-ယခုလအတွင်း နိုင်ငံတကာထူးခြားသတင်းများ-
**၂ဝ၁၂ ခုနှစ် နိုင်ငံတကာကလေးငယ်များ ငြိမ်းချမ်းရေးဆု ဖိလစ်ပိုင်လူငယ်ရရှိ**
(သည်ဟိတ် စက်တင်ဘာ ၂၁) ဖိလစ်ပိုင်နိုင်ငံမှ အသက် ၁၃ နှစ်အရွယ်ရှိ လူငယ် လေးတစ်ဦးသည် နယ်သာလန်နိုင်ငံ သည်ဟိတ်မြို့၌ စက်တင် ဘာ ၁၉ ရက်က ကျင်းပသည့် ၂ဝ၁၂ ခုနှစ် နိုင်ငံတကာ ကလေးငယ်များ ငြိမ်းချမ်းရေးဆု ချီးမြှင့်ခံရကြောင်း စက် တင်ဘာ ၂၁ ရက်တွင် သတင်းထုတ်ပြန်သည်။ ခရစ်ကတ်ဇ်ဗာဒက်ဇ်အမည်ရှိ ယင်းလူငယ်လေး သည် အဆိုပါဆုအတွက် ယူရိုငွေ ၁ဝဝဝဝဝ (အမေရိကန် ဒေါ်လာ ၁၆ဝဝဝဝ) ရရှိခဲ့သည်။ ယင်းငွေကြေးသည် ခရစ် ကတ်ဇ်ဗာဒက်ဇ်ပါဝင်ဆောင်ရွက်နေသော ချို့တဲ့သူများအား ကူညီထောက်ပံ့ရေးအဖွဲ့အတွက် ရန်ပုံငွေ ပိုမိုရရှိစေမည်ဖြစ် သည်။ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့တောင်ဘက်ကီလိုမီတာ ၃ဝ ခန့်အကွာ ကာဗက်မြို့တွင် တည်ရှိသော ယင်းအဖွဲ့သည် ကလေးငယ်များအတွက် လိုအပ်သည့် ထောက်ပံ့ရေးပစ္စည်း များနှင့်အကူအညီများကို ပေးနေသည့် အဖွဲ့ဖြစ်သည်။ ၄င်းအဖွဲ့တွင် ပါဝင်လုပ်ကိုင်နေသော ဗာဒက်ဇ်အား ယခုဆုအတွက် နောက်ဆုံးဆန်ခါတင်သုံးဦးအနက်မှ ရွေးချယ် ခဲ့ခြင်းဖြစ်သည်။ ကမ္ဘာတစ်ဝန်းရှိ ကလေးငယ်များအနေဖြင့် မျှော်လင့်ချက်များ မပျောက်ဆုံးနိုင်ရန် မိမိပြောကြားလို ကြောင်း ဗာဒက်ဇ်က ပြောကြားသည်။ ဗာဒက်ဇ်သည် ကလေးငယ်များအတွက် ကစားစရာများ၊ အဝတ်အထည်များနှင့် အခြားအသုံးအဆောင်ပစ္စည်း ၅ဝဝဝဝ ကျော်ကို နေ့စဉ် ဖြန့်ဝေ ထောက်ပံ့ရာတွင် ကူညီပေးခဲ့သူဖြစ်သည်။ ထို့အပြင် သူနေထိုင်ရာ ကာဗက်မြို့အနီးဝန်းကျင်ဒေသ တွင်ရှိသော ကလေးငယ် ၁ဝဝဝဝ ခန့်ကိုလည်း ကျန်းမာရေး၊ ကလေးငယ်များ၏အခွင့်အရေးနှင့် တစ်ကိုယ်ရေသန့်ရှင်းရေး နှင့် ပတ်ဝန်းကျင်သန့်ရှင်းရေးတို့ကိုလည်း တက်ကြွစွာ ပါဝင် ဆောင်ရွက်နေသြူုဖစ်သည်။ (ဆင်ဟွာ)
**ဂျပန်ဝန်ကြီးချုပ် ယိုရှိဟီကိုနိုဒါပါတီခေါင်းဆောင်အဖြစ် ရွေးချယ်ခံရ**
(ဝါရှင်တန် စက်တင်ဘာ ၂၁) အမေရိကန်နိုင်ငံ စစ်ဘက်သုံးအပါချီစစ်ရဟတ်ယာဉ်ရှစ်စင်းကို အင်ဒိုနီးရှားနိုင်ငံသို့ ရောင်းချမည်ဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်က စက်တင်ဘာ ၂ဝ ရက်တွင် ထုတ်ဖော်ပြောကြားလိုက်သည်။ AH-64D အမျိုးအစား အပါချီရဟတ်ယာဉ်ရှစ်စင်း (ယာပုံ) ကို ရောင်းချရန် အမေရိကန် အစိုးရက ဆုံးဖြတ်ခဲ့ကြောင်းဟီလာရီကလင်တန်က အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး မာတီနာတာလီဂါဝါနှင့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးရုံး၌ တွေ့ဆုံစဉ် ပြောကြားလိုက်ခြင်းဖြစ်သည်။ အာရှ-ပစိဖိတ်ဒေသအတွင်း လုံခြုံရေးဆောင်ရွက်မှုများ ပိုမိုတိုးမြှင့်ရာတွင် ကျယ်ကျယ်ပြန့်ပြန့်အကူအညီပေးရန်နှင့် နှစ်နိုင်ငံမဟာဗျူဟာကျကျ ပူးပေါင်းဆောင်ရွက်သွားရန် သဘောတူထားကြောင်း၊ အာရှ-ပစိဖိတ်ဒေသအတွင်း ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးသည် အရေးကြီးသည့်အချက်တစ်ချက်အဖြစ်ပါဝင်ကြောင်း ဟီလာရီကလင်တန်က ပြောကြား သည်။ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး နာတာလီဂါဝါဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် အမေရိကန်-အင်ဒိုနီးရှားပူးတွဲ ကော်မရှင်၏ သုံးကြိမ်မြောက် တွေ့ဆုံဆွေးနွေးပွဲတက်ရောက်ရန် အမေရိကန်နိုင်ငံသို့ ရောက်ရှိနေခြင်းဖြစ်သည်။အင်ဒိုနီးရှားနိုင်ငံသည် အာရှ-ပစိဖိတ်ဒေသ တည်ငြိမ်ရေးတွင် အရေးပါသောနိုင်ငံတစ်နိုင်ငံအဖြစ် တည်ရှိနေကြောင်း ဟီလာရီကလင်တန်က ဆက်လက်ပြောကြားသည်။ (အင်တာနက်)
**ဗင်နီဇွဲလား၌ မိုးကြိုးပစ်ခံရမှုကြောင့် ရေနံချက်စက်ရုံမီးလောင်**
(ကရာကတ် စက်တင်ဘာ ၂၁)
ဗင်နီဇွဲလားနိုင်ငံမြောက်ပိုင်းတွင် ရေနံချက်စက်ရုံတစ်ရုံ မိုးမုန်တိုင်းကျစဉ်
မိုးကြိုးပစ်ခံရမှုကြောင့် မီးလောင်ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း ဗင်နီဇွဲလားထိပ်တန်း
ရေနံလုပ်ငန်းအရာရှိတစ်ဦးက စက်တင်ဘာ ၂ဝ ရက်တွင် ပြောကြားသည်။
အဆိုပါ မီးလောင်မှုသည် ဗင်နီဇွဲလားနိုင်ငံ ကာရာဘိုဘိုပြည်နယ်ရှိ အီပါလီတို
ရေနံချက်စက်ရုံ၌ စက်တင်ဘာ ၁၉ ရက်ညက ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း၊ ယင်းရေနံ
ချက်စက်ရုံ မိုးကြိုးပစ်ခံရမှုကြောင့် စက်ရုံအတွင်းရှိ ဆီလှောင်ကန်နှစ်ခု မီးလောင်
ကျွမ်းခဲ့ကြောင်း၊ သို့သော် လူတစ်ဦးတစ်ယောက်မျှ ထိခိုက်ဒဏ်ရာမရရှိခဲ့ကြောင်း
ဗင်နီဇွဲလားရေနံလုပ်ငန်းဝန်ကြီး ရာဖေးရာမီရက်ဇ်က ရုပ်မြင်သံကြားထုတ်လွှင့်မှု
တစ်ရပ်တွင် ပြောကြားခဲ့သည်။
ဆီလှောင်ကန်တစ်ကန်မှာ လျင်မြန်စွာ မီးလောင်ခံရပြီး မီးခိုးလုံးကြီးများ
အထက်သို့ ရောက်ရှိသွားခဲ့ကြောင်း၊ အခြားဆီလှောင်ကန်သို့ မီးကူးစက်လောင်ကျွမ်း
နေစဉ် မီးသတ်သမား ၁၂ဝ ခန့်တို့ ရောက်ရှိလာပြီး မီးကိုလျင်မြန်စွာ ဝိုင်းဝန်းငြှိမ်း
သတ်ခဲ့ရကြောင်း ဝန်ကြီးရာမီရက်ဇ်က ဆက်လက်ပြောကြားခဲ့သည်။
မီးလောင်မှုဖြစ်ပွားရသည့် အကြောင်းအရင်းကို စုံစမ်းစစ်ဆေးမှုများ ပြုလုပ်
ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ သို့သော်လည်း မိုးမုန်တိုင်းကျစဉ် မိုးကြိုးပစ်ခံရမှု
ကြောင့် မီးပွင့်များမှတစ်ဆင့် စတင်ဖြစ်ပွားသည်ဟု ယူဆရကြောင်း ရာမီရက်ဇ်က
ထပ်လောင်းပြောကြားသည်။ ပြီးခဲ့သည့်လကလည်း ဖာလ်ကွန်ပြည်နယ် အမ်မွေ
ရေနံချက်စက်ရုံ၌ ကြီးမားသောပေါက်ကွဲမီးလောင်မှုကြောင့် လူ ၄၂ ဦး သေဆုံးခဲ့
ကြောင်း သိရှိရသည်။ (ဆင်ဟွာ) **ဆိုမာလီ၌ စားသောက်ဆိုင်ဗုံးဖောက်ခွဲတိုက်ခိုက်ခံရ**
(မိုဂါဒစ်ရှူး စက်တင်ဘာ ၂၁) ဆိုမာလီနိုင်ငံ မြို့တော်မိုဂါဒစ်ရှူးရှိ နာမည်ကြီးစားသောက် ဆိုင်တစ်ဆိုင်၌ ဗုံးနှစ်လုံးဖောက်ခွဲခံရမှုကြောင့် ၁၄ ဦးသေဆုံးပြီး လူ ၂ဝ ဒဏ် ရာရရှိခဲ့ကြောင်း စက်တင်ဘာ ၂၁ ရက်က အင်တာနက်သတင်းတွင် ဖော်ပြပါ ရှိသည်။ အဆိုပါ ဖြစ်ပွားမှုသည် ဆိုမာလီသမ္မတ အိမ်တော်အနီးရှိ အစိုးရ ဝန်ထမ်းများနှင့် သတင်းစာသမားများလာရောက်လေ့ရှိသည့် စားသောက် ဆိုင်တစ်ဆိုင်အတွင်း စက်တင်ဘာ ၂ဝရက်က ဗုံးနှစ်လုံးဖြင့် ဖောက်ခွဲတိုက် ခိုက်ခဲ့ခြင်းဖြစ်သည်။ယင်းဗုံးခွဲ တိုက်ခိုက်မှုသည်အယ်လ်ရှာဘတ် အကြမ်းဖက်အုပ်စု များကိုထောက်ခံသူများက လုပ်ဆောင်ခြင်းဖြစ်ကြောင်း ၄င်းအယ်လ်ရှာဘတ် အုပ်စု၏ ပြောရေးဆိုခွင့်ရှိသူ အလီမိုဟာမက်ရိတ်က ပြောကြားခဲ့သည်။(ပရက်စ်တီဗွီ)
**ဥရောပသစ်တောထွက်ပစ္စည်းများတင်ပို့ ရာဈေးကွက် အာရှ တိုက်ဒေသဖြစ်လာမည်**
(ဂျီနီဗာ စက်တင်ဘာ ၂၁
အာရှဒေသသည် အမေရိကန်နှ င့် ဥရောပကုန် သည်များအတွက် အဓိကသစ်တောထွက်
ပစ္စည်းများ တင်ပို့ရောင်းချသည့် ဈေးကွက်ကြီးဖြစ်လာကြောင်း ကုလသမဂ္ဂက စက်တင်ဘာ ၂ဝ
ရက်တွင်ထုတ်ပြန်သော အစီရင်ခံစာ၌ ဖော်ပြထားသည်။
တရုတ်နိုင်ငံသည် အဆိုပါနိုင်ငံများမှ ၂ဝဝ၉ ခုနှစ်တွင် သစ်တောထွက်ပစ္စည်းများ အများဆုံး
တင်သွင်းသည့်နိုင်ငံဖြစ်ကြောင်း ကုလသမဂ္ဂဥရောပစီးပွားရေးကော်မရှင် (ယူအင်န်အီးစီအီး)နှင့် ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့(အက်ဖ်အေအို)တို့၏ ၂ဝ၁၁-၂ဝ၁၂ သစ်တောထွက်ထုတ်ကုန် နှစ်စဉ်
ဈေးကွက်ပြန်လည်သုံးသပ်ချက်တွင် ဖော်ပြထားသည်။ တရုတ်နိုင်ငံသည် ကနေဒါ၊ အစ္စရေးနှင့်အမေရိကန်နိုင်ငံတို့အပါအဝင် နိုင်ငံပေါင်း ၅၆ နိုင်ငံမှ သစ်လုံးများ တင်သွင်း
ခဲ့သည်ဟု ဆိုသည်။ တရုတ်နိုင်ငံသည်အဆိုပါသစ်လုံးများကို ပြည်တွင်းသုံးစွဲရန်သာမက
ပြည်ပအနောက်နိုင်ငံများသို့ သစ်အချောထည်များ
ထုတ်လုပ်ပြီး တင်ပို့နေခြင်းကြောင့် သစ်လုံးတင်သွင်းမှုမြင့်မားခဲ့သည်ဟု ဆိုသည်။
မကြာသေးမီကရုရှားနိုင်ငံ၏ သစ်လုံးများဝယ်ယူတင်သွင်းမှုမှာလည်း ၉ ရာခိုင်နှုန်းအထိ
မြင့်တက်လာသည်။ ဥရောပနှင့်မြောက်အမေရိကတို့တွင် ပျော့ဖတ်နှင့် စက္ကူဝယ်ယူမှုများ
ကျဆင်းလာခဲ့သည်။ အကြောင်းမှာ ပုံနှိပ်
မီဒီယာများ လျော့နည်းလာပြီး အီလက်ထရွန်နစ်မီဒီယာများ မြင့်တက်လာခြင်းကြောင့်ဆိုသည်။
ယူအင်န်အီးစီအီးဒေသသည် ကမ္ဘာ့သစ်တောဧရိယာ ၄၂ ရာခိုင်နှုန်းရှိပြီးကမ္ဘာ့သစ်တောထွက်
ပစ္စည်း ၅၉ ရာခိုင်နှုန်းကို ထုတ်လုပ်ပေးလျက်ရှိသည်။ (ဆင်ဟွာ)
** ကမ္ဘာ့ ရေနံဈေး တစ်စည် ၉၂ ဒေါ်လာအောက် ပြန်လည်ကျဆင်း**
(နယူးယောက် စက်တင်ဘာ ၂၁)
ကမ္ဘာ့ရေနံဈေးနှုန်းသည် မကြာသေးမီက တစ်စည်လျှင် အမေရိကန်ဒေါ်လာ
၁ဝဝ ကျော်မြင့်တက်ခဲ့ရာမှ စက်တင်ဘာ ၁၉ ရက်က တတိယမြောက်နေ့အဖြစ်
ဈေးနှုန်းကျဆင်းသွားခဲ့သည်။ ရေနံဈေးမှာ ခြောက်ပတ်ဆက်တိုက်မြင့်တက်ခဲ့ပြီး
နောက် တစ်စည်လျှင် ၉၂ ဒေါ်လာအောက် ပြန်ကျခဲ့သည်။
ရေနံစိမ်းတစ်စည်လျှင် စက်တင်ဘာ ၁၉ ရက်က အမေရိကန်ဒေါ်လာ ၉၁
ဒသမ ၉၈ အထိ ကျဆင်းသွားခဲ့ကြောင်း၊ ယင်းမှာ တစ်စည်လျှင် ၃ ဒသမ ၃၁
ဒေါ်လာ ကျဆင်းသွားခဲ့ကြောင်း၊ ယင်းမှာ သြဂုတ် ၃ ရက် နောက်ပိုင်း အနိမ့်ဆုံး
ကျဆင်းခဲ့ခြင်းဖြစ်ကြောင်း သတင်းတွင်ဖော်ပြထားသည်။ (ယာပုံ) လွန်ခဲ့သော
စက်တင်ဘာ ၁၄ ရက်က ရေနံစိမ်းတစ်စည်လျှင် အမေရိကန်ဒေါ်လာ ၁ဝဝ
အထက်တွင်ရှိနေခဲ့ပြီးနောက် ဈေးနှုန်းပြန်ကျခဲ့ခြင်းဖြစ်သည်။ ယခုသီတင်းပတ်
အတွင်း ကမ္ဘာ့စီးပွားရေးကျဆင်းနေ၍လည်းကောင်း၊ စီးပွားရေးလုပ်ငန်းများ
စွမ်းအင်သုံးစွဲမှု လျော့နည်းလာခြင်းကြောင့်သော်လည်းကောင်း၊ ရေနံဈေးနှုန်းများ
ကျဆင်းခဲ့ရသည်ဟု ဆိုသည်။ ဆော်ဒီအာရေဗျနိုင်ငံက ရေနံဈေးနှုန်းကျဆင်းစေ
ရန် ¤င်း၏ နေ့စဉ်ရေနံ အများဆုံးထုတ်မှုစံချိန်ကို ဆက်ထိန်းထားမည်ဟု ကြေညာ
ခဲ့ပြီးနောက် ဈေးနှုန်းများ တဖြည်းဖြည်းကျဆင်းလာခဲ့သည်။ (ဆင်ဟွာ)
** ဂျပန်ပို့  ကုန်နှင့် သွင်းကုန်များ ကျဆင်း**
( တိုကျို စက်တင်ဘာ ၂၁)
ဂျပန်နိုင်ငံ၏ ပို့ကုန်နှင့်သွင်းကုန်များသည် သြဂုတ်လအတွင်း ကျဆင်းခဲ့ရ
ကြောင်း၊ ယင်းကဲ့သို့ ကျဆင်းခဲ့ခြင်းမှာ ကမ္ဘာ့စီးပွားရေးကျဆင်းမှု၏ ဂယက်ရိုက်ခတ်
မှုကြောင့်ဖြစ်ကြောင်း တာဝန်ရှိသူများက စက်တင်ဘာ ၂ဝ ရက်တွင် ပြောကြား
သည်။ ဂျပန်ပို့ကုန်များ တင်ပို့မှုသည် ယခုနှစ် စောစောပိုင်းကနှင့်စာလျှင် ၅ ဒသမ
၈ ရာခိုင်နှုန်း ကျဆင်းခဲ့ရကြောင်း၊ ယင်းကဲ့သို့ ပို့ ကုန်များကျဆင်းခဲ့ရခြင်းမှာ ဥရောပ
သမဂ္ဂ(အီးယူ)နှင့် တရုတ်နိုင်ငံတို့မှ ဝယ်လိုအားကျဆင်းခဲ့ရ၍ဖြစ်ကြောင်း ဂျပန်
တာဝန်ရှိသူများက ဆက်လက်ပြောကြားသည်။ ထိုအတောအတွင်း သွင်းကုန်များ
တင်သွင်းခြင်းမှာလည်း လွန်ခဲ့သောနှစ်ကနှင့် နှိုင်းယှဉ်လျှင် ၅ ဒသမ ၄ ရာခိုင်နှုန်း
ကျဆင်းခဲ့သည်ဟု ဆိုသည်။ ယင်းမှာ ပြည်တွင်းဝယ်လိုအား လျော့ကျခဲ့၍ဖြစ်သည်ဟု
ဆိုသည်။ ဂျပန်နှင့်တရုတ်တို့သည် ကျွန်းနယ်မြေအငြင်းပွားမှု ဖြစ်ပွားခဲ့ပြီးနောက်
ဂျပန်နိုင်ငံ၏ သွင်းကုန်နှင့်ပို့ကုန်များ ကျဆင်းခဲ့ရသည်။ ဂျပန်နိုင်ငံ၏ အကြီးဆုံး
ကုန်သွယ်ဖက်နိုင်ငံသည် တရုတ်နိုင်ငံဖြစ်သည်။ ဂျပန်ပို့ ကုန်ကဏ္ဍသည် ပို၍ ဆိုးရွား
လာနိုင်ကြောင်း ဖူဂျစ်ဆုသုတေသနဌာနမှ မာတင်စကူးလ်က ပြောကြားသည်။
ဂျပန်နိုင်ငံ၏ စီးပွားရေးသည် ပို့ ကုန်အပေါ်တွင် မှီလျက်ရှိသည်။ သို့ သော်လည်း
ပို့ကုန်ကဏ္ဍသည် မကြာသေးမီက ပြည်တွင်းဝယ်လိုအား ကျဆင်းမှုကြောင့်လည်း
ပို့ ကုန်ကဏ္ဍကျဆင်းခဲ့ရသည်။ ဂျပန် နိုင်ငံက အီးယူသို့ ကုန်ပစ္စည်းများ တင် ပို့
လျက်ရှိရာ ၁၁ လဆက်တိုက် ပို့ကုန်တင်ပို့မှု ကျဆင်းခဲ့ရသည်။ (အင်တာနက်) စုစည်းဘာသာပြန် - တင်မောင်လွင်

No comments:
Post a Comment