**ဒါကြောင့်ပါ**
မူလတန်းကျောင်းတစ်ကျောင်း၌ ဆရာမက ကျောင်းသား ကျောင်းသူများကို ကြီးလာလျှင် ဘာလုပ်ကြမလဲဟူသော မေးခွန်းများမေးသည်။ ဆရာမ = စမစ်.. ကြီးလာရင်ဘာလုပ်မလဲ..။
စမစ် = ဆရာဝန်လုပ်ချင်တယ်...။
ဆရာမ = ဘာဖြစ်လို့လဲ...။
စမစ် = လူတွေအသက်ရှင်ကျန်းမာအောင် စောင့်ရှောက်ချင်လို့ပါ..။
ဆရာမ = ဝီလီ..ကြီးလာရင် ဘာလုပ်မလဲ...။
ဝီလီ = အင်ဂျင်နီယာဖြစ်ချင်တယ်...
ဆရာမ = ဘာဖြစ်လို့လဲ..။
ဝီလီ = လူတွေအတွက် အကောင်းဆုံး အဆောက်အအုံတွေဆောက်ပေးချင်လို့ပါ..။
ဆရာမ = ဒွန်...ကြီးလာရင်ဘာလုပ်မလဲ..။
ဒွန် = လေယာဉ်မှူးလုပ်ချင်တယ်..။
ဆရာမ = ဘာဖြစ်လို့လဲ...။
ဒွန် = အားလုံးရဲ့အပေါ်ဆုံးမှာနေချင်လို့ပါ..။
ဆရာမ = ''ဟေ''
**အာကာဟိန်း**
-ဘ၀အမောပြေ-

No comments:
Post a Comment