-ယခုလအတွင်း ဟိုအကြောင်း၊ ဒီအကြောင်း၊ သူတို့အကြောင်း-
** ပင်ပစိဖိတ်အိုးပင်းတင်းနစ်ပြိုင်ပွဲ ရှာရာပိုဗာ ကွာတားတက်**
( တိုကျို စက်တင်ဘာ ၂၇)
ဂျပန်နိုင်ငံ၌ ကျင်းပလျက်ရှိသော ပင်ပစိဖိတ်အိုးပင်းတင်းနစ်ပြိုင်ပွဲ တတိယအဆင့်ပွဲစဉ်များကို
စက်တင်ဘာ ၂၆ ရက်က ဆက်လက်ကျင်းပရာ အမျိုးသမီးတစ်ဦးချင်းပြိုင်ပွဲ၌ ရှာရာပိုဗာက ဆာဖာရိုဗာအားအနိုင်ရပြီး ကွာတားဖိုင်နယ်သို့ တက်ရောက်နိုင်ခဲ့သည်။
ရှာရာပိုဗာသည် ချက်တင်းနစ်မယ် ဆာဖာရိုဗာအား ၆-၂၊ ၇-၆ (၇-၅)ဖြင့် အနိုင်ရခဲ့ခြင်း
ဖြစ်သည်။ ရှာရာပိုဗာသည် ယခုပြိုင်ပွဲ၌ အချိန် သုံးနာရီကျော် ယှဉ်ပြိုင်ကစားခဲ့ရသည်။ ကမ္ဘာ့အဆင့်နှစ်ရှိရှာရာပိုဗာသည် ကွာတားဖိုင်နယ်ပွဲစဉ်၌ သြစတြေးလျတင်းနစ်မယ် စတိုဆာနှင့် ရင်ဆိုင်ရဖွယ်ရှိသည်။စတိုဆာသည် ကမ္ဘာ့အဆင့်ရှစ်ရှိသော တင်းနစ်မယ်ဖြစ်သည်။မိမိသည် ပင်ပစိဖိတ်အိုးပင်းတင်းနစ်ပြိုင်ပွဲတွင် အောင်ပွဲခံနိုင်ရန် ခက်ခဲသည့်ပွဲစဉ်များကိုကျော်ဖြတ်ရမည်ဖြစ်ကြောင်း ပင်ပစိဖိတ်အိုးပင်း ဖလားနှစ်ကြိမ် အောင်မြင်မှုရရှိထားသည့် ရှာရာပိုဗာကဟြေကြားသည်။
ဆက်လက်ပြီး ရုရှားမှ ပက်ထရိုဗာနှင့် ခရိုအေးရှားမှ မာတစ်တို့ပွဲတွင် ပက်ထရိုဗာက ၇-၆
(၇-၂)၊ ၇-၆ (၇-၂)၊ ၆-၇ (၁-၇)၊ ၆-၄ တို့ဖြင့် အနိုင်ရရှိခဲ့သည်။ ဂျာမနီတင်းနစ်မယ် ခါဘာနှင့်
ပိုလန်တင်းနစ်မယ် ရက်ဝမ်စကာတို့ပွဲတွင် ခါဘာက ၆-၁၊ ၆-၁ ဖြင့် နိုင်ပွဲရရှိခဲ့သည်။
တစ်ဖန် သြစတြေးလျတင်းနစ်မယ် စတိုဆာက ဆလိုဗက်ကီးယားတင်းနစ်မယ် စီဘူလ်ကိုဗာအား၆-၄၊ ၇-၅ ဖြင့် အနိုင်ယူပြီး နောက်တစ်ဆင့် တက်ရောက်ခဲ့သည်။ ဘီလာရုစ်တင်းနစ်မယ်အဇာရင်ကာက အီတလီတင်းနစ်မယ် ဗင်စီကို ၆-၄၊ ၆-၂ ဖြင့် အနိုင်ရရှိခဲ့သည်။ (ရိုက်တာ)
** ယူ-၁၇ အမျိုးသမီးဘောလုံးပွဲ**
ယူ-၁၇ ကမ္ဘာ့ဖလားအမျိုးသမီးဘောလုံးပြိုင်ပွဲ အုပ်စု(ဃ) ပြိုင်ပွဲများ
အဖြစ် စက်တင်ဘာ ၂၆ ရက် ကတရုတ်နှင့် ဂျာမနီတို့ ယှဉ်ပြိုင်ကစား
ကြရာ တစ်ဖက်တစ်ဂိုးစီဖြင့် သရေပွဲဖြစ်သွားခဲ့သည်။အုပ်စုအခြားပွဲများအဖြစ် ဂါနာက
ဥရုဂွေးအသင်းကို ငါးဂိုးပြတ်ဖြင့် အနိုင်ရလိုက်သည်။ ဂါနာအသင်းသည်
စက်တင်ဘာ ၃ဝ ရက်တွင် တရုတ်ကိုအနိုင်ကစားနိုင်လျှင် နောက်ဆုံးရှစ်သင်း
ပြိုင်ပွဲသို့တက်ရန် အလားအလာရှိမည်ဖြစ်သည်။ အုပ်စု(ဂ) မှ ဂျပန်က နယူး
ဇီလန်ကို သုံးဂိုးပြတ်ဖြင့် နိုင်သည်။၂ဝ၁၂ ဖီဖာ၏ ယူ-၁၇ အမျိုးသမီးကမ္ဘာ့
ဖလား ဘောလုံးပြိုင်ပွဲကို အဇာဘိုင်ဂျန်နိုင်ငံဘာကုမြို့၌ လွန်ခဲ့သောသီတင်းပတ်
ကုန်ပိုင်းက စတင်ကစားခဲ့သည်။ (အင်တာနက်)စုစည်းဘာသာပြန် - အာကာကျော်

No comments:
Post a Comment