ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Saturday, September 29, 2012

>
 -ယခုလအတွင်း နိုင်ငံတကာထူးခြားသတင်းများ-
**ကမ္ဘောဒီးယားနိုင်ငံ အန်ကောဝပ်သို့ ခရီးသွားတစ်သန်းကျော်လာရောက်လာ**
(ဖနောင်ပင် စက်တင်ဘာ ၂၇)
ကမ္ဘောဒီးယားနိုင်ငံရှိ
 ကမ္ဘာ့ရှေးဟောင်း
အမွေအနှစ်နေရာတစ်နေရာဖြစ်သည့် အန်ကောဝပ် ဘုရားကျောင်းသို့ ယခုနှစ် ပထမရှစ်လအတွင်း ပြည်ပခရီးသွားဧည့်သည် ၁ ဒသမ ၃၆ သန်း လာရောက်လည်ပတ်ခဲ့ကြောင်း၊ ယင်းမှာ ပြီးခဲ့သည့်နှစ် အလားတူကာလကထက် ခရီးသွားဧည့်သည်၁ဒသမ ဝ၄ သန်း လာရောက်လည်ပတ်မှုနှင့်နှိုင်းယှဉ်လျှင် ၃၁ ရာခိုင်နှုန်း မြင့် တက်ခဲ့ကြောင်း ဆီရမ်ရိပြည်နယ်ခရီးသွားလုပ်ငန်းဦးစီးဌာနက စက်တင်ဘာ ၂၆ ရက်၌ ထုတ်ပြန်ထားသော အစီရင်ခံစာတွင် ဖော်ပြထားသည်။ကမ္ဘောဒီးယားနိုင်ငံ၏ အကြီးဆုံးရှေးဟောင်းယဉ်ကျေးမှုနယ်မြေသို့ အများဆုံးလာရောက် လည်ပတ်ကြသော ထိပ်တန်းငါးနိုင်ငံမှာ တောင်ကိုရီးယား၊ ဗီယက်နမ်၊ တရုတ်၊ ဂျပန်နှင့် ထိုင်းနိုင်ငံတို့ဖြစ်ကြသည်။ ယခုနှစ် ဇန်နဝါရီလမှ သြဂုတ်လအထိ တောင်ကိုရီးယား ၂၃၈၄ဝဝ ဦး၊ ဗီယက်နမ်၁၆၃ဝ၅၅ ဦး၊ တရုတ် ၁၁ဝ၅ဝဝ ဦး၊ ဂျပန် ၈၆၈၅ဝ ဦးနှင့် ထိုင်း ၇၉ဝ၃၅ ဦးတို့ အသီးသီးလာရောက်ခဲ့ကြောင်း အဆိုပါအစီရင်ခံစာတွင် ဖော်ပြထားသည်။ ဆီရမ်ရိရှေးဟောင်းယဉ်ကျေးမှုဒေသသည် မြို့တော်ဖနောင်ပင်မှ အနောက်မြောက်ဘက် ၃၁၅ ကီလိုမီတာ၌ တည်ရှိသည်။ ၄င်းယဉ်ကျေးမှုနယ်မြေအတွင်း နိုင်ငံခြားသားခရီးသွားတစ်ဦးတစ်နေ့ ဝင်ကြေး အမေရိကန် ဒေါ်လာ ၂ဝ၊ သုံးရက်အတွက် ဒေါ်လာ ၄ဝ၊ သီတင်းတစ်ပတ်အတွက်ဒေါ်လာ ၆ဝ သတ်မှတ်ထားကြောင်း သိရသည်။ ခရီးသွားလုပ်ငန်းသည် ကမ္ဘောဒီးယားနိုင်ငံ၏ အဓိကစီးပွားရေးထောက်တိုင်ကြီးလေးခုအနက် တစ်ခုဖြစ်သည်။ အခြားသောစီးပွားရေးလုပ်ငန်းများမှာ အထည်ချုပ်လုပ်ငန်း၊ စိုက်ပျိုးရေးနှင့်အိမ်ရာမြေစီးပွားရေးလုပ်ငန်းများ ဖြစ်ကြသည်။ (ဆင်ဟွာ)

 ** ဗြိတိန်နိုင်ငံတစ်ဝန်း၌ မိုးသည်းထန်ပြီးရေကြီး**
(လန်ဒန် စက်တင်ဘာ ၂၇) ဗြိတိန်နိုင် ငံတစ်ဝန်း မိုးများသည်းထန်စွာရွာသွန်းမှုကြောင့် နေအိမ် ၃ဝဝ ကျော်ရေနစ်မြုပ်မှုဖြစ်ပွားခဲ့ပြီး ရထားပြေးဆွဲမှုများ အဟန့်အတားဖြစ်ခဲ့ ရကြောင်း စက်တင်ဘာ ၂၆ ရက်က အင်တာနက်သတင်းတွင် ဖော်ပြသည်။ အဆိုပါ ရေကြီးမှုကြောင့် လူပေါင်းရာနှင့်ချီ၍ ရေဘေးဒုက္ခကြုံနေကြရ ကြောင်း၊ ၄င်းရေကြီးမှုသည် နှစ်ပေါင်း ၃ဝ အတွင်း အဆိုးရွားဆုံးဖြစ်ကြောင်း ဗြိတိန်မိုးလေဝသဌာနက ပြောကြားသည်။ အင်္ဂလန်အရှေ့မြောက်ပိုင်း ကမ်းရိုးတန်း အနီး မိုးရေချိန် စံချိန်တင်မြင့်တက်စွာ ရွာသွန်းခဲ့ ကြောင်း၊ ရေကြီးမှုကြောင့် ပို့ဆောင် ရေးစနစ် ကမောက်ကမဖြစ်ပြီး မော်တော်ယာဉ် အစီး ၁ဝဝ ကျော် ပိတ်မိနေခဲ့ ကြောင်း သိရသည်။ (ပရက်စ်တီဗွီ)  

**ဥရောပအာကာသယာဉ် နိုင်ငံတကာအာကာသစခန်းယာဉ်နှင့်  ချိတ်ဆက်မရဖြစ်နေ** 

(မော်စကို စက်တင်ဘာ ၂၇) နိုင်ငံတကာအာကာသစခန်းယာဉ်သို့ လွှတ်တင်လိုက် သော ဥရောပ အာကာသအေဂျင်စီမှ အာကာသယာဉ်သည် နိုင်ငံတကာအာကာသစခန်းယာဉ်နှင့် ချိတ်ဆက်မရနိုင်သေး ကြောင်း ရုရှားအာကာသအေဂျင်စီမှ စက်တင်ဘာ ၂၇ ရက်၌ သတင်းထုတ်ပြန်သည်။အဆိုပါ အာကာသယာဉ် သည် ချိတ်ဆက်မှုစနစ် ချွတ်ယွင်းမှုကြောင့် နိုင်ငံတကာအာကာသစခန်းယာဉ်နှင့် ချိတ်ဆက်မှုမရနိုင်ဖြစ်နေသည်ဟု ယူဆလျက်ရှိသည်။ သို့သော် ယင်းမှာ မတော်တဆဖြစ်ရပ်တစ်ခုသာဖြစ်ပြီး နိုင်ငံတကာ အာကာသယာဉ်စခန်းနှင့် ချိတ်ဆက်နိုင်မည်ဟု ၄င်းအေဂျင်စီမှ ထုတ်ပြန်သောသတင်း၌ ဖော်ပြသည်။အေတီဗွီ-၃ အမည်ရှိ လူလိုက်ပါခြင်းမရှိသော အာကာ သယာဉ်သည် နိုင်ငံတကာအာကာသစခန်းယာဉ်နှင့် ချိတ်ဆက် နိုင်မှုမရှိသေးကြောင်း နိုင်ငံတကာအာကာသစခန်းယာဉ်ရှိ အာကာသယာဉ်မှူးများက အတည်ပြုပြောကြားသည်။ ထိုသို့ နိုင်ငံတကာအာကာသစခန်းယာဉ်နှင့် ချိတ်ဆက် နိုင်မှုမရှိသည်ကို အဆိုပါအာကာသယာဉ်၏ မြေပြင်ထိန်းချုပ် ရေးစခန်းဖြစ်သည့်  ပြင်သစ်နိုင်ငံ တူလူဆာမြို့ အာကာသ ယာဉ်စခန်းသို့လည်း အာကာသယာဉ်မှ သတင်းပေးအချက်ပြမှု မရှိကြောင်း ၄င်းဌာနက ပြောကြားသည်။ ချိတ်ဆက်မရသည့်အချက်အလက်မှာ မည်သည့် အတွက်ကြောင့်ဖြစ်သည်ကို ယခုအချိန်အထိ တိတိကျကျမသိရှိရသေးကြောင်း၊ အချက်ပြသတင်းပေးပို့မှုမရရှိမှုကြောင့်ဖြစ်ကြောင်း မြေပြင်ထိန်းချုပ်ရေးစခန်းက ပြောကြားသည်။ ယခုအခါရုရှား၊ နာဆာနှင့် ဥရောပအာကာသ အေဂျင်စီတို့မှ အာကာသသိပ္ပံပညာရှင်များသည် ထိုသို့ နိုင်ငံတကာအာကာသစခန်းယာဉ်နှင့်  ချိတ်ဆက်မှုမရသည့် ချွတ်ယွင်းချက်ကို လေ့လာစူးစမ်းလျက်ရှိသည်။ထိုသို့လေ့လာရာတွင် ရုရှားအာကာသအေဂျင်စီ၏အာကာသယာဉ်မြေပြင်ထိန်းချုပ်ရေးဌာနမှနိုင်ငံတကာအာကာသစခန်းယာဉ်တွင်ချိတ်ဆက်နိုင်မှု အစီအစဉ်များ၌ ထူးခြားသော ချွတ်ယွင်းမှုမရှိကြောင်း ပြောကြားသည်။ အဆိုပါအေတီဗွီ-၃ အာကာသယာဉ်သည် စက်တင်ဘာ ၂၆ ရက် မော်စကို ဒေသစံတော်ချိန် နံနက် ၂ နာရီ ၃၅ မိနစ်၌နိုင်ငံတကာအာကာသစခန်းယာဉ်နှင့်ချိတ်ဆက်မှု မအောင်မြင်ခဲ့ခြင်းဖြစ်သည်။ နောက်ထပ်ချိတ်ဆက်မှုအဖြစ် စက်တင်ဘာ ၂၈ ရက် မော်စကိုစံတော်ချိန် နံနက် ၁ နာရီ၌ ထပ်မံချိတ်ဆက်မှု ပြုလုပ်မည်ဖြစ်သည်။ (ဆင်ဟွာ) 

** တရုတ်တောင်ပိုင်း၌ ဓာတုဗေဒစက်ရုံပေါက်ကွဲ၊ နှစ်ဦးသေဆုံး**
 (ပေကျင်း စက်တင်ဘာ ၂၇) တရုတ်နိုင်ငံတောင်ပိုင်း ကွမ်ရှီးကျွမ်းကိုယ် ပို င် အုပ်ချုပ်ခွင့်ရဒေသတွင် စက်တင်ဘာ ၂၇ ရက်က ဓာတုဗေဒစက်ရုံတစ်ရုံပေါက်ကွဲမှုဖြစ်ပွားရာ အလုပ်သမား နှစ်ဦးသေဆုံးပြီး အခြားခုနစ်ဦး ပြင်းထန်စွာဒဏ်ရာရရှိခဲ့ကြောင်း ဒေသဆိုင်ရာရဲတပ်ဖွဲ့က ပြောကြားသည်။ အဆိုပါ ပေါက်ကွဲမှုသည် ဟီချီမြို့ ဟီချီဓာတုဗေဒစက်မှုလုပ်ငန်းအုပ်စု ကုမ္ပဏီပိုင်သန့် စင်ခြင်းအလုပ်ရုံတစ်ရုံ၌ ယင်းနေ့ဒေသစံတော်ချိန် မွန်းတည့် ၁၂ နာရီ ခန့်က ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ယင်းကုမ္ပဏီ၏ ဒုတိယအထွေထွေမန်နေဂျာ လီချွမ်အိုင်က ပြောကြားခဲ့သည်။ ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် အခြားအနည်းငယ် ထိခိုက်ဒဏ်ရာရသူအရေအတွက်မည်မျှရှိသည်ကို မသိရသေးကြောင်း ယင်းမြို့ရှိ ရဲတပ်ဖွဲ့က ပြောကြားသည်။၎င်းစက်ရုံပေါက်ကွဲမှုဖြစ်ပွားရခြင်း၏ အကြောင်းအရင်းကို ချက်ချင်းမသိရသေးကြောင်း၊ သို့သော်လည်း ကနဦးစုံစမ်းစစ်ဆေးချက်အရ ဓာတ်ငွေ့ယိုစိမ့်မှု ကြောင့်ဖြစ်နိုင်ကြောင်း၊ ယင်းစက်ရုံသို့ ကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များရောက်ရှိပြီး ပေါက်ကွဲမှုဖြစ်ပွားသည့် အသေးစိတ်အကြောင်းအရင်းကို ဆက်လက်စုံစမ်းစစ်ဆေး လျက်ရှိသည်ဟုဆိုသည်။အဆိုပါ ကုမ္ပဏီသည်တရုတ်အမျိုးသားဓာတုဗေဒ ဆိုင်ရာကော်ပိုရေးရှင်းပိုင် ကုမ္ပဏီခွဲတစ်ခုဖြစ်သည်။ ယင်းစက်ရုံသည် ဓာတ်မြေသြဇာများကို အဓိကထုတ်လုပ်ပြီး တန်ဖိုးအားဖြင့် နှစ်စဉ် တရုတ်ယွမ် သန်း ၈ဝဝ (အမေရိကန်ဒေါ်လာ ၁၂၇ သန်း) ကျော် ရှာဖွေပေးလျက်ရှိသော စက်ရုံဖြစ်ကြောင်း ၄င်းကုမ္ပဏီ၏ဝက်ဘ် ဆိုက်တွင် ဖော်ပြထားသည်။ (ဆင်ဟွာ) 

** ဂျပန်ဂြိုဟ်တုငါးလုံးလွှတ်တင်မှု ရွှေ့ ဆိုင်း** 
(တိုကျို စက်တင်ဘာ ၂၇) နိုင်ငံတကာအာကာသစခန်းယာဉ်အနီးသို့ ဦးတည်ရွေ့လျားနေသည့် ဥက္ကာခဲအပိုင်းအစများကြောင့် ဂျပန်နိုင်ငံ၏ ဂြိုဟ်တုများ စမ်းသပ်လွှတ်တင်မှုကို ရွှေ့ဆိုင်းရန် ဆုံးဖြတ်ချက်ချခဲ့ကြောင်း ဂျပန်အာကာသရေးရာလွှတ်တင် ရေး အေဂျင်စီက စက်တင်ဘာ ၂၇ ရက်တွင် ပြောကြားသည်။ စက်တင်ဘာ ၂၈ ရက် အစောပိုင်းတွင် ဂျပန်နိုင်ငံ ဖူကူယိုကာ နည်းပညာသိပ္ပံနှင့် တိုဟိုကူတက္ကသိုလ်တို့ ပူးပေါင်းပြီး အသေးစားဂြိုဟ်တုငါးလုံးလွှတ်တင်ရန် စီစဉ်ထားခဲ့သည်။ ၄င်းဥက္ကာခဲ အပိုင်းအစများကို နိုင်ငံတကာအာကာသစခန်းယာဉ်မှ ဂြိုဟ်ပတ်လမ်းအတွင်းသို့ လွှဲပြောင်းရန် လိုအပ်မှုကြောင့် ၄င်းဂြိုဟ်တုများလွှတ်တင်မှုကို ရွှေ့ဆိုင်းခဲ့ခြင်းဖြစ် သည်ဟု အဆိုပါအာကာသ ရေးရာအေဂျင်စီမှ ပြောကြားသည်။ (ဆင်ဟွာ)

 စုစည်းဘာသာပြန် - တင်မောင်လွင်

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)