-ယခုလအတွင်း ဟိုအကြောင်း၊ ဒီအကြောင်း၊ သူတို့အကြောင်း-
**တောင်ကိုရီးယား ဂေါက်သီးအားကစားမယ်ရှင်း.
.ဗြိတိသျှအိုးပင်းဖလား ဒုတိယအကြိမ် ဆွတ်ခူး**
(လန်ဒန်၊ စက်တင်ဘာ၁၇)
တောင်ကိုရီးယားဂေါက်သီးအားကစားမယ် ရှင်းဂျီရိုင်းသည် စက်တင်ဘာ ၁၆ ရက်က ဗြိတိသျှ
အိုးပင်း ဂေါက်သီးရိုက်ပြိုင်ပွဲတွင် သတ်မှတ်ရိုက်ချက်ထက် ကိုးချက်လျှော့ရိုက်ပြီး ဒုတိယ
အကြိမ်မြောက်ဗြိတိသျှအိုးပင်းဖလားကို ဆွတ်ခူးသွားခဲ့သည်။
ရှင်းသည် အဖွ င့်ပွဲနေ့တွင် ငါးချက်လျှော့ရိုက်ပြီး ပြိုင်ဘက်များကို ဦးဆောင်ကစားခဲ့သည်။
သို့သော်လည်း စက်တင်ဘာ ၁၄ ရက်က လေပြင်းများတိုက်ခတ်ခဲ့သဖြင့် ပြိုင်ပွဲကို စက်တင်ဘာ
၁၄ ရက်အထိ ရွှေ့ဆိုင်းခဲ့ရသည်။
ကမ္ဘာ့နံပါတ်တစ် ဂေါက်သီးကစားသမားဟောင်းဖြစ်သည့် ရှင်းသည် တတိယနေ့ ပြိုင်ပွဲတွင်
သြစတြေးလျ ဂေါက်သီးအားကစားမယ် ကာရီဝက်ဘ်ကို ကျော်ဖြတ်ပြီး သုံးချက်အသာဖြင့် ဦးဆောင်
ကစားခဲ့သည်။ အသက် ၂၄ နှစ်ရှိ ရှင်းသည် နောက်ဆုံးနေ့အထိ ၃၆ ကျင်းကစားခဲ့ ပြီးနောက်သတ်
မှတ်ရိုက်ချက်ထက် ကိုးချက်လျှော့ရိုက်ကာ ဆုဖလားဆွတ်ခူးနိုင်ခဲ့သည်။ သူမသည် အမျိုးသမီးဂေါက်
သီးလောကတွင် အဓိကပြိုင်ပွဲကြီး လေးမျိုးစလုံး၌ ဖလားများဆွတ်ခူးနိုင်ခဲ့သည့် အာရှတိုက်မှတစ်ဦးတည်းသော ဂေါက်သီးအားကစားမယ်ဖြစ်လာခဲ့သည်။ (အင်တာနက်)**နေမာ**
ဘရာဇီးစီးရီးအေဘောလုံးပြိုင်ပွဲမျာကို စက်တင်ဘာ ၁၆ ရက် ညပိုင်းက ယှဉ်ပြိုင်ကစားခဲ့ရာ ဆန်တို့စ် အသင်းက ကော်ရီတစ်ဘာအသင်းကို နှစ်ဂိုး-တစ်ဂိုးဖြင့် နိုင်ခဲ့သည်။ ဆန်တို့စ်အသင်းအတွက် အနိုင်ဂိုးနှစ်ဂိုးစလုံး ကို ဘရာဇီးနာမည်ကြီး တိုက်စစ်မှူး နေမာကသွင်းယူပေး ခဲ့သည်။
**အာရှ ဘော်လီဘော အဖွဲ့ ချုပ်ဖလားပြိုင်ပွဲတောင်ကို ရီးယားအမျိုးသမီးအသင်းက အီရန်ကိုအနိုင်ရ** (တိုကျို စက်တင်ဘာ ၁၇) အာရှဘော်လီဘောအဖွဲ့ချုပ်ဖလား အမျိုးသမီး ဘော်လီဘော ပြိုင်ပွဲကို စက်တင်ဘာ ၁၆ ရက်က ဆက်လက်ယှဉ်ပြိုင်ကစားရာ ဂျပန်က တရုတ်(တိုင်ပေ)အသင်းကို သုံးပွဲပြတ်ဖြင့် အနိုင်ရရှိခဲ့သည်။ ဂျပန်အမျိုးသမီး ဘော်လီဘောအသင်းသည် တရုတ်(တိုင်ပေ) အသင်းအား ၂၅-၁၇၊ ၂၅-၁၅၊ ၂၅-၁၇ မှတ်ဖြင့်အနိုင်ရရှိခဲ့သည်။ ထို့ အတူ တောင်ကိုရီးယားအသင်းက အီရန်အသင်း (ယာပုံ)ကိုသုံးပွဲပြတ်ဖြင့် အနိုင် ယူခဲ့သည်။ တောင်ကိုရီးယားအသင်းသည် ၂၅-၁၆၊ ၂၅-၂ဝ၊ ၂၅-၂ဝ မှတ်ဖြင့် အီရန်ကို အနိုင်ရခဲ့ခြင်းဖြစ်သည်။ တစ်ဖန် ထိုင်းအမျိုးသမီးဘော်လီဘောအသင်းနှင့် ဗီယက် နမ်အသင်းတို့ပွဲတွင် ထိုင်းအသင်းက ၂၅-၂၂၊ ၂၆-၂၄၊ ၂၅-၁၇ မှတ်ဖြင့် အနိုင်ယူခဲ့သည်။ဆက်လက်ပြီး တရုတ်နှင့်ကာဇက်စတန်အသင်းတို့ပွဲတွင် တရုတ်အမျိုးသမီးအသင်းက ၂၅-၂ဝ၊ ၂၅-၁၄၊ ၂၅-၁၁ မှတ်ဖြင့် အနိုင်ရရှိခဲ့သည်။ (အင်တာနက်)
(ဂီရွန်(အာဂျင်တီးနား) စက်တင်ဘာ ၁၇ ဒေးဗစ်ဖလားတင်းနစ်ပြိုင်ပွဲ အကြိုဗိုလ်လုပွဲကို အာဂျင်တီးနားနိုင်ငံ၌ ယှဉ်ပြိုင်ကစားခဲ့ရာ စက်တင်ဘာ၁၆ ရက်က လက်ရှိချန်ပီယံ စပိန်က အမေရိကန်ကို သုံးပွဲ-တစ်ပွဲဖြင့် အနိုင်ရပြီး ဗိုလ်လုပွဲသို့ တက်ရောက် သွားခဲ့သည်။ စပိန်တင်းနစ် ကစားသမား ဒေးဗစ်ဖရာယာ (ဝဲပုံ) က အမေရိကန်တင်းနစ်ကစားသမား ဂျွန်အစ္စနားကို လေးပွဲကစားပြီး အနိုင်ရခဲ့ခြင်းဖြစ်သည်။ စပိန်က တစ်ဦးချင်းပြိုင်ပွဲ ပထမနှစ်ပွဲတွင် အနိုင်ကစားနိုင်ခဲ့သည်။ ၂ဝဝ၉ ခုနှစ်က စပိန်ကို ရှုံးနိမ့်ခဲ့သော ချက်သမ္မတနိုင်ငံအသင်းက ပြီးခဲ့သည့်နှစ်က ဒုတိယဆုရခဲ့သော အာဂျင်တီးနားအသင်းကို သုံးပွဲ-တစ်ပွဲဖြင့် နိုင်ခဲ့သည်။ လက်ရှိချန်ပီယံ စပိန်အသင်းသည် ဒူးခေါင်း ဒဏ်ရာမှသက်သာလာမည့် ရာဖေးလ်နာဒယ်ကို မျှော်လင့်ထားသည်။ နိုဝင်ဘာလ၌ ကစားမည့် ဗိုလ်လုပွဲတွင်ရာဖေးလ်နာဒယ် ဒဏ်ရာမှ ပြန်ကောင်းလျှင် စပိန်တို့ ၄င်းတို့၏ ဒေးဗစ်ဖလား ချန်ပီယံဆုကို ကာကွယ်နိုင်လိမ့်မည်ဟု မျှော်လင့်ထားသည်။ဂရင်းဆလမ်ဖလား ၁၁ လုံး ဆွတ်ခူးထားသည့် ရာဖေးလ်နာဒယ်သည်ဇွန်လက ဝင်ဘယ်ဒန်ဖလားပြိုင်ပွဲ၌ ဒဏ်ရာရခဲ့သဖြင့် ဒေးဗစ်ဖလားတွင် မကစားနိုင်ခဲ့ပေ။ (အင်တာနက်)
**အဂူရို**
မန် စီးတီးတိုက်စစ်မှူး အဂူရိုသည် ဒူးခေါင်း
အမာရွတ်ခွဲစိတ်ပြီး တစ်လအကြာ ချန်ပီယံလိဂ်အုပ်စုပြိုင်ပွဲ
ရီးရဲမက်ဒရစ်နှင့် ယှဉ်ပြိုင်ကစားမည့်ပြိုင်ပွဲတွင် ပြန်လည်
ကစားနိုင်လိမ့်မည်ဖြစ်သည်။
အဂူရိုသည် ပြီးခဲ့သောနှစ် ဘောလုံးရာသီက
မန်စီးတီးအတွက် ဂိုးပေါင်း ၃ဝ သွင်းယူခဲ့သည်။ ¤င်းသည်
ရာသီအဖွင့်ပြိုင်ပွဲတွင် ဒဏ်ရာရခဲ့၍ အနားယူနေခဲ့ရ
သည်။ယခုအခါမန်စီးတီးအသင်းနှင့်အတူ လေ့ကျင့်နေ
ပြီဖြစ်သည်။ နည်းပြမန်စီနီကလည်း အဂူရိုအား ရီးရဲ
မက်ဒရစ်နှင့် ကစားမည့် ပြိုင်ပွဲအတွက် ထည့်သွင်းကစား
ရန် ပြီးခဲ့သည့် စတုတ်နှင့်ပွဲတွင် ထည့်သွင်းမကစားဘဲ
ချန်ထားခဲ့သည်။
**ပိုဝဲလ်**
နွေရာသီက မန်ယူမှစာချုပ်ခဲ့သော နစ်ကလော့ပိုဝဲလ် သည် ဝါရင့်ကစားသမားကြီး ပေါလ်စခိုးလ်၏နေရာတွင် အစားထိုးရန်ဖြစ်ကြောင်း မန်ယူနည်းပြ ဖာဂူဆန်က ပြောကြားလိုက်သည်။ ပို ဝဲလ်အား ခရူဝီအသင်းမှ ပေါင်လေးသန်းဖြင့် ခေါ်ယူခဲ့ခြင်းဖြစ်သည်။ ၄င်းသည် ဝီဂန်ကို မန်ယူက လေး ဂိုးပြတ်ဖြင့် အနိုင်ရသည့်ပွဲတွင် မန်ယူအတွက် ဂိုးစသွင်း ယူပေးခဲ့သည်။ (အင်တာနက်)
စုစည်းဘာသာပြန် - မြင့်မောင်စိုး

No comments:
Post a Comment