်သည်။ ခင်ဗျားဝက်တွေကို ဘယ်လိုအစာကျွေး သလဲဗျ ဟုတ်ကဲ့..ပေါင်မုန့်ပူတင်း..ဒိန်ခဲ..အာလူး..ကြက်ပေါင်းနဲ့ဗိုက်တာမင်အားဆေးတွေ ရောစပ်ပြီး ကျွေးပါတယ်... အားပါး..အံ့သြစရာပဲ..ကျွန်တော်ကကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ကအရာရှိပါ..ကမ္ဘာကြီးရဲ့ လူဦးရေ လေးပုံတစ်ပုံလောက် နှစ်စဉ်အငတ်ဘေးကြုံနေတာတောင်ကိုမှ ခင်ဗျားက ခြိုးခြံမှု မရှိဘဲ ဖြုန်းတီးပစ်နေတာ အဲ့ဒီအတွက် ခင်ဗျားကို ဒေါ်လာတစ်ထောင်ဒဏ်ငွေ ရိုက်ပါတယ်.. ဒဏ်ငွေဆောင်ပြီးများမကြာမီ နောက်တစ်ဦးလာပြန်လေသည်။ ခင်ဗျားဝက်တွေကို ဘယ်လိုအစာတွေကျွေး ပါသလဲခင်ဗျာ........................ တစ်ကောင်ကို တစ်ဒေါ်လာစီပေးပြီး ကြိုက်တာဝယ်စားလို့ပြောလိုက်ပါတယ်..
**ရန်ကင်းသား**

No comments:
Post a Comment