မြန်မာနိုင်ငံရှိ ရုပ်ရှင်ကြည့်ပရိတ်သတ်များ စိတ်ဝင်စား မှုအများဆုံးဖြစ်သော အကယ်ဒမီဆုပေး ပွဲအား ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်မှ စ၍မြန်မာနိုင်ငံ ရုပ်ရှင်အစည်းနှင့်အနုပညာ လောကသားများကသာ ရွေးချယ်ပေး အပ်သွားတော့မည်ဖြစ်ကြောင်းသိရသည်။ မြန်မာနိုင်ငံတွင်အကယ်ဒမီ ပေးပွဲများအား ခေတ်အဆက်ဆက်မှ
ပင် သက်ဆိုင်ရာအစိုးရ အသီးသီးမှ စီစဉ်ပေး အပ်ခဲ့ခြင်းဖြစ်ကာ၊ ယနေ့ခေတ်တွင် ပြန် ကြားရေးဝန်ကြီး ဌာနမှဦးဆောင်၍ ဆုများ ပေးအပ်ခဲ့ ကြောင်း နှင့် ယင်းအကယ်ဒမီ ဆုနှင့်ပါတ်သတ်၍၂၀၁၃-၂၀၁၄ဘဏ္ဍာ ရေးနှစ်မှစ၍အနုပညာ သမားများနှင့် လွတ်လပ်စွာဖွဲ့ စည်းလိုက်သောမြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးမှရွေးချယ်ပေးအပ်ခွင့် များ ပထမဆုံး အနေဖြင့်ရရှိခဲ့ပြီဖြစ်ကြောင်း သိရသည်။ ''အကယ်ဒမီပေးတာနဲ့ ပါတ်သတ်ပြီးတော့ကျွန်တော်တို့ရုပ်ရှင် အစည်းအရုံးအနေနဲ့ပြောင်း လဲလာတဲ့ ခေတ်စနစ်တွေ နဲ့အညီ အကယ်ဒမီဆုတွေ ကို ကျွန်တော်တို့မြန်မာနိုင်ငံရုပ်ရှင်လော ကသားများ သာလျှင် ပေးအပ်လိုပါတယ်လို့ ပြန်ကြားရေး ဝန်ကြီးဌာန၊ပြည်ထောင်စု ဝန်ကြီးထံကို တင်ပြခဲ့ရာ မှာအခုဆို ကျွန်တော် တို့ ဆောင်ရွက်လို တဲ့အတိုင်းဆောင်ရွက် ခွင့်ရပြီဖြစ်ပါ တယ်''ဟု မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံးမှ ဥက္ကဌ ဦးဇင်ဝိုင်းကပြော သည်။
**Yangon media group**
-အကယ်ဒမီဆုများ ရုပ်ရှင် အစည်းအရုံး မှပေးတော့မည်-

No comments:
Post a Comment