ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Monday, January 21, 2013

> မဲဆောက်မြို့ရှိ မီးဘေးသင့် အလုပ်သမားများကို JACBA မှ ပစ္စည်းများလှူဒါန်း-
**ဇန်န၀ါရီလ ၂၁ရက်၊ ၂၀၁၃ခုနှစ်။ စောခါးစူးညား (ကေအိုင်စီ)**

 ထိုင်းနိုင်ငံ မဲဆောက်မြို့၊ ကန့်ပိဘန်းရပ်ကွက်ရှိ SPT သိုးမွေးစက်ရုံအရှေ့ ပြင်ပတန်းလျား မီးလောင်၍ ဒုက္ခ ရောက်နေသည့် မီးဘေးသင့် အလုပ်သမား ၅၀၀ ခန့်ကို မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှုကော်မတီ- JACBA အဖွဲ့မှ ပစ္စည်းများ ယနေ့ သွားရောက်လှူဒါန်းခဲ့သည်။ ယခင်လ ဒီဇင်ဘာ ၂၀ရက်နေ့က ၎င်းတန်းလျားရှိ အလုပ်သမား၏ နေအိမ်များကို မီးလောင်ပြီးနောက် အလုပ် သမားများသည် အရေးပေါ်ကယ်ဆယ်မှုများ လိုအပ်လာသည့်အပေါ် ထိုင်း-မြန်မာနယ်စပ်အခြေစိုက် အလုပ် သမားအရေးကို လိုက်လံကူညီပေးနေသည့် JACBA အဖွဲ့က မီးဖိုချောင်သုံးပစ္စည်းများအပါအ၀င် ဆန်၊ ဆီ၊ မာမား ခေါက်ဆွဲခြောက်၊ ခြုံစောင်နှင့် အ၀တ်အထည်များ သွားရောက်လှူဒါန်းခဲ့ခြင်းဖြစ်သည်။

 JACBA ၏ တာဝန်ခံဖြစ်သူ ဦးမိုးကြိုးက “ဒီအလုပ်သမားတွေကို ကျနော်တို့ လာရောက်လှူဒါန်းတာ ဒီတချိန်နဲ့ ဆိုရင် ရှစ်ကြိမ်ရှိပါပြီ။ စက်ရုံအတွင်းမှာရှိတဲ့ ကယ်ဆယ်ရေးစခန်းမှာ လေးခေါက်၊ စက်ရုံရဲ့ ပြင်ပဘက်မှာ လေး ခေါက်ပေါ့။ အခု လှူတဲ့အကြိမ်ဟာ ပစ္စည်းများအပြင် ဘတ်ငွေတန်ဖိုး ခြောက်ထောင်ကျော်တယ်။ ရှစ်ကြိမ်စလုံး ပေါင်းလိုက်ရင် လှူတဲ့ ငွေပမာဏဟာ နှစ်သောင်းနှစ်ထောင်ရှိပါပြီ။ နောက် အခုလှူတာ ကျနော်တို့အဖွဲ့က မဲဆောက်မှာရှိတဲ့ စက်ရုံအလုပ်ရုံ ၈ခုနဲ့ ပြည်ပအလုပ်သမားတွေဆီကနေ အလှူခံပြီး ရတဲ့အရာကို တဆင့်ခံ ပြန်လှူပေးတာပါ”ဟု ပြောသည်။

 ဆက်လက်၍ မီးလောင်၍ ဒုက္ခရောက်နေသည့် အလုပ်သမား ၅၀၀ ခန့်အနက် SPT သိုးမွေးစက်ရုံအတွင်း၌ အလုပ်လုပ်နေသည့် အလုပ်သမား ၂၀၀ ခန့်နှင့် ခြံတောင်ယာ၊ စိုက်ပျိုးရေး၊ ဈေးရောင်း ဈေးဝယ်၊ ပန်းရံ၊ ဆောက်လုပ်ရေး စသည့် လုပ်ငန်းများလုပ်ကိုင်နေသည့် အလုပ်သမား ၃၀၀ ခန့်တို့ဖြစ်ကြောင်း ဦးမိုးကြိုးက ကေအိုင်စီသို့ ပြောသည်။
 ထို့အပြင် SPT သိုးမွေးစက်ရုံအရှေ့ ပြင်ပတန်းလျား မီးလောင်ခဲ့ရာတွင် ရွှေ့ပြောင်းမြန်မာအလုပ်သမားများ အတွက် ဖွင့်လှစ်ထားပြီး ကျောင်းသူကျောင်း သား ၉၀ ကျော်တက်ရောက်သည့် စာသင်ကျောင်းတစ်ကျောင်းနှင့် ထိုင်းရပ်ကွက်လူကြီးအိမ် တစ်အိမ်လည်း မီးလောင်သွားသည်ဟု သိရသည်။

၎င်းသိုးမွေးစက်ရုံအရှေ့ ပြင်ပတန်းလျားတွင် နေထိုင်သည့် လူငယ်တစ်ဦးဖြစ်သူ မုန်ပီး(Mung Pi)က
 “ဒီတန်း လျား မီးလောင်တော့ ကျနော်တို့အတွက် တော်တော် ဒုက္ခရောက်တယ်။ အိမ်ထဲမှာ ရှိသမျှ ပစ္စည်းအားလုံးအပြင် တချို့ဆိုရင် သူတို့ရဲ့ကလေး မွေးစာရင်းတွေ၊ နောက် တချို့ဆိုရင် သူတို့ ပတ်စ်ပို့တွေ မီးထဲပါသွားတာရှိတယ်။ အဲဒီဟာတွေ အသစ်ထပ်လုပ်ဖို့ အခက်အခဲရှိတယ်”ဟု ပြောဆိုသည်။ လက်ရှိ မီးဘေးသင့် အလုပ်သမားများသည် အလုပ်သမားများအတွက် ကူညီပေးနေသည့် အဖွဲ့များကိုသာ မှီခိုအားထားလိုစိတ် မရှိအောင် စိတ်ဓါတ်မြှင့်တင်ပေးသည့် အနေဖြင့် ပညာပေးမှု ပြုလုပ်ပေးခြင်းများ ရှိသည်ဟု လည်း JACBA က ဆိုသည်။ မဲဆောက်မြို့၊ ကန့်ပိဘန်းရပ်ကွက်အတွင်းရှိ SPT သိုးမွေးစက်ရုံအရှေ့ ပြင်ပတန်းလျား မီးလောင်မှုတွင် လျှပ်စစ်မီးကြိုး ရှော့လိုက်ခဲ့ရာမှ မီးလောင်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 **ကရင်သတင်းဌာန(KIC)**

မဲဆောက်မြို့ရှိ မီးဘေးသင့် အလုပ်သမားများကို JACBA မှ ပစ္စည်းများလှူဒါန်း-

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)