-တရုတ်က သတို့သမီးသန်း(၂ဝဝ) လိုအပ်ချက်ရှိနေ၍ မြန်မာအမျိုးသမီးများ လူကုန်ကူး မခံရရန် ဂရုပြုသင့်-
တရုတ်အစိုးရအနေဖြင့်လူကုန်ကူးမှုလမ်းကြောင်းအားအနည်းငယ်ဖွင့်ပေး ထားကြောင်းသိရသည့်အတွက်မြန်မာနိုင်ငံသူနိုင်ငံ သားများ၏လုံခြုံရေးကိုမိမိတို့ ကိုယ်တိုင်ထိန်းသိမ်းရန် အရေးကြီးလာကြောင်း မြန်မာအမျိုးသမီးအခွင့်အရေး လှုပ်ရှားနေသူ ဒေါ်စူစန်နာ လှလှစိုးက ပြောသည်။ တရုတ်ပြည်သို့ လူကုန်ကူးခံရသူ အရေအတွက်များပြားနေခြင်းမှာ တရုတ်ပြည် အစိုးရချမှတ်ထားသော One Child ပေါ်လစီကြောင့် အိမ်ထောင်သည် အများစုကလေးယူရာတွင်ယောက်ျားလေးသာအယူများနေခြင်းကြောင့်တရုတ် ပြည်တွင်သတို့သမီးသန်း
(၂ဝဝ)ဝန်းကျင် လိုအပ်လျှက်ရှိသည့်အတွက် အိမ်နီးချင်းနိုင်ငံများမှ အမျိုးသမီးများ လူကုန်ကူးခံနေရခြင်းဖြစ်ကြောင်းကို လည်း သိရသည်။ မြန်မာနိုင်ငံမှနေ၍အခြားနိုင်ငံများသို့လူကုန်ကူးခံရမှုတွင်တရုတ်နိုင်ငံသို့လူကုန်ကူးခံရခြင်းမှာ
အများဆုံးဖြစ်နေကြောင်း လူကုန်ကူးမှုတားဆီးကာကွယ်ရေး ဗဟိုမှစာရင်းများအရ သိရသည်။ ထိုသို့ ပြည်ပနိုင်ငံများသို့ လူကုန်ကူးခံရမှုသူများတွင် အမျိုးသမီးရာခိုင်နှုန်းမှာ (၈၅)ရာခိုင်နှုန်းရှိနေကြောင်းကိုလည်း သိရှိရသည်။ လူကုန်ကူးမှုတွင်ပုံစံခုနစ်မျိုးရှိရာအများဆုံးဖြစ်ပွားနေသည့်ပုံစံမှာအဓမ္မထိမ်းမြား လက်ထပ်ခြင်းဖြစ်ပြီး၊လိင်လုပ်သားအဖြစ် အလုပ်ခံရမှုနှင့် လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်မှုများမှာ နောက်ဆက်တွဲပြဿနာများ အဖြစ် ရှိနေကြောင်း သိရသည်။ ''ဒီလို အမျိုးသမီးတွေ လူကုန်ကူးခံနေရတာနဲ့ပတ်သက်ပြီး ပညာပေးတွေ အခုထက်ပို ပြီး လုပ်ဆောင်သင့်တယ်၊ ရန်ကုန်တင်မကဘူး နယ်တွေဘက်ကို လည်းလုပ်ရမယ်၊အစိုးရပိုင်းအနေနဲ့လည်းနယ်စပ်တွေမှာသေချာစိစစ်ပြီး အလုပ်နဲ့သွားတာလား၊ လူကုန်ကူးခံရသူအဖြစ်နဲ့သွားတာလားဆိုတာတွေ သေချာစိစစ်သင့်တယ်''ဟုဒီချုပ်ပါတီမှပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ဖြူဖြူသင်းက ပြောသည်။ မြန်မာနိုင်ငံမှနေ၍တရုတ်ပြည်သို့လူကုန်ကူးခံရသူများအားနေ
ရပ်သို့ပြန်လည်နေရာချထားပေးနိုင်သူအရေအတွက်မှာ ၂ဝ၁၂ခုနှစ် မေလအထိ (၇၈ဝ)ဦးရှိခဲ့ပြီး၊ ထိုင်းနိုင်ငံမှ (၄၈၃)ဦးနှင့်အင်ဒိုနီးရှားနိုင်ငံမှ (၁၆)ဦးရှိကြောင်း သိရှိရသည်။ လူကုန်ကူးခံရသူများတွင်၈၅ရာခိုင်နှုန်းမှာအမျိုးသမီးများဖြစ်သကဲ့သို့လူကုန်ကူး မှုတရားခံများတွင်လည်းအမျိုးသမီးများမှာ (၆၅)ရာခိုင်နှုန်းရှိကြောင်း လူကုန်ကူးမှုတားဆီး ကာကွယ်ရေး ဗဟို၏ စစ်တမ်းများအရ သိရသည်။
**မြစ်မခမီဒီယာ**
From-MIN MIN CHIT

No comments:
Post a Comment