**တောင်ကိုရီးယားနိုင်ငံက တတိယအကြိမ်အဖြစ် အာကာသဒုံးပျံတစ်စင်းကို လွှတ်တင်ရန် ပြင်ဆင်**
တောင်ကိုရီးယားနိုင်ငံက တတိယအကြိမ်အဖြစ် အာကာသဒုံးပျံတစ်စင်းကို လွှတ်တင်ရန် ဒုံးပစ်စင်၌ ချိတ်ဆက်ထားပြီးဖြစ်ရာ ဇန်နဝါရီ ၃ဝ ရက်နှင့် ဖေဖော်ဝါရီ ၈ ရက်အကြား အာကာသသို့လွှတ်တင်သွားရန် စီစဉ်ထားကြောင်း တောင်ကိုရီးယားနိုင်ငံ ပညာရေး၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနမှ ဇန်နဝါရီ ၂၁ ရက်က သတင်းထုတ်ပြန်သည်။ အဆိုပါ အာကာသဒုံးပျံယာဉ်ကို ရုရှားနိုင်ငံက တည်ဆောက်ပေးထားခြင်းဖြစ် သည်။ ထိုသို့တည်ဆောက်ရာတွင် ရုရှားပညာရှင်များနှင့်အတူ တောင်ကိုရီးယား အာကာသယာဉ် တည်ဆောက်ရေးဆိုင်ရာ ပညာရှင်များကလည်း ပူးတွဲလုပ်ကိုင်ခဲ့ခြင်း ဖြစ်သည်။ တောင်ကိုရီးယားနိုင်ငံသည် ၂ဝဝ၉ ခုနှစ်နှင့် ၂ဝ၁ဝ ခုနှစ်များက အာကာသ ဒုံးပျံယာဉ်လွှတ်တင်ရာတွင် အောင်မြင်မှုများမရရှိခဲ့သဖြင့် ယခု တတိယအကြိမ်အဖြစ် လွှတ်တင်ရန် ပြင်ဆင်နေခြင်းဖြစ်သည်။ ယခု အာကာသဒုံးပျံကိုလည်း ပြီးခဲ့သည့်နှစ် အောက်တိုဘာကတည်းက လွှတ်တင်ရန်စီစဉ်ခဲ့ရာမှ နှောင့်နှေးကြန့်ကြာမှုများဖြစ်ခဲ့ ပြီး ယခုအခါ အောင်မြင်စွာ လွှတ်တင်နိုင်တော့မည် ဖြစ်သည်။ KSLV-1ဟု အမည်ပေးထားသော အဆိုပါအာကာသဒုံးပျံကို နည်းစနစ်ပိုင်း ဆိုင်ရာ ချွတ်ယွင်းမှုကြောင့် ရွှေ့ဆိုင်းခဲ့ရသော်လည်း ယခုအခါပြုပြင်ပြီးဖြစ်သဖြင့် လွှတ်တင်ရန် စီစဉ်နေခြင်းဖြစ်သည်။ တောင်ကိုရီးယားနိုင်ငံသည် အာကာသရေးရာ လုပ်ငန်းများ တိုးတက်ဖွံ့ဖြိုးရန် ကိုရီးယားအာကာသ သုတေသနသိပ္ပံအား အမေရိကန် ဒေါ်လာ ၄၇၉ သန်း ရင်းနှီးမြှုပ်နှံပေးထားသည်။ (ရိုက်တာ)
**ကက်ရှ်မီးယားဒေသ စစ်ရေး တင်းမာမှုများ အဆုံးသတ်ရန် ပါကစ္စတန် နိုင်ငံခြားရေးဝန်ကြီးက အိန္ဒိယနိုင်ငံခြား ရေးဝန်ကြီးအား ဆော်သြ**
ကက်ရှ်မီးယားဒေသ စစ်ရေး တင်းမာမှုများ အဆုံးသတ်ရန် ပါကစ္စတန် နိုင်ငံခြားရေးဝန်ကြီးက အိန္ဒိယနိုင်ငံခြား ရေးဝန်ကြီးအား ဆော်သြတိုက်တွန်း လိုက်သည်။ နှစ်နိုင်ငံစစ်ဆင်ရေး အကြီး အကဲနှစ်ဦးတွေ့ဆုံဆွေးနွေးပြီး နာရီ ပိုင်းအကြာ ပါကစ္စတန်နိုင်ငံခြားရေး ဝန်ကြီး ဟီနာရက်ဘန်နီခါ က မှတ်ချက်ပြု ပြောဆိုလိုက်ခြင်းဖြစ်သည်။ လွန်ခဲ့သော သီတင်းပတ်က အဆိုပါ နယ်စပ် တစ်လျှောက် အပြန်အလှန်ပစ် ခတ်ခဲ့ပြီးနောက် တင်းမာမှုများ မြင့်တက် ခဲ့သည်။
** မာလီအစိုးရတပ်များကို ကူညီရန် နိုင်ဂျီးရီးယားတပ်ဖွဲ့ဝင် ၂ဝဝ ခန့် ရောက်ရှိ**
မာလီနိုင်ငံမြောက်ပိုင်းရှိ အစ္စလာမ္မစ် အကြမ်းဖက်သမားများကို တိုက်ထုတ် ရေးတွင် မာလီအစိုးရတပ်များကို ကူညီရန် နိုင်ဂျီးရီးယားတပ်ဖွဲ့ဝင် ၂ဝဝ ခန့် မာလီ နိုင်ငံသို့ ရောက်ရှိလာကြောင်း ဇန်နဝါရီ ၁၇ ရက်က ဘီဘီစီသတင်းတစ်ရပ်တွင် ရေးသား ဖော်ပြသည်။ အဆိုပါတပ်ဖွဲ့ဝင်များသည် ဇန်နဝါရီ ၁၁ ရက်က မာလီတွင် သူပုန်ဆန့်ကျင်ရေးစစ်ပွဲ ဆင်နွှဲနေသော ပြင်သစ်တပ်များနှင့် ပူးပေါင်းမည်ဖြစ်သည်။ ကုလသမဂ္ဂလုံခြုံ ရေးကောင်စီ၏ ဆုံးဖြတ်ချက်အရ မာလီနိုင်ငံအတွင်း ဒေသတွင်းနိုင်ငံများမှ တပ်ဖွဲ့ဝင် ၃၃ဝဝ ဖြန့်ကြက်ထားရမည်ဟု ဆိုသည်။ ချဒ်နိုင်ငံက တပ်ဖွဲ့ဝင် ၂ဝဝဝ စေလွှတ်ရန် အတည်ပြုပြောကြားခဲ့သည်။
**သေနတ်ထိန်း ချုပ်ရေးအစီအစဉ်သစ်ကို သမ္မတ အိုဘားမားက ထုတ်ဖော်ကြေညာ**
အမေရိကန်နိုင်ငံတွင် သေနတ်ထိန်း ချုပ်ရေးအစီအစဉ်သစ်ကို အမေရိ ကန်သမ္မတ ဘားရက်အိုဘားမားက ထုတ်ဖော်ကြေညာလိုက်ကြောင်း ဇန်န ဝါရီ ၁၆ ရက်က ပရက်စ်တီဗွီသတင်း တစ်ရပ်တွင် ဖော်ပြသည်။ အမေရိကန်ဒေါ်လာ သန်း ၅ဝဝ အကုန်အကျခံ ဆောင်ရွက်မည့် ယင်း အစီအစဉ်သစ်သည် စစ်သားဆန်ဆန် တိုက်ခိုက်ရေးလက်နက်များနှင့် လက် နက်ခဲယမ်းများ ကိုင်တွယ်အသုံးပြုမှု ပိတ်ပင်ရေးတို့ဖြစ်ကြောင်း၊ သေနတ် ဝယ်ယူသူများ၏ နောက်ခံသမိုင်း ကြောင်းကို စစ်ဆေးပြီးမှ ရောင်းချသင့် ကြောင်း သမ္မတအိုဘားမားက ပြော ကြားသည်။ အိုဘားမားက သေနတ် ထိန်းချုပ်ရေး အကြောင်းအရာနှင့် စပ်လျဉ်းသည့် အချက် ၂၃ ချက်ပါ စည်းကမ်းချက်များကိုလည်း လက်မှတ် ရေးထိုးထုတ်ပြန်လိုက်သည်။
ကောင်း မြတ်သူ -စုစည်းသ ည်။
-ယခုလအတွင်း နိုင်ငံတကာထူးခြားသတင်းများ-

No comments:
Post a Comment