-ယခုလအတွင်း နိုင်ငံတကာထူးခြားသတင်းများ-
**ကိုလံဘီယာ၏ထိပ်တန်း
မူးယစ်ရာဇာဖမ်းဆီးလိုက်ပြီ**
(ဘိုဂိုတာ စက်တင်ဘာ ၂ဝ)
ကိုလံဘီယာနိုင်ငံ၏ ထိပ်တန်းမူးယစ်ရာဇာတစ်ဦး
ဖြစ်သည့် အီလိုကိုဘာရီရာဟု လူသိများသော ဒါနီရယ် ဘာရီ
ရာကို စက်တင်ဘာ ၁၈ ရက်က ဖမ်းဆီးလိုက်ပြီဖြစ်ကြောင်း
ကိုလံဘီယာသမ္မတ ဂျူအန်မန်ညူရယ်ဆန်တို့စ်ကထုတ်
ဖော်ပြောကြားခဲ့သည်။မူးယစ်ဆေးဝါးများရောင်းဝယ်ဖောက်ကားသူ
ဘာရီရာကို ကိုလံဘီယာ ၊ဗြိတိန်၊ အမေရိကန်နှင့် ဗင်နီဇွဲလားနိုင်ငံတို့ ပူးပေါင်းစစ်ဆင်
ရေးဆောင်ရွက်စဉ်အတွင်း ကိုလံဘီယာနယ်စပ်အနီး ဗင်နီ
ဇွဲလားနိုင်ငံအနောက်ပိုင်း ဆန်ခရစ္စတိုလယ်လ်မြို့မှ ဖမ်းဆီးခဲ့
ခြင်းဖြစ်သည်။ ၄င်းသည် ယခုအခါတွင် အလိုအရှိဆုံး မူးယစ်
ဆေးဝါးရောင်းဝယ် ဖောက်ကားသူတစ်ဦးဖြစ်ပြီး ကိုလံဘီယာ
နှင့်ကမ္ဘာတစ်ဝန်းတွင် ရာဇဝတ်မှုများကို နှစ်ပေါင်း ၂ဝ
ကျော်ကြာ လုပ်ဆောင်ခဲ့သူဖြစ်သည်။ ၄င်းသည် ကိုလံဘီယာ
လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့များ၊ အခြားလက်နက်ကိုင်
အဖွဲ့များနှင့်  ဆက်နွှယ်လျက်ရှိပြီး ရာဇဝတ်မှုပေါင်းများစွာတွင်
ပါဝင်ပတ်သက်သူလည်းဖြစ်သည်။ (ဆင်ဟွာ)မူးယစ်ရာဇာဖမ်းဆီးလိုက်ပြီ**
**ဘင်္ဂလားဒေ့ရှ်နိုင်ငံ မြို့တော်ဒါကာ၌ မီးလောင်**
(ဒါကာ၊ စက်တင်ဘာ ၂၀) ဘင်္ဂလားဒေ့ရှ်နိုင်ငံ မြို့တော်ဒါကာ၌ စက်တင်ဘာ ၂ဝ ရက်က မီးလောင်မှုဖြစ်ပွားခဲ့ရာ နေအိမ်ရာနှင့်ချီ၍ မီးလောင်ကျွမ်းခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ်တာဝန်ရှိသူများက ပြောကြားသည်။ အဆိုပါ မီးလောင်မှုသည် မြို့တော်ဒါကာရှိ ဆင်းရဲသား ရပ်ကွက်ကြီးတစ်ခု၌ ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အိမ်ခြေအလုံး ၅ဝဝ ကျော် မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ်မီးသတ် တပ်ဖွဲ့ဝင်များက ပြောကြားသည်။ ပြောကြား၎င်းမီးသည် ဒေသစံတော်ချိန် နံနက် ၁ဝ နာရီ ၁၅ မိနစ်က ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း၊ မီးသတ်တပ်ဖွဲ့ တပ်ရင်းသုံးရင်းဖြင့် အချိန်တစ်နာရီကြာအောင် ကြိုးစားမီးငြှိမ်းသတ်ခဲ့ရ ကြောင်း၊ မီးစလောင်မှုနှင့်ပတ်သက်ပြီး စုံစမ်းနေဆဲဖြစ်ကြောင်း၊ အပျက်အစီးအသေအပျောက်များမသိရသေးကြောင်း၊ မီးသတ် တပ်ဖွဲ့တာဝန်ရှိသူ နာမာအက်စတာက ပြောကြားသည်။ ''မီးလောင်မှုဖြစ်ပွားစဉ် အိပ်ပျော်နေတဲ့ကလေးကို ထားခဲ့ပြီး ဈေးရှိရာသို့ အပြေးအလွှားသွားခဲ့ပါတယ်။ ကလေးကို မကယ် လိုက်နိုင်ပါဘူး''ဟု မီးလောင်မှုဖြစ်ပွားရာဒေသ ပက်ဒမာအထည် ချုပ်စက်ရုံမှ အလုပ်သမလေးဂျာမီဒါက ပြောကြားသည်။ သို့ သော် အဆိုပါကလေးငယ်သေဆုံးခြင်း ရှိ မရှိကို အတည်မပြုနိုင်သေးဟု တာဝန်ရှိသူများက ပြောကြားခဲ့သည်။ (ဆင်ဟွာ)
**တရုတ်နိုင်ငံ ဟိုင်နန်ပြည်နယ်ရုရှားခရီးသွားအများဆုံးလာရောက်**
(ဟိုင်နန် စက်တင်ဘာ ၂ဝ)
တရုတ်နိုင်ငံတောင်ပိုင်း ဟိုင်နန်ပြည်နယ်သည် ရုရှား
ခရီးသွားများ ဒုတိယအများဆုံးလာရောက်ရာပြည်နယ်ဖြစ်လာ
ကြောင်း တရုတ်တာဝန်ရှိသူများက စက်တင်ဘာ ၂ဝ ရက်တွင်
ပြောကြားသည်။ယတရုတ်နိုင်ငံရှိ နိုင်ငံတကာခရီးသွားလုပ်ငန်းက ယခုနှစ်
ပထမခုနစ်လအတွင်း ရုရှားခရီးသွားဧည့်သည် ၁၂ဝဝဝဝ
လာရောက်လည်ပတ်ခဲ့သည်ဟု ဆိုသည်။ ၂ဝ၁၁ ခုနှစ်က
အဆိုပါ ဟိုင်နန်ကျွန်းသို့  ရုရှားခရီးသွား ၂၂ဝဝဝဝ လာရောက်
ခဲ့ကြောင်းလည်း မစ္စတာလူက ပြောကြားသည်။ တရုတ်-ရုရှား
ခရီးသွားနှစ်အဖြစ် သတ်မှတ်ထားသော စာချုပ်အရ ၂ဝ၁၂
ခုနှစ်နှင့် ၂ဝ၁၃ ခုနှစ်အတွင်း နှစ်နိုင်ငံက ခရီးသွားများ အပြန်
အလှန် သွားရောက်လည်ပတ်လျက်ရှိကြသည်။
ဟိုင်နန်ပြည်နယ်သည် ရုရှားနိုင်ငံအတွက် အလွှာစုံ
ခရီးသွားလုပ်ငန်း မြှင့်တင်ရေးကို ဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊
ပြည် နယ် ခရီးသွားကုမ္ပဏီများ၊ လေကြောင်းလိုင်းများ တိုးပွား
လာရန်ဆောင်ရွက်ထားကြောင်း၊ ရုရှားနိုင်ငံမှ ခရီးသွားများ
ပိုမိုလာရောက်စေရန် အနုပညာဆိုင်ရာအဖွဲ့အစည်းများလည်း
ဖွဲ့စည်းထားကြောင်း မစ္စတာလူက ပြောကြားသည်။ (ဆင်ဟွာ)
**လော့စ်အိန်ဂျလိစ်ပြတိုက်၌ အင်ဒဲဗားလွန်းပြန်ယာဉ် အမြဲတမ်းပြသထားမည်**
(ဟူစတွန် စက်တင်ဘာ ၂ဝ)
ကမ္ဘာကျော် အင်ဒဲဗားလွန်းပြန်ယာဉ်ကြီးကို အထူး
ပြုပြင်ဖန်တီးထားသည့် လေယာဉ်ပျံပေါ်တင်လျက် ဟူစတွန်
လေဆိပ်မှ ကြာသပတေးနေ့တွင် ကယ်လီဖိုးနီးယားသို့ ထွက်ခွာ
သွားခဲ့ကြောင်း စက်တင်ဘာ ၂ဝ ရက်တွင် ဆင်ဟွာသတင်း၌
ဖော်ပြသည်။အဆိုပါ အင်ဒဲဗားလွန်းပြန်ယာဉ်ကြီး (ယာပုံ) ကို
ကယ်လီဖိုးနီးယားတွင် ပြတိုက်ဖွင့်လှစ်ပြသထားမည်ဟု နာဆာ
ကပြောကြားသည်။ အင်ဒဲဗားလွန်းပြန်ယာဉ်ကြီး ပျံသန်းသွားရာ
လမ်းတစ်လျှောက် တွတ်ဆင်၊ အဇစ်တို့အပါအဝင် မြို့ကြီးအချို့
ပေါ်သို့ အနိမ့်ပျံသန်းသွားခဲ့သည်ဟုဆိုသည်။
ဟူစတွန်လေဆိပ်တွင် ၄င်းအာကာသလွန်းပြန်ယာဉ်ကြီး
မထွက် ခွာမီ ရာပေါင်းများစွာသော ပရိ သတ် များက
စောင့်ကြည့်ခဲ့ကြသည်ဟုဆိုသည်။ အမေရိကန် အာကာသ
အေဂျင်စီက ပြီးခဲ့သောနွေရာသီက လွန်းပြန်ယာဉ်များဖြင့်
အာကာသသို့သွားရောက်ခြင်းကို အနားပေးခဲ့သည်။
အင်ဒဲဗားလွန်းပြန်ယာဉ်သည် အမေရိကန်အာကာသအေဂျင်စီ
က တည်ဆောက်ခဲ့သည့် လွန်းပြန်ယာဉ် ငါးစင်းအနက်မှ
တစ်စင်း ဖြစ်သည်။ ၄င်းကို ၁၉၈၇ ခုနှစ်မှ ၁၉၉၁ ခုနှစ်အတွင်း
တည်ဆောက်ခဲ့ခြင်းဖြစ်သည်။ အင်ဒဲဗားလွန်းပြန်ယာဉ်ကို ၁၉၈၆ ခုနှစ် ဇန်နဝါရီ
၂၈ ရက်က ပျက်ကျသွားခဲ့သော ချယ်လင်ဂျာလွန်းပြန်ယာဉ်နေရာတွင် အစားထိုးရန်
တည်ဆောက်ခဲ့ခြင်းဖြစ်သည်။ ၄င်းကို ကယ်လီဖိုးနီးယားပြည်နယ် လော့စ်အိန်ဂျ
လိစ်မြို့ ပြတိုက်၌ အမြဲတမ်းဖွင့်လှစ်ပြသထားမည်ဖြစ်ကြောင်းသိရသည်။ (ဆင်ဟွာ)
**အာတိတ်ရေခဲပြင် အရည်ပျော်မှုစံချိန်တင်**
(ဝါရှင်တန် စက်တင်ဘာ ၂ဝ)
အာတိတ်သမုဒ္ဒရာရှိ ရေခဲပြင်ပမာဏသည် ကမ္ဘာကြီးပူနွေးလာမှုကြောင့် ယခုနှစ်အတွင်း
တစ်ကြိမ်တစ်ခါမျှ မကြုံဖူးလောက်အောင် စံချိန်တင်ကျုံ့ငယ်သွားခဲ့ကြောင်း စက်တင်ဘာ ၂ဝ ရက်က အင်တာနက်သတင်းတစ်ရပ်တွင် ရေးသားဖော်ပြထားသည်။
မြောက်ဝင်ရိုးစွန်းရှိ အဆိုပါရေခဲပြင်သည် စက်တင်ဘာ ၁၆ ရက်က ဂြိုဟ်တုမှ လေ့လာတိုင်းထွာ
ချက်အရ စတုရန်းမိုင် ၁ ဒသမ ၃၂ သန်းသာရှိသည်ဟု ဆိုသည်။ ယင်းပမာဏမှာ
၂ဝဝ၇ ခုနှစ်က စံချိန်တင်ကျုံ့ငယ်သွားခဲ့သည့် စတုရန်းမိုင် ၁ ဒသမ ၆၁ သန်းနှင့် နှိုင်းယှဉ်ကြည့်လျှင်
၁၈ ရာခိုင်နှုန်းပို၍ သေးငယ်သွားသည်ဟု အမေရိကန်နိုင်ငံ ကော်လိုရာဒိုပြည်နယ် ဘော်လ်ဒါရှိ အမျိုးသားဆီးနှင်းနှင့် ရေခဲပြင်ဆိုင်ရာဗဟိုဌာနမှ သတင်းထုတ်ပြန်ထားသည်။
အဆိုပါ အာတိ တ်ရေခဲ ပြင်ကြီးကို ၁၉၇၉ ခုနှစ်မှစပြီး သုတေသနပြုစောင့် ကြည့်လေ့လာခဲ့ရာ
ယခုနှစ်အတွင်း ဖြစ် ပေါ်ခဲ့သည့် အရွ ယ်အစားသေးငယ်မှုမှာ စံချိန်တင်သေးငယ်သွားခ
ခြင်းဖြစ် ကြောင်း၎င်းဌာနမှ သိပ္ပံပညာရှင်ဝပ်မီယာက ပြောကြားသည်။ အာတိတ်ရေခဲပြင်ကြီး
သည် နွေရာသီမှာသာမကဆောင်းရာသီမှာပါ လျင်မြန်စွာအရည်ပျော်ကျလာသည်ဟုဆိုသည်။
လူတို့ ပယောဂကြောင့်ဖြစ်ရသည့် ကမ္ဘာကြီးပူနွေးလာမှုအကျိုးဆက်အဖြစ် ရေခဲမြစ်များ
ပို၍အရည်ပျော်မှုမြန်ဆန်လာခဲ့ကြောင်း၊ လွန်ခဲ့သော ဆယ်စုနှစ် နှစ်ခုအတွင်း ရေခဲမြစ်အရည်ပျော်မှု
သိသိသာသာဖြစ်ပွားခဲ့ကြောင်း အဆိုပါဌာနမှညွှန်ကြားရေးမှူး မတ်ဆာရက်က ပြောကြားသည်။ (ဆင်ဟွာ) စုစည်းဘာသာပြန် - တင်မောင်လွင်

No comments:
Post a Comment