-ယခုလအတွင်း ဟိုအကြောင်း၊ ဒီအကြောင်း၊ သူတို့အကြောင်း-
**ရုပ်ရှင်မင်းသမီး လင်ဆေးလိုဟန်ယာဉ်တိုက်မှု ဖြင့်  အဖမ်းခံရပြန်**
(နယူးယောက် စက်တင်ဘာ ၂ဝ)
ကမ္ဘာကျော် ရုပ်ရှင်မင်းသမီးလင်ဆေးလိုဟန် အား
စက်တင်ဘာ ၁၉ ရက် နံနက်ပိုင်းကနယူးယောက်မြို့၌ ရဲတပ်ဖွဲ့က ဖမ်းဆီး
လိုက်သည်။မင်းသမီး လင်ဆေးလိုဟန်အားရဲတပ်ဖွဲ့ က လူတစ် ဦးကို ¤င်း၏
ကားဖြင့် တိုက်ခဲ့မှုဖြင့် ဖမ်းဆီးလိုက်ခြင်းဖြစ်သည်။ သူမသည် နယူးယောက်မြို့
ဒရင်းဟိုတယ် ယာဉ်ရပ်နားစခန်းအတွင်းသို့ ၄င်း၏ကားဖြင့် ဝင်ရောက်စဉ်
နောက်ဘက်စားသောက်ဆိုင် တစ်ဆိုင် မှဝန်ထမ်းတစ်ဦးအား ကားဖြင့် တိုက်မိ သွားသည်ဟု
နယူးယောက် ရဲတပ်ဖွဲ့မှပြောရေးဆို ခွင့်ရှိသူ ရဲတပ်ကြပ်ကြီး
ဂျွန်ဘတ်သရွ န်းက ပြောကြားသည်။အဆိုပါစားသောက်ဆိုင် ဝန်ထမ်းသည်ဒူးခေါင်းဒဏ်ရာရပြီး
ဆေးရုံတင်ပို့လိုက်ရကြောင်း ရဲတပ်ဖွဲ့က ဆက်လက်
ပြောကြားသည်။ မင်းသမီးလင်ဆေးလိုဟန်သည် ၂ဝဝ၇ ခုနှစ်ကလည်း မူးယစ်
သောက်စား ယာဉ်မောင်းမှုကြောင့်ယာဉ်တိုက်မှု နှစ်မှုဖြစ်ပွားကာ အဖမ်းခံ
ခဲ့ရသည်။လင်ဆေးလိုဟန်သည် ၂ဝဝ၇ ခုနှစ်က မူးယစ်ဆေးဝါးနှင့် အရက်စွဲမှုကြောင့်
ပြန်လည်ထူထောင်ရေးစခန်းတစ်ခုတွ င် ရက်ပေါင်း ၂၅ဝ ကြာအောင် နေခဲ့ရ
သည်ဟု ဆိုသည်။ အသက် ၂၆ နှစ်အရွယ်ရှိ မင်းသမီးလင်ဆေးလိုဟန် သည်
ရုပ်ရှင်လောကနှင့် အဆက်ပြတ်နေခဲ့ပြီးနောက် မကြာမီ ရုပ်ရှင်ပြန်ရိုက်ရန်
စီစဉ်လျက်ရှိသည်။ (ဆင်ဟွာ)
**ချယ်လ် ဆီးနှင့်ဂျူဗင်တပ်စ် အဖွင့်ပွဲတွင် တစ်မှတ်စီခွဲ ဝေယူ**
(လန်ဒန် စက်တင်ဘာ ၂ဝ
)ချန်ပီယံလိဂ်အုပ်စုပြိုင်ပွဲများကို စက်တင်ဘာ ၂ဝ ရက် နံနက်ပိုင်းက ဆက်လက်ယှဉ်ပြိုင်
ကစားခဲ့ရာအုပ်စု(E) မှ လက်ရှိချန်ပီယံ ချယ်လ်ဆီးအသင်းသည် အိမ်ကွင်း၌ အီတလီ
စီးရီးအေကလပ် ဂျူဗင်တပ်စ်နှင့်ယှဉ်ပြိုင်ကစားကြရာ တစ်ဖက်နှစ်ဂိုးစီ သရေပွဲဖြစ်သွားခဲ့သည်။
ချယ်လ်ဆီးတို့ ချန်ပီယံလိဂ်ဖလားကို ကာကွယ်ရန် အဖွင့်ပွဲစဉ်ကြိုးပမ်းမှုမှာ မအောင်မြင်ဘဲ
ဖြစ်သွားခဲ့ရသည်။ သို့သော် ချယ်လ်ဆီးအတွက် သွင်းဂိုးများကို နွေရာသီက ခေါ်ယူခဲ့သည့်
ဘရာဇီးကစားသမား အော်စကာက ပွဲချိန် ၃၁ မိနစ်နှင့် ၃၃ မိနစ်တို့တွင် ဆက်တိုက်ဂိုးများ
သွင်းယူခဲ့သည်။သို့သော်လည်း အီတလီစီးရီးအေ ချန်ပီယံဂျူဗင်တပ်စ်အသင်းသည်
ချပဂိုးသွင်းနိုင်ရေး တန်ပြန်တိုက်စစ်ဆင်ကစားခဲ့ရာ ပွဲချိန် ၃၈ မိနစ်တွင် ဗီဒယ်ကချေပဂိုးစတင်သွင်းယူပေးခဲ့သည်။ဂျူဗင်တပ်စ်အသင်းသည် အီတလီစီးရီးအေ
တွင် ၄၂ ပွဲရှုံးပွဲမရှိ စံချိန်တင်ထားသည့်အသင်းဖြစ်သည်။ ဂျူဗင်တပ် စ်အတွ က်
ဒုတိယမြောက် ချေပဂိုးကိုလူစားဝင်လာသူ ကွာဂလီယာရယ်လာက ပွဲချိန် မိနစ် ၈ဝ
တွင် သွင်းယူပေးခဲ့ခြင်းဖြစ်သည်။ချယ်လ်ဆီးအသင်းမှ အော်စကာသည် ယင်းပွဲတွင်
ခြေစွမ်းပြကစားခဲ့သည်။၎င်းအား ချယ်လ်ဆီးက ပြီးခဲ့သောနွေရာသီတွင် ပေါင် ၂၅
သန်းဖြင့်ခေါ်ယူခဲ့ခြင်းဖြစ်သည်။ ချယ်လ်ဆီးရော ဂျူဗင်တပ်စ်ပါ ပထမပိုင်းတွင်
အကောင်းဆုံး ကစားနိုင်ခဲ့သည်။ ချယ်လ်ဆီးနှင့် တစ်အုပ်စုတည်းမှ ယူကရိန်းကလပ်
ရှက်တာဒိုးနက်ကနော့ဂျေးလန်ကလပ်ကို နှစ်ဂိုးပြတ်ဖြင့်အနိုင်ရလိုက်၍ အုပ်စုထိပ်ဆုံးသို့
ရောက်ရှိသွားခဲ့သည်။ (အေအက်ဖ်ပီ)
**မိုက်ကယ်ကာရစ်၏ ဂိုးဖြင့် မန်ယူတို့ ဂါလာတာစာရေးကိုနိုင်**
(လန်ဒန် စက်တင်ဘာ ၂ဝ)
ချန်ပီယံလိဂ်အုပ်စု ဘောလုံးပြိုင်ပွဲများကို စက်တင်ဘာ
၂ဝ ရက် နံနက်ပိုင်းက ဆက်လက်ကျင်းပရာ အုပ်စု (H)မှ
မန်ယူက အိမ်ကွင်း၌ တူရကီကလပ် ဂါလာတာစာရေး
ကလပ်ကို တစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရလိုက်သည်။
မန်ယူအတွက် တစ်လုံးတည်းသော အနိုင်ဂိုးကို
မိုက်ကယ်ကာရစ်က ပွဲစပြီး ခုနစ်မိနစ်အကြာတွင် သွင်းယူ
ပေးခဲ့ခြင်းဖြစ်သည်။ တူရကီကလပ် ဂါလာတာစာရေးအသင်းမှ
ယူမွတ်ဘူတွတ်ကို ဗီဒစ်ကြမ်းတမ်းစွာ ကစားခဲ့၍ ပယ်နယ်တီ
တောင်းဆိုခဲ့သော်လည်း ဂါလာတာစာရေးက ပယ်နယ်တီ
ကန်သွင်းခွင့်မရခဲ့ပေမန်ယူတို့ အစောပိုင်းအနိုင်ဂိုးဖြင့် ဂါလာတာစာရေးကို အသာစီးဖြင့်
ကစားနိုင်ခဲ့သည်။ နာနီအပိုင်ကန်သွင်းသော ဘောလုံးကို ဂါလာတာစာရေး
အသင်းဂိုးသမား မူစလီယာကာကွယ်ပေးနိုင်ခဲ့သည်။ မန်ယူကစားသမားဖလက်ချာသည်
၁၁ လကြာ အနားယူနေရာမှ အရန်မှ ဝင်ကစားခဲ့သည်။
ပွဲပြီးရန် ၁၁ မိနစ်အလိုတွင် ဖလက်ချာပါဝင်လာမှုကြောင့် ကွင်းလယ်ကစားကွက်
ပိုကောင်းလာသည်။ မန်ယူ၏ ယင်းအနိုင်ပွဲသည် နည်းပြဖာဂူဆန်
နည်းပြသက်တမ်းတစ်လျှောက် ချန်ပီယံလိဂ် အကြိမ် (၁ဝဝ) မြောက် နိုင်ပွဲဖြစ်သည်။ (အေပီ)
**ဘာစီလိုနာနှင့် ဘိုင်ယန်မြူးနစ်ချန်ပီယံလိဂ်တာထွက်ကောင်း**
(ဘာစီလိုနာ စက်တင်ဘာ ၂ဝ)
ချန်ပီယံလိဂ်အုပ်စုပြိုင်ပွဲများကို စက်တင်ဘာ ၂ဝ ရက်
နံနက်ပိုင်းက ဆက်လက်ယှဉ်ပြိုင်ကစားကြရာ အုပ်စု (ွ)မှ
ဘာစီလိုနာအသင်းက စပါးတပ်စ်မော်စကိုအသင်းကို သုံးဂိုး-
နှစ်ဂိုးဖြင့် အနိုင်ရလိုက်၍ ဘာစီလိုနာတို့ ပွဲဦးထွက်ကောင်းသွား
သည်။ အိမ်ရှင် ဘာစီလိုနာအသင်းအတွက် အဖွင့်ဂိုးကို
ခရစ္စတီယန်တယ်လိုက သွင်းယူခဲ့သည်။ သို့သော်လည်း
ရုရှားကလပ် စပါးတပ်စ်မော်စကိုတို့ အယ်လ်ဗတ်၏ ကိုယ့်
ဂိုးကိုယ် ပြန်သွင်းသည့်ဂိုးဖြင့် လက်ဆောင်ဂိုး ရလိုက်သည်။
ယင်းဂိုးသွင်းပြီးနောက် ပွဲချိန် ၅၈ မိနစ်တွင် ရိုမူလိုက မော်စကို
အတွက် သွင်းယူခဲ့သည်။ ပွဲချိန် မိနစ် ၈ဝ ပြည့်ချိန်မှာတော့
ဘာစီလိုနာ နာမည်ကျော်တိုက်စစ်မှူး မက်ဆီက ခေါင်း
တိုက်ဂိုးဖြင့် ဘာစီလိုနာကို အနိုင်ပေးခဲ့သည်။
အခြားအုပ်စုပွဲများအဖြစ် ဘိုင်ယန်မြူးနစ်က
ဗလင်စီယာကို နှစ်ဂိုး-တစ်ဂိုးဖြင့် နိုင်ခဲ့သည်။ ဆဲလ်တစ်နှင့်
ဘင်ဖီကာတို့ပွဲတွင် ဂိုးမရှိသရေပွဲ ဖြစ်သွားခဲ့သည်။
လိုင်လီက ကိတ်ဘာရစ်ဆော့အသင်းကို သုံးဂိုး-တစ်ဂိုး
ဖြင့်ရှုံးခဲ့သည်။ ရိုမေးနီးယားကလပ် စီအက်ဖ်အာက ဘရာဂါ
အသင်းကို နှစ်ဂိုးပြတ်ဖြင့် အနိုင်ရလိုက်သည်။ (ရိုက်တာ) စုစည်းဘာသာပြန် - အာကာကျော်

No comments:
Post a Comment