**ပါကစ္စတန်နိုင်ငံ့၌ လေးထပ်အဆောက်အအုံ တစ်လုံး မီးလောင်၊ခြောက်ဦးသေဆုံး လေးဦးဒဏ်ရာရ**
(အစ္စလမ္မာဘတ် ဇနနဝါရီ ၂ဝ)
ပါကစ္စတန်နိုင်ငံ၏အရှေ့ပိုင်း မြို့တော်လာဟိုးမြို့၌ လေးထပ်အဆောက်အအုံ တစ်လုံး ဇန်နဝါရီ ၁၉ ရက်က မီးလောင်မှုဖြစ်ပွားရာ ရဲအရာရှိတစ်ဦး အပါအဝင် ခြောက်ဦးသေဆုံးခဲ့ပြီး လေးဦးဒဏ်ရာရရှိခဲ့ကြောင်း ဒေသဆိုင်ရာသတင်းဌာနက ဖော်ပြသည်။ အဆိုပါမီးလောင်မှုသည် လေးထပ်အဆောက်အအုံ၏ တတိယအလွှာမှ စတင်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ လျှပ်စစ်မီးမတော်တဆဖြစ်ရာမှ မီးစလောင်ခဲ့ခြင်းဖြစ်ပြီး အဆောက်အအုံတစ်ခုလုံးသို့ ကူးစက်လောင်ကျွမ်းခဲ့ခြင်းဖြစ်သည်။ အဆိုပါမီးသည် အလွန်အားပြင်းလာကာ အနီးရှိအဆောက်အအုံကိုပါ ကူးစက် ခဲ့သည်ဟုဆိုသည်။ ရဲတပ်ဖွဲ့ဝင်များ၊ ကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ ဝင်များက ကယ်ဆယ်ရေးလုပ်ငန်းများ အပူတပြင်းလုပ်ဆောင်ခဲ့ကြရသည်။ သေဆုံးသူခြောက်ဦးနှင့် ဒဏ်ရာရသူ လေးဦးတို့အား နီးစပ်ရာဆေးရုံသို့ ပို့ပေးခဲ့ပြီး ပိတ်မိသူ ၅ဝ အားလည်း ကယ်ထုတ်ခဲ့ရသည်ဟု ကယ်ဆယ်ရေးအဖွဲ့ခေါင်းဆောင်က ပြောကြားသွားသည်။ အဆိုပါ မီးကိုငြှိမ်းသတ်ရာတွင် မီးသတ်ကား ၁၄ စီးဖြင့် ငြှိမ်းသတ် ခဲ့ရကြောင်း သိရသည်။ (ဆငဟွာ)
** မာလီနိုင်ငံတွင် စစ်ရေးအရကြားဝင်မှုကို ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပြင်သစ်သမ္မတ
ပြောကြား**
(ပါရီ ဇနနဝါရီ ၂ဝ)
မာလီနိုင်ငံတွင် စစ်ရေးအရကြားဝင်မှုကို ထိုဒေသတွင်း အကြမ်းဖက်ဝါဒချုပ်ငြိမ်း သွားသည်အထိ ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပြင်သစ်သမ္မတ ဖရန့်ဆွာ ဟော်လန်က ပြောကြားသည်။ မာလီတွင် စစ်ရေးကြားဝင်မှုသည် အချိန်မည်မျှကြာမည်ဟု မကြာခဏ မေးမြန်းကြကြောင်း၊ မိမိအနေဖြင့် ထိုသို့မေးမြန်းခြင်းခံရတိုင်း ထိုဒေသအတွင်း အကြမ်းဖက်မှုများ နှိမ်နှင်းလိုက်နိုင်ချိန်အထိ စစ်ရေးကြားဝင်မှု အချိန်ကြာမြင့်မည်ဟု ပြန်လည်ဖြေဆိုပါကြောင်း သမ္မတဟော်လန်က ဇန်နဝါရီ ၁၉ ရက်တွင် ဆိုခဲ့ သည်။ ပြင်သစ်တပ်ဖွဲ့ဝင်များ မာလီနိုင်ငံ စစ်မြေပြင်သို့ ပို့ဆောင်ထားသော ဦးရေသည် ၂ဝဝဝ အထိရှိနေပြီး မာလီနိုင်ငံပြင်ပမှ စစ်ရေးလှုပ်ရှားမှုများ ဆောင်ရွက်နေသည့် ပြင်သစ်တပ်ဖွဲ့ဝင်ဦးရေမှာ ၉ဝဝ ထက်မနည်းရှိကြောင်း ကာကွယ်ရေးဝန်ကြီး ဂျိန်းဝိုင် ဗက်စ်လီဒရိန်းက ဇန်နဝါရီ ၁၉ ရက် အစောပိုင်းတွင် ပြောကြားခဲ့သည်။ ထားရှကူညီသွားမည ပြင်သစ်နိုင်ငံက ကတိကဝတ်ခံထားသည့်အတိုင်း တပ်ဖွဲ့ ၂၅ဝဝ ကျော် မာလီနိုင်ငံသို့စေလွှတ်ပြီး စစ်ရေးကူညီမည်ဖြစ်ကြောင်း ဝန်ကြီးလီဒရိန်းကဆိုပြီး မာလီ နိုင်ငံအတွင်းအပြင်တွင် စစ်ဆင်ရေးများလုပ်ဆောင်ရန် ပြင်သစ်စစ်သား ၄ဝဝဝှုံ ဌဠှူု ဟဏ ၆ွဌဥျှဒျွဂဏ ႕ွ်ႈၾ'ွႈီဝဌဏဴႈ ႒ဴႈ ဌ၏ဴႈ ၾ'ွ်ႈဳွဂဌႈီၾ၏ဏဝဌဏ ြၽွ်ႈ အိုင်ဗရီကို့စ်နိုင်ငံမြို့ အဘိုင်ဂျန်တွင် ဇန်နဝါရီ ၁၉ ရက် ဆွေးနွေးပွဲ တစ်ရပ်၌ မာလီနိုင်ငံကို စစ်ရေးအကူအညီများပေးရန် အာဖရိကနိုင်ငံများအတွက် အချိန် ကျရောက်နေပြီဖြစ်ကြောင်း ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး လော့ရန့်ဖာဘီရပ်စ်က ပြောကြားလိုက်သည်။ (ပရက်စတီဗွီ)
** အစ္စရေးအခြေစိုက်အိမ်ရာများဥပဒေဘောင်မဲ့ချဲ့ထွင် ခြင်း သည် ပြဿနာမဟုတ်၊အီရနိနျူကလီး ယား ကကမ္ဘာကိုဂြိုဟ်မွှေနေသော ပြဿနာ ဟု နေတန်ယာ ဟုက ပြောကြား**
(တဲလ်အဗစ် ဇန်နဝါရီ ၂ဝ)
အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုက အစ္စရေးအခြေစိုက်အိမ်ရာများ ဥပဒေဘောင်မဲ့ချဲ့ထွင် ခြင်းကို မှေးမှိန်သွားစေရန်ရည်ရွယ်ချက်ဖြင် အီရန်တို၏နျူကလီး ယားစွမ်းအင်စီမံကိန်းကဏ္ဍကကမ္ဘာကိုဂြိုဟ်မွှေနေသော ပြဿနာဖြစ်သည်ဟု ဇန်နဝါရီ ၁၉ ရက်က ပြောကြားလိုက်သည်။ ဂျေရုဆလင်တွင် အစ္စရေးတို့ အခြေ စိုက်အိမ်ရာများ တည်ဆောက်မှုသည် ကမ္ဘာ့ရန်စွယ်ရန်ပွား မဟုတ်ကြောင်း၊ အီရန်နျူကလီးယားအရေးသည်သာ ကမ္ဘာအတွက် ပြဿနာမီးဖြစ်ပါကြောင်း၊ ၄င်း၏ရုံးတွင် အမေရိကန်လွှတ်တော် အမတ်များနှင့်တွေ့ဆုံစဉ် နေတန်ယာ ဟုက ပြောကြားခဲ့ခြင်းဖြစ်သည်။ ထို့ပြင် လွှတ်တော်အတွင်း အစ္စရေး နိုင်ငံဘက်က အမြဲတစေ ထောက်ခံခဲ့ ကြသည့် ရီပတ်ဘလီကင်နှင့် ဒီမိုကရက် တစ်အမတ်များအား ကျေးဇူးတင်ရှိ ကြောင်း ဝန်ကြီးချုပ် နေတန်ယာဟုက ဖော်ထုတ်ပြောကြားသည်။ ဒီမိုကရက် တစ်နှင့် ရီပတ်ဘလီကင်လွှတ်တော် အမတ်များကို လွှတ်တော်လက်နက်ရေး ရာဌာနနှင့် ပြည်တွင်းလုံခြုံရေးကော်မ တီမှ လွှတ်တော်အမတ် ဂျွန်မက်ကိန်း ဦးဆောင်၍ အစ္စရေးနိုင်ငံသို့ ရောက် ရှိနေခြင်းဖြစ်သည်။ အီရန်နျူကလီးယား စီမံကိန်းကို မရပ်ပစ်နိုင်ခဲ့ပါက သမိုင်း၌ ခွင့်လွှတ် နိုင်ဖွယ်ရှိလိမ့်မည်မဟုတ်ဟု နေတန် ယာဟုက ဆင့်ကဲပြောကြားခဲ့သည်။ အီရန်တို့၏ နျူကလီးယားစီမံကိန်း သည် အစ္စရေးကို တိုက်ခိုက်ရန် အစဉ် တစိုက်ခြိမ်းခြောက်လျက်ရှိနေပြီး အရပ် ဘက်သုံးအတွက် နျူကလီးယားစွမ်းအင် ထုတ်လုပ်နေခြင်း မဟုတ်ဟု အမေရိကန်၊ အစ္စရေးအစိုးရနှင့် ၄င်းမဟာမိတ် နိုင်ငံတချို့က အကြိမ်ကြိမ်စွပ်စွဲထား သည်။ (ပရက်စတီဗွီ)
** တူရကီနိုင်ငံအတွင်း ဆီးရီးယားဒုက္ခသည် စုစုပေါင်း ၁၅၇၄၉ဝ ထွက်ပြေးလာ**
(အင်ကာရာ ဇန်နဝါရီ ၂ဝ)
ဆီးရီးယားဒုက္ခသည် စုစုပေါင်း ၁၅၇၄၉ဝ သည် ယင်းတို့၏ ပြည်တွင်း စစ်ပွဲများဖြစ်ပွားမှုမှ ထွက်ပြေးလာခဲ့ပြီး နောက် တူရကီနိုင်ငံအတွင်း ရောက်ရှိ ခိုလှုံနေကြကြောင်း တူရကီအစိုးရအရာရှိ တစ်ဦးက ဇန်နဝါရီ ၁၉ ရက်တွင် ပြောကြားသည်။ အဆိုပါ ဆီးရီးယားဒုက္ခသည်များ အတွက် ယာယီနေထိုင်ရာ အဆောက် အအုံများကို တူရကီနိုင်ငံ ဟေတေး ပြည်နယ်ရှိမြို့များတွင် ငါးလုံး၊ ဆန်လျူ ဖာတွင် နှစ်လုံး၊ ဂါဇာတက်တွင် သုံးလုံး၊ အိုခမာနီယီ၊ ခါရာမန်မာရတ်ခ်နှင့် အဒီ ယာမန်တို့တွင် တစ်လုံးစီတို့ဖြင့် နေရာချ စီစဉ်ပေးထားကြောင်း တူရကီဝန်ကြီး ချုပ်၏ သဘာဝဘေးအန္တရာယ်နှင့် အရေးပေါ်စီမံကွပ်ကဲရေးဌာန(အေအက်ဖ အေဒီ)က ထုတ်ပြန်သော အစီရင်ခံစာ အရသိရသည်။ တူရကီနိုင်ငံသို့ ထွက်ပြေးလာကြ သည့် ဆီးရီးယားစစ်ဘေးဒုက္ခသည် ၂၂၃၉၈၆ ဦးရှိခဲ့ပြီး ၆၆၄၉၆ ဦးတို့မှာ ဆီးရီးယားနိုင်ငံသို့ ပြန်သွားခဲ့ကြောင်း အဆိုပါအေအက်ဖ်အေဒီဌာန၏ ပြော ကြားချက်အရ သိရသည်။ (ဆငဟွာ)
** ပင်လယ်နက်နှင့် မြေထဲပင်လယ်တို့တွင်ရုရှားရေတပ် စစ်ရေးလေ့ကျင့် **
(မော်စကို ဇနနဝါရီ ၂ဝ)
ရုရှားရေတပ်က ပင်လယ်နက်နှင့် မြေထဲပင်လယ်တို့တွင် စစ်ရေးလေ့ကျင့် မှုတစ်ရပ်စတင်ပြုလုပ်နေကြောင်း ရုရှား ကာကွယ်ရေးဝန်ကြီးဌာနမှ ဇန်နဝါရီ ၂ဝ ရက်တွင် သတင်းထုတ်ပြန်သည်။ ရုရှားလက်နက်ကိုင် တပ်ဖွဲ့များ ကြီးကြပ်မှုအောက်မှ စစ်ရေယာဉ်များ၊ တပ်ဖွဲ့ဝင်များ၊ ပင်လယ်နက်နှင့် ဘော်လ်တစ်ပင်လယ်တပ်စခန်းများမှ စစ်သင်္ဘောကြီးရှစ်စင်းလည်း အဆိုပါ စစ်ရေးလေ့ကျင့်မှုတွင် ပါဝင်လျက်ရှိ သည်။ ယခုပြုလုပ်သည့် စစ်ရေးလေ့ကျင့် မှုသည် ဆယ်စုနှစ်အတွင်း အကြီးမား ဆုံး ရေတပ်စစ်ရေးလေ့ကျင့်မှုတစ်ရပ် လည်းဖြစ်သည်။ ရေပြင်အတွင်း အမိန့် ပေးခြင်း၊ တိုက်ခိုက်ခြင်း၊ စစ်ရေယာဉ်များ ဖြန့်ချခြင်းတို့ လေ့ကျင့်ရာတွင် ထောက်ပံ့ ရေးရေယာဉ်နှင့် ရဟတ်ယာဉ်များလည်း ပူးပေါင်းပါဝင်ဆင်နွှဲကြသည်။ တစ်ဖန် ရေငုပ်သင်္ဘောများ၊ ဒုံး ကျည်တပ်တိုက်ခိုက်ရေးသင်္ဘောများ၊ လေတပ်နှင့် ကြည်းတပ်များမှလည်း ပူး ပေါင်းပါဝင်ကာ စစ်ရေးလေ့ကျင့်မှု ပြု လုပ်ကြသည်။ ယခုပြုလုပ်လျက်ရှိသည့် ရေတပ် ပူးပေါင်းစစ်ရေးလေ့ကျင့်မှုကို ဇန်နဝါရီ ၂၉ ရက်အထိ ပြုလုပ်မည်ဖြစ်သည်။ ယခုစစ်ရေးလေ့ကျင့်မှုတွင် ဒုံး ကျည်ပစ်ခတ်မှုလေ့ကျင့်ခြင်း၊ တိုက်ခိုက်မှု များလေ့ကျင့်ခြင်းတို့ကို ရေတပ်ဆိုင်ရာ လေတပ်၊ ကြည်းတပ်ဆိုင်ရာအဖွဲ့ပေါင်း ၆ဝ ကျော် ဆင်နွှဲကြခြင်းဖြစ်သည်။ (ဆငဟွာ)
တင်မောင်လွင် -ဟိန်းထက်- စုစည်းသ ည်။
-ယခုလအတွင်း နိုင်ငံတကာထူးခြားသတင်းများ-

No comments:
Post a Comment