-သာယာသောအနာဂတ် သို့ေ လျှာက် လှမ်းနေ သည့် အီဂျစ်ပြည်သူတို့၏ ရှေ့ ခရီး-
အီဂျစ်သမ္မတ မူဘာရက်အား ဖယ်ရှားသည့် အီဂျစ်ပြည်သူတို့၏ အြွုံကွတော်လှန်မှု ဒုတိယအကြိမ် နှစ်ပတ်လည်အထိမ်းအမှတ်အဖြစ် အီဂျစ်နိုင်ငံတစ်ဝန်း ဆန္ဒပြမှုဖြစ်ပွားပြီးနောက်တစ်ရက်တွင် ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလက ဘောလုံးပွဲတစ်ပွဲအပြီး လူ ၇၄ ဦး သေဆုံးသည့် အဓိကရုဏ်းဖြစ်ပွားခဲ့မှုအတွက် လူ ၂၁ ဦးကို ပို့ဆက်မြို့တရားရုံးက ပြစ်ဒဏ်ချမှတ်မှုနှင့်စပ်လျဉ်းပြီး ကန့်ကွက်ဆန္ဒပြမှု ပေါ်ပေါက်လာရပြန်သည်။ ပို့ဆက်မြို့၌ ၂၀၁၃ ခုနှစ် ဇန်န ၀ါရီ ၂၆ ရက် (စနေနေ့)က ဆူပူ အြွုံကွမှုစတင်ရာမှ လုံခြုံရေးတပ်ဖွဲ့ ၀င်များနှင့် ဆန္ဒပြသူများအကြား ဖြစ် ပွားသော အဓိကရုဏ်းတွင် လူ ၃၀ သေဆုံးသည်။ ဇန်န၀ါရီ ၂၇ ရက် ဈာပနကိစ္စအတွင်း နောက်ထပ်သုံး ဦး သေဆုံးသည်။ အီဂျစ်သမ္မတ မော်စီ၏ မူဝါဒများ အပေါ်ဘ၀င်မကျသည့် အတိုက်အခံ များနှင့် ပြည်သူတို့၏ ဆန့်ကျင် ဆန္ဒပြပွဲများ ဆက်တိုက်ဆိုသလို ပေါ်ထွက်လာသည့်အတွက် သမ္မတ မော်စီက ပို့ဆက်မြို့၊ စူးအက်မြို့နှင့် အစ္စမေးရီးယားမြို့တို့တွင် ယခုအခါ အရေးပေါ်အခြေအနေ ကြေညာလိုက် သည်။ ထိုမြို့များတွင် ၂၀၁၃ ခုနှစ် ဇန်န ၀ါရီ ၂၈ ရက် (တနင်္လာနေ့)မှ စပြီး ရက်ပေါင်း ၃၀ တိုင်အောင် ည ၉ နာရီမှ နံနက် ၆ နာရီအထိ ည မထွက်ရအမိန့် ထုတ်ပြန်ကြောင်း ထည့်သွင်း ကြေညာလိုက်ခြင်းဖြစ် သည်။ ပို့ဆက်မြို့၌ ပြီးခဲ့သည့်နှစ်က အသေအပျောက်များခဲ့သည့် ဘောလုံး ပွဲ အဓိကရုဏ်းအတွက် အရေးယူ ထားသူများကို တရားရုံးက ပြစ် ဒဏ်စီရင်ခြင်းနှင့် စပ်လျဉ်း၍ မကျေ နပ်ကာ ထပ်မံဆန္ဒပြဆူပူသဖြင့် ရက် သတ္တပတ်အကုန်တွင် ၃၃ ဦးသေဆုံး ရသည်။ သမ္မတမော်စီ၏ အုပ်ချုပ်ရေး ကို ဘ၀င်မကျမှုက အီဂျစ်နိုင်ငံအတွင်း ဆူပူအြွုံကွမှုမှန်သမျှကို မီးလောင်ရာ လေပင့်သကဲ့သို့ ဖြစ်ရသည်။ ကိုင်ရိုမြို့တော်မှ တာယာပန်းခြံ အနီး ဆန္ဒပြသူများနှင့် လုံခြုံရေး တပ်ဖွဲ့ဝင်များအကြား ဖြစ်ပွားသည့် ပဋိပက္ခမှာလည်း ယခုအခါ စတုတ္ထနေ့ အဖြစ် ဆက်တိုက်ဖြစ်ပေါ်ခဲ့သည်။ သမ္မတမော်စီသည် တစ်ဦးတည်း အာဏာဆုပ်ကိုင်အုပ်ချုပ်နေပြီး လွတ် လပ်စွာထုတ်ဖော်ပြောဆိုခွင့်နှင့် ကိုး ကွယ်မှုကိုကောင်းစွာ အကာအကွယ် မပေးနိုင်သည့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေသစ်ဖြင့် အဓမ္မစီမံနေကြောင်း အတိုက်အခံများက စွပ်စွဲသည်။ ထို့ပြင် သမ္မတမော်စီ၏ အစိုးရကြောင့် စီးပွားရေးအကျပ်အတည်းနှင့်လည်း ဆိုးဆိုးရွားရွား ရင်ဆိုင်နေရကြောင်း အတိုက်အခံများက ဝေဖန်သည်။
(သမ္မတမော်စီ)
သမ္မတမော်စီက အီဂျစ်နိုင်ငံ အတွက် ဆောင်ရွက်မှုရှိသည်များကို သမ္မတအဖြစ်ဆက်လက်ဆောင်ရွက် ရန်မှာ မိမိတာဝန်ဖြစ်သည်ဟု ပြော သည်။ နိုင်ငံရေးခေါင်းဆောင်များအား ဇန်န၀ါရီ ၂၈ ရက် အမျိုးသားတွေ့ဆုံ ဆွေးနွေးပွဲ တက်ရောက်ကြရန် ၄င်း က ဖိတ်ခေါ်လိုက်သည်။ အရေးပေါ် အခြေအနေကို စူးအက်တူးမြောင်း တစ်လျှောက်ရှိ အဆိုပါ မြို့သုံးမြို့နှင့် ပတ်ဝန်းကျင် ဒေသများအတွက် အီဂျစ်အစိုးရက ပြဋ္ဌာန်းလိုက်ခြင်းဖြစ်သည်။
လက်ရှိအခြေအနေအရ အရေး ပေါ်ဥပဒေ ပြဋ္ဌာန်းအကောင်အထည် ဖော်ရန် သမ္မတ၏ တိုက်တွန်းချက်မှာ မှန်ကန်သည့် လုပ်ရပ်တစ်ခုဖြစ် ကြောင်း အီဂျစ်၏ အဓိက အတိုက် အခံပါတီဖြစ်သော အမျိုးသားကယ် တင်ရေးတပ်ဦး ( အင်န်အက်စ်အက်ဖ်) က ကြိုဆိုလိုက်သည်။ သို့သော်သမ္မတ မော်စီသည် တကယ့်ပြဿနာကို ကိုင် တွယ်ရန် လွဲချော်နေကြောင်း၊ ယင်း ပြဿနာမှာ သူ၏ မူဝါဒများပင်ဖြစ် ကြောင်း အမျိုးသားကယ်တင်ရေး တပ်ဦးက ဝေဖန်ထောက်ပြ လိုက် သည်။
(Egyptian-parliament)
အငြင်းပွားဖွယ် လောလော လတ် လတ်ရေးဆွဲထားသည့် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြဋ္ဌာန်းထားသမျှ ကာလပတ်လုံး လာမည့် အီဂျစ် ပါလီမန် ရွေးကောက်ပွဲကို သပိတ် မှောက်မည် ဖြစ်ကြောင်း အမျိုးသား ကယ်တင်ရေးတပ်ဦး (အင်န်အက်စ် အက်ဖ်)ကဇန်န၀ါရီ ၂၆ရက်(စနေနေ့) ကပင်ဆုံးဖြတ်ထားကြောင်း ကြေညာ ပြီး ဖြစ်သည်။ အရည်အချင်းပြည့်ဝ သည့် အမျိုးသားကယ်တင်ရေး အစိုးရ တစ်ရပ်ဖွဲ့စည်းပေးရန်လည်း သမ္မတ မော်စီအား တိုက်တွန်းထားသည်။ အနာဂတ် အီဂျစ်နိုင်ငံအတွက် ထင်သာမြင်သာရှိသော နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုရေးရုပ်လွှာများ အပါအ၀င် အလုံးစုံအကျုံးဝင်သော အစီအစဉ်တစ်ခုကို အင်န်အက်စ် အက်ဖ်က ပြင်ဆင်နေသည်။ အီဂျစ် အစိုးရက ၄င်းတို့တောင်းဆိုချက်ကို မလိုက်လျောလျှင် လာမည့်ဖေဖော် ၀ါရီ ၁ ရက်၌ အစိုးရဆန့်ကျင်ရေး ဆန္ဒပြမှုများ ကျယ်ကျယ်ပြန့်ပြန့် ပြုလုပ်မည်ဟုလည်း အင်န်အက်စ် အက်ဖ်က ကြေညာချက်တွင် ဖော်ပြ ထားသည်။ အီဂျစ်သမ္မတ မော်စီကို ထောက် ခံသူများနှင့် ကန့်ကွက်ဆန့်ကျင်သူ များမှာ နိုင်ငံတစ်ဝန်းအလွှာအသီး သီးတွင် ရောပြွမ်းတည်ရှိသည့်အတွက် အရှေ့အလယ်ပိုင်းတွင် အဓိကကျပြီး သမိုင်းအစဉ်အလာ ကြီးမားသည့် အီဂျစ်နိုင်ငံအဖို့ သာယာသောလမ်း ကြောင်းမှန်ပေါ်သို့ ရောက်ရန် ခရီးကြမ်းကို ဖြတ်သန်းရပေဦးမည်။
**တို့း**

No comments:
Post a Comment