ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Monday, September 24, 2012

>
-လမ်းပေါ်က ကျောက်တုံး-
တစ်ရက်မှာ လယ်သမားတစ်ယောက်ဟာ သူ့ရဲ့လယ်ကနေ မြို့ကိုပြန်အလာ လမ်းလယ်ကောင် တည့်တည့်မှာ ကျောက်တုံးကြီးတစ်တုံး ပိတ်ဆို့နေတာကို တွေ့လိုက်ရပါတယ်။ လမ်းကလေးက ခပ်သေးသေးမို့ ပိတ်နေတဲ့ ကျောက်တုံးကြောင့် ချောက်ကမ်းပါးနားကနေ ကပ်ပြီး ကျော်သွားရပါတယ်။ လယ်သမားဟာ အဲဒီကျောက်တုံးကြီး ဘေးကနေ ကျော်ဖြတ်ရင်း ပါးစပ်ကလည်း “ ဘယ်သူကများ ဒီကျောက်တုံးကို လမ်းမလယ်ကောင် ပိတ်ထားအောင် လုပ်ထားတာပါလိမ့်။ လမ်းသွားလမ်းလာတွေ ခက်ခဲမယ်ဆိုတာ မသိဘူးလား မသိဘူး။ လူတွေဟာ ကိုယ်ချင်းစာစိတ်ကို မရှိကြဘူး။ ဒီကျောက်တုံးကြီး ပိတ်နေတာကို ဘယ်သူ တစ်ယောက်ကမှလည်း ဖယ်ပစ်လိုက်ကြဖို့ စိတ်ကူး မရှိကြဘူးလား မသိဘူး” လို့ တစ်တွတ်တွတ် ရေရွတ်ရင်း ကျောက်တုံးကြီးကို ကျော်ဖြတ် သွားလိုက်ပါတယ်။ နောက်တစ်ရက်မှာ ကုန်သည်တစ်ယောက်က အဲဒီနေရာကို ရောက်လာပြန်ပါတယ်။ သူကလည်း လမ်းလယ်ကောင်က ကျောက်တုံးကြီးကိုကြည့်ပြီး မနေ့က လူလိုဘဲ ပါးစပ်က မြည်တွန် ရေရွတ်ပါတယ်။ “ကျောက်တုံးကြီးက လမ်းပေါ်မှာ ပိတ်နေတော့ လမ်းကိုဖြတ်သွားဖြတ်လာ လုပ်တဲ့သူတွေ အတွက် အခက်အခဲဖြစ်ရတယ်။ ဘယ်သူကမှလည်း ဒီကျောက်တုံးကို မဖယ်ကြဘူး။ မတော် ချောက်ထဲ ပြုတ်ကျကုန်ရင် ဘယ်လိုလုပ်မလဲ” စသဖြင့် ပါးစပ်က ပြောဆိုပြီးနောက် ကျောက်တုံးကိုကွေ့ပြီး ကမ်းပါးနားကနေ ကပ်သွားလိုက်ပြန်ပါတယ်။ နောက်တစ်ခါ အဲဒီနေရာကို လူငယ်လေးတစ်ယောက် ရောက်လာပြန်တော့ ကျောက်တုံးကိုမြင်လိုက်တယ် ဆိုရင်ဘဲ တစ်ခြားသူတွေ ဒီနေရာကို ဖြတ်သွား ဖြတ်လာလုပ်လို့ ကျောက်တုံးက ပိတ်နေတဲ့အတွက် ချောက်ကမ်းပါးနား ကပ်ပြီး သွားရတဲ့အခါ မတော်တဆ ပြုတ်ကျမှာကို တွေးလိုက်မိပြီး ကျောက်တုံးကို ဖယ်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ သူဟာ အင်အားအကုန် ထုတ်သုံးပြီး ကျောက်တုံးကြီးကို ချောက်ထဲကျသွားအောင် လမ်းပေါ်ကနေ တွန်းဖယ်လိုက်ပါတယ်။ ကျောက်တုံးက အတော်ကြီးတာကြောင့် တော်တော်လေးကို အင်အားစိုက်ထုတ်ရပါတယ်။ ဒါပေမဲ့ သူဟာ ဘာမှ ပြောဆိုငြီးတွားမနေဘဲ ကျောက်တုံးကြီးကိုသာ လမ်းဘေးကျသွားအောင် ဖယ်ထုတ်ဖို့ ကြိုးစားအားထုတ်ပါတယ်။ မကြာခင်မှာဘဲ ကျောက်တုံးကြီးလဲ ဘေးကို လိမ့်ဆင်းကျသွားပါတော့တယ်။ ကျွန်မတို့ ငယ်ငယ်က သင်ခဲ့ရတဲ့ ပုံပြင်ထဲက အတိုင်းသာ ဆိုရင်တော့ ကျောက်တုံးအောက်မှာ ရတနာသေတ္တာလေး တွေ့ကောင်းတွေ့ရပါလိမ့်မယ်။ ဒါပေမဲ့ အခုကတော့ ရတနာသေတ္တာတွေ ဘာတွေ ရှိမနေပါဘူး။ အဲဒီ ကျောက်တုံးနေရာလေးမှာ စာရွက်လေး တစ်ရွက်သာ ပေါ်လာတာကို တွေ့လိုက်ရပါသတဲ့။ လူငယ်လေးဟာ စာရွက်လေးကို ဖွင့်ကြည့်လိုက်တဲ့အခါမှာတော့ “သင်ဟာ အပြောထက် လက်တွေ့ အလုပ်လုပ်တဲ့သူ တစ်ယောက်ပါ ” လို့ ရေးထားတာကို တွေ့လိုက် ရပါတော့တယ်။ ဒီဇာတ်လေးဖတ်ပြီး စဉ်းစားမိတာက ဇာတ်လမ်းထဲက လူ၂မျိုး၂စား မှာ တစ်မျိုးက ကိုယ်တိုင်က အလုပ်မလုပ်ဘဲ သူတစ်ပါးကိုသာ ကဲ့ရဲ့အပြစ်တင် ပြောဆိုတတ်တဲ့ အပြောသက်သက် သမားနဲ့ ဘယ်သူ့ကိုမှ ပြောဆိုမနေဘဲ လုပ်စရာရှိတာကို လုပ်သွားတတ်တဲ့ သူတွေပါ။ လမ်းပေါ်မှာ ကျောက်တုံးတွေ တွေ့ခဲ့ရင် ကိုယ်တိုင်က ဘာမှမလုပ်ဘဲ ပါးစပ်က ရေရွတ်ရင်း ကျော်သွားတဲ့သူလား၊ ကျောက်တုံးကို ဘေးကို တွန်းဖယ်မဲ့သူလား ဆိုတာ ကျွန်မကိုယ်တိုင်လည်း ဘယ်ထဲမှာပါနေမလဲလို့ စဉ်းစားမိရင်း မိတ်ဆွေတို့ကရော ဘယ်လိုလူစားထဲမှာ ပါနေမလဲလို့ စဉ်းစား ကြည့်ရအောင်လား။

**အစိမ်းရောင်လွင်ပြင်**

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)