-ကိုယ့်ရေကိုယ်ကောင်း-
တစ်ခါက ရွာတစ်ရွာမှာ ဦးဥာဏ်ဆိုတဲ့လူစ်ယောက်ရှိ
ပါတယ်။ သူက ဒေသအစွဲကြီးသူ တစ်ယောက် ဘာပဲ
ဖြစ်ဖြစ် အသေးလေးကနေ အကြီးကြီးထိကို အစွဲကြီးသူပါ။
တစ်ခါတစ်လေဆို ရွာထဲကလူတွေနဲ့ အချင်းချင်းတောင်မှ
အဆင်မပြေဖြစ်တဲ့သူဆိုလည်း မမှားဘူးပေါ့ တစ်ခါက
လည်း တစ်ရွာလုံး ဘုရားပွဲမုန့် ကြော်ကြတယ် အဲလိုကြေ
ာ်ကြပေမယ့် သူတို့အိမ်က အဲဒီအချိန်ထိ မကြော်သေးဘူးေ
လ။အဲလိုမကြော်ရသေးတာကိုသိတော့ ပတ်ဝန်းကျင်က မုန့်
တွေသွားပေးကြတယ်။ အဲဒါကို မစားဘူးလေ။ မစားတဲ့အပြင်
ဘယ်သူ့အိမ်က မုန့်တွေဘယ်လောက်ပဲ ကောင်းကောင်းသူ့
အိမ်က မုန့်ကပိုကာင်းတယ်တဲ့။ အဲလောက်တောင် အစွဲကြီးလွန်းတော့လ
ည်း လူတွေနဲ့က သိပ် အဆင်မပြေချင်ကြဘူး အဆိုး
ဆုံးက အဲဒီလူကြီးက ဘယ်ကိုပဲသွားသွား ရေသောက်တဲ့အခါ
မှာ ရွာကရေကိုပဲ ယူသွားလေ့ရှိတယ်။ အဲလိုကြီး အစွဲကြီး
တာဆိုတော့ သူ့အကြောင်းသိတဲ့ သူတွေ အားလုံးကတော့
ပညာပေးဖို့ပဲ ကြည့်နေကြတာပေါ့။ တစ်ရက်တော့ အဲဒီ
လူကြီးက မြစ်နဲ့ နီးတဲ့ရွာက လူတွေနဲ့ စကားနိုင်လုကြတယ်။သူကတော့ သူ့ရွာက
ရေပဲကောင်းတယ်တဲ့။ ဟိုကလူ
တွေကလည်း သူတိုရွာကရေကကောင်းတယ်ပေါ့။ အဲလိုတွေအ
ငြင်းအခုန်ဖြစ်ကြရော။ အဲဒီလိုဖြစ်တယ်ဆိုတာကို ဦးဥာဏ်
တို့ အိမ်ဘေးက လူတွေသိသွားကြတယ် ဦးဥာဏ်ကို ပညာပေးဖို့ ဆုံးဖြတ်လိုက်ကြတယ်။
မြစ်ကရေကိုယူပြီး အဲဒီလူကြီးမသိတဲ့အချိန်မှာ သူတို့အိမ်က သောက်ရေအို
းထဲကို သွားထည့်ထားကြတယ် (သူ့အိမ်က လူတွေတော့သိ
တာပေါ့။ သူ့အစွဲကို ပျောက်စေချင်လို့ လက်ဝါးရိုက်ထား
ကျတာလေ။ အဲဒီလူကြီးရဲ့အိမ်ကိုလည်း ပတ်ဝန်းကျင်ကလူ
တွေရော သူနဲ့စကားနိုင်လုထားတဲ့ မြစ်ရေသောက်တဲ့မိတ်
ဆွေတွေရောက်နေကြတယ် ဦးဥာဏ်အပြင်က ပြန်လာတော့ လူတွေ
များနေတော့ ထူးဆန်းနေတယ် သူ့အိမ်ကိုလည်း မေးတ
ယ် လူတွေဘာလို့အဲလောက် များနေလဲဆိုတာကိုလေ။
သူအိမ်ကလည်း အဆင်ပြေသလို ဖြေလိုက်ကြတယ်။ အဲလို
လည်းမေးပြီးရော သူသောက်ရေအိုးနားကိုသွား ရေတစ်ခွ
က်ခပ်သောက်လိုက်ပါတယ်။ သောက်ပြီးတော့ ပြုံးဖြီးဖြီးနဲ့
ပြောလိုက်တာက မြစ်ရေမကလို့ ဘာရေပဲဖြစ်ဖြစ် ကိုယ်ရေ
ကိုယ်ကောင်းတယ်တဲ့။ အဲလိုပြောတော့ ရောက်နေတဲ့သူေ
တွကလည်း ၀ိုင်းပြီးရယ်ကြတယ် အဲဒီအချိန်မှာ
ဦးဥာဏ်ရဲ့မိန်းမပြောလိုက်တာက “ကိုယ့်ရေကိုယ်ကောင်းမ
နနဲ့ အဲဒါမြစ်ရေတွေ...တော့်အစွဲကို ပျောက်စေချင်လို့ ဟေ
ာဒီ လူတွေနဲ့ တိုင်ပင်ပြီး လုပ်လိုက်တာ”တဲ့။ အဲဒီတော့မှ ဦး
ဥာဏ်လည်း ရှက်ရမ်း ရမ်းပြီး “ငါ လျှာတွေထူနေလို့ မသိလို
က်တာ..ဘာပဲပြောပြော လျှာကောင်းရင်တော့ ကိုယ့်ရေကို
ယ်ပဲကောင်းတယ်ဟေ”့တဲ့။ ကိုင်း...အဲလောက်တောင် အစွဲ
ကြီးတဲ့ ဦးဥာဏ်ပါ။ သူငယ်ချင်းတို့တစ်တွေလည်း.. ဦးဥာ
ဏ်လို ကိုယ့်ရေကိုယ်ကောင်းတဲ့သူတွေများလား...။ အဲဒီလို
အစွဲအလမ်းကြီးမယ်ဆိုရင်တော့ ဘယ်နေရာပဲရောက်ရောက်
ဘယ်လူတွေနဲ့ပဲတွေ့တွေ့ လုံးဝ အဆင်ပြေမှာမဟုတ်ပါဘူး။
အစွဲအလမ်မကြီးကြနဲ့နော်.။
**မာမာ**

No comments:
Post a Comment