**(စက်တင်ဘာလ ၂ရက်၊ ၂၀၁၂- သောင်ရင်းနဂါး)**
ပြီးခဲ့သည့် ၂၀၁၂ ဇူလိုင်လ နှင့် သြဂုတ်လ များတွင် ထိုင်းဥပဒေအတိုင်း နေ့စားခ ၂၂၆ ဘတ်ရရှိသော ထိုင်း-မြန်မာနယ်စပ် တာ့(ခ်)ခရိုင်မဲဆောက်မြို့ မယ်ပ ၁၀ ရပ်ကွက် (မြန်မာတို့အခေါ်-ဘန့်ဆောင်ခွဲရပ်) ရှိ M Appeal Co,ltd အထည်ချုပ်စက် ရုံမှ အလုပ်သမားကိုယ်စားလှယ်တစ်ဦးနှင့် အလုပ်သမား ၁၀ ဦး အလုပ်ဖြုတ်ခံရကြောင်း သတင်းရရှိ သည်။ အဆိုပါ စက်ရုံသည် ၂၀၁၂ ခုနှစ် မေလ အထိ နေ့စားခ ၇၅ ဘတ်မှ ၉၀ ဘတ်အထိ ရရှိခဲ့ကြပြီး စက်ရုံရှိ အလုပ်သ မား ၅၀၀ ခန့်အနက် အလုပ်သမား ၃၀၈ ဦးတို့က နေ့စားခအပါအ၀င် ထိုင်းဥပဒေပါ အလုပ်သမားအခွင့်အရေးများအတိုင်း တောင်းဆိုရာမှ ၂၀၁၂ ခုနှစ် ဇူလိုင်လ လစာမှစ၍ ထိုင်းဥပဒေအတိုင်း တာ့(ခ်)ခရိုင်အတွင်း နေ့စားခ သတ်မှတ်စံနှုန်း ၂၂၆ ဘတ် ရရှိခဲ့ကြခြင်းဖြစ်သည်။ အဆိုပါ အလုပ်သမား ၃၀၈ ဦးထဲတွင် ပထမ ကိုယ်စားလှယ် ၇ ဦး ရှိရာ အလုပ်ရှင်နှင့် အလုပ် သမားသဘောတူ စာချုပ်ကို ထိုင်းအလုပ်သမားဝန်ကြီးဌာန၊ တာ့(ခ်)ခရိုင် အလုပ်သမားကြီးကြပ်ကာကွယ်ရေးရုံး (ဆ၀ါဒီကန်) ရှေ့မှောက်၌ ချုပ်ဆိုကာ ၂၂၆ ဘတ် ရရှိခဲ့ကြခြင်းဖြစ် သည်။ သို့ရာတွင် ၂၂၆ ဘတ် ပေးရသည့် လများမှစ၍ ပထမအလုပ်သမား ကိုယ်စားလှယ် ၇ ဦး အပေါ်၌ အလုပ်ရှင်အသိုင်း အ၀ိုင်းမှ ပုံစံမျိုးစုံဖြင့် တင်းကြပ်မှုများ လုပ်လာခဲ့ရာ ယခုဖြစ်ရပ်သည် ၂၂၆ ဘတ်ပေးရခြင်း၏ နောက်ဆက်တွဲအကျိုးဆက် တစ်ခု ဖြစ်ပေသည်။ အလုပ်သမားကိုယ်စားလှယ် ကိုပီတာအား ၄ ကြိမ်တိတိ သတိပေးခဲ့သည်ဆိုကာ ၂၀၁၂ ခုနှစ် သြဂုတ်လ ၃၁ ရက်နေ့တွင်လည်းကောင်း၊ အလုပ်သမားများဖြစ်ကြသော ၁။ ရဲမင်းဇော် ၂။ မနွယ်နွယ်ထွန်း ၃။ မနှင်းဆီ ၄။ မမျိုးမမ ၅။ မဇင်မာ ၆။ မစန္ဒာအောင် ၇။ မကြူကြူဝင်း ၈။ ကိုမိုးနှောင်း ၉။ ကိုကျော်မင်း ၁၀။ ကိုထွန်းထွန်း စသည့် အလုပ်သမား ၁၀ ဦးအား လုပ်သက် ၄ လ မပြည့်ု အကြောင်းပြကာ ၂၀၁၂ ခုနှစ် စက်တင်ဘာလ ၁ရက်နေ့တွင်လည်းကောင်း အလုပ်မှ ထုတ်ပယ်လိုက်ခြင်းဖြစ်သည်။
(ပြီးခဲ့သည့် ၂၀၁၂ ခုနှစ် မေလ ၁၄-၁၅ ရက်များက အလုပ်မဆင်းဘဲ ဆန္ဒပြခဲ့ကြ )
သတင်းနှင့်ဓါတ်ပုံ-သောင်ရင်းနဂါး
-နေ့စားခ ၂၂၆ ဘတ်ရရှိသောမဲဆောက်မြို့ M -Appeal Co,ltdမှ အလုပ်သမား ၁၁ ဦးအလုပ်ဖြုတ်ခံရ-
**(စက်တင်ဘာလ ၂ရက်၊ ၂၀၁၂- သောင်ရင်းနဂါး)**
ပြီးခဲ့သည့် ၂၀၁၂ ဇူလိုင်လ နှင့် သြဂုတ်လ များတွင် ထိုင်းဥပဒေအတိုင်း နေ့စားခ ၂၂၆ ဘတ်ရရှိသော ထိုင်း-မြန်မာနယ်စပ် တာ့(ခ်)ခရိုင်မဲဆောက်မြို့ မယ်ပ ၁၀ ရပ်ကွက် (မြန်မာတို့အခေါ်-ဘန့်ဆောင်ခွဲရပ်) ရှိ M Appeal Co,ltd အထည်ချုပ်စက် ရုံမှ အလုပ်သမားကိုယ်စားလှယ်တစ်ဦးနှင့် အလုပ်သမား ၁၀ ဦး အလုပ်ဖြုတ်ခံရကြောင်း သတင်းရရှိ သည်။ အဆိုပါ စက်ရုံသည် ၂၀၁၂ ခုနှစ် မေလ အထိ နေ့စားခ ၇၅ ဘတ်မှ ၉၀ ဘတ်အထိ ရရှိခဲ့ကြပြီး စက်ရုံရှိ အလုပ်သ မား ၅၀၀ ခန့်အနက် အလုပ်သမား ၃၀၈ ဦးတို့က နေ့စားခအပါအ၀င် ထိုင်းဥပဒေပါ အလုပ်သမားအခွင့်အရေးများအတိုင်း တောင်းဆိုရာမှ ၂၀၁၂ ခုနှစ် ဇူလိုင်လ လစာမှစ၍ ထိုင်းဥပဒေအတိုင်း တာ့(ခ်)ခရိုင်အတွင်း နေ့စားခ သတ်မှတ်စံနှုန်း ၂၂၆ ဘတ် ရရှိခဲ့ကြခြင်းဖြစ်သည်။ အဆိုပါ အလုပ်သမား ၃၀၈ ဦးထဲတွင် ပထမ ကိုယ်စားလှယ် ၇ ဦး ရှိရာ အလုပ်ရှင်နှင့် အလုပ် သမားသဘောတူ စာချုပ်ကို ထိုင်းအလုပ်သမားဝန်ကြီးဌာန၊ တာ့(ခ်)ခရိုင် အလုပ်သမားကြီးကြပ်ကာကွယ်ရေးရုံး (ဆ၀ါဒီကန်) ရှေ့မှောက်၌ ချုပ်ဆိုကာ ၂၂၆ ဘတ် ရရှိခဲ့ကြခြင်းဖြစ် သည်။ သို့ရာတွင် ၂၂၆ ဘတ် ပေးရသည့် လများမှစ၍ ပထမအလုပ်သမား ကိုယ်စားလှယ် ၇ ဦး အပေါ်၌ အလုပ်ရှင်အသိုင်း အ၀ိုင်းမှ ပုံစံမျိုးစုံဖြင့် တင်းကြပ်မှုများ လုပ်လာခဲ့ရာ ယခုဖြစ်ရပ်သည် ၂၂၆ ဘတ်ပေးရခြင်း၏ နောက်ဆက်တွဲအကျိုးဆက် တစ်ခု ဖြစ်ပေသည်။
အလုပ်သမားကိုယ်စားလှယ် ကိုပီတာအား ၄ ကြိမ်တိတိ သတိပေးခဲ့သည်ဆိုကာ ၂၀၁၂ ခုနှစ် သြဂုတ်လ ၃၁ ရက်နေ့တွင်လည်းကောင်း၊ အလုပ်သမားများဖြစ်ကြသော ၁။ ရဲမင်းဇော် ၂။ မနွယ်နွယ်ထွန်း ၃။ မနှင်းဆီ ၄။ မမျိုးမမ ၅။ မဇင်မာ ၆။ မစန္ဒာအောင် ၇။ မကြူကြူဝင်း ၈။ ကိုမိုးနှောင်း ၉။ ကိုကျော်မင်း ၁၀။ ကိုထွန်းထွန်း စသည့် အလုပ်သမား ၁၀ ဦးအား လုပ်သက် ၄ လ မပြည့်ု အကြောင်းပြကာ ၂၀၁၂ ခုနှစ် စက်တင်ဘာလ ၁ရက်နေ့တွင်လည်းကောင်း အလုပ်မှ ထုတ်ပယ်လိုက်ခြင်းဖြစ်သည်။
(ပြီးခဲ့သည့် ၂၀၁၂ ခုနှစ် မေလ ၁၄-၁၅ ရက်များက အလုပ်မဆင်းဘဲ ဆန္ဒပြခဲ့ကြ )
သတင်းနှင့်ဓါတ်ပုံ-သောင်ရင်းနဂါး

No comments:
Post a Comment