ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Thursday, September 27, 2012

>
-လူမှာ တပ်မဲ့ ဘရိတ်-

ဘရိတ် တဲ့ ဘာဘရိတ်လဲ ဆိုတာ သိချင်နေပါလိမ့်မယ် ။ ကားတွေ ၊ စက်ဘီးတွေ ၊ လေယဉ်တွေ စသဖြင့် အရှိန်နဲ့ သွားလာတဲ့ ယဉ်မှန်သမျှမှာ အရှိန်ထိန်း ဘရိတ်တွေ တပ်ထားကြတာ သိကြမှာပါ ။ ထို့အတူပဲ ကျနော်ဆိုလိုတဲ့ ဘရိတ်ဟာလည်း လူမှာ တပ်ဆင်တဲ့ ဘရိတ်တမျိုးပါပဲ ။ ဘရိတ်ဆိုတာဟာ စီးဆင်းနေတဲ့ အရှိန်ကို အရှိန်နှေးနှေးသွားပြီး ရပ်တန့်စေဖို့ ထိန်းတဲ့ ကိရိယာပါ။ ထူးဆန်းတယ်လို့ မဆိုလိုချင်ပါဘူး ။ ဒါပေမဲ့ ထူးဆန်းသလိုဖြစ်အောင် ဘရိတ်ဆိုပြီး သုံးနှုန်းလိုက်တာပါ။ ကျနော်တို့တတွေ နေ့စဉ် နိစ္စဓူဝ နယ်ပယ်မှာ .. အတွေးအမျိုးမျိုး ၊ အမြင်အမျိုးမျိုး ၊ အာရုံအမျိုးမျိုး စသဖြင့် တွေ့ကြုံနေရပါတယ် ။ အဲ့ဒီအရာတွေကြားထဲမှာ ကျနော်တို့တတွေဟာ အာရုံခံသတ္တဝါတွေမို့ အာရုံတွေရဲ့ စေစားရာနောက်ကို သတိမပါပဲ လိုက်လိုက်သွားရာကနေ ..မလိုချင်တာတွေ တွေ့ရ၊ ဖြစ်ရနဲ့ လောကဓံရဲ့ ဒုက္ခဆိုတာကြီးကို သိသိသာသာ ထိတွေ့နေရပါတယ်။ ယခုဘလော့မှာ အဓိက ကျနော့်စေတနာကတော့ အဲ့ဒီ ဒုက္ခတွေကို နည်းစေချင်တဲ့စေတနာကြောင့် ဒီအကြောင်းကို ရေးမိလိုက်ခြင်းပါ။ ကျနော်အနေနဲ့ တစ်ခါတရံ ကားလမ်းမ ပလက်ဖောင်းပေါ်ကို လမ်းထွက်လျှောက်ဖြစ်ပါတယ် ။ လမ်းလျှောက်ရာမှာလည်း ကျနော့်မျက်လုံးက ငြိမ်ငြိမ်နေပါဘူး လမ်းဘေးဝဲယာ ရှာ စရာမရှိပဲ ဝေ့လှည့်ပြီး ရှာကြည့်တတ်ပါတယ် ။ စူးစမ်းသလို သဘောမျိုးပါ ။ တကယ်တော့ ဘယ်သူတွေမြန်းရှိလေမလဲ ပေါ့ ။ နောက်ပြီး ဘယ်လို ကောင်မလေး ချောချောလေးမြန်း ရှိလေမလဲ .. စသဖြင့် ကြည့်မိတာပါ ။ လမ်းပေါ်မှာဆိုတော့ လူတွေစုံသလို ပုံစံတွေကလည်း အမျိုးမျိုးပါပဲ ။ လှတာတွေ ရှိသလို မလှတာတွေလည်း ရှိပါတယ် ။ လှတာဆိုရင် ယောက်ျားလေး ဘာသာဘာဝ အရ မျက်စိတဆုံးကြည့်မိပြီး ၊ မလှတာဆိုရင်တော့ ဖြစ်ပျက်သဘောအရ မြင်ပြီး ချက်ချင်းပျက် ဆိုသလို ဆက်မကြည့်တတ်ပါဘူး ။ ဘယ်လိုရုပ်ပုံသဏ္ဍန်ပဲဖြစ်နေပါစေ တည်တည်ငြိမ်ငြိမ်ဖြင့် မကြည့့််တာ များပါတယ် ။ ဘတ်စ်ကားတွေပေါ်မှာဖြစ်ဖြစ် ၊လမ်းဘေက ဖြတ်သွားတဲ့ ဘတ်စ်ကားဆီကိုပဲ ဖြစ်ဖြစ် စူးစမ်းတတ်တဲ့ စိတ်က ဖြန့်ကျက်မိပါတယ် ။ လှတာဆိုလည်း ဘာမှ မရတာ သိသိနဲ့ မျက်စိတဆုံး မြင်နိုင်သလောက်အထိ ဆက်ကြည့်ဖြစ်ပါတယ် ။ ဒါဟာလည်း ကျနော်တို့လို ယောက်ျားလေးများရဲ့ သဘာဝလို့ ဆိုချင်ပါတယ် ။ တခါတခါ ကိုယ်သိတဲ့သူများ ပါလေမလား ဆိုတဲ့ စိတ်နဲ့ ကြည့်ဖြစ်တာတွေလည်းရှိပါတယ် ။ ကြည့်နေတဲ့ ခေါင်းဟာလည်း ချိန်သီးပါတဲ့ နာရီလိုပဲ ဟိုဘက်လွှဲလိုက် ဒီဘက်လွှဲလိုက်နဲ့ငြိမ်ငြိမ်ကို မနေပါဘူး ။ အဲ့ဒီလို ဘာမှ မရမှန်းသိသိနဲ့ လိုက်ကြည့်နေမြဲပါပဲ။ အဲ့ဒီလို ဖြစ်နေတာတွေကတော့ ကျနော့်စိတ်မှာ ဘရိတ်ဆိုတာ မရှိတဲ့ အချိန်ကပေါ့ ..။ ခု ကျနော် ဘရိတ် စတင်တပ်ပြီး စမ်းသုံးကြည့်ရုံပဲ ရှိပါသေးတယ် ။ မြဲချင်မှလည်း မြဲပါမယ် ..။ မမြဲလည်း အစကထက်တော့ ပိုပြီး အကျိုးရှိမယ်ထင်ပါတယ် ..။ ကျနော်တို့အကြည့်တွေဟာ လှပတဲ့ သာယာမှုတွေအပေါ် ၊ ဆွဲဆောင်မှုတွေအပေါ်မှာ လိုက်ပြီး စိတ်ယိုင် တတ်ပါတယ် ။ အဲ့ဒီလို စိတ်မျိုးနဲ့ လှတဲ့သူ တစ်ယောက်ယောက်ကို မြင်လိုက်ပြီဆိုရင် ကျနော်တို့ စိတ်မှာ ဖြစ်နေကြအတိုင်း ဆက်ပြီး လိုက်ကြည့်မိတတ်ပါတယ် ။ ထိုသို့မဟုတ်ပဲ မြင်နေတဲ့ အရုံ အတွေးစကို အရေးကြီးသလား မကြီးဘူးလား ခွဲခြားပြီး အရေးမကြီးတာတွေအပေါ်မှာ စိတ်အာရုံကို ဖြတ်တောက်ပစ်သလို အကြည့်ကိုလွဲပစ်ကြည့်ပါ။ ပထမတော့ ခက်ပေမဲ့ နောက် လုပ်ရလွယ်ကူပါတယ် ။ ကျနော်ဆိုလိုချင်တဲ့ ဘရိတ်က အဲ့ဒါပါ ။ ( ဒါဆိုရင်တော့ ရည်စားတွေဘာတွေ လိုက်ပြီး ရှိတ်တာမှာ အဲ့လိုစိတ်ထားလိုက်ရင် ဘယ်မှာ ရည်းစားရတော့မလဲ ပေါ့ စသဖြင့် အထွန့်တက်မယ်ဆိုရင်တော့ ကျနော်လည်း မဖြေရှင်းတတ်ပါ။ ရည်းစားအဖြစ် တွဲဖို့ ကြည့်တယ်ဆိုရင်တော့ ရပ်ချင်မှ ရပ်ပါ .။ ဒါကလည်း ကိုယ့်သဘောပါပဲ ) ။ အဲ့ဒီလိုမှမဟုတ်ပဲ ဖြတ်သွားတဲ့ ဘတ်စ်ကားကို လိုက်ငေးနေခြင်းဟာ အချိန်လည်း ကုန်ပါတယ် ..။ လူလည်း ပန်းချင်ပန်းပါလိမ့်မယ်။ စိတ်လည်း မတည်ငြိမ်ပါဘူး ။ ဒါလေးလည်း လှတာပဲ ဟိုဟာလေးလည်း လှတာပဲ ဆိုပြီး အာရုံ အတောမသတ်ပဲ ဖြစ်နေပါလိမ့်မယ် ။ လူတွေမှာ အာရုံခံစားချင်တဲ့ စိတ်ကြောင့် ..စိတ်လိုရာ လိုက်ပြီး ကြီးမြတ်မှုတွေ ဖြစ်လာတာ ရှိသလို နိမ့်ကျမှုတွေ ဖြစ်ပြီး ကျဆုံးတာတွေလည်း ရှိပါတယ် ။ အဲ့ဒီအထဲမှာ ယခု ကျနော်တို့တတွေမှာ ကြီးမြတ်မှု ဖြစ်စေမဲ့အရာနဲ့ နိမ့်ကျမှု ဖြစ်စေမဲ့ အရာကို ခွဲခြားတတ်ဖို့ လိုပါတယ် ..။ အဲ့ဒီလို အမြင်တွေ အကြည့်တွေလိုပဲ .. စိတ်ထဲမှာ ဖြစ်ပေါ်မှုတွေကိုလည်း ဘရိတ် တပ်ထားခြင်းဖြင့် ဒုက္ခ နည်းစေပါလိမ့်မယ် ..။ တကယ်တော့ ဘရိတ်လို့ ဆိုမိခဲ့သော သတိတရားကို မိမိမှာ ရှိစေချင်လို့ပါ .။ မရှိလည်း ဘာဖြစ်လဲဆိုရင် ဘာမှ မဖြစ်ပါဘူး ။ ဒါပေမဲ့ မိမိကိုယ်ကိုယ် တိုးတက်ချင်ရင်တော့ ဂရုတစိုက် နေပေါ့ .. ။ ဒါပါပဲ .. ။ သတိပေးတဲ့အနေနဲ့ပါ ..။ ကိုယ့်ကိုယ်ကိုလည်း သတိပေးတဲ့အနေနဲ့ ရေးမိတာပါ ။ ထူးခြားချင်ရင် ထူးခြားအောင်နေ ..။ အကောင်းဖြင့် ထူးခြားချင်ရင် အကောင်းဖြစ်စေမဲ့ နည်းလမ်းဖြင့် ထူးခြားအောင်နေပါ ။ မိမိတို့အနေနဲ့ နေသည်ဖြစ်စေ ၊ မနေသည်ဖြစ်စေ .. နာရီစက္ကန့်တွေကတော့ ရပ်နေမည်မဟုတ်ပါ .. ။

**ဘာနေ**

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)