-လူထုကျန်းမာရေး (သာမန်ထက်အချိန်ကြာမြင့်စွာ ကိုယ်လက်လေ့ကျင့် ခန်းမပြုလုပ်သင့်)-
**Public Health**
ကိုယ်အလေးချိန် ကျဆင်းစေရန်အတွက် နေ့စဉ်ကိုယ်လက်လေ့ကျင့်ခန်းကို သာမန်ထက် အချိန်ကြာမြင့်စွာ
ပြုလုပ်ခြင်းသည် ခန္ဓာကိုယ်အတွက်
ကယ်လိုရီများ ကုန်ခန်းစေသည့်အပြင် နှလုံးရောဂါဖြစ်ပွားစေနိုင်ကြောင်း အမေရိကန်ဆေးဘက်ဆိုင်ရာ သုတေသနပညာရှင်များက ပြောကြားသည်။
အဝလွန်သည့်သူများနှင့် ကိုယ်အလေးချိန် များပြားသူများသည် တစ်နေ့လျှင် မိနစ် ၃ဝ မှ မိနစ် ၅ဝ အထိသာ
ကိုယ်လက်လှုပ်ရှားမှု
လေ့ကျင့်ခန်းများကို ပြုလုပ်သင့်ကြောင်း၊ ထို့ထက်ပိုမိုအချိန်ကြာမြင့်စွာ ကိုယ်လက်လေ့ကျင့်ခန်း ပြင်းထန်
စွာပြုလုပ်ပါက ခန္ဓာကိုယ်အကျိုးပြု ကယ်လိုရီ
ဓာတ်များဆုံးရှုံးစေသည်ဟု ၄င်းတို့က ပြောကြားသည်။
ထို့အတူ နေ့စဉ်ပင်ပန်းသည့် ကိုယ်လက်လေ့ကျင့်မှုများကို အချိန်ကြာမြင့်စွာပြုလုပ်ပါက နှလုံးကျန်းမာရေး ကို ထိခိုက်စေနိုင်ကြောင်း၊ ခန္ဓာကိုယ်ကို ပင်ပန်းစေသည့် လေ့ကျင့်ခန်းများဖြစ်သည့် အလေးမခြင်း၊ အမြန်ပြေးခြင်းစသည်များကို တစ်ဆက်တည်း အချိန်ကြာမြင့်စွာပြုလုပ်ပါက နှလုံး၏ လုပ်ငန်းစဉ်များအပေါ်ထိခိုက်စေသည်ဟု ၄င်းတို့ကပြောကြားသည်။ ထိုသို့ ကိုယ်လက်လှုပ်ရှားမှုလေ့ကျင့်ခန်းများတွင် နေ့စဉ်ပုံမှန်လှုပ်ရှားသွားလာမှုနှင့် အိမ်မှုကိစ္စများအပြင် လုပ်ငန်းခွင်တွင် အလုပ်လုပ်ကိုင်သွားလာ သည့်အချိန်များ မပါဝင်ကြောင်း ၄င်းတို့က ဆက်လက်ပြောကြားသည်။
စုစည်းဘာသာပြန် - ဝေယံဦး

No comments:
Post a Comment