ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Sunday, September 2, 2012

> -မဖိတ်ခေါ်ပဲ ရောက်လာတတ်သည်သောပြဿနာများနှင့်အတူ မှန်ကန် ကောင်းမွန်သော အစိုးရ တစ်ရပ်ဖြစ်လာချေ ရှိမည်လား - 

ကောင်းမွန်သော အပြောင်းအလဲများကို လူထုက သောင်းသောင်းဖျဖျ ကြိုဆိုပေမဲ့ မလိုလားအပ်သော ပြဿနာ သောင်းခြောက်ထောင်ကို ရင်မဆိုင်ချင်သည်မှာ လူထု၏ ဆန္ဒမှန်ပင်ဖြစ်ပါသည် ။ အကောင်းအဆိုး ၊ အမှားအမှန် ဒွန်တွဲနေသော လောကတွင် ပြဿနာများသည် မဖိတ်ခေါ်ပဲ ရောက်လာတတ်သည်မှာ ဓမ္မတာပင် ဖြစ်ပေမဲ့ မှန်ကန် ကောင်းမွန်မှုများကို ပြတ်ပြတ်သားသား ထောက်ခံမှု လိုအပ်သလို သဘာဝ မကျသော မှားယွင်း ဖောက်ပြန်မှုများကိုလည်း လုံးဝ ဆန့်ကျင်သင့်ပေသည် ။ သမ္မတ ဦးသိန်းစိန်နှင့် မြန်မာ့ အတိုက်အခံ ဒီမိုကရေစီ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့၏ မကြာခဏ တွေ့ဆုံမှုများသည် အနာဂတ် မြန်မာ့ နိုင်ငံရေးတွင် ကောင်းမွန်သော အလားအလာကို သယ်ဆောင်လာမည့် အရိပ်အယောင်များရှိလာနိုင်ပေသည် ။ တူတာတွေ တွဲလုပ်မည် ဟု ကြွေးကြော်သံနှင့် အတူ ၊ အတူတူ လာဘ်စားနေသော အစိုးရ လွှတ်တော်ကို လူထုက မမှိတ်မသုန် စောင့်ကြည်နေပေသည် ။ တိုင်းပြည်တွင် နှစ်ပေါင်းများစွာ ပျောက်ဆုံးနေသော တရားဥပဒေ စိုးမိုးရေး ၊ ပြည်တွင်းငြိမ်းချမ်းရေး နှင့် အမျိုးသားပြန်လည်သင့်မြတ်ရေး လုပ်ငန်းစဉ်များသည် အဓိက အရေးကြီးသလို အလုပ်သမား ၊ တောင်သူလယ်သမား ၊ ကျောင်းသူကျောင်းသား တို့၏ အခွင့်အရေးများသည်လည်း ချန်လှပ်ထား၍ မဖြစ်သည့် အရေးကြီးသည့် ကိစ္စရပ်များ ဖြစ်ပေသည် ။ ထို့အပြင် မထင်မှတ်ပဲ ဖြစ်ပေါ်လာတတ်သော သဘာဝ ဘေးအန္တရာယ် အပါအ၀င် ရုတ်တရက် ဖြစ်ပွားခဲ့သော ရခိုင်ပြည်နယ် ကိစ္စလို အဓိကရုဏ်း ၊လူမျိုးရေး ပြဿနာများအတွက်လည်း တိကျ ခိုင်မာသော မူဝါဒ ၊ ဥပဒေသများရှိရပေမည် ။ တတ်သိ ပညာရှင်များအပါအ၀င် နယ် ပယ် အသီးသီးမှ တိုင်းချစ်ပြည်ချစ် စိတ်ဓာတ်ရှိသူများဖြင့် ဖွဲ့စည်းခဲ့သော ရခိုင်ပြည်နယ်အရေးအတွက် စုံစမ်းစစ်ဆေးရေး ကော်မရှင်သည် ကောင်းမွန်သော လုပ်ရပ်ဖြစ်၍ ကြိုဆိုသံများ လူထုထံမှ ကြားရပေသည် ။ ကောင်းမွန်သော တစ်ချို့နိုင်ငံတကာအစိုးရများတွင် သဘာဝ ဘေးအန္တရာယ်များ ကျရောက်လာပါက သုံးစွဲမည့် တိုင်းပြည် အရန်ငွေကို ထားရှိပြီး သဘာဝဘေးအန္တရာယ် ကျရောက်သော ဒေသရှိ လူထုအတွက် စနစ်တကျ သုံးစွဲမှုများရှိပေသည် ။ လိုအပ်ပါက နိုင်ငံတကာ အစိုးရများ ၊ နိုင်ငံတကာ NGOs များထံမှ အကူအညီများရယူကာ လူထုဘ၀ကို မြှင့်တင်ပေးပေသည် ။ မှန်ကန် ကောင်းမွန်သော အစိုးရ တစ်ရပ်သည် ပွင့်လင်းမြင်သာသော နိုင်ငံရေး ၊ စီးပွားရေး ၊ ဥပဒေများနှင့် အညီ တိုင်းပြည်ကို အုပ်ချုပ်ပါက လူထု၏ အားပေးထောက်ခံမှုကို ရရှိမည်မှာ မလွဲမသွေ ဖြစ်ပေသည် ။ တိုင်းပြည်၏ ဘဏ္ဍာငွေကို စနစ်တကျ ခွဲဝေ သုံးစွဲမှုသည်ပင် လူထုကို စည်းရုံးနိုင်သော နည်းလမ်းတစ်ရပ် ဖြစ်သည်ဟု ဆိုလျှင်မမှားပေ ။ ၀န်ကြီးများကို နေရာ ပြောင်းသော လုပ်ရပ်သည် အခိုက်အတန့် အပြောင်းအလဲကို ပြသသည့် လုပ်ရပ် ဖြစ်ကောင်းဖြစ်နိုင်ပေမဲ့ မူသည် လူထက် အရေးကြီးပေသည် ။ ဆိုလိုသည်မှာ ဒီမိုကရေစီ နိုင်ငံများတွင် ရွေးကောက်ပွဲမှ မည်သည့် ပါတီ ၊ ပုဂ္ဂိုလ်များ အရွေးချယ်ခံပြီး ပါလီမန်တွင် နေရာ ရလာစေကာမူ ခိုင်မာသည့် ဖွဲ့စည်းပုံအခြေခံဥပဒေ က သူတို့ကို ထိန်းချုပ်ကာ လမ်းကြောင်းမှန်ကို ထိမ်းကြောင်းပေးပေသည် ။ ကနေဒါ တွင် အစိုးရနှင့် အတိုက်အခံ အကြား လူသိရှင်ကြား ပါလီမန်၌ အငြင်းပွားနေရသော ကိစ္စမှာ F 35 တိုက်လေယာဉ်များ ၀ယ်ယူလိုမှုဖြစ်ပေသည် ။ Prime Minister Stephen Harper ဦးဆောင်သော လက်ရှိ ကွန်ဆားဗေးတစ် အစိုးရမှ တိုက်လေယာဉ်များ ၀ယ်ယူမှု ကုန်ကျစားရိတ်မှာ ယခင် တင်ပြထားသော ( C$16 billion to C$18 billion ) ဖြစ်ပေမည့် အမှန်တစ်ကယ် ကုန်ကျမည်မှာ C$29.3 billion ($30.1 billion)ဖြစ်ခြင်းကြောင့် အတိုက်အခံဖက်မှ ပြင်းထန်စွာ ကန့်ကွက်မှုများ ဖြစ်ပေါ်နေပေသည် ။ အပြည့်အစုံကို အောက်ပါ ၀က်ပ်ဆိုက်တွင် ကြည့်ပါ ။ http://www.reuters.com/article/2011/03/10/canada-politics-planes-idUSN1014807020110310 ကနေဒါ နိုင်ငံတွင် ပြည်သူလူထုအတွက် အခမဲ့ ဆေးဝါးကုသခွင့် အပါအ၀င် ကမ္ဘာ့ အဆင့်အတန်းမီ ကောင်းမွန်သော ပညာရေးအတွက် အစိုးရသည် တိုင်းပြည်၏ ဘဏ္ဍာငွေကိုနှစ်စဉ် လူထုကို တရားဝင် ကြေငြာ သုံးစွဲနေပေသည် ။ ကျနော်တို့ မြန်မာပြည်တွင်မူ စစ်အုပ်စုမှ ထင်သလို သုံးစွဲနေသော စာရင်းအင်းမရှိသည့် စစ်အသုံးစားရိတ်သည် တိုင်းပြည် ပြန်လည် တည်ထောင်ရေးကို ကြီးမားသော အနှောက်အယှက် အဟန့်အတား ဖြစ်စေယုံသာမက မလိုလားအပ်သော အကျိုးဆက်အဖြစ် စစ်မှန်သော တိုင်းပြည်၏ ငြိမ်းချမ်းရေးသည် အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့်အတူ လုံးပါးပါးပြီး ပျောက်ဆုံးကာ စစ်၏သားကောင် တိုင်းရင်းသားပြည်သူများ အသက်ဆုံးရှုံးနေရပေသည် ။ ကျနော်တို့ တိုင်းပြည်တွင်မူ အစိုးရ အပါအ၀င် နိုင်ငံတကာရှိ မြန်မာ သံရုံးများသည် အခွန်အကောက်နှင့် လာဘ်ပေးလာဘ်သူမှုများသာ စိတ်ဝင်စားပြီး ဒုက္ခရောက်နေသော လူထုကို အပေါ်စီးမှ မတူသလို မတန်သလို ဆက်ဆံတတ်သော အတိတ်အမွေဆိုးများ ရှိနေသည်ကို စိတ်မချမ်းမြေ့ဖွယ် တွေ့နေရစဲဖြစ်သည် ။ Black money တွေနဲ့ Black list ထဲက ပယ်ဖျက်ရမဲ့ တိုင်းပြည်မှာ.. ရောင်နီမလာခင် အမှောင်ည ဆိုတော့ ဘယ်သူဟာ ဘာလဲ အချိန်ယူစောင့်ကြည့်ရဦးမည် ထင်ပါသည် ။ ပြည်တွင်း ၈၈၈၈ ကျောင်းသားခေါင်းဆောင်များသည် လူထုဖြင့် ထိတွေ့ပြီး ထောင်နှစ်ရှည်ကျခဲ့ကာ ဘ၀တွေ ပေးဆပ်ခဲ့လို့ လူထုကချစ်ခင်သည် ။ ပြည်ပ ခေါင်းဆောင်းတွေကတော့ လူထုနဲ့ကင်းကွာပြီး တောတွင်းမှာ ခေါင်းဆောင်လု နေရာလု အာဏာလုကြလို့ တောတွင်း၌ အကွဲကွဲအပြဲပြဲ ဖြင့်ယုံမက မြို့ပေါ်မှာပင် အကွဲဇာတ်ကို ဆက်ကခဲ့ကြသည် ။ ပြည်ပရောက် လူထုနှင့် ကင်းကွာသော ခေါင်းဆောင်များ အကြောင်းပြောဆိုလျှင် ကိုယ့်ပေါင်ကိုယ် လှန်ထောင်းယုံမက ကိုယ့်ခြေထောက်ပါ ကိုယ် ဖြတ်ပစ်ဖို့ကောင်းတဲ့ ဇာတ်လမ်းတွေရှိပေမဲ့ လူထု လူတန်းစားပေါင်းစုံ က ပေါက်ဖွားမွေးဖွားခဲ့ကြသော အညတြ လူထု သူရဲကောင်းများသည် နေရာတကာတွင်ရှိပြီး ဒီမိုကရေစီ ခေတ်ပြောင်း တော်လှန်ရေးကို မိမိ အသိစိတ်ဓာတ်ဖြင့် လှုပ်ရှား လုပ်ကိုင်ခဲ့ပေသည် ။( ပြည်ပရောက် ခေါင်းဆောင်တိုင်းကို မဆိုလိုပါ ၊ တိုက်ဆိုင်သွားလျှင် ခွင့်လွှတ်ပါ ။ ) စစ်အုပ်စုသည် ခေါင်းဆောင်နှင့် ငယ်သားများကို ခွဲခြား စည်းရုံးသလိုမျိုးဖြင့် နာမည်ရှိ နာမည်ပျက် သူများနှင့်သာ တွေ့ဆုံ ဆွေးနွေးနေမှုများသည် တိုင်းပြည်နှင့် လူမျိုးအတွက် အနာဂတ်တွင် ကောင်းမွန်သော အဖြေများထွက်ပေါ်လာနိုင်မည်လား ဟု မေးခွန်းထုတ် သံသယ၀င်နေသူများ ဒုနဲ့ ဒေးရှိနေပေသည် ။ တိုင်းပြည်၏ ရေရှည်အမြစ်တွယ်နေသော ပြဿနာအရပ်ရပ်ကို တစ်နပ်စားဥာဏ်နှင့် ဖြေရှင်းခဲ့မှုများသည် အကျိုးမဲ့မှုများကို သယ်ဆောင်လာတတ်ပေသည် ။ တိုင်းပြည်၏ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းဖြင့် စားပွဲ ၀ိုင်းမှာ ဖြေရှင်းရမည့်အစား စစ်ကို လိုလားသော စစ်အုပ်စုသည် ရန်ငြိုးရန်စ များကို အခြေခံပြီး ရေရှည်ပြည်တွင်းစစ်ကို ဖန်တီးခဲ့ကြသည် ။ စစ်အစိုးရသည် တိုင်းပြည်တွင် အမှန်တစ်ကယ် လိုအပ်နေသော စစ်မှန်သော ငြိမ်းချမ်းရေးကို လူမျိုးစု လက်နက်ကိုင် အဖွဲ့အစည်းများနှင့် တည်ဆောက်ရမည့်အစား အတိတ် စစ်အုပ်စု၏ ကြီးမားသော လာဘ်ပေးလာဘ်ယူမှုများဖြင့် ဘိန်းဘုရင် ခွန်ဆာတို့နှင့်သာ ငြိမ်းချမ်းရေး တည်ဆောက်ခဲ့ပေသည် ။ အမေရိကန်နိုင်ငံကပင် ဘိန်းကုန်ကူးမှု ကိစ္စရပ်များဖြင့် WANTED ထုတ်ခံထားရသော ခွန်ဆာသည် Black money တွေနဲ့ Black list ထဲက ပယ်ဖျက်ကာ စစ်အစိုးရနှင့် လည်ပင်းဖက်လျက် မြန်မာပြည်တွင် အေးဆေးစွာ အခြေချနေထိုင်ခဲ့ပြီး စီးပွားရေးလုပ်ငန်းများအား အကြီးအကျယ် လုပ်ကိုင်နိုင်ခဲ့မှုက အတိတ်စစ်အစိုးရ၏ ဖောက်ပြန်ခြစားသော မတရား ဥပဒေများကို ပြန်လည် သုံးသပ်သင့်ကြောင်း သန့်ရှင်းသော အစိုးရကို ဖန်တီးဆည်ဆောက်ချင်သော ဦးသိန်းစိန်အစိုးရကို မီးမောင်းထိုးပြနေပေသည် ။ သတင်းအချက်အလက် တစ်ချို့ကို ကိုးကားပြီး ပြောဆိုရလျှင် တစ်ချို့က ငွေပေးပါက Black list ထဲက ပယ်ဖျက်ပေးမည်ဆိုသော Black list ပွဲစားများပင် လူတန်းစားတစ်ရပ်အနေဖြင့် မြန်မာပြည်တွင် အနာဂတ်တွင် ခေတ်စားလာနိုင်စရာ အကြောင်းရှိပေသည် ။ မိဘများသည် စစ်ပြေးဒုက္ခသည် အဖြစ် ထိုင်းမြန်မာနယ်စပ် ဒုက္ခသည်စခန်းတွင် အနှစ် ( ၂၀ )နီးပါးနေထိုင်ခဲ့ပြီး သူတို့ကို ဒုက္ခသည်စခန်း၌ပင် မွေးဖွားခဲ့သော မြန်မာပြည် မိဘနှစ်ပါးမှ ဆင်းသက်လာသော တိုင်းရင်းသားလူငယ်များနှင့် စကား လက်ဆုံကြဘူးသည် ။ သူတို့ထဲမှ အများစုသည် မြန်မာပြည်သို့ တစ်ခေါက်မှ မရောက်ဘူးသူများဖြစ်ပေမဲ့ ပြည်ပတွင် မြန်မာပြည်နှင့် ပတ်သက်သော အခန်းအနားများ၌ တက်ကြွစွာ ပါဝင်နေသည်ကို တွေ့မြင်ရသည်မှာ ၀မ်းသာကြည်နူးစရာပင်ဖြစ်ပေသည် ။ သူတို့၏ရိုးရာသာဘာစကား ၊ ရိုးရာ ယဉ်ကျေးမှု အမွေအနှစ်များကို မိဘများ၏ သွန်သင်မှုအောက်တွင် မပျောက်မပျက် ထိန်းသိန်းချင်သော စိတ်ဓာတ်ကို အမှန်တစ်ကယ်လေးစားမိပါသည် ။ ယင်း မျိုးဆက်သစ် လူငယ်များသည် ဒေါ်အောင်ဆန်းစုကြည် ၊ ကိုမင်းကိုနိုင် အပါအ၀င် နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေး ဆန္ဒပြပွဲများမှသည် ကချင်စစ်ပြေး ဒုက္ခသည်များအတွက်ပြုလုပ်သော ရန်ပုံငွေပွဲ ၊ ကရင်လူမျိုးများ၏ အာဇာနည် နေ့အခမ်းအနား ၊ ချင်းပြည်နယ်နေ့အပါအ၀င် နိုင်ငံတကာ၌ပြုလုပ်သော အခမ်းအနားများတွင် တွေ့မြင်ခဲ့ရသည် ။ လက်ရှိ မြန်မာပြည်၏ နိုင်ငံတကာ သံရုံးများတွင် သံတမန်ရေးရာ ကျွမ်းကျင်မှုမရှိပဲ အလွမ်းသင့်ရာ သံတမန်ခန့်အပ်မှုများကြောင့် ယခင်အာဏာရှင် စစ်အစိုးရ၏မတရားမှုများကို သံရုံးရှေ့တွင် ဆန္ဒပြခဲ့သူများသည် Black listထဲတွင် ပါဝင်ခဲ့ကြသည် ။ပြုပြင် ပြောင်းလဲမှုများကို ပြုလုပ်လိုပြီး အမျိုးသားပြန်လည် သင့်မြတ်ရေးအားခြေလှမ်းပြင်မည်ဆိုပါက နိုင်ငံတကာမှ ဦးသိန်းစိန်အစိုးရကို Black list မှ ပယ်ဖျက်ခဲ့သလိုမျိုး ကိုယ့်မြန်မာ တိုင်းရင်းသားအားလုံးကို Black list မှပယ်ဖျက်ကာ Black list ဆိုတာကို တိုင်းပြည်မှာ မရှိသင့်သော အခါသမယပင် ဖြစ်ပါသည် ။ သူငယ်ချင်းတစ်ယောက်နှင့် Black list အကြောင်း ဆွေးနွေးရာ Black list ထဲမှာ အိုဘားမား ၊ ဒစ်စမွန် တူးတူး ၊ ဂမ်ဘာရီ တို့သာ ရှိသင့်ကြောင်း ဘာကြောင့်လဲဆိုတော့ သူတို့ က အသားမဲတဲ့ Black လူမဲတွေ ဖြစ်လို့ဟု ရယ်ရယ်မောမော ပြောဖြစ်သေးသည် ။
လယ်ယာမြေ ပြဿနာများ နေ့စဉ်ဖြစ်ပေါ်နေပြီး လာဘ်ပေးလာဘ်ယူမှုများ တရားဝင် ထွန်းကားနေသော တိုင်းပြည်မှာ သန့်ရှင်းသော အစိုးရဖြစ်လို သောသမ္မတကြီး ဦးသိန်းစိန် အတွက် အောက်ပါ အဖြစ်အပျက်လေးဖြင့် ကျနော့ ဆောင်းပါးကို အဆုံးသတ်ခွင့်ပြုပါ ။ တစ်ခါက မြန်မာပြည် ကျေးလက်တောရွာ တစ်ခုမှာ လယ်ယာထွန်ယက် စိုက်ပျိုးမှုကို လုပ်ကိုင်သော ဆင်းရဲသား လယ်သမားက ရွာဦးဘုန်းကြီးကျောင်းသို့ လာရောက်ကာ မနက်ဖြန်နံနက် အာရုဏ်ဆွမ်းပက်ရန်အတွက် တစ်ပါးထဲရှိသော ကျောင်းထိုင်ဘုန်းကြီးကို ပင့်ဖိတ် လျှောက်ထားလေသည် ။ လယ်သမားမှ ဘုန်းကြီးကို ပင့်ဖိတ် လျှောက်ထားသည်မှာ မိမိမှာ မရှိမဲ့ ရှိမဲ့ဆိုပေမဲ့ ခြံထွက် ချဉ်ပေါင် ရွက် များဖြင့် ဆွမ်းဘုဏ်းပေးနိုင်ရန် စီစဉ်ထားကြောင်း ဘုန်းကြီးကို လျှောက်ထားသည်အား ကျောင်းထိုင် ဘုန်းကြီးမှလည်း လယ်သမား၏ ပင့်ဖိတ် လျှောက်ထားမှုကို သဘော တူကာ ကြွရောက်မည့်အကြောင်း မိန့်ကြားနေပေသည် ။ ထိုသို့လယ်သမားနှင့် ဘုန်းကြီး အပြန်အလှန် ပြောဆိုနေစဉ်တွင် မြို့ပေါ်မှ ရွာသို့ ခေတ္တ ခဏ အလည်လာသော ကုန်သည်ပွဲစားသည်လည်း မနက်ဖြန်နံနက် အာရုံဆွမ်းအတွက် ကျောင်းထိုင်ဘုန်းကြီးကို ပင့်ဖိတ် လျှောက်ထားလေသည် ။ ကုန်သည် ပွဲစားသည် ဘုန်းကြီးကို ပင့်ဖိတ် လျှောက်ထားသည်မှာ အခုပဲ ရွာမှာ ၀က်ပေါ်လို့ ၀က်သားဖြင့် ဘုန်းကြီးကို အာရုဏ် ဆွမ်းကပ်ဖို့ စီစဉ် ထားကြောင်း လျှောက်ထားလေသည်။ လူထုများ စီးပွားရေး ကြပ်တည်းနေသော ကာလမှာ ကျေးရွာ၌ အသားဟင်း မလွေးရတာ ကြာသော ဘုန်းကြီးသည် နဲနဲတွေဝေ သွားသည် ။ လယ်သမားကော ကုန်သည် ပွဲစားကော အာရုဏ် ဆွမ်းအတွက် တနေ့ထဲ တစ်ချိန်ထဲ ပင့်ဖိတ်လျှောက်ထားမှုကို မည့်သို့ လုပ်ရမည်လည်းဟု အကြံထုတ် စဉ်းစားနေပေသည် ။ အမှန်တစ်ကယ်တွင် အရင် လာလျှောက်သော လယ်သမားကို ဦးစားပေးလိုက်ပါက အဖြေက ရှင်းသည် ။ သိုဥသော် ထိုရှင်းနေသော အဖြေကို ရှုပ်အောင်တွေး နေတာက ၀က်သားဟင်းကို လက်မလွှတ်ချင်သော ဘုန်းကြီးပင် ဖြစ်ပေသည် ။ ထို့ကြောင့် ဘုန်းကြီးမှာ မိန့်ကြားသည်မှာ ကဲ ဒကာတို့ ကျုပ်အလယ်မှာ ရပ်နေမယ် ။ ဒကာတို့က တစ်ယောက်လက်တစ်ဖက်စီ ကိုင်ပြီး ဘုန်းကြီးကို ဆွဲကြ ။ ဘုန်းကြီး တစ်ကိုယ်လုံး ပါသွားတဲ့ ဒကာ အိမ်မှာ အာရုဏ်ဆွမ်း ဘုဏ်းမယ် ဟုတ်ပြီလား ။ ဒကာ ( ၂ ) ယောက်မှလည်း ဘုန်းကြီး ဆုံးဖြတ်ချက်ကို သဘောတူကာ ဘုန်းကြီးကို အလယ်မှာထားပြီး ဆွဲကြလေသည် ။ ကျန်းမာ သန်စွမ်းပြီး အားကောင်းမောင်းသန် သော လယ်သမားသည် ပိန်ကျစ်ကျစ် ကုန်သည် ပွဲစားထက် ဘုန်းကြီးကို သူ့ဖက်ပါအောင်အလွယ်တကူ ဆွဲဆောင်နေပေသည် ။ သို့သော် ဘုန်းကြီးသည် ချဉ်ပေါင်ဟင်းဖြင့် ဖိတ်သော လယ်သမားဖက် တစ်ကိုယ်လုံး ရောက်မည်ကြံတိုင်း ခြေကန်ကာ ၀က်သားဟင်းဖြင့်ဖိတ်သော ကုန်သည် ပွဲစားဖက် အတင်းရုန်းနေပေသည် ။ သို့သော် ရိုးသားသော လယ်သမားသည် သဘောရိုးဖြင့် ဘုန်းကြီးကို ဆွဲခေါ်နေရာမှ နောက်ဆုံးတွင် တဖြည်းဖြည်းရိပ်မိလာကာ အောက်ပါအတိုင်း ဘုန်းကြီးကို ပြောလေတော့သည် ။ ချဉ်ပေါင်ကိုတဲ့ ခြေကန် ၀က်သားဖက် သူရုန်း သွားဟဲ့ ဂတုံး.......။ ဟူသတည်. ။ ကျနော်တို့ မြန်မာပြည်တွင်လည်း ယနေ့ဖြစ်ပွားနေသော ဆင်းရဲသား လယ်သမားနှင့် ခရိုနီ စီးပွားရေး လုပ်ငန်းရှင်များအကြားတွင် ၄င်း ၊ အခွင့်အရေး ဆုံရှုံးနေသော အလုပ်သမားမျာနှင့် ငွေကြေး ချမ်းသာသော အလုပ်ရှင်များ ကြားတွင် ၄င်း ၊မတရား ပိုင်ဆိုင်မှုတွေကို စာရင်းဇယားမရှိ ပိုင်ဆိုင်ထားကြသော နိုင်ငံ ထိပ်တန်းခေါင်းဆောင်များနှင့် ပြည်သူ့လွှတ်တော် အတိုက်အခံ အမတ်များကြားတွင် ၄င်း ၊ သမ္မတကြီးသည် မည်သည့်ဖက်သို့ ခြေကန်ရုန်းမည်ကို ပြည်သူလူထုသာမက နိုင်ငံတကာမှ အထူးတလည် စိတ်ဝင်စားနေကြောင်း ဖောက်သည်ချလိုက်ရပါသည် ။ 

**အောင်ခိုင်မြင့်**

 ၀၁ စက်တင်ဘာလ ၂၀၁၂

-မဖိတ်ခေါ်ပဲ ရောက်လာတတ်သည်သောပြဿနာများနှင့်အတူ မှန်ကန် ကောင်းမွန်သော အစိုးရ တစ်ရပ်ဖြစ်လာချေ ရှိမည်လား - 

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)