**Public Health**
(နယူးယောက်၊ စက်တင်ဘာ ၁) အသက်ငယ်ရွယ်သည့် အချိန်ကတည်းက အဝလွန်သော လူငယ်များ သည် သည်းခြေကျောက် တည်မှု ပိုမို ဖြစ်ပွားစေကြောင်း၊သာမန်ကိုယ်အလေးချိန်ရှိသူများနှင့်နှိုင်းယှဉ်လျှင် သည်းခြေကျောက်တည် မှုနှုန်း ပိုမိုမြင့်မားကြောင်း တွေ့ရှိရသည်ဟု အမေရိကန်ဆေးဘက်ဆိုင်ရာ သုတေသနပညာရှင်များက သြဂုတ် ၂၉ ရက်တွင် ထုတ်ဖော်ပြောကြားသည်။ အသက် ၁ဝ နှစ်မှ ၁၉ နှစ်အရွယ် လူငယ် ၅၁ဝဝဝဝခန့်ကို လေ့လာသုတေသနပြုခဲ့ရာ အဝလွန်သော လူငယ်များ၏ ထက်ဝက်ခန့်သည် သည်းခြေကျောက်တည်မှု ဖြစ်ပွားလျက်ရှိကြောင်း တွေ့ရှိခဲ့သည်ဟု အမေရိကန်ဆေးဘက်ဆိုင်ရာသုတေသနပညာရှင်တစ်ဦးဖြစ်သူ ကီဆာပါနန်တီက ပြောကြားသည်။အဆိုပါ လေ့လာတွေ့ရှိချက်သည် သာမန်ခန္ဓာကိုယ်ပိုင်ရှင် လူငယ်များထက် အဝလွန်သည့်လူငယ်များက သည်းခြေကျောက်တည်မှုနှုန်း လေးဆခန့် ပိုမိုဖြစ်ပွားကြောင်း၊ အနေအထိုင် အစား အသောက် မဆင်ခြင်ပါက အဝလွန်သည့် လူငယ်များသည် သည်းခြေကျောက်တည်မှုနှုန်း လျင်မြန်စွာ ပိုမိုတိုးမြင့်လာနိုင်ကြောင်း ¤င်းတို့က သတိပေးထားသည်။သည်းခြေကျောက်များမှာ အရွယ်အစားသေးငယ်ပြီး ခန္ဓာကိုယ်အတွင်း ကိုလက်စထရော များပြားမှုကြောင့် သည်းခြေအိတ်အတွင်း ဖြစ်ပေါ်လာခြင်းဖြစ်သည်။ သည်းခြေအိတ်အတွင်း သည်းခြေကျောက်များပြားလာပါက အသည်းနှင့်ပန်ကရိယတို့ကို ထိခိုက် ပျက်စီးစေကြောင်း အမေရိကန်ဆေးဘက်ဆိုင်ရာ သုတေသနပညာရှင်များက ပြောကြားသည်။ သည်းခြေကျောက်တည်ရောဂါသည် အဝလွန်မှုနှင့်ဆက်စပ်နေရာ ခန္ဓာကိုယ်အလေးချိန် သာမန် ထက်မများစေရန် လိုအပ်ကြောင်း၊ ယောက်ျားလေးများသည် မိန်းကလေးများထက် သည်းခြေ ကျောက်တည်မှုနှုန်း ပိုမိုဖြစ် ပွားတတ်သည်ကို လေ့လာတွေ့ရှိရကြောင်း ကယ်လီဖိုးနီးယားပြည်နယ် တောင်ပိုင်း ကလေးငယ်များဆိုင်ရာကျန်းမာရေးလေ့လာမှု သုတေသနတစ်ရပ်၌ ဖော်ပြသည်။ အဝလွန်သည့်လူငယ်ဦးရေတိုးတက်များပြားလာမှုသည် သည်းခြေကျောက်တည်မှုနှုန်း ပိုမိုမြင့်မား လာသည်ကို ပြသနေကြောင်း၊ ယင်းနှင့်ဆက်နွှယ်ကာ ဖြစ်ပွားသောရောဂါများကိုလည်း လူငယ်များ ပိုမိုခံစားရမည်ဖြစ်ကြောင်း အမေရိကန် ဆေးဘက်ဆိုင်ရာ သုတေသနပညာရှင်များက သတိပေးထား သည်။အဝလွန်သောလူငယ်များတွင် ခန္ဓာကိုယ်အတွင်း ကိုလက်စထရောမြင့်မားမှု၊ သွေးပေါင်ချိန် မြင့်တက်မှုနှင့် ဆီးချိုဖြစ်ပွားနိုင်မှုတို့ကို ယခင်က အလေးထား လေ့လာသုတေသနပြုခဲ့ သော်လည်း ယခု အခါ သည်းခြေကျောက်တည်မှုကိုပါ ထပ်မံအလေးထားသုတေသနပြုရမည့် အခြေအနေရောက်ရှိလာ ကြောင်း ၄င်းတို့က ပြောကြားသည်။ (အင်တာနက်)
-လူထုကျန်းမာရေး(အဝလွန်သည့်  လူငယ်များ သည်းခြေကျောက်တည်မှုပိုမိုဖြစ်ပွား)-

No comments:
Post a Comment