-ယခုလအတွင်း နိုင်ငံတကာထူးခြားသတင်းများ-
**ဓာတ်လှေကား ပြုတ်ကျ၍ ၁၉ ဦးသေဆုံး**
(ဝူဟမ်း စက်တင်ဘာ ၁၅)တရုတ်နိုင်ငံအလယ်ပိုင်း
ဆောက်လုပ်ရေးလုပ်ငန်းခွင် တစ်နေရာတွင် ဓာတ်လှေကားပြုတ်ကျခဲ့ရာ ဓာတ်လှေကား အတွင်း လိုက်ပါသူ ၁၉ ဦး သေဆုံးသွားခဲ့ကြောင်း စက်တင်ဘာ ၁၄ ရက်က နိုင်ငံပိုင်သတင်းမီဒီယာက ကြေညာသည်။ အဆိုပါ မတော်တဆမှုသည် စက်တင်ဘာ ၁၃ ရက်က ဟူဘေးပြည်နယ် ဝူဟမ်းမြို့၌ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ဆင်ဟွာ သတင်းအေဂျင်စီက သတင်းဖော်ပြသည်။ ၄င်းဓာတ်လှေကားသည် အမြင့် ၃၂၈ ပေမှ မြေပြင်သို့ပြုတ်ကျခဲ့ခြင်းဖြစ်ကြောင်း၊ ယင်းဓာတ်လှေကားကို ဆောက်လုပ်ရေးအလုပ်သမားများ အများဆုံးအသုံးပြုကြကြောင်း ဆင်ဟွာ သတင်းတွင် ဖော်ပြသည်။ ယင်းဖြစ်ပွားမှုနှင့် ပတ်သက်ပြီး စုံစမ်းစစ်ဆေးလျက်ရှိသည်။ (အင်တာနက်)
** ထိုင်းနိုင်ငံ ပြည်နယ် (၁ဝ) ခု၌ ရေကြီးမှုဖြစ်ပွား**
(ဗန်ကောက် ၊စက်တင်ဘာ ၁၅)
ထိုင်းနိုင်ငံတွင် ပြည်နယ် ၇၇ ပြည်နယ်ရှိ
သည့်အနက် စုစုပေါင်းပြည်နယ် (၁ဝ)ခု၌ ရေကြီးမှု
ဖြစ်ပွားလျက်ရှိကြောင်း၊ ထိုင်းနိုင်ငံ အထက်ပိုင်း ဒေသ
တစ်ခုလုံးနီးပါး ရေကြီးနေကြောင်း ထိုင်းတာဝန်ရှိသူများက
စက်တင်ဘာ ၁၅ ရက်တွင် သတင်းထုတ်ပြန်ထားသည်။
လွန်ခဲ့သည့် သြဂုတ်လလယ်မှစပြီး ဖြစ်ပွား
လျက်ရှိသော ရေကြီးမှုကြောင့် အိမ်ထောင်စု ၅၃ဝဝဝ မှ
ပြည်သူ ၁၄ဝဝဝဝ တို့ ရေဘေးဒုက္ခနှင့် ရင်ဆိုင်နေကြရ
ကြောင်း သဘာဝဘေးအန္တရာယ် တားဆီးကာကွယ်ရေး
နှင့်လျော့ပါးရေးဦးစီးဌာနက စက်တင်ဘာ ၁၅ ရက်နေ့
တွင် သတင်းထုတ်ပြန်ထားသည်။ အဆိုပါ ပြည်နယ် (၁ဝ)ခု
မှာ အလယ်ပိုင်းပြည်နယ်များဖြစ်သည့် ဆွတ်ဟော့ ထိုင်း၊
ဖရစ်ဆန်နူလော့၊ နာကွန်းဆာဝမ်၊ ချိုင်နတ်၊ ဆူဖန်ဘူရီ၊
အန်သုန်၊ အယုဒ္ဓယ၊ ချိုင်ယာ ဖွန်းပြည်နယ် အရှေ့
မြောက်ပိုင်း၊ လန်ပန်းပြည်နယ် မြောက်ပိုင်း၊ ရနောင်း
ပြည်နယ်တောင်ပိုင်းတို့ဖြစ်သည်။ (ယာပုံ)
¤င်းရေကြီးမှုကြောင့် စိုက်ပျိုးလယ်မြေ ၂၇၂ စတု
ရန်းကီလိုမီတာ ထိခိုက်ပျက်စီးခဲ့ကြောင်း ကြေညာချက်
တွင် ဖော်ပြထားသည်။ (အမ်အင်န်အေ၊ဆင်ဟွာ)
**နိုင်ငံတကာကုန်စည်လက်လီအရောင်းဆို င်ကြီးများ
လာရောက် ရင်းနှီးမြှုပ်နှံလုပ်ကိုင်ရန် အိန္ဒိယခွင့်ပြုမည်**
(နယူးဒေလီ စက်တင်ဘာ ၁၅
အိန္ဒိယနို င်ငံက ၄င်း၏ကြီးမားသောဈေးကွက်ကြီးအဖြစ် ပေါ်ထွန်းလာစေရန်
ဝေါလ်မတ်ကဲ့သို့သော ပြည်ပလက်လီအရောင်းဆိုင်များ ဖွင့်လှစ်ရောင်းချပြီး
လာရောက်ရင်းနှီးမြှုပ်နှံရန် စက်တင်ဘာ ၁၄ ရက်က ဆုံးဖြတ်လိုက်ပြီဖြစ်ကြောင်း
စက်တင်ဘာ၁၅ ရက်က အင်တာနက်သတင်းတစ်ရပ်တွင် ဖော်ပြသည်။
ယင်းဆုံးဖြတ်ချက်သည် နိုင်ငံ၏စီးပွားရေးတိုးတက်မှု
အားကောင်းလာစေရန် ရည်ရွယ်လျက် စီးပွားရေးပြုပြင်
ပြောင်းလဲမှု၏ တစ်စိတ်တစ်ဒေသအဖြစ် ချမှတ်ဆောင်ရွက်
ခဲ့ခြင်းဖြစ်ကြောင်း အိန္ဒိယအစိုးရတာဝန်ရှိသူများက ပြောကြား
သည်။ပြီးခဲ့သည့်နှစ်အတွင်းက ပြည်ပလက်လီအရောင်းဆိုင်များ
အိန္ဒိယနိုင်ငံ၌ ဖွင့်လှစ်ရေးစီစဉ်နေမှုများနှင့်စပ်လျဉ်း၍ ဝေဖန်မှု
များရှိခဲ့ပြီးနောက် အိန္ဒိယအစိုးရအဖွဲ့က ပြည်ပလက်လီအရောင်း
ဆိုင်များဖွင့်လှစ်ရန် ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။ (အပေါ်ပုံ)
''ဒီဆုံးဖြတ်ချက်ဟာ အိန္ဒိယနိုင်ငံစီးပွားရေး ပြုပြင်ပြောင်း
လဲမှုတိုးတက်လာစေရေးအတွက် ထူးခြားတဲ့ သမိုင်းမှတ်တိုင်
တစ်ရပ်ပါပဲ''ဟု ဝေါလ်မတ်ကုမ္ပဏီနှင့် ဖက်စပ်လုပ်ကိုင်နေသည့်
လက်လီအရောင်းဆိုင်များကုမ္ပဏီ ရာလှန်ဘရာတီမစ်တဲက
ပြောကြားသည်။''ဒီပြုပြင်ပြောင်းလဲမှုဟာ နိုင်ငံရဲ့စီးပွားရေးဖွံ့ဖြိုးတိုး
တက်ဖို့နဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေကို ဆွဲဆောင်တဲ့အနေနဲ့
ဆောင်ရွက်ခြင်းဖြစ်ပါတယ်''ဟု အိန္ဒိယဝန်ကြီးချုပ် မန်မို
ဟန်ဆင်းက ပြောကြားသည်။
''စီးပွားရေးပြုပြင်ပြောင်းလဲမှုအဆင့်တိုင်းဟာ နိုင်ငံရဲ့
စီးပွားရေးတိုးတက်မှု အားကောင်းစေဖို့နဲ့ အလုပ်အကိုင်အခွင့်
အလမ်းသစ်တွေ ပေါ်ပေါက်ရေးအတွက် အထောက်အကူဖြစ်
စေမယ်လို့ ယုံကြည်ပါတယ်''ဟူ၍လည်း ဝန်ကြီးချုပ် မန်မိုဟန်
ဆင်းက ထပ်လောင်းပြောကြားလိုက်သည်။
ယင်းဆုံးဖြတ်ချက် ချမှတ်နိုင်ခဲ့၍ အမေရိကန်အခြေစိုက်
ဝေါလ်မတ်၊ ဗြိတိန်အခြေစိုက် တက်စ်ကိုပီအယ်လ်စီ၊ ပြင်သစ်
အခြေစိုက် ကာရီဖောနှင့် အခြားသော ပြည်ပရင်းနှီးမြှုပ်နှံ
ကုမ္ပဏီက အိန္ဒိယနိုင်ငံသို့ ဝင်ရောက်ရင်းနှီးမြှုပ်နှံလုပ်ကိုင်ရန်
စိတ်ဝင်စားနေကြသည်ဟုဆိုသည်။ (ပီတီအိုင်)
**အိန္ဒိယနိုင် ငံမြောက်ပိုင်းတွင် ရေလွှမ်းမြေပြိုမှု ကြောင့် 
သေဆုံးသူ ၃၃ ဦးအထိရှိလာ၊ ၃၅ ဦးပျောက်ဆုံးနေ**
(နယူးဒေလီ စက်တင်ဘာ ၁၅) အိန္ဒိယနိုင်ငံမြောက်ပိုင်း ဥတ္တရာခန်းပြည်နယ်တွင် မကြာသေးမီက မြေပြို မှုနှင့် ရေလွှမ်းမှုများကြောင့် စက်တင်ဘာ၁၅ ရက် နံနက်ပိုင်းအထိ သေဆုံးသူ ၃၃ ဦးအထိရှိလာပြီး ၃၅ ဦး ပျောက်ဆုံးနေဆဲဖြစ်ကြောင်း ပရက်စ်တတ် အော့ဖ် အိန္ဒိယသတင်းစာတွင် ဖော်ပြပါရှိသည်။ဖော်ပြပါရှိအဆိုပါ မြေပြိုမှုနှင့် ရေလွှမ်းမှု သည် တောင်ကုန်းထူထပ်သည့် ဥတ္တရာခန်းပြည်နယ် ယူစီမက်ဒေသအတွင်း အဆိုးရွားဆုံးဖြစ်ခဲ့ပြီး ၂၉ ဦးသေဆုံးခဲ့ကြောင်း အဆိုပါသတင်းစာတွင် ဖော်ပြ ပါရှိသည်။အာဏာပိုင်များက နယ်စပ်လုံခြုံရေးတပ်ဖွဲ့နှင့် ရဟတ်ယာဉ်တစ်စင်း၏ အကူအညီကိုရယူကာ အဆိုပါဧရိယာအတွင်းရှိ ဆက်သွယ်ရေးနှင့် လျှပ်စစ်ဓာတ်အား လိုင်းများ ပြတ်တောက်မှု၊ လမ်းအချို့တွင် ယာဉ်ကြောပိတ်ဆို့မှုများကို ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း ဒေသအာဏာပိုင်များ၏ ပြောကြားချက်အရ သိရှိရသည်။ ပြီးခဲ့သည့်လကလည်း ဟီမာဘေယန်ပြည်နယ် တွင် မြေပြိုမှုနှင့် ရေလွှမ်းမှုကြောင့် ၂၈ ဦးသေဆုံးခဲ့သည်။
(ဆင်ဟွာ)
** ဗီယက်နမ်နိုင်ငံ ပြည်နယ်ခု နစ်ပြည်နယ်၌ကြက်ငှက်တုပ်ကွေးရောဂါဖြစ်ပွား**
(ဟနွိုင်း စက်တင်ဘာ ၁၅) ဗီယက်နမ်၌ ကြက်ငှက်တုပ်ကွေးရောဂါများ ဖြစ်ပွား လျက်ရှိရာ စက်တင်ဘာ ၁၄ ရက်က မြောက်ပိုင်းပြည်နယ် နှစ်ပြည်နယ်သို့ပါ ကူးစက်ဖြစ်ပွားလာသည့်အတွက် ယခုအခါ ကြက်ငှက်တုပ်ကွေးရောဂါဖြစ်ပွားသည့် ပြည်နယ်ခုနစ်ပြည်နယ် အထိတိုးလာကြောင်း ဗီယက်နမ်နိုင်ငံပိုင် သတင်းဌာနသတင်း ထောက်တစ်ဦးက စက်တင်ဘာ ၁၄ ရက်တွင် ပြောကြား သည်။တူယင်ကွမ်ပြည်နယ်အတွင်း ကြက်ငှက်တုပ်ကွေးဖြစ် ပွားသည့်ကြက်ကောင်ရေ ၁၇၆ဝဝ တို့ကို သုတ်သင်ပစ်ခဲ့ သည်။ ကြက်ငှက်တုပ်ကွေးရောဂါကို ဆွန်တောင်ခရိုင် ရပ်ကွက် တစ်ခုအတွင်း သြဂုတ် ၁ဝ ရက်က စတင်ဖြစ်ပွားသည်ကို တွေ့ရပြီး စက်တင်ဘာ ၇ ရက်က ထိုခရိုင်အတွင်းမှ အခြား ရပ်ကွက်ကိုးရပ်ကွက်နှင့် တူယင်ကွမ်ပြည်နယ်သို့ ပျံ့နှံ့သွား သည်။ယခုအခါ ကြက်ငှက်တုပ်ကွေးရောဂါ မပျံ့နှံ့ရေးကာကွယ် တားဆီးရေးအစီအစဉ်များ ချမှတ်စောင့်ရှောက်လျက်ရှိကြောင်း အင်တာနက်သတင်းတွင် ဖော်ပြထားသည်။ (ပရက်စ်တီဗွီ)
** နျူစွမ်းအင်သုံးစွဲမှု အဆုံးသတ် ရေးဂျပန်အစိုးရအဖွဲ့ တိုက်တွန်းဆော်သြ**
(တိုကျို စက်တင်ဘာ ၁၅)
ဂျပန်နိုင်ငံတွင် လာမည့် ဆယ်စုနှစ်သုံးခုကျော်လျှင်
နျူကလီးယားစွမ်းအင် အသုံးပြုမှုအဆုံးသတ်ရန် ဂျပန်အစိုးရ
ဝန်ကြီးအဖွဲ့က စက်တင်ဘာ ၁၄ ရက်တွင် ဆော်သြလိုက်သည်။
ကြိုးစားလျက်ရှိယင်းဆော်သြတိုက်တွန်းမှုသည် ဖူကူရှီးမားနျူကလီးယား
ဓာတ်အားပေးစက် ရုံ မတော်တဆမှုဖြစ် ပွားခဲ့ပြီးနောက်
အမျိုးသားစွမ်းအားမူဝါဒတစ်ရပ်ကို ပြောင်းလဲဆောင်ရွက်
ခြင်းလည်းဖြစ်ကြောင်း အစိုးရတာဝန်ရှိသူများက ပြောကြား
သည်။ ဂျပန်နိုင်ငံတွင် ဆယ်စုနှစ်များစွာ နျူကလီးယားစွမ်း
အင်ကို အသုံးပြုခဲ့ရာ နျူကလီးယားစွမ်းအင်ကို မလိုလားကြ
သူများကြောင့် ယခုအခါ စီးပွားရေးတိုးတက်မှုကို အဟန့်အတား
ဖြစ်စေလျက်ရှိသည်။ယင်းဆော်သြတိုက်တွန်းမှုသည် ရုပ်ကြွင်းလောင်စာ
စွမ်းအင်များ ပိုမိုရှာဖွေသုံးစွဲရေးအတွက်တွန်းအားပေးလိုက်ခြင်း
လည်းဖြစ်သည်။ဂျပန်နိုင်ငံသည်ဂျာမနီနိုင်ငံနည်းတူ နျူကလီးယား
စွမ်းအင်သုံးစွဲမှုကို အဆုံးသတ်ရန် ကြိုးစားလျက်ရှိသည်။
ဂျပန်နိုင်ငံက ၂ဝ၃ဝ ပြည့်နှစ်အရောက်တွင် နိုင်ငံ၏
စွမ်းအင်သုံးစွဲမှုတွင် သုံးပုံတစ်ပုံခန့်ရှိသည့်  နျူကလီးယားစွမ်းအင်
သုံးစွဲမှုကို ၅ဝ ရာခိုင်နှုန်းအထိ လျှော့ချသွားရန် စီစဉ်နေ
ကြောင်း သိရသည်။ (ဆင်ဟွာ)
** (၁၆)ခုမြောက် တိုင်ဖွန်းမုန်တိုင်း တရုတ်နိုင်ငံအတွင်းဝင်ရောက်**
(ပေကျင်း စက်တင်ဘာ ၁၅)
ဆန်ဘာအမည်ရှိ အားပြင်းတိုင်ဖွန်းမုန်တိုင်းတစ်ခုသည် တရုတ်နိုင်ငံ ဒိုင်ယောယုကျွန်းစု
အရှေ့တောင်ဘက် ၇၅ဝ ကီလိုမီတာအကွာ၌ ဖြစ်ပေါ်နေကြောင်း (ဝဲပုံ)၊ ၄င်းမုန်တိုင်းသည်
အနောက်ဘက်သို့ တစ်နာရီလျှင် ကီလိုမီတာ ၂ဝ နှုန်းဖြင့် ရွေ့လျားတိုက်ခတ်နေကြောင်း
တရုတ်မိုးလေဝသဌာနကစက်တင်ဘာ ၁၅ ရက်တွင် ကြေညာသည်။
တရုတ်နိုင်ငံသို့ ယခုနှစ်အတွင်းဝင်ရောက်သည့် ဆန်ဘာမုန်တိုင်းသည် (၁၆) ခုမြောက်
မုန်တိုင်းဖြစ်ကြောင်း၊ ယင်းမုန်တိုင်းသည် အရှေ့တရုတ်ပင်လယ်အရှေ့တောင်ပိုင်းသို့
ဝင်ရောက်လိမ့်မည်ဖြစ်ကြောင်း တရုတ်မိုးလေဝသဌာနက ကြေညာသည်။
၎င်းမုန်တိုင်းသည် အားပျော့သွားပြီးနောက် အရှေ့တရုတ်ပင်လယ်၊ (တိုင်ပေ) ရေလက်ကြား၊
ယန်စီမြစ်၊ ဟန်ကျို့ပင်လယ်အော်၊ မြစ်ဝါမြစ်တောင်ပိုင်း၊ ကျန်စု၊ စီကျန်း၊ ဖူကျန်းပြည်နယ်တို့ရှိ
ကမ်းရိုးတန်းဒေသများသို့ ဝင်ရောက်ဖွယ်ရှိကြောင်း မိုးလေဝသဌာနက ထုတ်ပြန်ကြေညာထားသည်။
(အမ်အင်န်အေ၊ဆင်ဟွာ) စုစည်းဘာသာပြန် - တင်မောင်လွင်

No comments:
Post a Comment