**ဖုန်းပြောပုံ* မူလတန်းကျောင်းသားတစ်ဦးသည် ကျောင်းမတက်လို၍ အိမ်မှ ကျောင်းသို့ တယ်လီဖုန်းဆက်လေသည်။
ကျောင်းသား = အတန်းပိုင် ဆရာမလားခင်ဗျား...။
ဆရာမ = ဟုတ်ပါတယ်..။
ကျောင်းသား = သြော်.. ခွင့်တိုင်ချင်လို့ပါ..
။ ဆရာမ = ဘယ်ကျောင်းသားအတွက်လဲရှင်...။
ကျောင်းသား = စမစ် အတွက်ပါ..။
ဆရာမ = သူဘာဖြစ်လို့ပါလဲ..။
ကျောင်းသား = နေမကောင်းလို့ ဖြစ်ပါတယ်..။
ဆရာမ = သြော်.. ဟုတ်ကဲ့ပါ...ဒါ့ထက် အခုစကားပြော နေတာ ဘယ်သူပါလဲရှင်။
ကျောင်းသား = ကျွန်တော့်အဖေ ပြောနေတာပါ။
ဆရာမ = ''ဘာ''
အာကာဟိန်း-ရေးသားသည်။
-ဘ၀အမောပြေ-

No comments:
Post a Comment