ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Tuesday, September 25, 2012

>
-အတောင်ပါတဲ့  ကဗျာလေးတွေ(ဟာသကဗျာ)-

ဒီနေ့ သူငယ်ချင်းတစ်ယောက်က facebook မှာ တင်ထားလေရဲ့ ... ဆရာကြီးတင်မိုးရဲ့ ကျော်ကြားလှတဲ့ ကဗျာတိုလေး .....။ စာပေ ပညာရှင်တွေကြားမှာတောင် အငြင်းအခုန် ဖြစ်စေခဲ့တဲ့ သို့လော သို့လော အတွေးပွားစရာ လက်ရာမွန်တစ်ခု..။

 ဆေးလိပ်လဲတို
 နေလဲညိုပြီ
ငါ့ကို အိမ်ပြန်ပို့ပါတော့
(ဧည့်သည်ကြီး)

သူ့ကိုနောက်ချင်တာနဲ့ပြန်ရေးလိုက်တယ်...။

 အရက်လဲကုန်
 လက်လဲတုန်ပြီ
ငါ့အိမ်ကို ထမ်းပို့ပါလော့..။
( ယစ်ထုပ်ကြီး)

 သူကလည်း ကိုယ့်ကို ချက်ခြင်း ပြန်ခွပ်ပါတယ်...။

မျက်စေ့လည်းမွဲ
 အမြင်နည်းပြီ
ငါ့ကိုတောင်ဝှေး ပေးပါတော့..။ (အမယ်အို)

 မြွေမြွေချင်း ခြေမြင်တယ်လေ...။ ပြန်ဆော်ရသေးတာပ။

 မျက်စေ့လည်းညောင်း
အတွဲချောင်းသည်
ငါ့အား မှန်ပြောင်း ပေးပါလော့..။
 (နှာဘူးကြီး)  

အချိန်ပိုင်းအတွင်းမှာ တုန့်ပြန်ချက်က အပြင်းစား...။

 အဆီတွေထပ် ၍ 
အခေါက်ထူပြီ 
ငါ့ကို လစ်ပို*စုပ်ကြပါတော့...။ 

(ဗိုက်ပူမ) 
*Liposuction အဲဒီမှာ ကော်မန့်တစ်ခု ရလာတယ်။ ဒီကဗျာတွေကိုမြင်ရင် ဆရာကြီးက နှစ်ခါပြန်သေချင်သွားလိမ့်မယ်- တဲ့။ ကိုယ့်သူငယ်ချင်းက တောင်းပန်ပြီး ကဗျာ အားလုံးကို ဖျက်ပစ်လိုက်ပါတယ်။
ကိုယ်ဇဝေဇ၀ါစဉ်းစားမိတာက ကိုယ်တို့ရဲ့ကဗျာတွေက ဆရာကြီးကို ”အဂါရ၀“ ဖြစ်သွားစေသလား လို့ပေါ့လေ။ ဆရာကြီးရဲ့ ကဗျာတွေနဲ့ကြီးပြင်းခဲ့တာမို့ ဆရာကြီးကိုလေးစားပါတယ်။ သူ့ရဲပြုံးချိုနေတဲ့ ပုံစံကြီးကိုလည်း အရမ်းချစ်တယ်။ သူ့ရဲရပ်တည်ချက်ကိုလည်း ဦးညွှတ်တယ်။ တစ်ခုဘဲ- စိတ်ထဲမှာ ပျော်ရွှင်ပြီး ဥာဏ်ပွင့်နေချိန်မှာ ဆရာကြီးရဲ့ ကဗျာရစ်သမ်လေးကိုယူပြီး သူငယ်ချင်း နှစ်ယောက် စကားလုံးဘောလီဘော ပုတ်ကြတယ်။ ကဗျာလေးတွေက အတောင်ပါတဲ့ပျားကလေးလို ဟိုဟိုဒီဒီ ပျံဝဲလို့ မူလနေရာနဲ့ တော်တော်ဝေးတဲ့နေရာကို ရောက်သွားတယ်။ ကော်မန့်ပေးသူကလည်း ဆရာကြီးကို သိပ်လေးစားသူ ဖြစ်မှာကတော့ သေချာတယ်။ ဒါကြောင့်လည်း ရှေ့ဆက်မရေးကြဖို့ ၀င်ပြီးဟန့်တာ ဖြစ်ပါလိမ့်မယ်။ သူငယ်ချင်းတို့ရေ- အမြင်လေးတွေ ရေးပေးပါလား။ တကယ်လို့ အမှန်ပဲ “အဂါရ၀”ဖြစ်စေတယ်ဆိုရင် ကိုယ် ဒီပို့စ်လေးကို ဖျက်ပစ်လိုက်ပါတော့မယ်...။

 လေးစားစွာဖြင့်- 

**မိုးစက်ပွင့်**

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)