-ယခုလအတွင်း ဟိုအကြောင်း၊ ဒီအကြောင်း ၊သူတို့အကြောင်း-
**ဘာလော့တယ်လီ**
မန်စီးတီးတိုက်စစ်မှူး ဘာလော့တယ်လီသည် မျက်လုံး
ခွဲစိတ်မှုခံယူပြီး ကျန်းမာရေးကောင်းမွန်လာပြီဖြစ်၍ မကြာမီ
ပြန်ကစားနိုင်တော့မည်ဖြစ်ကြောင်း နည်းပြမန်စီနီက ပြော
ကြားသည်။ အသက် ၂၁ နှစ်ရှိ ဘာလော့တယ် လီသည်
အီတလီနိုင်ငံတွင် လေဆာဖြင့် မျက်လုံးခွဲစိတ်ကုသမှုခံယူခဲ့
သည်။ ၄င်းသည် ရီးရဲမက်ဒရစ်နှင့်ကစားမည့် ချန်ပီယံလိဂ်
တွင် ပြန်လည်ပါဝင်ကစားနိုင်ဖွယ်ရှိသည်။
** ပက်ကွိုင်အောနှင့်  မားကွတ်ဇ်စတုတ္ထအကြိမ်မြောက် ထိုးသတ်ကြမည်**
(မနီလာ စက်တင်ဘာ ၁၆ )ဖိလစ်ပိုင်နာမည်ကြီး လက်ဝှေ့သမား ပက်ကွိုင်အော သည် လာမည့် ဒီဇင်ဘာ ၈ ရက်တွင် လက်ဝှေ့ကြိုးဝိုင်းအတွင်း ပြန်လာတော့မည်ဖြစ် ကြောင်း ပြိုင်ပွဲကျင်းပသူများက ပြောကြားသည်။ ပက်ကွိုင်အောသည် ကာလရှည်ပြိုင်ဘက်ဖြစ်သော မက္ကဆီကိုလက်ဝှေ့သမား မန်နျူရယ်မားကွတ်ဇ်နှင့် စတုတ္ထအကြိမ်မြောက်ထိုးသတ်ရန် စီစဉ်ထားသည်။ ယင်းတို့ နှစ်ဦးသည် နိုဝင်ဘာလက နောက်ဆုံးထိုးသတ်ခဲ့ကြသည်။ ယင်းပြိုင်ပွဲတွင် ပက်ကွိုင်အောက အငြင်းပွားဖွယ်အမှတ်ဖြင့် အနိုင်ရခဲ့သည်။ ယင်းတို့နှစ်ဦးသည် လာမည့်ဒီဇင်ဘာလဆန်းတွင် လက်စ်ဗီးဂတ်စ်မြို့ အမ်ဂျီအမ်ဂရင်းဂါးဒင်း၌ ယှဉ်ပြိုင်ထိုးသတ်ကြမည်ဖြစ်ကြောင်း ပြိုင်ပွဲစီ စဉ်သူများက ပြောကြားသည်။ ဖိလစ်ပိုင်လက်ဝှေ့သမား ပက်ကွိုင်အောသည် လက်ဝှေ့သမားသက်တမ်းတစ်လျှောက်တွင် ၅၄ ပွဲ ထိုးသတ်ခဲ့ရာ လေးပွဲသရေ၊ နှစ်ပွဲသာရှုံးခဲ့သည်။ နိုင်ပွဲများအနက် ၃၈ ပွဲမှာ အလဲထိုးသတ်ပွဲဖြစ်သည်။ ထို့အတူ မက္ကဆီကိုလက်ဝှေ့သမား မားကွတ်ဇ်သည်လည်း လက်ဝှေ့သမား သက်တမ်းတစ်လျှောက် ၅၄ ပွဲ ထိုးသတ်ခဲ့ရာ တစ်ပွဲသာအရှုံးရှိခဲ့ဖူးသည်။ ၄င်း၏ နိုင်ပွဲများအနက် ၃၉ ပွဲမှာ အလဲထိုးပွဲများဖြစ်သည်။ ၄င်းသည် ၂ဝဝ၈ ခုနှစ် မတ်လက ဒဗလျူဘီစီ စူပါဖယ်သာဝိတ်တန်း ချန်ပီယံခါးပတ်လုပွဲတွင် ပက်ကွိုင်အောအားအငြင်းပွားဖွယ် အမှတ်တစ်မှတ်တည်းဖြင့် ကပ်ရှုံးခဲ့သည်။ (အင်တာနက်)
စုစည်းဘာသာပြန် - မြင့်မောင်စိုး

No comments:
Post a Comment