**စပိန်တင်းနစ်ချန်ပီယံ ဒေးဗစ်ဖာယာကွာတားဖိုင်နယ်တက်**
သြစတြေးလျအိုးပင်းတင်းနစ်ပြိုင်ပွဲကို မဲလ်ဘုန်းမြို့၌ ဆက်လက်ကျင်းပလျက်ရှိရာ စပိန်တင်းနစ်ချန်ပီယံ ဒေးဗစ်ဖာယာသည် ဂျပန်တင်းနစ်ကစားသမား ကိုင်းနီရှီကိုရီအား အနိုင်ရပြီး ကွာတားဖိုင်နယ်သို့ တက်ရောက်သွားခဲ့သည်။ ၄င်းသည် မကြာမီက ဆစ်ဒနီ အိုးပင်းတွင်လည်း ဖလားဆွတ်ခူးထားသူ ဖြစ်သည်။ ဂရင်းဆလမ်ဖလား ၁၇ လုံး ဆွတ်ခူးထားသည့် ဆွစ်ဇာလန် တင်းနစ်ကစားသမား ရ်ာဂျာဖက်ဒဲရားက သြစတြေးလျမှ အသက် ၂ဝ အရွယ်ရှိ တင်းနစ်ကစားသမား ဘားနက်သောမစ်အား ၆-၄၊ ၇-၆ ဖြင့် နိုင်ပြီး စတုတ္ထအကျော့ပြိုင်ပွဲသို့ တက်ရောက် သွားသည်။ ဖက်ဒဲရားသည် သြစတြေးလျအိုးပင်းဖလားကို လေးကြိမ်တိုင် ဆွတ်ခူး ထားသူဖြစ်သည်။
** အင်ဂိုလာနှင့် မော်ရိုကိုအသင်းတို့ ဂိုးမရှိ သရေ**
အာဖရိကနိုင်ငံများဖလားဘောလုံးပြိုင်ပွဲကို ဇန်နဝါရီ ၁၉ ရက်က တောင်အာဖရိက နိုင်ငံ၌ စတင်ကျင်းပခဲ့ရာ အုပ်စု (ဗ) မှ အင်ဂိုလာနှင့် မော်ရိုကိုအသင်းတို့ ဂိုးမရှိ သရေပွဲဖြစ်ခဲ့သည်။ မော်ရိုကိုအသင်း ကွင်းလယ်ကစားသမားယွန်နက်ဘန်းဘယ် ဟန်ဒါသည် အနိုင်ဂိုးရရှိရေး တစ်ချိန်လုံးခြေစွမ်းပြ ကစားခဲ့သည်။ မော်ရိုကိုတစ်သင်းလုံး အနိုင်ဂိုးရရှိရေးဖိကစားခဲ့သော်လည်း အင်ဂိုလာတို့ ခံစစ်အားကို မကျော်နိုင်၍ ဂိုးမရှိ သရေဖြင့် အဆုံးသတ်ခဲ့ရသည်။ အိမ်ရှင်တောင်အာဖရိကအသင်းနှင့် ကိတ်ဗာဒီတို့ ယှဉ်ပြိုင်ကစားခဲ့သည့် ပြိုင်ပွဲတွင်လည်း ဂိုးမရှိသရေပွဲ ဖြစ်ခဲ့ရသည်။
**ဘောလုံးလောက သတင်းတိုများ**
ျွ မန်ယူအသင်းသည် ခရစ္စတယ်ပဲလေ့စ်တောင်ပံကစားသမား အသက် ၂ဝ အရွယ်ရှိဇာဟာအား ပြောင်းရွှေ့ကြေးပေါင် ၁ဝ သန်းပေးရန် တောင်းဆိုမှုအား စဉ်းစားနေကြောင်း၊ ယခင်က ပြောင်းရွှေ့ကြေးပေါင် ရှစ်သန်းပေးမှုကိုတိုးမြှင့်ရန် စဉ်းစားနေခြင်းဖြစ်ကြောင်း ထုတ်ဖော် ပြောကြားသည်။
ျွ အေစီမီလန်အသင်းသည် မန်စီးတီးတိုက်စစ်မှူး ဘာလော့တယ်လီအား ခေါ်ယူရန် ကြိုးစားနေသော်လည်း ပြောင်းရွှေ့ကြေးပေါင် ၃၁ သန်းအထိ ဈေးတိုးတောင်းထားသဖြင့် ဆွေးနွေးမှုရပ်တန့်လျက်ရှိသည်။
ျွ ဘာစီလိုနာအသင်းသည် ချယ်လ်ဆီးအသင်းမှ အသက် ၂ဝ အရွယ် ဂိုးသမား ကာတိုအစ်အား ပြောင်းရွှေ့ကြေး ပေါင် ၁ဝ သန်းပေးမည်ဟု ပြောကြားလျက်ရှိသည်။
ျွ ဆွမ်ဆီးအသင်းသည် ထရီနီဒက်နှင့် တိုဘာဂိုအသင်းမှ အသက် ၂၈ နှစ်အရွယ် တိုက်စစ်မှူး ဂျိုးစ်အားခေါ်ယူရန် ဆွေးနွေးလျက်ရှိသည်။
ျွ ဆန်းဒါးလန်းအသင်းသည် လာဇီယိုအသင်းမှ အာဂျင်တီးနားတိုက်စစ်မှူး ဇာရက်တီအားခေါ်ယူစာချုပ်နိုင်ရေး ကြိုးစားလျက်ရှိသည်။
ျွ ဝက်စ်ဟမ်းအသင်းသည် ကွင်းလယ်ကစားသမား ဒီရာမီအား စာချုပ် သစ်ထပ်မံချုပ်ဆိုတော့မည် မဟုတ်သဖြင့် အာဆင်နယ်အသင်း၏ ခေါ်ယူမှု ကို ခွင့်ပြုမည်ဖြစ်သည်။
ျွ နယူးကာဆယ်အသင်းသည် ကွင်းလယ်ကစားသမား အသက် ၁၉ နှစ် အရွယ်ရှိ ကစားသမားတစ်ဦးကို ခေါ်ယူရန် ကြိုးစားလျက်ရှိသည်။
ျွ ဒါဘီကောင်တီအသင်းမှ ကွင်းလယ်ကစားသမား အသက် ၁၇ နှစ်အရွယ်ရှိ ဟက်စ်အား ဇန်နဝါရီလကုန်တွင် အသင်းမှထွက်ခွာရန်ခွင့်ပြုမည်ဖြစ်ပြီး မန်စီးတီးကခေါ် ယူစာချုပ်နိုင်ရေး ကြိုးစားလျက်ရှိသည်။
ျွ မန်စီးတီးတိုက်စစ်မှူး ကားလို့စ်တီဗက်ဇ်သည် မန်စီးတီးနှင့် လက်ရှိချုပ်ဆို ထားသော စာချုပ်ပြီးဆုံးပါက စာချုပ်သစ်ထပ်မံချုပ်ဆိုမည်မဟုတ်ဘဲ အာဂျင်တီးနားကလပ် ဘိုကာဂျူနီယာသို့ ပြောင်းရွှေ့ကစားမည်ဟု ထုတ် ဖော်ပြောကြားသည်။
ျွ အာဆင်နယ်နည်းပြ အာစင်ဝင်းဂါးသည် ယခုနှစ် ဘောလုံးရာသီကုန်၌ အာဆင်နယ်မှ ထွက်ခွာကာ ပဲရစ်စိန့်ဂျာမိန်းအသင်းသို့ပြောင်းရွှေ့မည်ဟု သတင်းများထွက်ပေါ်လျက်ရှိသည်။
မောင် ချစ်ကြည်-စုစည်းသ ည်။
-ယခုလအတွင်း ဟိုအကြောင်း၊ ဒီအကြောင်း၊ သူတို့အကြောင်း-

No comments:
Post a Comment