**UEFA ဥရောပ စူပါလိဂ်ချန်ပီယံဆုဖလားကို အက်သလီကိုမက်ဒရစ် ဆွတ်ခူး**
(စက်တင်ဘာလ ၁ရက်၊ ၂၀၁၂) UEFA ကကြီးမှူးကျင်းပတဲ့ ဥရောပကလပ်အသင်းများ ချန်ပီယံလုပွဲ(ဥရောပစူပါလိဂ်)ပြိုင်ပွဲကို ထိုင်းနိုင်ငံစံတော်ချိန် ဒီကနေ့ မနက် ၁း၄၅ နာရီမှာ ယှဉ်ပြိုင်ကြရတဲ့အခါမှာ အက်သလီကိုမက်ဒရစ်.. က ချယ်လ်ဆီး ကို၎ ဂိုး-၁ဂိုးနဲ့ အနိုင်ရပြီး ဆုဖလားရယူသွားပါတယ်။ ပထမပိုင်း ၆မိနစ် ၁၉မိနစ်၊ ၄၅မိနစ် တွေမှာ အက်သလီကိုက ဂိုးသွင်းသူရဲကောင်း ဖယ်လ်ကာအို (ခေါ်) ဖောကောက ၃ဂိုးအပြတ်သွင်းယူခဲ့ပြီးကတည်းက နှစ်ဖက်အသင်းရဲ့ ခြေကိုကြည့်ပြီး ပွဲဟာပြီးသွားပြီလို့ ထင်လိုက်ကြမှာ ပါ။ ချယ်လ်ဆီးမှာ အသင်းခေါင်းဆောင် ဂျွန်တယ်ရီမပါနိုင်လို့ လမ်းပတ်က အသင်းခေါင်းဆောင်တာဝန်ယူခဲ့သလို အများထင် မှတ်ထားတဲ့ ပုံမှန်ခြေစွမ်းရလာသူ ဖာနန်ဒိုတောရက်စ်ကလည်း ဂိုးပေါက်ပျောက်နေခဲ့တာပါပဲ။ ဒီလိုနဲ့ ဒုတိယပိုင်း ဆက်လက် ကစားရာမှာ မိနစ် ၆၀ မှာ မာဇက်ဒါက အက်သလီကိုအတွက် စတုတ္ထမြောက်ဂိုးကို သွင်းယူခဲ့ပြန်ပါတယ်။ ချယ်လ်ဆီးအတွက် ၄ဂိုးအပြတ် ရှုံးနိမ့်တော့မယ့်အနေအထားကနေ အရှက်ပြေချေပဂိုးကို ဒုတိယပိုင်း ၇၅ မိနစ်ကျမှ ကာဟေးက သွင်းယူပေးခဲ့ တာပါ။ ပြီးခဲ့တဲ့ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်မှာ ဘာစီလိုနာကို ရင်ဆိုင်ခဲ့သလိုမျိုး၊ ချန်ပီယံလိဂ်ဖိုင်နယ်မှာ ဘိုင်ယန်မြူးနစ်ကို အကြိတ်အနယ်နွှဲခဲ့သလိုမျိုး ခြေစွမ်းခြေစတွေနဲ့ ကံကြမ္မာရဲ့ဖေးမမှုမျိုးတွေဟာ ဒီနေ့ပွဲမှာတော့ ချယ်လ်ဆီးအသင်းမှာ မတွေ့ခဲ့ရပါဘူး။ ဘာပဲဖြစ်ဖြစ် ယူရိုပါလိဂ်ချန်ပီယံအက်သလီကိုမက်ဒရစ်အသင်းက သူ့ထက်အဆင့်မြင့်ပြိုင်ပွဲဖြစ်တဲ့ ချန်ပီယံလိဂ် ချန်ပီယံ ချယ်လ်ဆီးအသင်းကို အခုစူပါလိဂ်မှာ ၄ဂိုး-၁ဂိုးနဲ့ အပြတ်အသတ်အလဲထိုးပြီး ချန်ပီယံသရဖူရယူသွား တယ်ဆိုတာပါပဲဗျာ။
**သောင်ရင်းနဂါး**
-အက်သလီကိုက ချယ်လ်ဆီးကို ၄ဂိုး-၁ဂိုးနဲ့ အလဲထိုးလိုက်ပြီ-

No comments:
Post a Comment