-ယခုလအတွင်း ဟိုအကြောင်း၊ ဒီအကြောင်း၊ သူတို့အကြောင်း-
**ရုပ်ရှင်ကားသစ်ရိုက်ကူးမယ့် အဆိုတော်နဲ့ ရုပ်ရှင်မင်းသမီး Elizabeth Gillies** (လော့စ်အိန်ဂျလိစ်၊ စက်တင်ဘာ ၂၁) ဟောလိဝုဒ်ရဲ့ လူငယ်ရုပ်ရှင်မင်းသမီး Elizabeth Gillies ဟာ ၂ဝ၁၃ ခုနှစ် အစောပိုင်းမှာ ရုပ်ရှင်ကားသစ်တစ်ကား ရိုက်ကူးဖို့စီစဉ်နေပါတယ်။ ဒီဇာတ်ကားဟာ အက်ရှင် ဇာတ်ဝင်ခန်းတွေ များတာမို့ ပရိသတ်တွေ စိတ်ဝင်စားမယ့် ရုပ်ရှင်ကားတစ်ကားဖြစ်လာ မှာဖြစ်ပါတယ်။အသက် ၁၉ နှစ် အရွယ်သာရှိသေးတဲ့ Gillies ဟာ အောင်မြင်တဲ့ အဆိုတော်တစ်ဦးလည်းဖြစ်ပါတယ်။ သူမရဲ့ တေး အယ်လ်ဘမ် အသစ် ထွက်ရှိဖို့ လည်း ပြင်ဆင်ကြိုးစားနေသူ ဖြစ်ပြီး အဲဒီတေးအယ် လ်ဘမ်မှာတော့ ရော့ခ်တေးဂီတတွေ ပါဝင် မှာဖြစ်ပါတယ် ။ မကြာမီက ထု တ် လွှင့်ပြသခဲ့တဲ့ White Collar ရုပ်မြင်သံကြား ဇာတ်လမ်းတွဲနဲ့ င်္ Figure It Out ဇာတ်လမ်းတွဲတွေဟာ ပရိသတ်တွေ အားပေးခဲ့တဲ့ ရုပ်ရှင်ကားတွေဖြစ်ခဲ့ပါတယ်။အဲဒီဇာတ်ကားတွေဟာ သူမရဲ့အနုပညာ အောင်မြင်မှုကို ထပ်ဆင့်တိုးမြှင့်ပေးနိုင်ခဲ့တဲ့ ရုပ်ရှင်ကားတွေပါပဲ။ ရုပ်ရှင်ကားတွေအဖြစ် Harold ကားနဲ့ The Clique ရုပ်ရှင်ကားတွေ ရိုက်ကူးခဲ့တာဟာ ရုံဝင်ငွေ အများ အပြား ရရှိခဲ့တဲ့ ဇာတ်ကားတွေဖြစ်ခဲ့ပါတယ်။ ရိုက်ကူးထုတ်လုပ်ဒါကြောင့် လာမယ့် ၂ဝ၁၃ ခုနှစ် အစောပိုင်းမှာ သူမခေါင်းဆောင် ပါဝင်မယ့် အက်ရှင်ရုပ်ရှင်ကားသစ်ကို ရိုက်ကူးဖို့ စီစဉ်နေခြင်းဖြစ်ပါတယ်။ သူမဟာ ရုပ်ရှင်အနုပညာမှာရော တေးဂီတဘက်မှာပါအောင်မြင်တဲ့သူဖြစ်တာမို့ တေးဂီတ ဗီဒီယိုတွေကိုလည်း ရိုက်ကူးထုတ်လုပ်နိုင်ခဲ့ပါတယ်။ ၂ဝ၁၂ ခုနှစ်ထဲမှာ ဗစ်တိုးရီးယား ဂျက်စ်တစ်နဲ့ အတူ Make It In America တေးဂီတဗီဒီယိုကို ရိုက်ကူးထုတ်လုပ်နိုင်ခဲ့ပါတယ်။ဒါ့အပြင် မကြာမီကပဲ သူမဦးဆောင်ရိုက်ကူး ထုတ်လုပ်ခဲ့တဲ့ We are Believix အမည်ရှိတဲ့တေးဂီတ ဗီဒီယိုကလည်း လူကြိုက်များပြီး အောင်မြင်မှုတွေ ရရှိခဲ့ပါတယ်။ ဒါကြောင့် မို့ ရော့ခ်တေးဂီတအယ်လ်ဘမ်သစ်တစ်ခုကို မကြာမီမှာ ထုတ်လုပ်နိုင်ဖို့ စီစဉ်နေခြင်းပဲဖြစ်ပါတယ်။ အသက်ငယ်ငယ် ရွယ်ရွယ်နဲ့ အနုပညာအလုပ်တွေ အောင်မြင်မှုရရှိနေတဲ့ Elizabeth Gillies ဟာ ဟောလိဝုဒ်မှာတော့ထင်ရှားလာတဲ့ လူငယ်အနုပညာကြယ်ပွင့် တစ်ပွင့်ပဲဖြစ်ပါတယ်။ (အင်တာနက်)
**ရုပ်ရှင်မင်းသား ဂျန်ဟွတ်ခ်နှင့် မင်းသမီး လီဒါဟေး Iris 2 တွင် သရုပ်ဆောင်မည်**
(ဆိုးလ် စက်တင်ဘာ ၂၁)
၂ဝဝ၉ ခုနှစ်က ရိုက်ကူးထုတ်လုပ်ခဲ့တဲ့ တောင်ကိုရီးယား
ရုပ်ရှငှ်ုမငျ ဇာတ်ကားဟာ အောင်မြင်မှုရရှိခဲ့လို့ အခုအခါမှာ
Iris 2 ရုပ်ရှင်ကားကို ရိုက်ကူးထုတ်လုပ်ဖို့အတွ က် ရုပ်ရှင်
မင်းသား၊ မင်းသမီးအပြီးသတ် ရွေးချယ်အတည်ပြုလိုက်ပြီ
ဖြစ်ပါတယ်။ ဒီဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်မယ့် ရုပ်ရှင်
မင်းသားကတော့ ရုပ်ရှင်မင်းသား ဂျန်ဟွတ်ခ်နဲ့ ရုပ်ရှင်
မင်းသမီး လီဒါဟေးတို့ပဲ ဖြစ်ပါတယ်။ သူတို့ နှစ်ဦးဟာ Iris 2 ဇာတ်ကားမှာ
ခေါင်းဆောင်မင်းသား၊ မင်းသမီးအဖြစ်
ပါဝင်သရုပ်ဆောင်ကြမှာ ဖြစ်ပါတယ်။
ရုပ်ရှင်မင်းသား ဂျန်ဟွတ်ခ်နဲ့ ရုပ်ရှင်မင်းသမီးလီဒါဟေး
တို့ဟာ ၂ဝ၁ဝ ခုနှစ်က ကေဘီအက်စ် ရုပ်မြင်သံကြားလိုင်းက
ထုတ်လွှင့်ခဲ့တဲ့ The Slave Hunter ဇာတ်လမ်းတွဲမှာ
အတူတွဲဖက် သရုပ်ဆောင်ခဲ့ဖူးတဲ့သူတွေ ဖြစ်ပါတယ်။
အခုတစ်ခါ Iris 2 ဇာတ်ကားမှာ အတွဲညီ ညီပါဝင်
သရုပ်ဆောင်ကြမှာ ဖြစ်ပါတယ်။
Iris 2 ရုပ်ရှင်ကားကို ၂ဝ၁၃ ခုနှစ် ဖေဖော်ဝါရီလမှာ
ထုတ်လွှင့်ပြသနိုင်ဖို့ ကြိုးစားသွားမှာ ဖြစ်ပါတယ်။ ဒီဇာတ်ကား
မှာ အရင် Iris ဇာတ်ကားက ရုပ်ရှင်မင်းသား လီဗြောင်ဟွန်း
ရဲ့ သေဆုံးသွားတဲ့ သရုပ်ဆောင်စရိုက်နောက်မှာ မတူကွဲပြား
ခြားနားတဲ့ သရုပ်ဆောင်မှုတွေနဲ့ ရိုက်ကူးတင်ဆက်သွားမှာ
ဖြစ်ပါတယ်။ (အင်တာနက်)
**ထိပ်ဆုံးနေရာတည် မြဲဖို့ကြိုးစားရမည့် ဘိုင်ယန်မြူးနစ်ရဲ့ ဘွန်ဒက်စ်လီဂါပွဲစဉ် (၄)**
(ဘာလင် စက်တင်ဘာ ၂၁)
ဂျာမန် ဘွန်ဒက်စ်လီဂါပွဲစဉ်(၄)ကို စက်တင်ဘာ
၂၂ ရက်နဲ့ ၂၃ ရက်တွေမှာ ဆက်လက်ယှဉ်ပြိုင်ကစားမှာဖြစ်
ပါတယ်။ ချန်ပီယံလိဂ်ပွဲစဉ်တွေကစားပြီး ဆက်တိုက်ဆင်နွှဲရတဲ့
အသင်းတွေအဖို့ ပွဲပန်းနေပေမယ့် နိုင်ပွဲရအောင် ကြိုးစားကြ
ရမှာဖြစ်တာမို့ ဘွန်ဒက်စ်လီဂါပွဲစဉ်တွေဟာ ပြိုင်ဆိုင်မှုတွေ
ပြင်းထန်နေဦးမှာဖြစ်ပါတယ်။
ချန်ပီယံလိဂ်ပွဲစဉ်မှာ ဗလင်စီယာအသင်းနဲ့ ယှဉ်ပြိုင်
ကစားခဲ့ ရတဲ့ ဘိုင်ယန်မြူးနစ်တို့  ဘွန်ဒက်စ်လီဂါပွဲစဉ်(၄)အဖြစ်
ခြေစွာနေတဲ့ ရှော်လ်ကေးအသင်းနဲ့ အဝေးကွင်းမှာ ယှဉ်ပြိုင်
ကစားရမှာဖြစ်ပါတယ်။ ဒီနှစ်ဘောလုံးရာသီမှာ သုံးပွဲကစားပြီး
သုံးပွဲစလုံး အနိုင်ယူထားတဲ့ ဘိုင်ယန်မြူးနစ်ဟာ တန်းစီဇယား
ထိပ်ဆုံးနေရာ ဖယ်မပေးရအောင် ကြိုးစားမှာသေချာပါ
တယ်။
ဘိုင်ယန်မြူးနစ်အသင်းမှာ မန်ဇူကစ်နဲ့ သောမတ်စ်မူ
လာတို့က ခြေစွမ်းပြပြီး ဂိုးတွေသွင်းယူနိုင်နေတာမို့ အဝေး
ကွင်းဆိုပေမယ့် ဘေယန်မြူးနစ်တို့ အခြေအနေကောင်းနဲ့
ကြုံတွေ့ရနိုင်ပါတယ်။ ဒါပေမယ့် ဒီနှစ် ဘောလုံးရာသီမှာ
ရလဒ်ကောင်းတွေ သယ်ဆောင်နေတဲ့ ရှော်လ်ကေးအသင်းကို
လွယ်လွယ်ကူကူကျော်ဖြတ်နိုင်ဖို့တော့ မလွယ်ပါဘူး။ ဒီနှစ်မှာ
အိမ်ကွင်းနှစ်ပွဲစလုံး အနိုင်ယူထားတဲ့ ရှော်လ်ကေးအသင်းမှာ
ဟန်တေလာနဲ့ ဟိုလ်ဘိုင်တို့ကလည်း ဂိုးသွင်း ခြေမြူးနေတာမို့
ဘိုင်ယန်မြူးနစ်တို့ အကျပ်အတည်းတွေ့မှာ အမှန်ပါပဲ။
ချန်ပီယံလိဂ် ပွဲကြောင့် ပွဲပန်းနေတဲ့ဘိုင်ယန်မြူးနစ်ကို
ရှော်လ်ကေးတို့ အခွင့်ကောင်းယူပြီး ထိုးဖောက်တိုက်စစ်ဆင်ကာ
အခွင့်အရေးတွေကို ပိုင်ပိုင်နိုင်နိုင် အသုံးချနိုင်ရင် အိမ်ကွင်းမှာ
နိုင်ပွဲဆက်သွားနိုင်တဲ့ အခြေအနေလည်း ဖြစ်သွားနိုင်ပါတယ်။
ဒါကြောင့် ဒီပွဲဟာအကြိတ်အနယ်ရှိမယ့် ပွဲကောင်းတစ်ပွဲဖြစ်လာ
မှာ သေချာပါတယ်။ ဟမ်းဘတ်နဲ့ ဒေါ့မွန်အသင်းတို့ပွဲကတော့
နိုင်ပွဲတစ်ပွဲမှ မရသေးတဲ့ ဟမ်းဘတ်ရဲ့ အားထုတ်မှုကို မြင်တွေ့ရ
မယ့်ပွဲဖြစ်ပါတယ်။ နိုင်ပွဲ ၊ သရေပွဲတွေ တစ်ပွဲမှမရသေးလို့
ဖိအားပေးခံနေရတဲ့ ဟမ်းဘတ်တို့အိမ်ကွင်းမှာ အမှတ်ရအောင်
ယူနိုင်မလားဆိုတာ စောင့်ကြည့်ရမယ့်ပွဲဖြစ်ပါတယ်။
ဒေါ့မွန်အသင်းကတော့ ဒီနှစ်ဘောလုံးရာသီမှာ ရှုံးပွဲမရှိ
သေးတဲ့စံချိန်ကောင်းကို ရယူနိုင်ဖို့အတွက် ဟမ်းဘတ်နဲ့ပွဲမှာ
အနိုင်ရအောင် အားထုတ်မှာ သေချာပါတယ်။ အဝေးကွင်း၊
အိမ်ကွင်းတွေမှာ ပုံမှန်ခြေစွမ်းရနေတဲ့ ဒေါ့မွန်တို့ အိမ်ရှင်
ဟမ်းဘတ်ကို တစ်မှတ်မှမပေးဘဲအိမ်အပြန် မျက်နှာပန်းလှ
အောင် ကြိုးစားမယ့်ပွဲဖြစ်ပါတယ်။ ဟော်ဖန်ဟိန်းနဲ့ ဟန်နိုဗာ
အသင်းတို့ပွဲကတော့ ပုံမှန်ခြေစွမ်း မရသေးတဲ့  ဟော်ဖန်ဟိန်း
တို့အိမ်ကွင်းမှာကစားရပေမယ့် မျှော်လင့်ချက်ကြီးကြီးထားလို့
မရနိုင်တဲ့ အနေအထားပါပဲ။ ဧည့်သည်ဟန်နိုဗာတို့က တိုက်စစ်၊
ခံစစ်ကို မျှအောင်ကစားနိုင်တဲ့အပြင် ဟန်နိုဗာတိုက်စစ်မှူးတွေက
ဂိုးသွ င်းနိုင်ကြသူတွေဖြစ်တာမို့ အိမ်ရှင်ဟော်ဖန်ဟိန်းတို့
အတွက် ခက်ခက်ခဲခဲ ရင်ဆိုင်ရမယ့်ပွဲဖြစ်ပါတယ်။
ဟန်နိုဗာမှာ အန်ဒရာဆင်နဲ့ ဟုဇ်တီတို့က ဒီနှ စ်မှာ
ဂိုးတွေသွင်းယူပြီး ဟန်နိုဗာအတွက် ရလဒ်ကောင်းအောင်
စွမ်းဆောင်နိုင်ကြသူတွေဖြစ်တာမို့ တန်းစီဇယားရဲ့ လက်ရှိ
တတိယနေရာက ဖယ်မပေးရအောင် အစွမ်းကုန်အားထုတ်
မှာဖြစ်ပါတယ်။ ဝါဒါဘရီမင်နဲ့ စတုဂတ်တို့ ပွဲကတော့ အိမ်ကွင်း
မှာ စတုဂတ်အသင်းရဲ့ ရုန်းကန်အားကို စောင့်ကြည့်ရမယ့်ပွဲ
ဖြစ်ပါတယ်။ သုံးပွဲကစားပြီး သရေတစ်ပွဲသာ ရရှိထားတဲ့
စတုဂတ်ရဲ့ ခြေစွမ်းကလည်း အားရစရာမကောင်းတာတော့
အမှန်ပါပဲ။ အမှတ်လိုအပ်နေလို့ အိမ်ကွင်းမှာပရိသတ်အားနဲ့
အတူ ဝါဒါဘရီမင်အသင်းကို ရင်ဆိုင်မယ့် စတုဂတ်ရဲ့ ခြေစွမ်း
အပေါ် ဝါဒါဘရီမင်တို့ အလေးထားရမှာတော့ သေချာနေပါ
တယ်။ သုံးပွဲကစားပြီးချိန်မှာ နိုင်ပွဲတစ်ပွဲသာရရှိထားပြီး
တန်းစီဇယား ၁၁ နေရာမှာ ရပ်တည်နေတဲ့ ဝါဒါဘရီမင်တို့
ဒီပွဲမှာ ပေါ့ပေါ့ဆဆကစားရင် တစ်မှတ်တောင်မရဘဲ အိမ်ပြန်
သွားရနိုင်ပါတယ်။
ဒါပေမယ့် နှစ်သင်းစလုံးအနေအထားကိုကြည့်ရင် ခံစစ်
ပိုင်းအားနည်းတဲ့ စတုဂတ်ရဲ့ ကြိုးစားအားထုတ်မှုဟာ လက်တွေ့
မှာ အခြေအနေကောင်းနိုင်ဖို့ဆိုရင် ခံစစ်ကြောင်း ပြုပြင်မှဖြစ်
မှာပါ။ ဒီပွဲမှာ နှစ်သင်းစလုံး စိတ်ဓာတ်ပြင်းပြင်းနဲ့ ရင်ဆိုင်ကြမှာ
ဖြစ်တဲ့အတွက် အကြိတ်အနယ်ရှိမယ့်ပွဲဖြစ်ပါတယ်။ (အင်တာနက်)
**သတင်းအတိုအထွာများ**
-လက်ဆွဲနှုတ်ဆက်-လီဗာပူးတိုက်စစ်မှူး ဆွာရက်ဇ်နဲ့ မန်ယူကစား သမားအီဗရာတို့သည် လာမယ့် တနင်္ဂနွေနေ့ ပရီမီယာ လိဂ်ပြိုင်ပွဲတွင် ပွဲမစမီ တစ်ဦးနှင့်တစ်ဦး လက်ဆွဲနှုတ်ဆက် ကြမည်ဖြစ်သည်။ယင်းတို့နှစ်ဦးသည် ပြီးခဲ့သောရာသီက တစ်ဦးနှင့် တစ်ဦး စကားများရန်ဖြစ်ခဲ့ကြသည်။ တိုက်စစ်မှူးဆွာရက်ဇ် သည် အီဗရာအား ဆဲမှုဖြင့် ရှစ်ပွဲအပိတ်ခံခဲ့ရသည်။ မန်ယူ နှင့်လီဗာပူးတာဝန်ရှိသူများက ၄င်းတို့နှစ်ဦး တနင်္ဂနွေနေ့ ပြိုင်ပွဲတွင် တစ်ဦးနှင့်တစ်ဦး လက်ဆွဲနှုတ်ဆက်ကြရန် စီစဉ် ထားသည်။ **ဒေးဗစ်ဖလား** ဗြိတိန်နိုင်ငံက ၂ဝ၁၃ ခုနှစ် ဒေးဗစ်ဖလားတင်းနစ် ပြိုင်ပွဲတွင် ရုရှားအသင်းကို အိမ်ရှင်အဖြစ် လက်ခံကစား မည်ဖြစ်ကြောင်း သိရသည်။ ၄င်းပြိုင်ပွဲကို လာမည့် ဧပြီ ၅ ရက်မှ ၇ ရက်အထိ ဗြိတိန်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံ ကျင်းပမည်ဟု ဆိုသည်။ရုရှားတင်းနစ်အဖွဲ့သည် ဗြိတိန်ကို အနိုင်ကစားရန် မျှော်လင့်ထားသည်။ယင်းတို့ နှစ်နိုင်ငံသည် ၁၉၆၃ ခုနှစ်က ဆုံတွေ့ခဲ့ကြရာ ဗြိတိန်က ရုရှား(ယခင်ဆိုဗီယက်) ကို လေးပွဲ-တစ်ပွဲဖြင့် အနိုင်ရခဲ့သည်။
**တိုက်ဂါးဝုဒ်**
ကမ္ဘာကျော်ဂေါက်သီးကစားသမားတိုက်ဂါးဝုဒ်နှင့် အင်္ဂလန်ဂေါက်သီးကစားသမား ဂျပ်စတင်ရို့စ်တို့သည် အမေရိကန်နိုင်ငံ အတ္တ လန္တာမြို့၌ စက်တင်ဘာ ၂၁ ရက်က ယှဉ်ပြိုင်ကစားလျက်ရှိသည့် ပီဂျီအေတိုးဂေါက်သီးရိုက်ပြိုင်ပွဲ ပထမနေ့တွင် လေးချက်စီလျှော့ရိုက်ပြီး ပြိုင်ဘက်များကို ဦးဆောင်လျက်ရှိသည်။
**တိုက်စစ်မှူးဒရော့ဘာ**
ချယ်လ်ဆီးတိုက်စစ်မှူးဟောင်း ဒရော့ ဘာသည် တရုတ်ကလပ်ရှန်ဟိုင်း ရှင်ဟွာအသင်း၌ကစားလျက်ရှိရာ ၄င်းကလပ်တွင် ပျော်ရွှင်နေကြောင်းဒရော့ဘာက ပြောကြား သည်။ တိုက်စစ်မှူး ဒရော့ဘာသည် ၄င်းကလပ်နှင့် နှစ်နှစ်ခွဲ စာချုပ်ချုပ်ဆိုထားသည်။ ဒရော့ဘာက သူ့အနေဖြင့် တရုတ်ကလပ်နှင့် စာချုပ်သက်တမ်းကုန်ဆုံးသည့်တိုင်အောင် ကစားသွားရန် မျှော်လင့်ကြောင်း ပြောကြားသည်။ (ဆင်ဟွာ)
စုစည်းဘာသာပြန် - ဝေယံဦး

No comments:
Post a Comment