**တိုကျိုမြို့ ၌ စက်ရုပ်အမျိုးသမီး စားသောက်ဆိုင်ဖွင့်လှစ်**
(တိုကျို သြဂုတ် ၃ဝ) ဂျပန်နိုင်ငံ တိုကျိုမြို့တွင် စက်ရုပ်အမျိုးသမီးများက ဝန်ဆောင်မှုပေးမည့်စက်ရုပ်စားသောက်ဆိုင်တစ်ဆိုင်ကို ဖွင့်လှစ်ထားပြီဖြစ်ကြောင်း သြဂုတ် ၃ဝ ရက်ကအင်တာနက်သတင်း၌ ဖော်ပြသည်။ အဆိုပါ စက်ရုပ်အမျိုးသမီးများဆိုင်ကို တိုကျိုမြို့လမ်းသွယ်တစ်လမ်း၌ဖွင့်လှစ်ထားခြင်းဖြစ်သည်။ ၄င်းစားသောက်ဆိုင်အတွင်း၌ စက်ရုပ်အမျိုးသမီး များက ဂျပန်ရိုးရာတေးဂီတများတီးကာ ဆိုင်အတွင်း ဧည့်ခံမည်ဖြစ်သည်။တစ်ဖန် ကမ္ဘာကျော် အဆိုတော် လေဒီဂါဂါ၏ သံစဉ်တေးဂီတများအတိုင်းလည်း သရုပ်ပြဖျော်ဖြေကြမည်ဖြစ်သည်။ စက်ရုပ်အမျိုးသမီးများသည် ဆိုင်အတွင်းသို့ လာရောက်စားသောက်ကြရန် လက်များဝှေ့ယမ်းကာ ဖိတ်ခေါ်မှုများလည်း ပြုလုပ်လျက်ရှိသည်။ ယင်းစက်ရုပ်စားသောက်ဆိုင်အတွင်း ဝင်ရောက်စားသုံးပါက ဘင်တိုဖျော်ရည်တစ်ပုလင်း၊ ဖျော်ယမကာတစ်ခွက်နှင့် စက်ရုပ်အမျိုးသမီးများ၏ ဖျော်ဖြေမှုများအတွက် အမေရိကန်ဒေါ်လာ ၆၄ ဒေါ်လာခန့် ကုန်ကျမည်ဖြစ်သည်။ ၄င်းစက်ရုပ်စားသောက်ဆိုင်တွင် ၃ ဒသမ ၆ မီတာမြင့်သော အမျိုးသမီးစက်ရုပ်များကိုထားရှိရန် သုံးနှစ်ကြာမျှ စီစဉ်ခဲ့ရကြောင်း၊ စက်ရုပ်စားသောက်ဆိုင်အတွက်ဂျပန်ယန်းငွေ ၁ဝ ဘီလီယံခန့် ကုန်ကျခဲ့ကြောင်း ဆိုင်ပိုင်ရှင်က ပြောကြားသည်။ (အင်တာနက်)
**တရားမဝင်အလုပ်လုပ်ကိုင်သူဗီယက်နမ် ၁၄၂ ဦး ရုရှား၌ ဖမ်းဆီး**
(မော်စကို၊ သြဂုတ် ၃ဝ) ဗီယက်နမ်နိုင်ငံမှ တရားမဝင် ရွှေ့ပြောင်းအခြေစိုက်နေထိုင်ကာ အလုပ်လုပ်ကိုင်သူ ၁၄၂ ဦးကို ရုရှားရဲတပ်ဖွဲ့က ဖမ်းဆီး လိုက်ကြောင်း ရုရှားပြည်ထဲရေးဝန်ကြီးဌာနက သြဂုတ် ၂၉ ရက်တွင် ပြောကြားသည်။ဖမ်းဆီးခံရသူ ဗီယက်နမ်နိုင်ငံသားများ အားလုံးတွင်အလုပ်လုပ်ကိုင်ခွင့်ပါမစ်မရှိကြကြောင်း ရုရှားပြည်ထဲရေးဝန်ကြီး ဌာနက ထုတ်ပြန်သော ကြေညာချက်တွင် ဖော်ပြသည်။အဆိုပါဗီယက်နမ်နိုင်ငံသားများသည် မော်စကိုဒေသရှိ အထည်ချုပ်စက်ရုံတစ်ရုံတွင် နေထိုင်ကာ အလုပ်လုပ်ကိုင်ကြသူများဖြစ်ကြပြီး ၄င်းတို့သည် မည်သည့်အခါတွင်မျှ စက်ရုံ အဆောက်အအုံ ပရဝဏ်၏ ပြင်ပသို့ ထွက်ခွာလေ့မရှိကြောင်းကြေညာချက်တွင် ဖော်ပြသည်။ (အင်တာနက်)
**သန္တာကျောက်တန်းများ ပြုပြင်ထိန်းသိမ်းရာ၌စက်ရုပ်များအသုံးပြုရန် သုတေသနပြု**
(လန်ဒန်၊ သြဂုတ် ၃ဝ) သန္တာကျောက်တန်းများကို ပြုပြင်ထိန်းသိမ်းရာ၌ စက်ရုပ်များအသုံးပြု ဆောင်ရွက် နိုင်ရန် ဗြိတိန်နိုင်ငံ စကော့တလန်ဒေသရှိ သိပံ္ပပညာရှင်များက သုတေသနပြုထုတ်လုပ်လျက် ရှိကြောင်း သတင်းကြေညာချက်တစ်ရပ်တွင် ဖော်ပြသည်။စကော့တလန်ရှိ အားရော့ဝပ် တက္ကသိုလ်မှ သိပံ္ပပညာရှင်များသည် ''သန္တာကျောက်တန်းစက်ရုပ်''ဟု အမည်ပေးထားသော စက်ရုပ်တစ်မျိုးကို သုတေသနပြုတည်ဆောက်လျက်ရှိသည်။ ပျားများနှင့် ပုရွက်ဆိတ်များသည်စုပေါင်းညီညာစွာ အလုပ်လုပ်ကြသည့် နည်းတူ သန္တာကျောက်တန်းစက်ရုပ်များသည်လည်း အုပ်စုဖွဲ့ကာပင်လယ်ရေအောက်၌ အလုပ်လုပ်ကြ မည်ဖြစ်ကြောင်း သုတေသနအဖွဲ့ကပြောကြားသည်။ပင်လယ်ရေအောက်၌ သန္တာကျောက်တန်းများကို ပြုပြင်ထိန်းသိမ်း ရာတွင်အသုံးပြုသည့် စက်ရုပ်များအားထိန်းချုပ်ရာ၌ အသုံးပြုမည့်ကွန်ပျူတာဆော့ဖ်ဝဲတစ်မျိုးကို သုတေသီများက တီထွင်လျက်ရှိသည်။ရေထုညစ်ညမ်းခြင်းနှင့် သဘာဝပတ်ဝန်းကျင်ကို ပျက်စီးစေနိုင်သောငါးဖမ်းသည့်လုပ်ရပ်များကြောင့် သန္တာကျောက်တန်းများ ပျက်စီးရကြောင်း၊သန္တာကျောက်တန်းများ ပြန်လည်စည်ပင်တိုးတက်လာစေရန် ဆယ်စုနှစ်ပေါင်း များစွာ စောင့်ဆိုင်းရကြောင်း သုတေသနအဖွဲ့က ပြောကြားခဲ့သည်။သန္တာကျောက်တန်းများသည် အလွန် သေးငယ်သော အဏုဇီဝပိုးမွှားများနေထိုင်ကျက်စားရာ နေရာများဖြစ်ကြသည်။ သန္တာကျောက်တန်းများကို ကမ္ဘာ့အပူပိုင်းဒေသရှိ ပူနွေးသောပင်လယ်ရေတိမ်ပိုင်းတွင် တွေ့နိုင်သည်။စကော့တလန် အနောက်ဘက် ကမ်းရိုးတန်းကမ်းလွန်တွင် အတ္တလန္တိတ်ပြည်ကြီးမင်္ဂလာ ကုန်တင်ယာဉ်ရပ်နားစခန်းအတွင်းအာစီလေးထပ်တိုက်များ ရောင်းချသမုဒ္ဒရာအတွင်း၌ လည်းကောင်းအေးမြသောရေထုတွင် သန္တာကျောက်တန်းများ တည်ရှိကြောင်း၊ စက်ရုပ်များသည် သန္တာကျောက်တန်းထိန်းသိမ်းရေးလုပ်ငန်းတွင် ထိရောက်သော လုပ်သားများဖြစ်လာမည်ဖြစ် ကြောင်း သတင်းတွင်ဖော်ပြသည်။ (အင်တာနက်)
**အိန္ဒိယနိုင်ငံဝေဟင်၌ လေတပ်ရဟတ်ယာဉ်နှစ်စင်းတိုက်မိ၊ တပ်ဖွဲ့ဝင်ကိုးဦးသေဆုံး** အိန္ဒိယနိုင်ငံအနောက်ပိုင်းဂူဂျာရတ်ပြည်နယ်ဝေဟင်တွင်သြဂုတ်၃ဝရက်ကအိန္ဒိယလေတပ်ရဟတ်ယာ
ဉ်နှစ်စင်းတိုက် မှုဖြစ်ပွားခဲ့ရာ ၄င်းရဟတ်ယာဉ်နှစ်စင်းမှလေတပ်တပ်ဖွဲ့ဝင်ကိုးဦးသေဆုံးခဲ့ကြောင်း အိန္ဒိယအရာရှိများက ပြောကြားသည်။ ဝေဟင် တွင်တိုက်မှု ဖြစ်ပွားခဲ့သည့် ရဟတ်ယာဉ် နှစ်စင်းမှာ ရုရှားလုပ် အမ်အိုင်-၁၇ အမျိုးအစားများဖြစ်ကြသည်။ ထိုသို့ ရဟတ်ယာဉ်နှ စ်စင်း ဝေဟင်တွင်တိုက်မှုဖြစ်ပွားပြီးနောက် မြေပြင်သို့ ကျဆင်းခဲ့သော ရဟတ် ယာဉ်အပျက်အစီးများကို မီးတပ်တပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များနှင့် အိန္ဒိယစစ်ဘက်အရာရှိများက မြေပြင်၌ ရှာဖွေ တွေ့ရှိခဲ့သည်။ ၄င်းရဟတ်ယာဉ်နှစ်စင်းသည် ဂူဂျာရတ်ပြည်နယ်ရှိဂျမ်နာဂါ လေတပ်အခြေစိုက်စခန်းအနီးတွင် ပျက်ကျခဲ့ခြင်းဖြစ်သည်။ယင်းနေရာသည်ပါကစ္စတန်နယ်စပ်နှင့်နီးသောနေရာလည်းဖြစ်သည်။စီစဉ်လျက်ရှိ
အိန္ဒိယနိုင်ငံ စစ်ဘက်တွင် ၁၉၆ဝ ခုနှစ်အစောပိုင်းကတည်းက မော်စကိုမှ ဝယ်ယူထားသော အမ်အိုင်ဂျီအမျိုးအစား တိုက်လေယာဉ်များရှိနေသည်။ ထို့ကြောင့် လာမည့် ၁ဝနှစ်အတွင်း အမေရိကန်ဒေါ်လာ ဘီလီယံများစွာ အကုန်အကျ ခံ၍ တိုက်လေယာဉ်သစ်များ အစားထိုးဝယ်ယူကာ စွမ်းရည်မြှင့်တင်သွားရန် စီစဉ်လျက်ရှိသည်။ (အင်တာနက်)
**အရှည်ကီလိုမီတာ ၃၀ ရှိသည့် မြေအောက်ရထားလမ်း စင်ကာပူနိုင်ငံ၌ ၂၀၁၉ ခုနှစ်အတွင်း အပြီးတည်ဆောက်မည်**
(စင်ကာပူ သြဂုတ် ၃ဝ) စင်ကာပူနိုင်ငံတွင် အရှည်ကီလိုမီတာ ၃ဝ ရှည်သည့် မြေအောက်ရထားလမ်းကို တည်ဆောက်မည်ဖြစ်ပြီး လာမည့် ၂ဝ၁၉ ခုနှစ်၌ ဖွင့်လှစ်နိုင်ရန် ရည်မှန်းထားကြောင်း စင်ကာပူ အရာရှိများက သြဂုတ် ၃ဝ ရက်တွင် ထုတ်ဖော်ပြောကြား သည်။အဆိုပါ မြေအောက်ရထားလမ်းစီမံကိန်းတွင် ဘူတာရုံ ၂၂ ရုံပါရှိမည်ဖြစ်သည်။ ၄င်းမြေအောက် ရထားလမ်း ၏အစိတ်အပိုင်းအားလုံးမှာ မြေအောက်၌သာ တည်ဆောက်ဖောက်လုပ်သွားမည်ဖြစ်ကြောင်း၊ ယင်းမြေအောက်ရထားလမ်း ဖောက်လုပ်တည်ဆောက်ရေးအတွက် အစီအစဉ်ရေးဆွဲမှုလည်း ပြီးစီးသွားပြီ ဖြစ်ကြောင်း စင်ကာပူနိုင်ငံ ပို့ဆောင်ရေးဝန်ကြီး လျူတက်ယူးက ပြောကြားသည်။ယင်းမြေအောက်ရထားလမ်းစီမံကိန်းအတွက် ငွေကြေးကုန်ကျမှုမှာ အမေရိကန်ဒေါ်လာ ၁၈ ဘီလီယံခန့် ရှိမည်ဖြစ်သည်။ အဆိုပါမြေအောက်ရထားလမ်းစီမံကိန်းပြီးစီးပါက တစ်နေ့လျှင် ခရီးသည်၎ဝဝဝဝဝခန့် သယ်ယူပို့ဆောင်ပေးနိုင်မည်ဖြစ်သည်။ ယခုတည်ဆောက်မည့် မြေအောက်ရထားလမ်းသည် စင်ကာပူနိုင်ငံ မြောက်ပိုင်းမှ တောင်ပိုင်းသို့  ဆက်သွယ်သွားလာနိုင်မည့် ရထားလမ်းဖြစ် သည်။ ¤င်းရထားလမ်းသည် စင်ကာပူနိုင်ငံ ဆစ်ဖိုင်းစက်မှုဒေသကိုလည်း ဖြတ်သန်းမည်ဖြစ်သည်။ တစ်ဖန် စင်ကာပူနိုင်ငံသွမ်ဆင်လူနေအရပ်နှင့် ဈေးရောင်းဈေးဝယ်စည်ကားရာ အော့ချဒ်နှင့် မာရီနာခရိုင်များကိုလည်း မြေအောက်မှ ဖြတ်သန်းမည်ဖြစ်သည်။ (အင်တာနက်)
**ပင်လယ်ရေကြောင်း ထောက်လှမ်းရေးအတွက်မောင်းသူမဲ့လေယာဉ်များ တရုတ်အသုံးပြုမည်** (ပေကျင်း၊ သြဂုတ် ၃ဝ) အဝေးထိန်းစနစ်သုံး ပင်လယ်ရေကြောင်း ထောက်လှမ်းရေးလုပ်ငန်းများ ဆောင်ရွက်ရေးအတွက် ကမ်းရိုးတန်း ဒေသတစ်လျှောက်၌ မောင်းသူမဲ့လေယာဉ် (ယူအေဗွီ) များကိုဖြန့်ကြက်သွားရန် စီစဉ်ထားကြောင်း တရုတ်နိုင်ငံက သြဂုတ် ၃ဝ ရက်တွင် ပြောကြားခဲ့သည်။မောင်းသူမဲ့ လေယာဉ်များဖြန့်ကြက်ရေး စီမံချက်အရပြည်နယ် ပင်လယ်ရေကြောင်းအာဏာပိုင်များက စီမံခန့်ခွဲမည့်မောင်းသူမဲ့လေယာဉ် အခြေစိုက်စခန်း ၁၁ ခုကို တည်ဆောက် သွားမည်ဖြစ်ကြောင်း တရုတ်နိုင်ငံ သမုဒ္ဒရာဒေသ စီမံခန့်ခွဲရေးဌာန တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။ စီမံကိန်း၏ အတိုင်းအတာနှင့် စပ်လျဉ်း၍ အသေးစိတ်ထုတ်ဖော်ခဲ့ခြင်း မရှိသော်လည်း အခြေစိုက်စခန်းတစ်ခုစီတွင် မောင်းသူမဲ့လေယာဉ် အနည်းဆုံးတစ်စင်း ဖြန့်ကြက်သွားမည်ဖြစ်ကြောင်း ဆင်ဟွာသတင်းဌာနက ယနေ့ သတင်းထုတ်ပြန်ခဲ့သည်။တရုတ်နိုင်ငံနှင့် အိမ်နီးချင်းနိုင်ငံများအကြား ပင်လယ်ရေကြောင်း နယ်နိမိတ်ပိုင်ဆိုင်ခွင့် အငြင်းပွားမှုများ အရှိန်မြင့်တက်နေစဉ်အတွင်း မောင်းသူမဲ့ လေယာဉ်များ ဖြန့်ကြက်ရေးစီမံချက်ဆိုင်ရာ သတင်းထုတ်ပြန်ချက်ပေါ်ထွက်လာခြင်းဖြစ်သည်။တရုတ်နိုင်ငံသည် ပြီးခဲ့သည့်နှစ်အတွင်း မောင်းသူမဲ့ လေယာဉ်များဖြင့် ထောက်လှမ်းရေးလုပ်ငန်းများ ဆောင်ရွက်မှုကို
လျောင်နင်းပြည်နယ်၌ ပြုလုပ်ခဲ့ရာ မောင်းသူမဲ့လေယာဉ် များက ဧရိယာစတုရန်းကီလိုမီတာ ၉၈ဝ ရှိ ရေပြင်ဒေသအားကောင်းကင်ဓာတ်ပုံများ ရိုက်ကူးပေးနိုင်ခဲ့ကြောင်း ဆင်ဟွာ သတင်းဌာနကတင်ပြသွားသည်။အလားတူသီးခြားစမ်းသပ်မှုတစ်ရပ်အဖြစ်သုံးဖက်တိုင်းစောင့်ကြည့်ရေး
စနစ်တပ်ဆင်ထားသော မောင်းသူမဲ့ လေယာဉ်တစ်စင်းကို တရုတ်နိုင်ငံအရှေ့ပိုင်း ကျန်းစုပြည်နယ် ပင်လယ်ရေကြောင်း အာဏာပိုင်များက ပြီးခဲ့သည့်နှစ်အတွင်း အသုံးပြုခဲ့ကြောင်း သိရသည်။ (တိုင်းမ်အော့အင်ဒီးယား)
**ရေဒီယို အဆက်အသွယ်လုပ်မရသော စပိန်ခရီးသည်တင်လေယာဉ်ဒတ်ခ်ျလေတပ် ဂျက်တိုက်လေယာဉ်များ ခြံရံဆင်းသက်ခဲ့ရ**
(အမ်စတာဒမ် သြဂုတ် ၃ဝ) လေကြောင်းလမ်း ထိန်းချုပ်သူများနှင့် လေယာဉ်မှူးများအကြား ရေဒီယိုအဆက်အသွယ် ပြတ်တောက်ခဲ့ရပြီးနောက် စပိန်ခရီးသည်တင်လေယာဉ်တစ်စင်းကို နယ်သာလန်လေတပ်အက်ဖ် ၁၆ တိုက်လေယာဉ်နှစ်စင်းက ခြံရံစောင့်ရှောက်ကာ အမ်စတာဒမ်မြို့တော် စကီပိုးလ်လေဆိပ်သို့ ဆင်းသက်စေခဲ့ရကြောင်း သြဂုတ် ၂၉ ရက် သတင်းများတွင် ဖော်ပြသည်။ အဆိုပါ စပိန်ခရီးသည်တင်လေယာဉ်မှာ ပြန်ပေးဆွဲခံထားရခြင်းဖြစ်နိုင်ကြောင်း ဒတ်ခ်ျသတင်းမီဒီယာများက အစောပိုင်းကာလတွင် ထင်ကြေးပေးဖော်ပြခဲ့ကြသည်။သို့ရာတွင် နောက်ပိုင်း၌ နယ်သာလန်ရဲတပ်ဖွဲ့နှင့် ယင်း ခရီးသည်တင်လေယာဉ်အား ပျံသန်းပြေးဆွဲနေသည့် ကုမ္ပဏီတို့က လေယာဉ်ပြန်ပေးဆွဲခံထားရဖွယ်ရှိသည်ဟူသော သတင်းများကို ငြင်းပယ်ခဲ့သည်။ခရီးသည် ၁၈ဝ ကျော် လိုက်ပါလာသော စပိန်ခရီးသည်တင်လေယာဉ်နှင့် စကီပိုးလ်လေဆိပ် လေကြောင်းလမ်း ထိန်းချုပ်သူများအကြား ရေဒီယို အဆက်အသွယ် ယာယီပြတ်တောက် ခဲ့ရခြင်းကြောင့် အက်ဖ် ၁၆ တိုက်လေယာဉ်များကို စေလွှတ်ခဲ့ရခြင်းဖြစ်ကြောင်း နယ်သာလန်နိုင်ငံ ပြည်ထဲရေးဝန်ကြီးဌာနကကြေညာခဲ့သည်။ဒတ်ခ်ျ လေကြောင်းပိုင်နက်အတွင်း ဝင်ရောက်လာ သော လေယာဉ်တစ်စင်းနှင့် ရေဒီယိုအဆက်အသွယ် ပြုလုပ်၍မရနိုင်ပါက တိုက်လေယာဉ်များ စေလွှတ်၍ မျက်မြင်ဆက်သွယ်မှုလုပ်ဆောင်ရမည်ဖြစ်ကြောင်း နယ်သာလန် ပြည်ထဲရေးဝန်ကြီးဌာန၏ ကြေညာချက်၌ ဖော်ပြထားသည်။အထက်ပါ ခရီးသည်တင်လေယာဉ်ကို ဗြူရယ်လင်းအမည်ရှိ စပိန်ကုမ္ပဏီတစ်ခုက ပိုင်ဆိုင်သည်။ ပြီးခဲ့သည့် နှစ်ကလည်း ဗြူရယ်လင်းကုမ္ပဏီပိုင် ခရီးသည်တင်လေယာဉ်တစ်စင်းသည် အမ်စတာဒမ်မြို့တော် စကီပိုးလ် လေဆိပ်သို့ ပျံသန်းစဉ် ပြင်သစ်နိုင်ငံ ကောင်းကင်ယံထက်၌ရေဒီယိုအဆက်အသွယ် ပြတ်တောက်မှုဖြစ်ပွားခဲ့ရာ
ပြင်သစ် လေတပ် တိုက်လေယာဉ်များက ခြံရံစောင့်ကြည့်ခဲ့ရဖူးသည်။(အင်တာနက်)
စုစည်းဘာသာပြန်-နိုင်လင်းကြည်
-ယခုလအတွင်း နိုင်ငံတကာထူးခြားသတင်းများ-

No comments:
Post a Comment