-လူထုကျန်းမာရေး (နေ့စဉ်အိပ်ရေးမဝလျှင်အယ်ဇိုင်းမားရောဂါဖြစ်ပွားနိုင်)-
**Public Health**
နေ့စဉ်အိပ်ရေးဝဝ မအိပ်စက်သူများသည် အချိန်မတိုင်မီ အယ်ဇိုင်းမားရောဂါခံစားရနိုင်ကြောင်း ဗြိတိန်နိုင်ငံမှ ဆေးဘက် ဆိုင်ရာသုတေသနပညာရှင်များက ပြောကြားသည်။ ပုံ မှန်အားဖြင့် အရွယ်ရောက် သူတစ်ဦးသည် နေ့စဉ်အနည်းဆုံး ၇ နာရီခန့်မျှ အိပ်စက်ပါမှ ဦးနှောက်ကျန်းမာရေးကောင်းမွန်နိုင်မည်ဖြစ်သည်။ ထိုအချိန်ထက်လျော့နည်းစွာဖြင့် တစ်နေ့လျှင် ၄ နာရီ သို့မဟုတ် ၅ နာရီမျှ အိပ်စက်လေ့ရှိသူများသည် အသက်အရွယ်ရလာသည့်အခါ အယ်ဇိုင်းမားရောဂါဖြစ်ပွားမှု ရာခိုင်နှုန်း များပြားမည်ဖြစ်သည်။နေ့စဉ်အိပ်စက်ရာတွင် ခန္ဓာကိုယ် အနေအထားမှန်ကန်စွာဖြင့် အိပ်စက်မှသာ ဦးနှောက်ကျန်းမာရေးကို အထောက်အကူပြုနိုင်မည်ဖြစ်သည်။
ပုံမှန်အနေအထား မဟုတ်ဘဲ အိပ်စက်ပါက ဦးနှောက်ကျန်းမာရေးကို လုံလောက်စွာ အထောက်အကူမပြုနိုင်ကြောင်း ဖော်ပြထားသည်။အိပ်စက်နေချိန် တွင် ဦးနှောက်နာ့ဗ်ကြောများ၊ ဦးနှောက်အတွင်းရှိ ဆဲလ်များအတွက် သန်စွမ်းမှုကို အားဖြည့်ပေးရာရောက်ကြောင်း၊ နေ့စဉ်အိပ်ရေးပြည့်ဝစွာမအိပ်စက်သူများ သည် အယ်ဇိုင်းမားရောဂါဖြစ်ပွားမှု ၇ဝရာခိုင်နှုန်းမျှ ရှိကြောင်း ၄င်းကပြောကြားသည်။ (အင်တာနက်)
စုစည်းဘာသာပြန် - မောင်ချစ်ကြည်

No comments:
Post a Comment